iPad ၊ Mac နဲ့ Apple Watch ရောင်းအားအကုန်ပေါင်းရင်တောင် Services က ရတဲ့ဝင်ငွေကို မမှီဘူးပဲ 🫠
.
iPhone တွေ၊ Apple Device တွေကို သေချာသုံးနေတယ်ဆိုရင် ကျိန်းသေပေါက် Apple Ecosystem ဆိုတာကို ကြားဖူးကြမှာပါ။
ဒီလို Apple Ecosystem လို့ ဆိုလိုက်တာနဲ့ Apple Devices အချင်းချင်း အလွယ်တကူချိတ်ဆက်သုံးနိုင်တာတွေ - ဥပမာ- Devices အချင်းချင်း Universal Clipboard ရနိုင်တာမျိုး၊ ဖုန်းပြောနေတုန်း Device တစ်ခုနဲ့တစ်ခု အလွယ်တကူပြောင်းပြီး လက်ခံပြောဆိုနိုင်တာတွေ၊ AirPods ဆိုလည်း သုံးနေတဲ့ Device အပေါ်မှုတည်ပြီး အလိုအလျောက် ပြောင်းပေးတာမျိုး.. စတဲ့ စတဲ့ Apple Devices တွေရှိရုံနဲ့ အခမဲ့သုံးနိုင်တဲ့ Feature တွေတင်မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုရင် Apple ကနေ Devices တွေအပြင် Services တွေကိုပါ အခကြေးငွေဖြင့် ရောင်းချနေတာဖြစ်ပါတယ်။ ဒါက iCloud ရင် Free ရတဲ့ 5GB ထက် ပိုလိုချင်ရင် ဝယ်ရတာမျိုးတွေ၊ သီချင်းနားထောင်ဖို့ Apple Music ၊ ရုပ်ရှင်ကြည့်ဖို့ Apple TV+ ၊ သတင်းဖတ်ဖို့ Apple News+ ၊ ဂိမ်းဆော့ရင် Apple Arcade စတဲ့ ကိုယ်ပိုင် Apple Services တွေရော၊ App Store မှာ App တွေ ဝယ်ယူရင် Apple က ကောက်ခံတဲ့ Services Fee တွေလည်း ပါဝင်ပါတယ်။
အခု Apple က ထုတ်ပြန်တဲ့ ၂၀၂၅ ရဲ့ ဒုတိယ (၃) လပါတ် ဝင်ငွေကို ထုတ်ပြန်ချက်အရ Apple ဟာ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၉၅.၄ ဘီလီယံရရှိထားတယ်၊ ဒါက ခန့်မှန်းထားတဲ့ ဒေါ်လာ ၉၄.၆၈ ဘီလီယံထက် ပိုပြီး ဝင်ငွေပိုရတယ် - မနှစ်တုန်းကဆိုရင် ဒေါ်လာ ၉၀.၇၅ ဘီလီယံပဲ ရရှိခဲ့တာကြောင့် သိသိသာသာ ဝင်ငွေပိုရလာတယ်။
အဲ့ဒီ ဝင်ငွေတွေထဲမှာ - iPhone ရောင်းရမှုကြောင့် ဝင်ငွေက ဒေါ်လာ ၄၆.၈၃ ဘီလီယံနဲ့ အမြင့်ဆုံးဖြစ်နေတယ်။ iPad က ဒေါ်လာ ၆.၄ ဘီလီယံ၊ Mac က ဒေါ်လာ ၇.၉၅ ဘီလီယံနဲ့ Apple Watch လို Wearable ၊ Home Devices တွေနဲ့ Accessories တွေက ဒေါ်လာ ၇.၅၂ ဘီလီယံဝင်ငွေ အသီးသီးရထားကြတယ်။
Apple ရဲ့ ဝင်ငွေတွေထဲမှာ ဒီတစ်ကြိမ်မှာ ထူးခြားတာက အရှေ့မှာပြောသွားတဲ့ Apple Servies တွေကနေ ရရှိတဲ့ ဝင်ငွေက ဒေါ်လာ ၂၆.၆၄ ဘီလီယံအထိရှိခဲ့ပြီး မနှစ်ကထက်ရော၊ အရင်နှစ်တွေအားလုံးထက် အမြင့်ဆုံးဝင်ငွေရရှိမှုဖြစ်နေတာပဲဖြစ်ပါတယ်။
အဓိပ္ပါယ်ကောက်လို့ရတာက Apple Device အသုံးပြုသူတွေက တဖြည်းဖြည်း Apple Services တွေကို ပိုပြီး ဝယ်ယူအသုံးပြုနေကြတယ်လို့ ပြောလို့ရပြီ။ ဒါပေမယ့် အခုအရှေ့ရက်ပိုင်းမှာတင် Apple က တခြား App Store ပြင်ပ Third-party Payment တွေကို Service Fee ကောက်ခွင့်မရှိပဲ ငွေပေးချေနိုင်အောင်လည်း ခွင့်ပြုပေးလိုက်တော့ နောက်ပိုင်းတွေတော့ ဘယ်လိုဖြစ်မလဲ စောင့်ကြည့်ရမယ်။
ဘာပဲဖြစ်ဖြစ် Apple Device သုံးနေပြီး Apple Services တွေကို ဝယ်သုံးနေကြတဲ့သူတွေရှိကြလား.. ဘယ် Services တွေ ဝယ်သုံးကြလဲ..?
