မိဘအုပ်ထိန်းသူတွေအနေနဲ့ သားသားမီးမီးတို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ အိမ်တွင်းပြုစုပေးနိုင်ပါတယ်။
#ကလေးများဝမ်းပျက်ဝမ်းလျှောခြင်း
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မိဘအုပ်ထိန်းသူတွေအနေနဲ့ သားသားမီးမီးတို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ အိမ်တွင်းပြုစုပေးနိုင်ပါတယ်။
#ကလေးများဝမ်းပျက်ဝမ်းလျှောခြင်း
မိဘအုပ်ထိန်းသူတွေအနေနဲ့ သားသားမီးမီးတို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ အိမ်တွင်းပြုစုပေးနိုင်ပါတယ်။
#ကလေးများဝမ်းပျက်ဝမ်းလျှောခြင်း




ဗုဒ္ဓဘာသာ သာသနာ့အလံတော် ပေါ်ပေါက်လာပုံ သမိုင်းကြောင်း
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
ဗုဒ္ဓဘာသာ သာသနာ့အလံတော် ပေါ်ပေါက်လာပုံ သမိုင်း ကြောင်းဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ယုံကြည်မှု၊ ငြိမ်းချမ်းမှုနဲ့ သာသနာတော် ထွန်းကားပြန့်ပွားမှုကို ကိုယ်စားပြုတဲ့ အရေးပါတဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။
ဒီအလံတော်ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်း၊ စေတီပုထိုးတွေနဲ့ ဘာသာရေးပွဲတော်တွေမှာ လွှင့်ထူလေ့ရှိပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ စည်းလုံးညီ ညွတ်မှုကို ပြသတဲ့ သင်္ကေတတစ်ခုအဖြစ် ရပ်တည်နေပါတယ်။
အလံတော်ရဲ့ သမိုင်းအကျဉ်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉ ရာစုနှောင်းပိုင်း သီရိလင်္ကာနိုင်ငံ (ရှေးအခေါ် သီဟိုဠ် ကျွန်း) မှာ စတင်တီထွင်ခဲ့တာကို တွေ့ရမှာပါ။
အဲဒီအချိန်က သီရိလင်္ကာဟာ ဗြိတိသျှကိုလိုနီ လက် အောက်မှာ ရှိနေပြီး ဗုဒ္ဓဘာသာဝင်တွေဟာ ကိုးကွယ်ယုံကြည်မှုပိုင်းမှာ ဖိနှိပ်မှုတွေ ခံစားနေရတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ဗုဒ္ဓဘာသာကို ပြန်လည်ရှင်သန်ထွန်းကားစေဖို့နဲ့ ကိုးကွယ်ယုံကြည်မှု လွတ်လပ်ခွင့်ရရှိစေဖို့ ကြိုးပမ်းမှုတွေ ပေါ်ပေါက်လာခဲ့ပြီး အဲဒီကြိုးပမ်းမှုတွေထဲက တစ်ခုကတော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသနိုင်မယ့် အလံတစ်ခု ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ သာသနာ့အလံတော်ကို ဒီဇိုင်းရေးဆွဲရာမှာ အဓိက ပုဂ္ဂိုလ် (၅) ဦး ပါဝင်ခဲ့ပါတယ်။ အမေရိကန်လူမျိုး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတစ်ဦးဖြစ်တဲ့ ဟင်နရီ စတီးလ် အောလ်ကော့ (Henry Steel Olcott) ဟာ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
သူနဲ့အတူ ကိုလံဘိုမြို့ ဗုဒ္ဓဘာသာ ကာကွယ်ရေး ကော်မတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ ဂျေအာရ်ဒီဆယ်ဗာ (J.R. de Silva)၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ဆီပီဂုဏဝါဒန (C.P. Gunawardena)၊ (William de Abrew) နဲ့ (Peter de Abrew) တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒီပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ယုံကြည်မှုကို ကိုယ်စားပြုနိုင်မယ့် အလံတစ်ခုဖြစ်ဖို့ ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။
အလံတော်မှာပါဝင်တဲ့ အရောင် (၆) ရောင်ဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။
နီလ (အပြာရောင်) ဟာ တည်ကြည်ငြိမ်သက်မှု၊ သစ္စာရှိမှု၊ မေတ္တာတရားနဲ့ ကရုဏာတရားတို့ကို ကိုယ်စားပြုပါတယ်။
ပီတ (အဝါရောင်) ကတော့ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ကို ကိုယ်စားပြုပြီး အစွန်းနှစ်ဖက်ကို ရှောင်ကြဉ်ခြင်းကို ဆိုလိုပါတယ်။
လောဟိတ (အနီရောင်) က ကောင်းချီးမင်္ဂလာ၊ ဉာဏ်ပညာနဲ့ ပြည့်စုံခြင်း၊ သိက္ခာရှိခြင်းတို့ကို ကိုယ်စားပြုပြီး ဩဒါတ (အဖြူရောင်) ကတော့ စင်ကြယ်ခြင်း၊ သန့်ရှင်းခြင်း၊ လွတ်မြောက်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။
မဉ္ဇိဋ္ဌ (ပန်းနုရောင်) က ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓမ္မတရားတော်တွေကို ကိုယ်စားပြုပြီး ပဘဿရ (အရောင်ခြောက်မျိုး ရောစပ်ထားသော အရောင်) က အမှန်တရား (သို့မဟုတ်) ဓမ္မရဲ့ သဘောသဘာဝ အားလုံးကို ကိုယ်စားပြုပါတယ်။
၁၈၈၅ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာရှိတဲ့ ဒီပါဒုတ္တမရာမယကျောင်းတိုက် (Dipaduttamarama Temple) မှာ ဗုဒ္ဓဘာသာ သာသနာ့အလံတော်ကို စတင်လွှင့်ထူခဲ့ပါတယ်။
၁၉၅၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံ (World Fellowship of Buddhists) မှာတော့ ဒီအလံတော်ကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးရဲ့ အလံအဖြစ် တရားဝင် သတ်မှတ် အတည်ပြုခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ဗုဒ္ဓဘာသာ သာသနာ့အလံတော်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ အလံတော်တစ်ခု ဖြစ်လာခဲ့ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် ဗုဒ္ဓဘာသာ သာသနာ့အလံ တော်ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုတဲ့ အရေးပါတဲ့ သင်္ကေတတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ဗုဒ္ဓ ဘာသာ သာသနာတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေစေဖို့အတွက် အားပေးထောက်ပံ့တဲ့ အမှတ် အသားတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
#knowledge
The Crucifixion (2017)
ဒီဇာတ်ကားရဲ့ထုတ်လုပ်သူဟာ
The conjuring နဲ့ Annabelle ဇာတ်ကားတွေရဲ့ထုတ်လုပ်သူကြီးဖြစ်ပြန်ပါတယ်
စရအောင်…
ရိုမေးနီးယားမှာဖြစ်ပျက်ခဲ့တဲ့ အန်ဒလီနာမာရီနာစကု သေဆံုံးမှုနဲ့ပက်သတ်ပြီး
သတင်းထောက်နီကိုဝေါလင်းဟာ ၎င်းအမှုရဲ့အရင်းမြစ်နဲ့အကြောင်းအရင်းကိုသိရှိရန်နှင့် သတင်းရယူရန်
ရိုမေးနီးယားကိုရောက်ရှိခဲ့ပါတယ် အန်ဒလီနာရဲ့သေဆုံးမှုဟာအသတ်ခံရတာလို့ သတ်မှတ်ခံထားရပြီး
ထိုအမှုနဲ့ပက်သတ်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒီမိထရူကို
လူသတ်မှုနဲ့ ထောင်သွင်းအကျဉ်းကျထားပါတယ်
သိုပေမယ့် အလောင်းကိုခွဲစိတ်စစ်ဆေးကြည့်တဲ့အခါ ဘာဒဏ်ရာဒဏ်ချက်မှမရှိပဲသေဆုံးနေတာဖြစ်လို့
လူသတ်မှုဆိုတာ ၁၀၀%အတည်ပြုလို့မရပါဘူး
အန်ဒလီနာသေဆုံးတာဟာ နတ်ဆိုးကြောင့်လို့ပြောသော်လည်း ရိုမေးနီးယားရဲ့ဘာသာရေးယုံကြည်သက်ဝင်မှု
အယူဝါဒတွေကို အယုံအကြည်မရှိတဲ့ နီကိုဝေါလင်းတစ်ယောက်
သူမကြုံဖူးတဲ့အရာတွေနဲ့ဘယ်လိုနှစ်ပါးသွားရပြီး နိဂုန်းချုပ်မလဲဆိုတာကိုကြည့်ရှူ့ခံစားကြပါဦး…
The Crucifixion (လက်ဝါးကပ်တိုင်ပေါ်တင်၍သတ်ခြင်း)
နတ်ဆိုးအပူးခံနေရတဲ့လူတစ်ယောက်ကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီးအစွဲချွတ်ရင်းသေဆုံးသွားခြင်းကိုဆိုလိုတာပါ
ဇာတ်ကားလင့်
https://t.me/c/2222390798/198
Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1
Dogtanian and the Three Muskehounds (2021 )
Young Dogtanian သည် သူ၏ အချစ်ဆုံးသူငယ်ချင်း မောက်စ် Pom Pom နှင့် တွေ့ဆုံပြီး Muskehound ဖြစ်လာရန် သူ၏အိပ်မက်ကို ဖြည့်ဆည်းရန် ကြိုးစားခဲ့သည်။ သူနှင့် Muskehound သုံးယောက်အတူတကွ မကောင်းဆိုးဝါး Richelieu ကို တွန်းလှန်ရမည်ဖြစ်သည်။
ဇာတ်ကားလင့်
https://t.me/c/2186686827/138
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl