8 ပတ် - ဘာသာပြန်ပါ။

ရုပ်ရှင်တွေသာ ကြည့်တာ တစ်ခါမှ 𝐫𝐞𝐯𝐢𝐞𝐰 မရေးဖြစ်ဘူးဆိုပေမယ့် ဒီတစ်ခါတော့ ကိုယ်ခံစားမိသလောက်ရေးလိုက်တယ် ။
အခုပြောပြသွားမယ့် ရုပ်ရှင်ရဲ့အကြောင်းကတော့ 𝐓𝐡𝐞 𝐓𝐡𝐞𝐨𝐫𝐲 𝐨𝐟 𝐄𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠 ဆိုတဲ့ရုပ်ရှင်အကြောင်းပါပဲ ။ ဒီရုပ်ရှင်က အမှန်တကယ် ကြည်နူးစရာရယ် ၊ မျက်ရည်ဝဲစရာရယ်ပါပဲ ။ ဒီရုပ်ရှင်ကတော့ သိပ္ပံပညာရှင်ကြီး 𝐒𝐭𝐞𝐩𝐡𝐞𝐧 𝐇𝐚𝐰𝐤𝐢𝐧𝐠 ရဲ့ဘဝကို အခြေခံထားပြီး သူ့ရဲ့ချစ်သူဖြစ်တဲ့ 𝐉𝐚𝐧𝐞 𝐖𝐢𝐥𝐝𝐞 နဲ့ ပတ်သက်တဲ့အချစ် ၊ ဘဝတို့ကို ပေါင်းစပ်ပြသထားတာပါပဲ ။
ဇာတ်လမ်းဟာ 𝟏𝟗𝟔𝟎 ခုနှစ်အလယ်ပိုင်းက 𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ စတင်ပြီး 𝐒𝐭𝐞𝐩𝐡𝐞𝐧 ဟာ 𝐜𝐨𝐬𝐦𝐨𝐥𝐨𝐠𝐲 ပညာမှာ ဘာကြောင့်ဘာတွေလှုပ်ရှားနေသလဲဆိုတာကို ရှာဖွေနေတယ် ။ တစ်နေ့မှာ 𝐒𝐭𝐞𝐩𝐡𝐞𝐧 ဟာ 𝐉𝐚𝐧𝐞 နဲ့ တွေ့ပြီး ချစ်မိသွားကြတယ် ။ ဒါပေမယ့် 𝐒𝐭𝐞𝐩𝐡𝐞𝐧 ဟာ 𝐀𝐋𝐒 ( 𝐦𝐨𝐭𝐨𝐫 𝐧𝐞𝐮𝐫𝐨𝐧 𝐝𝐢𝐬𝐞𝐚𝐬𝐞 ) ရောဂါကို ခံစားရတဲ့အချိန်မှာတော့ ဘဝဟာ အတော်လေးကို ပြောင်းလဲလာတယ် ။ သူ့ရဲ့ ကိုယ်အင်္ဂါတစ်ခုချင်းစီဟာ 𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧 ရပ်သွားပေမယ့် စိတ်ဉာဏ်ကတော့ ရပ်မသွားဘူး ။ 𝐒𝐭𝐞𝐩𝐡𝐞𝐧 ဟာ 𝐉𝐚𝐧𝐞 ကို သူ့ကို စွန့်ခွာဖို့ဖိအားပေးခဲ့ပေမယ့် 𝐉𝐚𝐧𝐞 ကတော့ မစွန့်ခွာခဲ့ပဲ 𝐒𝐭𝐞𝐩𝐡𝐞𝐧 အနားမှာပဲ ဆက်နေပြီး ပါရမီဖြည့်ပေးခဲ့တယ် ။
𝐒𝐭𝐞𝐩𝐡𝐞𝐧 𝐇𝐚𝐰𝐤𝐢𝐧𝐠 အဖြစ် 𝐄𝐝𝐝𝐢𝐞 𝐑𝐞𝐝𝐦𝐚𝐲𝐧𝐞 ကို တကယ်လို့ 𝐎𝐬𝐜𝐚𝐫 မပေးမိဘူးဆိုရင် အပြစ်ရှိသွားမှာပဲ ။ သူက 𝐒𝐭𝐞𝐩𝐡𝐞𝐧 ရဲ့ကိုယ်ခန္ဓာအဖွဲ့အစည်း တဖြည်းဖြည်း ပြိုလဲကျရောက်သွားတာကို အတိအကျအတိုင်း သရုပ်ဖော်ထားတယ် ။ ပြီးတော့ ကိုယ့်အမြင်အရ 𝐄𝐝𝐝𝐢𝐞 က 𝐒𝐭𝐞𝐩𝐡𝐞𝐧 ငယ်စဥ်ကနဲ့ အတော်လေးကို တူတယ်လို့ ထင်တယ် ။
𝐉𝐚𝐧𝐞 𝐖𝐢𝐥𝐝𝐞 အဖြစ် 𝐅𝐞𝐥𝐢𝐜𝐢𝐭𝐲 𝐉𝐨𝐧𝐞𝐬 ကလည်း သူ့ရဲ့ချစ်ခြင်း ၊ စိတ်အားထုတ်မှု ၊ တကယ်မလွယ်တဲ့အိမ်ထောင်ရေးမှာ ခံရတဲ့ဖိအားတွေကို ခံနိုင်ရည်နဲ့ ခံထားတယ်ဆိုတာကို ခံစားရစေတယ် ။ မိန်းကလေးတစ်ယောက်အနေနဲ့ မိသားစုတစ်ခုလုံးကို ကိုင်တွယ်နိုင်တဲ့သူအဖြစ် ဖော်ပြနိုင်ခဲ့တာက အတော်လေးကို လှပတယ် ။
ဒီရုပ်ရှင်ဟာ အချစ်တစ်ခုဟာ နိမိတ်တစ်ခုလို ၊ မျက်စိနဲ့ မြင်မရပေမယ့် ခံစားနိုင်တဲ့အရာဆိုတာကို ဟန်ချက်ညီညီ ဆွဲထုတ်ထားတယ် ။
အဓိက 𝐦𝐞𝐬𝐬𝐚𝐠𝐞 တစ်ခုက
❝ 𝐄𝐯𝐞𝐧 𝐢𝐟 𝐭𝐡𝐞 𝐛𝐨𝐝𝐲 𝐝𝐞𝐜𝐚𝐲𝐬, 𝐭𝐡𝐞 𝐦𝐢𝐧𝐝, 𝐚𝐧𝐝 𝐥𝐨𝐯𝐞, 𝐜𝐚𝐧 𝐬𝐮𝐫𝐯𝐢𝐯𝐞. ❞

image