Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သီလမလုံ လူမျိုးအစုံ
ကပ်ကြီးသုံးပါး ဖိလိမ့်မယ်
အဖေနဲ့သားမကယ်နိုင် ညား
အပြိုင်ပြိုင်မြေခ သေကြမည်
ရောဂါကပ်ကြီး ပြီးခါနီး
အငတ်ဘေးကြီး ဆိုက်လိမ့်မည်
ကပ်ကြီးပြီးနောက် နောက်တစ်ခေါက်
စစ်မီး တောက်လိမ့်မည်
ထိုစစ်မီးလည်း များစွာနွဲ
ညက်ညက်ကြေလိမ့်မည်
ကမ္ဘာမြေဆီ
မိုးနဲ့မြေကြီးညပ်ဆော်တီး
ကပ်ကျော်ပြီးမှအေးလိမ့်မယ်
အေးသောအခါ ဗုဒ္ဓရာဇာ
အမှန်ပေါ်လာမည်
ပေါ်သောအခါ ကမ္ဘာမှာမြန်မာ
ထိပ်ဆုံးရောက်လိမ့်မည်
သာသနာတစ်ဝက်ရောင်ခြည်ထွက်
လင်း၍လက်ဦးမည်
ကမ္ဘာတခွင် လူအကုန်ပင်
ထေရဝါဒဖြစ်လိမ့်မည်
သာသနာထီးဆောင်း
အာဏာညောင်း မြန်မာက
ဘုရင်ဖြစ်လိမ့်မည်
ဖြစ်သောအခါ ဤကမ္ဘာ အဆိုးကုန်လို့
အေးချမ်းမည်
ရာသီ ပထဝီ ကမ္ဘာတွင်
ပြန်လည် သာယာမည်
အတိတ်တဘောင် နိမိတ်ဆောင်
ကျမ်းကုန်မှန်လိမ့်မည်
သရဏဂုံတရား
မေတ္တာပွား ဒါမှအေးတော့မည်
သိလေသောသူ အကျင့်တူ
အပူငြိမ်းလိမ့်မည်
မမြင်အပ်ရာ မမြင်အပ်သလိုပ၊ မထင်အပ်ရာ မထင်အပ်ရပေဘူး၊
အသွင်မလှ အဆင်မပြေ။
တရားမကြိုက်သူတို့က အမှားစရိုက်ကယ်နှင့်၊ ငါးနှိုက်ရာ မြွေကိုစမ်းသည့်နှယ်၊ ဖမ်းမိပုံသွင်။
ကိုက်ပြန်တော့ တပေပေ၊ အဆိပ်သင့်ပြန်တော့ ထိပ်ထက်၌ ဝေတေတေ၊ မ ဖြေနိုင် ဖိစီး။
သတင်းရယ် ပြောင်၊ မင်းခေါင်ကို အထင်မမှားကြနဲ့၊
သတ္တဝါ ရင်ဝယ်သားလိုပ၊ အခါခါ ကယ်ဆယ်တာ များလှပေါ့၊
အပါယ်ရွာ အလည်မသွားရအောင်၊ ထား သတိကြီး။
ရွက်လှေကိုဆင်၊ လိုက်ချင်သူ ပဉ္စသီမြဲရင်ဖြင့်၊ အေးဖို့သာပြင်။
ကြိုးစားကြ များလူရှင်၊ ပေါ်လွင်မည့် ခေတ်ကြီး။
အအိပ် မကြီးကြလေနှင့်၊ စိပ်ပုတီး လက်မှာကိုင်လို့၊
မြဂုဏ်ရောင် နေ့စဉ်ပွားလျှင်ဖြင့်၊
အသက်ရှည် ရွှေငွေ မရှားပါဘု၊ ဘိုးတော်က မှာကြား။
Credit to Aungpersay
ရန်ကုန်နှင့် ကရင်တွင် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို မဲနှိုက်ခိုင်းနေပြီး ငွေကြေးခြိမ်းခြောက်တောင်းယူမှုများ အကြီးအကျယ်ဖြစ်နေပြန်
ရန်ကုန်၊ ဧပြီ ၈
ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ်နေပြီး မဲပေါက်သူများက စစ်မှုမထမ်းလိုလျှင်သော်လည်းကောင်း၊ ရွှေ့ဆိုင်းလိုလျှင်သော်လည်းကောင်း ၁ ဦးလျှင် ငွေကျပ် ၁၅ သိန်းပေးရကြောင်း ငွေကြေးပေးဆောင်ခဲ့ရသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့တွင် အရှေ့ဒဂုံမြို့နယ် အမှတ် ၁၁ ရပ်ကွက်တွင် စစ်တပ်က ခန့်အပ်ထားသော ရပ်ကွက် အုပ် ချုပ် ရေး အဖွဲ့က လူငယ်များကို တစ်အိမ်တက်ဆင်း လိုက်လံ မဲနှိုက်ခိုင်းခြင်းဖြစ်ကြောင်း၊ ထိုသို့ မဲနှိုက်ခိုင်းစဉ် မဲပေါက်သည့် လူငယ်များကို စစ်မှုမထမ်းလိုပါက တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းပေးရပြီး မဲမပေါက်သည့် လူငယ်များကို တစ်ဦးလျှင် ငွေကျပ် ၈ သောင်း တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်မှုထမ်းရန် မဲပေါက်သူများနှင့် မဲမပေါက်သည့် လူငယ်များထံမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့က ပိုက်ဆံ တိုက်ရိုက် တောင်းယူခြင်းမဟုတ်ဘဲ ကိုယ်စားလှယ်များစေလွှတ်၍ ပိုက်ဆံများ လိုက်လံ ကောက်ခံခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
"အခုက သူတို့ အုပ်ချုပ်ရေးမှူး မပါဘဲ ရပ်မိရပ်ဖ ၁၀ ဦးအဖွဲ့ နဲ့လာတာ အရှေ့ဒဂုံ ၁၁ ရပ်ကွက်မှာပါ။ ၂ ဦး မဲပေါက် သွားတယ်လို့သိရတယ်။ တစ်ယောက်က တပင်ရွှေထီး လမ်းက နောက်တစ်ယောက်က ဧရာဝတီလမ်းက လို့ သိရတယ်။ မဲပေါက်လို့ စစ်ထဲ မလိုက်ချင်ရင် ၁ ဦးကို ၁၅ သိန်းပေးရတယ်။ မဲမပေါက်တဲ့ အိမ်တွေက ၈ သောင်းပေးရတယ်။ ပိုက်ဆံ လိုက်ကောက်တော့ သူတို့မလာဘဲနဲ့လမ်းမှူး မိန်းမတွေကို လိုက်ကောက်ခိုင်းတယ်။ ရပ်မိရပ်ဖ အဖွဲ့ဆိုပြီးတော့လေ" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် သာကေတမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က စစ်မှုထမ်းရန် အကြုံးဝင်သော လူငယ်များကို အမည်စာရင်း တင်သွင်းရန် ဆင့်ခေါ်စာများ ပေးပို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ သာကေတမြို့နယ် အတွင်းရှိ စစ်မှုထမ်းရန် လူငယ်များ၏ အမည်စာရင်းကို တောင်းခံထားခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက လိုက်လံ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် မဲနှိုက်ရွေးချယ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၆ ရက်နေ့က စတင်ကာ ဘားအံမြို့ပေါ်ရှိ အမှတ် ၁ ရပ်ကွက်တွင် ရဲပြုတ် အုပ်ချုပ်ရေးမှူး စိုးမြင့် ဦး ဆောင်ကာ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို မဲနှိုက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
"ဘားအံမြို့ပေါ် ရပ်ကွက် ၉ ခု ရှိပါတယ်။ အခု ဧပြီလ ၆ ရက်နေ့က စပြီး ဘားအံမြို့ အမှတ် ၁ ရပ်ကွက်မှာစပြီး မဲနှိုက်နေပါတယ်။ ပြေးရင် အိမ်ကို ချိတ်ပိတ်မယ်။ ထောင် ၃ နှစ်ချမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စိုးမြင့် ဦးဆောင်ပြီး လုပ်နေတာ ဘားအံမှာ သူပဲ အဓိက စလုပ်တာပါ။ အုပ်ကြီးက မဘသ အမာခံပါ။ မဲနှိုက်တဲ့နေရာမှာ မျှတမှုမရှိပါဘူး။ အုပ်ကြီး၊ ရာအိမ်မှူးတွေနဲ့ မတည့်တဲ့ သူတွေ ကိုသာ လူရွေးပြီး နှိုက်ခိုင်းပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရန်ကုန်ရှိ မြို့တော်ခန်းမရှေ့ ဆောက်လုပ်နေသည့်ရေကစားမဏ္ဍပ် ပြန်ဖျက်သိမ်းနေ
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ဆောက်လုပ်နေသည့် ရေကစား မဏ္ဍပ် ဖျက်သိမ်းနေကြောင်းသိရသည်။
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင်ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် အတွက် ပြင်ဆင်ဆောက်လုပ်နေခြင်း ဖြစ်ပြီး လတ်တလောတွင်ရပ်တန့်ကာ ပြန်လည်ဖျက်သိမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့်အင်အားပြင်း ငလျင်ကြောင့် ဧပြီ ၅ ရက်အထိ စာရင်းများအရလူပေါင်း ၃၅ဝဝ ကျော်သေဆုံးခဲ့ပြီး သာသနိကအဆောက်အအုံများ၊ လူနေ အဆောက်အအုံများနှင့် လမ်း၊တံတားများ အများအပြားပျက်စီးခဲ့ရကြောင်း သိရသည်။
ယခုနှစ်သင်္ကြန်ကို ငလျင်ဘေးဒဏ်ကြောင့် သီဆိုကခုန်ခြင်းများ မပါဝင်ဘဲ အေးချမ်းစွာကျင်းပသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားပြီးရေကစားမဏ္ဍပ်အချို့ကိုလည်း ပြန်လည်ဖျက်သိမ်းမှုများ ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ -CJ
◾️Sales Admin Staff - Yangon
Company: Pandora Trading
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23436
◾️Digital marketing Executive/ Content Creator - Yangon
Company: MG&J Company Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23435
◾️Senior Marketing Associate - Yangon
Company: KBTC Group of Companies Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23434
တရုတ်နိုင်ငံမှ အကူအညီပစ္စည်းများ တတိယအသုတ်အဖြစ် ထပ်မံရောက်ရှိ
*****************
(ပြည်တွင်း) ဧပြီ ၇
ငလျင်ဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံအစိုးရမှပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ဧပြီလ ၅ ရက်က တတိယအသုတ်အဖြစ် ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်။
အဆိုပါအကူအညီပစ္စည်းများတင်ဆောင်လာတဲ့လေယာဥ်က ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြ ပါတယ်။
တရုတ်နိုင်ငံအစိုးရမှ တတိယအသုတ်ပေးပို့တဲ့ အကူအညီပစ္စည်းများမှာ ရေသန့်စက်စနစ် ၁,၀၄၈ စုံ၊ ခြင်ထောင် ၁၀,၀၀၀ လုံး၊ အရေးပေါ်ဆေးအိတ် ၁၅,၀၀၀ လုံးနှင့် ရွက်ဖျင်တဲအကြီးစား ၄၀၀ လုံးတို့ ပါဝင်ပြီး ငလျင် ဒဏ်သင့်ဒေသများသို့ နေ့ချင်းပို့ဆောင်ပေးခဲ့ကြကြောင်း သိရပါတယ်။