Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သတ္တိဆိုတာ ငယ်ငယ်ရွယ်ရွယ်ကတည်းက တဖြည်းဖြည်းချင်း မွေးယူမှရတယ်။ ငယ်ငယ်ကတည်းက သတ္တိမရှိဘဲနဲ့ ကြီးလာကာမှ ချက်ချင်း သတ္တိကို မွေးပါဆိုလို့ မရတော့ဘူး။ ဦးကျိုးသလို ဖြစ်သွားတာကိုး။
ကလေးဟာ ငယ်တုန်းမှာတော့ သူ့ဘဝထဲကို မိဘတွေက နေရာအပြည့်ဝင်ယူထားရတယ်။ သူ့အတွက် အစစအရာရာ အကုန် လုပ်ပေးရတယ်။ ဒါပေမယ့် ဒီကလေးဟာ တဖြည်းဖြည်း တဖြည်းဖြည်း ကြီးလာတဲ့အခါ မိဘက ယူထားတဲ့နေရာကို လျှော့ပေးရတော့မယ်။ သားသမီးရဲ့ဘဝထဲမှာ နေရာအပြည့်ကြီး ဝင်ယူထားလို့ မဖြစ်တော့ဘူး။ ကလေးဟာ သူ့ဘဝနဲ့သူ ဖြစ်ရတော့မှာ။ ကိုယ့်စိတ်နဲ့သူ့ကိုယ် နေသွားလို့ မဖြစ်ဘူး။ သူ့စိတ်နဲ့သူ့ကိုယ် နေသွားရတော့မှာ။
ကလေးတွေရဲ့သဘာဝကို သေသေချာချာကြည့်ရင် ကလေးတွေဟာ နဲနဲလေးကြီးလာပြီဆိုတာနဲ့ သူတို့ကိုယ်တိုင် လုပ်ချင်တယ်၊ စားတာသောက်တာကအစ ဇွန်းလေး ပန်းကန်လေး ပေးလိုက်ရင် သူတို့ဟာသူတို့ စားချင်တယ်။ သွားစရာရှိရင် သူတို့ခြေထောက်နဲ့သူတို့ သွားချင်တယ်။
ဒီထက်နဲနဲကြီးလာပြီဆိုရင် (အထူးသဖြင့် ၁၄-၁၅ နှစ်အရွယ်) လူကြီးဆန်ချင်လာပြီ။ မိဘတွေပြောတိုင်း နားမထောင်ချင်ဘူး။ နဲနဲ အာခံချင်တယ်လို့ ဆိုရမယ်နော်။ အမှန်တော့ မိဘတွေက အာခံတယ်လို့ အဓိပ္ပာယ်ကောက်တာပါ။ တကယ်တော့ အာခံတာ မဟုတ်ပါဘူး၊ လူကြိးဖြစ်ချင်တာပါ။ ဒါဟာ သဘာဝပဲ။
မိဘတွေက ဒါကောင်းတယ်ဆိုရင် သူက မကောင်းဘူးလို့ ပြောချင်ပြောမှာပဲ။ မိဘက မသွားနဲ့လို့ ပြောရင် သူသွားချင်မှာပဲ။ ဒီလိုဖြစ်လာတာဟာ သူ့ရဲ့လွတ်လပ်မှု၊ ကိုယ့်အားကိုယ်ကိုးနိုင်မှုကို ရအောင် ကြိုးစားနေတာပါ။ လွှမ်းမိုးမှုအောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေတာပါ။ ဒါဟာ အင်မတန်သဘာဝကျတယ်။ အင်မတန် ဖြစ်သင့်ပါတယ်။
ဒီလိုပြောလို့ ဘုန်းကြီးက မိဘကိုအာခံတာ ကောင်းတယ်လို့ ပြောနေတယ်လို့ မယူဆစေချင်ဘူး။ သူ့လွတ်လပ်မှု သူရှာနေတာကို မိဘတွေက မေတ္တာကရုဏာအပြည့်နဲ့ ကောင်းတဲ့နည်းနဲ့ အထောက်အကူ ပေးလိုက်ပါ။ ဒါကြောင့် တကယ်ချစ်ရင် လူကြီးဖြစ်ခွင့်ပေးရမယ်။ သူ့အတိုင်းအတာလေးနဲ့သူ တဖြည်းဖြည်း လူကြီးဖြစ်လာအောင် နည်းမျိုးစုံနဲ့ အကူအညီပေးရမယ်။
တစ်နေ့ မိဘတွေ မရှိတော့တဲ့အခါမှာ သူ့အားသူကိုးပြီးတော့ သူ့အသိဉာဏ်နဲ့သူ စဉ်းစားပြီး ဆုံးဖြတ်ပြီး သူ့စားဝတ်နေရေး၊ သူ့မိသားစု စားဝတ်နေရေးကို သူ့ဟာသူ လုပ်သွားရမှာ။ အဲဒါကို ဘယ်အချိန်ကစပြီး ပြင်ဆင်ရသလဲဆိုတော့ အဲ့ဒီ ၁၄-၁၅ နှစ်အရွယ်က စပြီး ပြင်ဆင်လိုက်ရတာပဲ။
တကယ်စဉ်းစားတတ်လာအောင်၊ သွားရဲလာရဲအောင်၊ သွားသင့် မသွားသင့် စဉ်းစားတတ်အောင်၊ ဆုံးဖြတ်တတ်အောင်၊ ပြောရဲဆိုရဲ ဖြစ်အောင် သင်ပေးပါ။ ကလေးကို အပြစ်မတင်ပါနဲ့။ ဦးကျိုးသွားမယ့်စကားတွေ မပြောမိပါစေနဲ့။ အဲ့ဒီလို သင်ပေးမှသာ မေတ္တာအစစ်လို့ ပြောလို့ရမှာ။ စိတ်မချလို့၊ မယုံကြည်လို့ မသွားရဲ မလာရဲအောင် လုပ်နေရင် မေတ္တာအစစ် မဟုတ်တော့ဘူး။
***တကယ်ချစ်ရင် လူကြီးဖြစ်ခွင့်ပေးရမယ်***
#ဆရာတော်ဦးဇောတိက
#မဟာမြိုင်တောရ
ဒီတစ်ခါလွဲရင် ပြန်မဆုံနိုင်မှန်းသိသိနဲ့
မင်းလည်း..ငဲ့မကြည့်ခဲ့ ။
ငါလည်း..လှည့်မကြည့်ခဲ့ ။
အလွယ်အစားထိုးလို့ရတဲ့အရာတွေလို့
တွေးထားသရွေ့..ကမ္ဘာကြီးဟာ
လမ်းကျဥ်းလေးတစ်ခုဖြစ်ရင်တောင်
နောက်တစ်ကြိမ်ဘယ်တော့မှ
ဝင်တိုက်မိကြမှာမဟုတ်ဘူး ။
ဘယ်ရထားမှာ လွဲခဲ့ကြလဲ ?
ဘယ်ရထားစီးရင် ပြန်ဆုံနိုင်လဲ ?
တစ်ယောက်ဟာ...
စီးလက်စ ရထားဟောင်းကြီးပေါ်မှာ
ပိုင်ရှင်မဲ့အိမ်မက်တွေတစ်ပွေ့တစ်ထုပ်ကြီးနဲ့
အပြင်ကို ခေါင်းတပြူပြူ ?
တစ်ယောက်မှာ ?
တက်လက်စ ရထားသစ်ကြီးပေါ်မှာ
အပျော်တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့
ရင်ခွင်သစ်ထဲ ခေါင်းတပြူပြူ ။
တစ်ယောက်ဟာ လမ်းလွဲကြတယ်သိ၍
ဆက်လက်မျှော် ။
တစ်ယောက်မှာ လမ်းခွဲကြတယ်သိ၍
ဆက်လက်ပျော် ။
ခုဆို...
လမ်းလွဲတာလား ?
လမ်းခွဲတာလား သဲကွဲပြီမို့
ရှေ့လျှောက် မေ့ပစ်ပါစို့ ။
ဝေးလက်စနဲ့မို့..
ဆက်လက်၍ မေ့လိုက်ကြပါစို့ ။
#ခွန်းနောင်သစ်
▫️သူငယ်ချင်း ။ ။
▪️၁၀တန်း ဖြေပီးသွားလို့ နောင်နှစ်တွေ ကြာလာတဲ့အခါ facebook ပေါ်ဝယ် state ကျောင်းတုန်းက ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံဖြစ်ကြတယ်
▪️တစ်ချို့တွေကတော့ တစ်ကူးတစ်က လာနှုတ်ဆက် ဖော် ရကြတယ် တစ်ချို့တွေကတော့ သွား add တာတောင် လက်ခံချင်တဲ့ ပုံ မပေါ်
▪️တစ်ချို့တွေကတော့ အခုချိန်ထိ best friend အဖြစ် ပေါင်းနေကြဆဲပဲ တစ်ချို့တွေကတော့ ခင်မင်မှုတွေမေ့ပီး သူငယ်ချင်း အသစ်တွေနဲ့ ပျော်ပါးနေလေရဲ့
▪️တစ်ချို့တွေကတော့ ရင့်ကျက်ပီမို့ ကိုယ့်အထာနဲ့ ကိုယ် နေကြတဲ့ အရွယ် တစ်ချို့တွေက ကျောင်းတုန်းကလို ပေါတောတော ပြောင်ချော်ချော် ကလေးစတိုင်လ် ဖမ်းနေတုန်း
▪️တစ်ချို့တွေကတော့ Relationship တွေကိုယ်စီနဲ့ ကြည်နူးနေကြတဲ့အချိန် တစ်ချို့တွေကတော့ ရည်းစားဦးကိုမမေ့နိုင်လို့ single ဘဝနဲ့ အရိုးထုတ်နေလေပီ
▪️အကယ်၍ မင်းတို့လာနှုတ်ဆက်ကြတဲ့ အချိန် ငါမမှတ်မိဘူးလို့ ပြန်ပြောတဲ့အခါ ငါ့ကို စိတ်မဆိုးကြပါနဲ့
▪️ငါတို့ဝေးသွားခဲ့တဲ့ နှစ်တွေဆိုတာလည်း နည်းမှ မနည်းတော့ပဲကိုး ။ ။
#crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
#ကံကောင်းမေတ္တာဖြင့်မျှဝေသည်