37 w - Translate

Well aging ကို target ထားတဲ့ Product 2ခုထဲက
🌻Which One's for you?🌻

Beauty of Joseon Ginseng Essence Water /
Sur.Medic Azulene Soothing Peptide Ampoule

Anti-aging အတွက် ထိရောက်တာမျိုး ရှာနေတဲ့သူတွေအတွက် 👨‍⚕Nyi ဒီနေ့ review ရေးပြီးသား product 2ခုကို comparison လေး လုပ်သွားပါမယ်။

🌱Ingredients

BOJ --> Well aging အတွက် ginseng root water ကို သုံးထားတယ်။ Ginseng က အရေပြားက collagen synthesis ကို လှုံ့ဆော်နိုင်တဲ့အပြင် well aging အတွက်လဲ ကောင်းလို့ anti-aging အတွက်တင် မဟုတ်ဘဲ youthful glowing skin ရချင်တဲ့သူတွေပါ သုံးလို့အဆင်ပြေတယ်👍 Niacinamide 2% လဲပါလို့ niacinamide % များတာတွေ သုံးလို့အဆင်မပြေတဲ့သူတွေအတွက်လဲ ဒီ essence က ရွေးချယ်စရာတခုဖြစ်နိုင်တယ်။ အားလုံးသိတဲ့အတိုင်း niacinamide✨ က sebum production ကို regulate လုပ်ပေးတယ်, အသားအရေကို brighten ဖြစ်စေတယ်, post acne red marks တွေ hyperpigmentation တွေ သက်သာစေတယ်, weakened skin barrier ကိုလဲ တဖက်တလမ်းကနေ အထောက်အပံ့ပေးတယ်။ Glycerin 4%, sodium hyaluronate လဲ ပါလို့ hydration မကောင်းမှာလဲ မပူရဘူး💦

Sur.Medic --> သူကကြတော့ anti-aging အတွက် peptide တွေကို အားပြုထားတယ်🍳 အများစုမသိတာက peptide တွေက collagen synthesis ကို လှုံ့ဆော်လို့ anti-aging အတွက် အသုံးများတယ်ဆိုပေမဲ့ aging problem မရှိဘဲ အသားအရေကို healthy ဖြစ်ချင်တဲ့သူတွေပါ သုံးလို့အဆင်ပြေတယ်❣️ နောက်ပြီး သူ့မှာ azulene နဲ့ centella ရဲ့ active compounds တွေ ထည့်ပေးထားလို့ တခြား anti-aging products တွေနဲ့ ယှဥ်ရင် skin repairing, calming, soothing ပိုင်းမှာ အရမ်းအားသာတယ်။ Ceramide လဲပါလို့ skin barrier ပိုင်းမှာပါ အနည်းငယ်အားဖြည့်ပေးနိုင်တယ်။

🌱How I feel

BOJ --> Essence တခုအနေနဲ့ တော်တော်လေးကို တာဝန်ကျေတဲ့ product တခုလို့ ပြောလို့ရတယ်။
အရည်ကျဲကျဲ, ginseng နံ့သင်းသင်းလေးနဲ့ လိမ်းလို့ကောင်းတယ်။ Layering အနေနဲ့ သုံးလို့ကောင်းသလို skin pad လုပ်ပြီး သုံးလို့လဲ အဆင်ပြေတယ်🎗️ Hydration ကောင်းတာ တွေ့ရသလို sebum control ပိုင်း, skin brightening ပိုင်းမှာလဲ အာနိသင်ထိရောက်တယ်။ အသားအရေက အဆီပြန်သလိုလို အသားခြောက်သလိုလိုနဲ့ inner dryness ရနေတဲ့ သူတွေ, overall skin complexion ကို improve ဖြစ်ချင်တဲ့သူတွေ ဒါလေးသုံးသင့်တယ်✌️

Sur.Medic --> BOJ နဲ့ စာရင် texture က အနည်းငယ် body လေးရှိတယ်💧 ဒါပေမဲ့ လိမ်းရတာ heavy ဖြစ်မသွားဘူး, စိမ့်ဝင်တာမြန်တယ်, sticky မဖြစ်ဘူး, hydration နဲ့ moisture မျှတယ်လို့ ခံစားရတယ်။ Aging ပိုင်းအတွက် အသားအရေတင်းရင်းတာ သိသာသလို အကြောင်းအမျိုးမျိုးကြောင့် skin inflammed ဖြစ်နေရင်လဲ skin redness ကို လျှော့ချပေးနိုင်တယ်🔥 BOJ ထက် anti-aging ပိုင်းမှာ ပိုပြီးထိရောက်တာ, အသားခြောက်လို့ moisture ကောင်းကောင်းပေးနိုင်တာမျိုး လိုချင်ရင် ဒါကိုသုံးသင့်တယ်။

🌱Which One's for you?

Overall အနေနဲ့ ကိုယ်က anti-aging ဘက်ကို ပါးပါးလေးပုတ်ချင်တယ်, ကိုယ်ရဲ့ routine ထဲကို မသိမသာလေးထည့်ချင်တယ်, hydration လဲ ကောင်းရမယ်, brightening effect လေးလဲ လိုချင်တယ်ဆိုရင် BOJ နဲ့ အဆင်ပြေပါမယ်❤️ All skin types အဆင်ပြေပေမဲ့ combination, oily skin တွေအတွက်တော့ အကောင်းဆုံးပါ📌

အကယ်၍ ကိုယ်က အဲ့လိုမဟုတ်ဘဲ အရွယ်ရလို့ mature skin လိုမျိုး ဖြစ်နေပြီ, anti-aging အတွက် ထိရောက်တာမျိုး သုံးချင်ပေမဲ့ vitamin c, retinol လို intense ဖြစ်တာမျိုးလဲ သုံးရမှာကြောက်တယ်, အသားခြောက်ပြီး မျက်နှာက နီလွယ်ယားလွယ်တယ်ဆိုရင် Sur.medic သုံးသင့်ပါတယ်💙 သူ့ကိုတော့ combination, normal to dry skin တွေထိ recommend လုပ်ပါတယ်🎯

#crd

image

မွေးမြူရေးစရိတ် ကြီးမြင့်လာပြီး ကြက်ဈေးကျလာလို့ ရှမ်း/တောင်က ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ အရှုံးပေါ်

ဖေဖော်ဝါရီ ၁၇

မွေးမြူရေးကုန်ကျစရိတ် မြင့်တက်လာပေမယ့် ကြက်ခြံဖမ်းစျေးက လက်ရှိဖေဖော်ဝါရီလအတွင်း ကျဆင်းလာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းက ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေ အရှုံးပေါ်နေရတယ်လို့ လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။

ကုမ္ပဏီထုတ် မွေးမြူရေးအစာစျေးတွေ အပါအဝင် ကြက်ပေါက်စျေးမြင့်တက်လာသလို စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ မြင့်တက်လာပေမယ့် လက်ရှိကာလမှာ ကြက်ပေါက်ဖွားမှုနှုန်း လျော့ကျနေတဲ့အပြင် ကြက်ခြံဖမ်းစျေးကလည်း ကျဆင်းနေတာကြောင့် အရှုံးပေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ရှေ့လတုန်းကတော့ ခြံဖမ်းဈေးက တပိဿကို ၁၂၀၀၀လောက် ရတယ်။ အခုက ၁၁၀၀၀ ဝန်းကျင်ပဲ ရတော့တယ်။ ကြက်တစ်ပိဿအတွက် မွေးမြူရေးကုန်ကျစရိတ်က ၁၃၀၀၀ကျော်လောက် ရှိတော့ တပိဿကို ၂၀၀၀လောက် ရှုံးနေပြီ။ ဒီကြားထဲ ကြက်ပေါက်နှုန်းက မဖြစ်ရင် ပိုဆိုးတာပေါ့”လို့ တောင်ကြီးမြို့နယ်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကြက်အစာစျေးနူန်းတွေအနေနဲ့ အမျိုးအစားအလိုက် တအိတ်ကို ၉၀၀၀၀ ကျပ်ဝန်းကျင်ကနေ ၁၀၅၀,၀၀ ကျပ် ဝန်းကျင်ခန့်အထိ ပေါက်စျေးရှိနေပြီး ကြက်အရှင် ခြံဖမ်းစျေးကတော့ တစ်ပိဿာကို ၁၀၅၀၀ ကနေ ၁၁၀၀၀ ကျပ်လောက်ထိ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။

“တပိုင်တနိုင်နည်းနည်းလေးပဲ မွေးကြတဲ့သူတချို့ကတော့ လုပ်ငန်းရပ်ကုန်ကြပြီ။ လုပ်ငန်းရှင်တွေကတော့ ရှူံးနေပေမယ့် လုပ်ငန်းရပ်လို့ မဖြစ်ဘူးလေ။ အရင်းအနှီးကများတော့ ရုန်းကန်ရင်း ဆက်လည်ပတ်နေရတာပေါ့”လို့ ရပ်စောက်မြို့နယ်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အသားစာကြက် မွေးမြူရေးလုပ်ငန်းတွေကို တောင်ကြီး၊ ရပ်စောက်၊ အောင်ပန်းစတဲ့ ဒေသတွေမှာ အများဆုံးလုပ်ကိုင်ကြပြီး တပိုင်တနိုင်လုပ်ကိုင်ကြသူတွေကတော့ မြို့နယ်တိုင်းလိုလိုမှာ ရှိနေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-gg

#centralnewsnaypyitaw

image
37 w - Translate

Gulliver's Travels ( 2010 )
အညွှန်း*
လူပုလေးတွေနေတဲ့ကျွန်းပေါ်ထူးထူး ဆန်းဆန်းရောက်ရှိသွားတဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့တင်ဆက်ထားတဲ့ စွန်းစားခန်း (Fantasy/Adventure) ရုပ်ရှင်ကောင်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ပိုပြီးအားကောင်းအောင်လို့ ကျွန်တောတို့ရဲ့ ဟာသမင်းသားကြီး (Jack Black) က အားဖြည့်သရုပ်ဆောင်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ စာတိုက်ရုံးမှာအလုပ်လုပ်တဲ့ မင်းသား Jack Black ကတစ်နေ့တာ့ ဘာမြူဒါ တြိဂံ ကိုလေ့လာရေးခရီးထွက်တဲ့အခါမှာ မုန်တိုင်းမိပြီးတော့ လူပုလေးတွေနေတဲ့ကျွန်းကိုရောက်သွားတာ ပါ။ ပထမတော့ ရန်သူအဖြစ် ဆက်ဆံကြပေမယ့် နောက်ပိုင်းလူပုလေးကျွန်းနှစ်ကျွန်းတိုက်ပွဲကိုဝင်ရောက် ကူညီဖြစ်သွားတဲ့ဇာတ်လမ်းလေးပါ။ ကြည့်လို့တကယ်ကောင်းသလို ရီနေရမယ့် ဇာတ်လမ်းလေးဖြစ်တာ မို့ ကြည့်ရူ့လိုက်ပါအုံးနော်။

image

ကျားဖြန့်နှိမ်နင်းရေး တရုတ်-မြန်မာ-ထိုင်း ဆွေးနွေး

ဖေဖော်ဝါရီ ၁၇

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းက ကျားဖြန့်(အွန်လိုင်းငွေလိမ်လည်ဂိုဏ်း)နှိမ်နင်းရေးအတွက် တရုတ်-ထိုင်း-မြန်မာ သုံးနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာဘက်ခြမ်းတွင် ပြုလုပ်ခဲ့ပြီး မြန်မာဘက်က ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်နှင့် ဒုတိယရဲချုပ်တို့ ဦးဆောင်တက်ရောက်ခဲ့သလို တရုတ်ဘက်က ပြည်သူ့လုံခြုံရေးဒုဝန်ကြီး မစ္စတာလျှိုကျုံးရီနှင့် တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူးတို့ ဦးဆောင်တက်ရောက်ခဲ့ သည်။

ထို့နောက် ထိုင်းဘက်က ကာကွယ်ရေးဝန်ကြီးကိုယ်စား General Trisak Indraransmi နှင့် ကာကွယ်ရေးဝန်ကြီး ဌာနအကြံပေး Mr. Sakhorn Boongullaya တို့ ဦးဆောင်တက်ရောက်ခဲ့သည်။

ထိုသုံးနိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့နှင့် KK Park နယ်မြေများသို့ သွားရောက်၍ ကျားဖြန့်ဂိုဏ်းများမှ လူကုန်ကူးခံထားရသူများကို တွေ့ဆုံခဲ့သည်။

ထို့နောက် သုံးနိုင်ငံကိုယ်စားလှယ်များသည် မြဝတီမြို့၌ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

မြန်မာအစိုးရသည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့နှင့် KK Park နယ်မြေများရှိ ကျားဖြန့်ဂိုဏ်းများနှင့် လုပ်ငန်းများကို စစ်ဆေးဖော်ထုတ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ ပြည်ပနိုင်ငံသား ၁၀၃၀ ဦးကို ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအား ဥပဒေနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မြဝတီ၊ ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်နယ်ခြား စောင့်တပ်ဖွဲ့(BGF)တို့က ထိန်းချုပ်ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image
37 w - Translate

လေယာဉ်ခရီးစဉ်‌တွေက မျဉ်းဖြောင့်အတိုင်း မပျံသန်းဘဲ ကွေ့ဝိုက်တဲ့လမ်းကြောင်းကနေ ဘာကြောင့်ပျံသန်းကြတာလဲ...?
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
လေယာဉ်ခရီးစဉ်တစ်ခုကို ကြည့်လိုက်တဲ့အခါ မြေပုံပေါ်မှာ မျဉ်းဖြောင့်အတိုင်း ပျံသန်းတာထက် ကွေ့ဝိုက်တဲ့လမ်းကြောင်းတွေကနေ ပျံသန်းနေတာကို သတိထားမိကြပါလိမ့်မယ်။
ဒါဟာ မတော်တဆဖြစ်ရပ်တစ်ခု မဟုတ်ပါဘူး။ လေ ယာဉ်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် မျဉ်းဖြောင့်တွေအစား ကွေ့ကွေ့ကောက်ကောက် လမ်းကြောင်းတွေအတိုင်း ပျံသန်းကြပါတယ်။
ဒီတစ်ခေါက်အကြောင်းအရာမှာတော့ လေယာဉ်တွေက မျဉ်းဖြောင့်အတိုင်း မပျံသန်းဘဲ ကွေ့ဝိုက်တဲ့လမ်း ကြောင်း ကနေ ဘာကြောင့်ပျံသန်းကြရလဲဆိုတာကို
အကျဉ်းချုပ်ပြောပြပေးသွားမှာဖြစ်ပါတယ်။
လေယာဉ်တွေဟာ မျဉ်းဖြောင့်အတိုင်း မပျံသန်းရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာဂြိုဟ်ဟာ လုံးဝန်းနေတာကြောင့်ပါ။
မြို့နှစ်မြို့ကို ဆက်သွယ်မယ့် အတိုဆုံးလမ်းကြောင်းဟာ မျဉ်းဖြောင့်မဟုတ်ဘဲ ကွေ့ဝိုက်နေတဲ့ လမ်းကြောင်း တစ်ခု ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို "Great Circle Route" (သို့မဟုတ်) "Geodesic Route" လို့ ခေါ်ပါတယ်။
ဥပမာအနေနဲ့ မြောက်အမေရိကတိုက်ကနေ အာရှတိုက်ကို ပျံသန်းတဲ့အခါ လေယာဉ်ဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး တည့်တည့်ပျံသန်းမယ့်အစား အလာစကာပြည်နယ်ဘက်ကို ကွေ့ဝိုက်ပြီး ပျံသန်းတာဟာ အမှန်တကယ်တော့ အတိုဆုံးလမ်းကြောင်းဖြစ်နေတာကို တွေ့ရမှာပါ။
ဒါ့အပြင် လေထုထဲမှာ ဖြစ်ပေါ်နေတဲ့ လေတိုက်နှုန်းနဲ့ လေစီးကြောင်းတွေ (Jet Streams) ဟာလည်း လေယာဉ်တွေရဲ့ ပျံသန်းမှုလမ်းကြောင်းကို အများကြီး သက် ရောက်မှုရှိပါတယ်။
လေယာဉ်မှူးတွေဟာ လေယာဉ်ဆီ သက်သာစေဖို့နဲ့ ခရီး စဉ်ကြာချိန်ကို လျှော့ချဖို့အတွက် အကျိုးရှိတဲ့ (Tailwind) လေတိုက်နှုန်း တွေကို အသုံးချပြီး ပျံသန်းလေ့ရှိပါတယ်။
တစ်ခါတလေမှာတော့ အန္တရာယ်ရှိနိုင်တဲ့ လေတိုက်နှုန်း (Headwind) တွေကို ရှောင်ရှားဖို့အတွက် ပုံမှန်လမ်း ကြောင်းကနေ သွေဖည်ပြီး ပျံသန်းရတာမျိုးလည်း ရှိပါတယ်။
လေယာဉ်တွေဟာ ကောင်းကင်မှာ လမ်းကြောင်းအတိုင်း မောင်းနှင်နေတဲ့ ကားတွေနဲ့ ဆင်တူပါတယ်။ လေကြောင်းထိန်းချုပ်ရေးစနစ် (Air Traffic Control) က လေယာဉ်အချင်းချင်း မတိုက်မိစေဖို့နဲ့ လေကြောင်းလုံခြုံရေးအတွက် သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေ၊ အမြင့်ပေတွေကို ချမှတ်ပေးထားပါတယ်။
ဒီလို သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကြောင့်လည်း လေယာဉ်တွေဟာ မျဉ်းဖြောင့်အတိုင်း မပျံသန်းနိုင်ဘဲ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ကွေ့ဝိုက်ပျံသန်းရခြင်း ဖြစ်ပါတယ်။
ဒါကြောင့် လေယာဉ်တွေဟာ မျဉ်းဖြောင့်အတိုင်း မပျံသန်းဘဲ ကွေ့ဝိုက်တဲ့ လမ်းကြောင်းတွေကနေ ပျံသန်းရတဲ့ အကြောင်းရင်းတွေဟာ ရှုပ်ထွေးတယ်လို့ ထင်ရပေမယ့် အခြေခံအားဖြင့်တော့ ကမ္ဘာမြေကြီးရဲ့ ပုံသဏ္ဍာန်၊ လေတိုက်နှုန်း အခြေအနေတွေနဲ့ လေကြောင်းထိန်းချုပ်မှု လိုအပ်ချက်တွေကြောင့် ဖြစ်ပါတယ်။
ဒီအချက်တွေအားလုံးဟာ လေယာဉ်ခရီးစဉ်တွေရဲ့ ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုနဲ့ စီးနင်းလိုက်ပါသူတွေရဲ့ သက်တောင့်သက်သာရှိမှုကို အဓိကထားပြီး စီစဉ်ထားတာဖြစ်ပါတယ်။
#knowledge

image
37 w - Translate

(၁၇.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၅၂၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၆၅၀,၀၀၀ ကျပ်
အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၅၀၀ ကျပ်(ရောင်း)
စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၁၆၀ ကျပ်
Octane 95 - ၃၂၂၀ ကျ​ပ်
Premium Diesel - ၃၃၆၅ ကျပ်
Diesel - ၂၇၃၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
#news

image
37 w - Translate

မြေးမချောချောလေး နှစ်ယောက်ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ အိချောပိုရဲ့ မေမေ 🥰🥰🥰

Izzy လေးရဲ့ အမ တော်စပ်သူလေး Lily ပါ။ သရုပ်ဆောင်အိချောပိုတို့ ညီအမတွေက မွေးဖွားထားကြတာဖြစ်ပြီး အိချောပိုရဲ့ မိခင်ကတော့ မြေးမလေး နှစ်ဦးကို ရရှိပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ မြေးမလေးနှစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့ မေမေဖြစ်သူရဲ့ ပုံတွေကို အိချောပိုက မျှဝေလာတာပါ။ အိချောပိုရဲ့ ဖခင်ဖြစ်သူ ဦးချိုမောင် ဆုံးပါးသွားခဲ့တာလည်း ဒီကနေ့မှာ ၁ လပြည့်ခဲ့ပြီဖြစ်ပါတယ်။

#celenews

image

နယ်မြေမတည်ငြိမ်မှုများကြောင့် စစ်ကိုင်းမြို့၌ နေရပ်စွန့်ခွာနေထိုင်ကြသူများအတွက် ထောက်ပံ့ရေးအစီအစဥ◌်များကို မကြာမီရက်ပိုင်းအတွင်း ဖြန့်ဝေပေးမည်

ဖေဖော်ဝါရီ ၁၇

နယ်မြေမတည်ငြိမ်မှုများကြောင့် စစ်ကိုင်းမြို့၌ နေရပ်စွန့်ခွာနေထိုင်ကြသူများအတွက် ထောက်ပံ့ရေးအစီအစဥ်များကို မကြာမီရက်ပိုင်းအတွင်း ဖြန့်ဝေထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း IBEC ကျောင်းတိုက်၏ ထုတ်ပြန်ချက်အရ သိရသည်။

IBEC ကျောင်းတိုက်၏ ယမန်နေ့(ဖေဖော်ဝါရီ ၁၅ ရက်) တွင် ထုတ်ပြန်သည့် IBEC လူသားချင်းဆိုင်ရာအကူအညီပေးရေးအစီအစဥ် (IBEC - Humanitarian Assistance Program) သတင်းထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

စစ်ကိုင်းမြို့တွင် နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာနေထိုင်ကြသော ပြည်သူပြည်သားများအတွက် ထောက်ပံ့ရေးအစီအစဥ်များကို IBEC ကျောင်းတော်မှတဆင့် မကြာမီရက်ပိုင်းအတွင်း ဖြန့်ဝေထောက်ပံ့ပေးသွားတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

IBEC ဆရာတော်သည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် အာဆီယံလူမှုကူညီရေးအဖွဲ့အစည်းများ၊ နိုင်ငံတွင်းတရားဝင် ခွင့်ပြုထားသော လူသားချင်းဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ဆင်းရဲဒုက္ခရောက်နေကြသူများနှင့် နေရပ်စွန့်ခွာလာကြသော စစ်ဘေးရှောင် ပြည်သူများ၏ နေထိုင်စားသောက်ရေးအတွက် ထောက်ပံ့ပေးမည့်အစီအစဥ် များ မကြာခင် စတင်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ထောက်ပံ့ပေးမည့် ကမ္ဘာ့စားနပ် ရိက္ခာထောက်ပံ့မှုအစီအစဉ်ကို (၆)ကြိမ်ဆောင် ရွက်သွားမည်ဖြစ်ပြီး အညာဒေသတွင်ထောက်ပံ့မည့်မြို့နယ်အရေအတွက် တိုးလာကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက IBEC ဆရာတော် ဦးသောဘိတက မိန့်ကြားထားသည်။

ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် စက်တင်ဘာလ (၂၆)ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၌ ကျင်းပခဲ့သော (၇၈) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံသို့ IBEC ဆရာတော်တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးရေးတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါတောင်းဆိုချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ် (WFP) မှ Pilot Project အဖြစ် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ မုံရွာ၊ ‌ရွှေဘိုနှင့် ဟုမ္မလင်းမြို့နယ်တို့ရှိ စစ်ရှောင်ပြည်သူများကို ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဇွန်လမှစ၍ စတင်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image

သုခဂုံအိမ်ရာတွင် ဆောင်ရွက်ရန်ကျန် အဆောက်အအုံ ၁၇ လုံးအနက် ၁၂ လုံးကို မတ်လအတွင်း အပြီးဆောင်ရွက်မည်

ဖေဖော်ဝါရီ ၁၇

သုခဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် ဆောင်ရွက်ရန်ကျန်ရှိနေသေးသည့် အဆောက်အအုံ ၁၇ လုံး အနက် ၁၂ လုံးကို လာမည့် မတ်လအတွင်း အပြီးဆောင်ရွက်ရန် ‌ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)၌ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း ရှင်းလင်းဆောင်၌ စီမံကိန်းမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

စီမံကိန်းတာဝန်ရှိသူများအနေဖြင့် အမှန်တကယ် ပြီးစီးနိုင်သည့် အဆောက်အအုံများ၏ စာရင်းကိုသာ တင်ပြရန်လိုကြောင်း၊ ဆောင်ရွက်ရန်ကျန် အဆောက်အအုံ ၁၇ လုံး အနက် ၁၂ လုံးကို မတ်လအတွင်း အပြီးဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အအုံများပြီးစီးပါက အခန်းနေရာချထားနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း ဒုဝန်ကြီး ဦးဝင်းဖေက မှာကြားခဲ့သည်။

ယင်းကဲ့သို့ နိုင်ငံတော်မှ ဆောင်ရွက်နေသည့် စီမံကိန်းများအား အထောက်အကူပြုစေပြီး ဆောက်လုပ်ရေးစီမံကိန်းများနှင့် ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များနှင့် အကျိုးတူစာချုပ်များ ချုပ်ဆိုပြီး လက်တွဲဆောင်ရွက်ရန်အတွက်လည်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)မှ ဖိတ်ခေါ်ထားပြီးဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှုတွင် ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့အစည်းများ၊ ပစ္စည်းများတင်သွင်းသော သွင်းကုန်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များ၊ လက်ကားဖြန့်ချိထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ အုတ်၊ သဲ၊ ကျောက် လုပ်ငန်းရှင်များ၊ ဘိလပ်မြေနှင့် ကွန်ကရစ်လုပ်ငန်းရှင်များ၊ အိမ်တွင်းအလှဆင်လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် MCEF နှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image

ဒိုင်လူကြီးကို ဆဲဆိုမှုကြောင့် ဘယ်လင်ဂမ် ၁၂ ပွဲပယ်ခံရဖွယ်ရှိ

ဖေဖော်ဝါရီ ၁၇

ရီးရယ်လ်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ အိုဆာဆူနာအသင်းနဲ့ လာလီဂါပွဲစဉ်မှာ ဒိုင်လူကြီးကို ဆဲဆိုမှု ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာကြောင့် ၁၂ ပွဲပယ်ခံရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အိုဆာဆူနာနဲ့ ရီးရယ်လ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်ရဲ့ ပွဲချိန် ၃၉ မိနစ်မှာ ဘယ်လင်ဂမ်ဟာ ရိုင်းစိုင်းတဲ့ ဘာသာစကား အသုံးပြုခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက သူ့ကို တိုက်ရိုက် အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့တာပါ။

ကွင်းလယ်ဒိုင်လူကြီးက ဘယ်လင်ဂမ်ဟာ သူ့ကို 'F*** you' လို့ပြောခဲ့တယ်လို့ စွပ်စွဲထားပေမယ့် အင်္ဂလန် ကစားသမားကတော့ ဒါကို ငြင်းဆန်ထားခဲ့ပါတယ်။

ဘယ်လင်ဂမ်က သူဟာ ကွင်းလယ်ဒိုင်လူကြီးကို ရည်ရွယ်ခဲ့တာ မဟုတ်ဘဲ သူ့ကိုယ်သူ စိတ်ပျက်ခဲ့တာကြောင့် 'f*** off' လို့သာ အသုံးပြုခဲ့တာလို့ ပြောထားတာပါ။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကလည်း ကွင်းလယ်ဒိုင်လူကြီးဟာ ဘယ်လင်ဂမ်ရဲ့ အင်္ဂလိပ်စကားကို နားမလည်ခဲ့ဘဲ သူထင်မြင်ခဲ့တာနဲ့ ပြောခဲ့တာက မတူညီဘူးလို့ ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ ဘယ်လင်ဂမ်ရဲ့ အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်ဖွယ်ရှိတယ်လို့ သိရပြီး အယူခံမဝင်ခဲ့ရင် သူဟာ ၁၂ ပွဲအထိ ပွဲပယ်ခံရနိုင်တယ်လို့ သိရပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး စည်းမျဉ်းတွေမှာ ကစားသမားအနေနဲ့ တာဝန်ရှိသူတွေကို စော်ကားတဲ့ အပြုအမူတွေပြုလုပ်မှုမှာ အပြစ်ရှိကြောင်းတွေ့ရရင် ၄ ပွဲကနေ ၁၂ ပွဲအထိ ပွဲပယ်ခံရမယ်လို့ ဖော်ပြထားတာပါ။

ဘယ်လင်ဂမ်အနေနဲ့ ၁၂ ပွဲသာ ပွဲပယ်ခံရမယ်ဆိုရင် ဒီရာသီ ရီးရယ်လ်အသင်းရဲ့ လက်ကျန်ပွဲ အများစုကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ဘယ်လင်ဂမ်ကတော့ အိုဆာဆူနာအသင်းနဲ့ပွဲမှာ ပြသခံရတဲ့အတွက် အနီကတ်အတွက် ရီးရယ်လ်အသင်း ဖော်တွေကို တောင်းပန်ခဲ့ပြီး ဒိုင်လူကြီးကို စော်ကားတဲ့ စကားလုံး ပြောခဲ့ခြင်းမရှိဘူးဆိုတာ ဗွီဒီယိုထဲမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တယ်လို့ ပြောခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ၂၀၂၃ ခုနှစ် နွေရာသီက ဒေါ့မွန်အသင်းကနေ ရောက်ရှိလာပြီး ကတည်းက ရီးရယ်လ်အသင်းအတွက် ၇၆ ပွဲ ပါဝင်ကစားထားပြီး ၃၄ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

Source: Dailymail

ပုံ - ဘယ်လင်ဂမ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image