ဆန်ချိုက ချယ်လ်ဆီးအတွက် အရေးပါတဲ့သူလို့ မာရက်စ်ကာပြော

နိုဝင်ဘာ ၂၉

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ဟိုင်ဒန်ဟိုင်းနဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဆန်ချိုဟာ အသင်းအတွက် အရေးပါတဲ့သူဖြစ်ပြီး အသင်းကို အများကြီး အကူအညီ ပေးလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

မာရက်စ်ကာက “ဆန်ချိုက ကျနော်တို့အတွက် အလွန်အရေးပါတယ်ဆိုတာ အစကတည်းက ပြောနေခဲ့တာပါ။ သူဟာ ကြံ့ခိုင်မှုပြည့်ဝပြီး ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ ကောင်းမွန်နေမယ်ဆိုရင် ကျနော်တို့ကို အများကြီး အကူအညီ ပေးပါလိမ့်မယ်။ ပြီးခဲ့တဲ့ ပွဲအနည်းငယ်မှာ သူ့ကို ကျနော်တို့ အသုံးမပြုခဲ့ပေမယ့် ဒီပွဲမှာတော့ သူဟာ ဘယ်လောက်အထိ အရေးပါလဲဆိုတာကို ပြသခဲ့ပါတယ်။ သူက ကျနော်တို့ကို အများကြီးအကူအညီ ပေးပါလိမ့် မယ်”လို့ ပြောခဲ့တာပါ။

ဆန်ချိုဟာ ချယ်လ်ဆီးအသင်းက ဟိုင်ဒန်ဟိုင်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ အသင်းရရှိခဲ့တဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲဟာ ဆန်ချိုအတွက် ယူနိုက်တက်အသင်းကနေ အငှားနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်တဲ့ ၅ ပွဲမြောက် ပွဲစဉ်ဖြစ်တာပါ။

ဆန်ချိုဟာ ပွဲကစားချိန်ကို အကန့်အသတ်နဲ့သာ ရရှိနေပေမယ့် နည်းပြ မာရက်စ်ကာက သူဟာ ချယ်လ်ဆီး အသင်းရဲ့ အဓိက ကစားသမား ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လာမယ့် ဒီဇင်ဘာမှာ ပွဲအများအပြား ကစားရမှာဖြစ်လို့ ဆန်ချိုအတွက် ပွဲကစားချိန်ပိုပြီး ရလာဖို့ ရှိနေပါတယ်။

ဆန်ချိုဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၇ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး ဖန်တီးထားတာပါ။

ချယ်လ်ဆီးအသင်းဟာ ဟိုင်ဒန်ဟိုင်းအသင်းကို အနိုင်ရခဲ့တာကြောင့် ကွန်းဖရန့်လိဂ် ပြိုင်ပွဲမှာ ၄ ပွဲကစားထား အပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁ ရက်မှာ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ဆန်ချိုကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

အရန်ဆန် အိတ်‌ရေ ရှစ်သိန်းလောက်ရှိပြီး လိုအပ်ပါက ထုတ်ရောင်းပေးမယ်ဟုဆို

နိုဝင်ဘာ ၂၉

ဆန် ပိုကုန် အခြေပြု အရန်ဆန် စနစ်နဲ့ ဆန်အိတ်ရေ ရှစ်သိန်းလောက်ရှိပြီဖြစ်ပြီး လိုအပ်ပါက ထုတ်ရောင်းချ ပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

အဲ့ဒီအရန်ဆန်ကို Exporter တွေနဲ့ ပူးပေါင်းပြီး တစ်တန် တင်ပို့မှုပြုလုပ်တိုင်း ဆန် တစ်အိတ်နှုန်း အရန်ဆန်အဖြစ် ထားရှိခဲ့ကြတာလို့ သိရပါတယ်။

“Exporter တွေရဲ့ပါဝင်မှုနဲ့ဆောင်ရွက်ထားပါတယ်။ အဲဒီတော့ Export တစ်တန်ပိုတိုင်း ပိုတိုင်းမှာ ဆန်တစ်အိတ်၊ ဒါကတော့ ဆန်စပါးစင်တာမှာရှိတဲ့ Exporter တွေရဲ့ ပူးပေါင်းမှုနဲ့ ဆောင်ရွက်ထားပါတယ်”လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

လိုအပ်ချက်ရှိလာရင် ပရဟိတအသင်းအဖွဲ့တွေဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့တွေဖြစ်စေ၊ စက်ရုံအလုပ်ရုံတွေကဖြစ်စေ ရောင်းပေးသွားမယ်လို့ ဆိုပါတယ်။

အခုလို ထားရှိတဲ့ အရန်ဆန်ဟာ ဧည့်မထ ၁၅ မှတ် အမျိုးအစားဖြစ်ပြီး ဆန် ရည်ဆန်သားကောင်းမွန် သင့်တင့်မျှတတယ်လို့လည်း ဦးရဲမင်းအောင်က ပြောပါတယ်။

#centralnewsnaypyitaw

image
31 w - Translate

Myanmar’s agri-produce exports exceed US$2.75B+ as of 25 Oct

Myanmar’s agricultural export value has totalled US$2.75 billion as of 25 October in the current financial year 2024-2025 beginning 1 April, according to the Ministry of Commerce.
Myanmar’s agricultural produce export by sea amounted to $2.3 billion while border trade saw export value of $446 million in the past nearly seven months.
Myanmar’s agriculture sector is the backbone of the country’s economy and it contributes to over 30 per cent of the Gross Domestic Product. The country primarily cultivates paddy, maize, cotton, sugarcane, sunflower, various pulses and beans. The second-largest production is pulses and beans, accounting for 33 per cent of agri-products and covering 20 per cent of growing acres. Black grams, pigeon peas, green grams, peanuts, chickpeas, soybeans, black-eyed beans, butter beans and rice beans are also grown in the country.
Myanmar exports agricultural products, animal products, minerals, forest products, and finished industrial goods through maritime and border trade channels. — NN/KK

image

image
31 w - Translate

ထင်သလောက်လည်း မခက်ပါဘူး ညီအကိုတို့ရာ
CEO Gaming Channel

31 w - Translate

မန်ယူနည်းပြဟောင်း နစ္စတယ်ရွိုင်း လက်စတာနည်းပြသစ်အဖြစ် တာဝန်ယူမည်

မန်ယူနည်းပြဟောင်း နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းနည်းပြသစ်အဖြစ် တာဝန်ယူသွားမယ်လို့ သိရပါတယ်။

တရားဝင်စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိပေမဲ့ ရက်ပိုင်းအတွင်းမှာ အပြီးသတ် လုပ်ဆောင်သွားမှာပါ။

လက်စတာအသင်းဟာ နည်းပြ စတိကုပါးနဲ့ လမ်းခွဲခဲ့ပြီးနောက် မန်ယူအသင်းမှာ ယာယီနည်းပြအဖြစ် စွမ်းဆောင်ရည်ကောင်းမွန်ခဲ့တဲ့ နစ္စတယ်ရွိုင်းကို တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

အခုတပတ် တနင်္ဂနွေနေ့မှာကစားမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ စတင်တာဝန်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

နည်းပြ နစ္စတယ်ရွိုင်းဟာ မန်ယူယာယီနည်းပြဘဝက လက်စတာနဲ့ ၂ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၂ ကြိမ်စလုံး အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
DVB

image
31 w - Translate

ဘယ်သူ့ကြောင့်လဲ 😛

image

ပြည်သူ့အကျိုးပြု ကျောင်းသားများ ပါတီ မှတ်ပုံတင်လျှောက်ထားမှု ငြင်းပယ်ခံရ

နိုဝင်ဘာ ၂၉

ပြည်သူ့အကျိုးပြု ကျောင်းသားများ ပါတီ မှတ်ပုံတင်လျှောက်ထားမှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၂၈ ရက်နေ့က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ငြင်းပယ်ခံလိုက်ရတဲ့ ပါတီရဲ့ တံဆိပ်ဟာ အောက်ခံ အနီရောင်ပေါ်မှာ အဖြူရောင် ခွပ်ဒေါင်းကို ကြယ်ဖြူ (၁၄)လုံးက ခါးအလယ်ကနေ ဝိုင်းပတ်ထားတာကိုတွေ့ရပါတယ်။

ပါတီမှတ်ပုံတင်လျှောက်ထားလာမှုကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ စိစစ် ပြန်ကြားချက်တွေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်မှု မရှိတဲ့တွေ့ရ တယ်လို့ က်ောမရှင်က ပြောပါတယ်။

အဲ့ဒီအတွက် ကော်မရှင် စုံညီအစည်းအဝေး အမှတ်စဥ် (၃၄/၂၀၂၄) မှာ ဥပဒေမှာပါတဲ့ ပုံစံ (ဆ) နဲ့ ငြင်းပယ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

အမေရိကန်ဒုံးကျည်တွေကို လက်မခံဖို့ ဖိလစ်ပိုင်ကို တရုတ်သတိပေး

နိုဝင်ဘာ ၂၉

ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုက ဒုံးကျည်စနစ်တွေလာရောက်တပ်ဖြန့်ချထားတာဟာ တောင်တ တရုတ်ပင်လယ်တွင်း စစ်မက်ဖြစ်ပွားလာနိုင်တဲ့အထိ အန္တရာယ်ကြီးမားတဲ့အတွက် အမေရိကန်ဒုံးကျည်တွေကို လက်မခံဖို့ ဖိလစ်ပိုင်ကို တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်တွင်း တရုတ်နဲ့ နယ်မြေအငြင်းပွားနေတဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အမေရိကန်ထံက တာ လတ်ပစ်ဒုံးကျည်စနစ်တွေ ဝယ်ယူဖို့ စဉ်းစားနေကြောင်း အခုလအစောပိုင်းက ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂယ်လ်ဘတ်တိုသီယိုဒိုရိုက ပြောကြားခဲ့ပြီးနောက် အခုလို တရုတ်နိုင်ငံက ပြောကြားလိုက်တာဖြစ်ပါတယ်။

Typhon ဒုံးကျည်ခေါ် ထိုးစစ်ဒုံးကျည်စနစ်တွေကို အခုလို တပ်ဖြန့်ချထားတာဟာ ဖိလစ်ပိုင်နို်င်ငံက ထိပ်တိုက် တွေ့ဆုံမှုကို ဖန်တီးနေတာဖြစ်ပြီး တင်းမာမှုတွေမြင့်တက်လာအောင် ဆောင်ရွက်နေတာဖြစ်ကြောင်း ကြာသပ တေးနေ့သတင်းစာရှင်းလင်းပွဲမှာ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝူချီယန်က ပြော ပါတယ်။

“အမေရိကန်လက်နက်တွေ တပ်ဖြန့်ချထားတဲ့နေရာတွမှာ စစ်မက်ဖြစ်ပွားမယ့် အန္တရာယ်တွေ ပိုမိုမြင့်တက်လာ ပြီး ဒေသခံပြည်သူတွေအတွက် မထိုက်တန်တဲ့ဘေးဒုက္ခတွေကို ကျရောက်အောင် ဖန်တီးတတ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

အဲဒီဒုံးကျည်စနစ်တွေကိုလည်း ချက်ချင်း ပြန်လည်ရုတ်သိမ်းသွားဖို့ အမေရိကန်နဲ့ ဖိလစ်ပိုင်ကို ဗိုလ်မှူးကြီးဝူချီ ယန်က တောင်းဆိုလိုက်ပါတယ်။

ဧပြီလအတွင်းက အမေရိကန်ကြည်းတပ်က Typhon ဒုံးပစ်လောင်ချာတစ်စင်းကို စစ်ရေးလေ့ကျင့်မှုအတွက် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း လူဇုန်ဒေသကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီ Typhon ဒုံးပစ်လောင်ချာဟာ မြေပြင်နဲ့ ဝေဟင်ပစ် ဒုံးကျည်အမျိုးအစားနှစ်မျိုးဖြစ်တဲ့ တိုမဟော့ခရုစ်ဒုံး ကျည် (Tomahawk) နဲ့ Standard Missile 6 နှစ်မျိုးစလုံးကို ထည့်သွင်းပစ်ခတ်နိုင်ပါတယ်။

တိုမဟော့ခရုစ်ဒုံးကျည်ဟာ မိုင် ၁၀၀၀ အထိ ပစ်ခတ်နိုင်ပြီး Standard Missile 6 ကတော့ မိုင် ၂၉၀ အထိ ပစ် ခတ်နိုင်ပါတယ်။

မူလက အမေရိကန်ဒုံးပစ်လောင်ချာကို စက်တင်ဘာလအတွင်း ပြန်လည်သယ်ယူဖို့ စီစဉ်ခဲ့ပေမဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေမှာအသုံးပြုတဲ့အခါ လေ့ကျင့်ဖို့အတွက် အဲဒီဒုံးကျည်စနစ်ကို ဖိလစ်ပိုင်နိုင်ငံမှာပဲ ဆက်လက်ထား ရှိဖို့ မဟာမိတ်နိုင်ငံတွေက ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာခဲ့ရင် အမေရိကန်က Typhon ဒုံးကျည်စနစ်ကို ကိုင်တွယ်ပစ် ခတ်တဲ့ နယ်ပယ်စုံတိုက်ခိုက်ရေးတပ်ဖွဲ့တစ်ဖွဲ့ကို ဖိလစ်ပိုင်နိုင်ငံကို စေလွှတ်သွားမှာဖြစ်ကြောင်း ဂျပန်ကျိုဒိုသ တင်းဌာနက ပြောပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်အစိုးရက အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံမှာ Typhon ဒုံးကျည်စနစ် တပ်ဖြန့်ချထား မယ်ဆိုရင် တရုတ်နိုင်ငံက “ပြတ်ပြတ်သားသား” တုံ့ပြန်သွားမှာဖြစ်ကြောင်း ဝူက ပြောပါတယ်။

အမေရိကန်ဒုံးကျည်စနစ်နဲ့ တပ်ဖြန့်ချထားတာနဲ့ ပတ်သက်ပြီး တရုတ်က ဖိလစ်ပိုင်ကို သတိပေးနေတာ အခု အကြိမ်ဟာ ပထမဦးဆုံးအကြိမ်တော့မဟုတ်ပါဘူး။

အမေရိကန်အစိုးရထံကနေ ထိုးစစ်ဒုံးကျည်စနစ်တွေ တာဝန်မဲ့ဝယ်ယူနေတာတွေကို မလုပ်ဖို့ အခုလအစော ပိုင်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိလစ်ပိုင်အစိုးရကို ပြောကြားခဲ့ပါသေးတယ်။

Ref: China Issues New Missile Warning to US and Philippines: Newsweek

#centralnewsnaypyitaw

image
image
image
31 w - Translate

29 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,390
USD Sell - MMK 4,490
EUR Buy - MMK 4,620
EUR Sell - MMK 4,740
SGD Buy - MMK 3,310
SGD Sell - MMK 3,380
THB Buy - MMK 127.39
THB Sell - MMK 130.72
JPY Buy - MMK 29.04
JPY Sell - MMK 29.80
MYR Buy - MMK 985
MYR Sell - MMK 1,010
CNY Buy - MMK 604
CNY Sell - MMK 620

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,835,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,200,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image