31 w - Translate

မွေးဖေဖေကျေးဇူးကြောင့် Malefic Gun + Layla ဆိုရင်
ပဲခူးကပစ်ရင် ပုဂံကကောင်ပါထိတယ်။
နည်းတဲ့ Range ကြီးမဟုတ်ဘူး‌။

Credit to AAMG

image
31 w - Translate

ဇာတာအရ
နည်းတဲ့ဇာတာကြီးလား

31 w - Translate

ယူရိုပါလိဂ်တွင် တိုက်စစ်မှူး ဟွိုက်လန်း ခြေစွမ်းပြပြီး မန်ယူအသင်း နိုင်ပွဲရယူ

နိုဝင်ဘာ ၂၉ ရက် ဒီနေ့ မနက်ပိုင်းက ကစားသွားတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက တိုက်စစ်မှူး ဟွိုက်လန်းရဲ့ ခြေစွမ်းပြမှုနဲ့အတူ နော်ဝေကလပ် ဘိုဒိုဂလစ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပါတယ်။

နော်ဝေကလပ်ရဲ့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်မှုခံခဲ့ရပေမဲ့ မန်ယူအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။

ပွဲအစ ၁ မိနစ်ကတည်းက ဟွိုက်လန်းရဲ့ပေးပို့မှုကနေ ဂါနာချိုက မန်ယူအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ ပွဲချိန် ၁၉ မိနစ်နဲ့ ၂၃ မိနစ်တွေမှာ ဘိုဒိုဂလစ်က ၂ ဂိုးဆက် ပြန်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် ၄၅ မိနစ်နဲ့ မိနစ် ၅၀ တွေမှာ ဟွိုက်လန်းက ချေဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာပါ။

ဒီနိုင်ပွဲရလဒ်ကြောင့် မန်ယူအသင်းက ယူရိုပါလိဂ်မှာ အဆင့် ၁၂ နေရာအထိ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။
DVB

image
31 w - Youtube

မြန်မာနိုင်ငံအတွင်းမှ ဥပဒေနှင့်မညီသော အလုပ်များအား နိုင်ငံခြားသားများ သွားရောက်လုပ်ကိုင်ခြင်းကို တားဆီးရန် ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်ထူထောင်

နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံအတွင်းတွင် ဥပဒေနှင့်ဆန့်ကျင်သော အလုပ်များလုပ်ကိုင်ရန် ဖြားယောင်းသွေးဆောင်ခံရမှု သွားရောက်ရန်အသုံးပြုသည့် အမှတ်(၁၂) အဝေးပြေးလမ်းမကြီးပေါ်တွင် နှစ်နိုင်ငံနယ်စပ်အနီး၌ စစ်ဆေးရေးဂိတ်တစ်ခုကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ထူထောင်ခဲ့ကြောင်း ရဲမှူးချုပ် ဆာရူတီ ကွန်ဆိုပါက နိုဝင်ဘာလ ၂၇ ရက်က ပြောခဲ့သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန အကြီးအကဲလည်းဖြစ်သော ဆာရူတီက စစ်ဆေးရေးဂိတ်မှာ မဲဆောက်ခရိုင်အတွင်း အမှတ်(၁၂) အဝေးပြေးလမ်းမပေါ်တွင် ရှိကြောင်း၊ ထိုလမ်းမကြီးကို မြန်မာနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကြရန် ခရီးသွားလာရေးအတွက် နိုင်ငံခြားသားများက အသုံးပြုကြကြောင်း ပြောခဲ့သည်။

အထောက်အထားများအရ ထိုင်းနိုင်ငံသို့ရောက်ရှိလာသော နိုင်ငံခြားသားများစွာက မဲဆောက်မြို့ကိုဖြတ်ကာ မြန်မာနိုင်ငံအတွင်းသို့ ဥပဒေနှင့်အညီဖြစ်စေ ဥပဒေနှင့်မညီဘဲဖြစ်စေ ဝင်ရောက်ကြသည်ကိုတွေ့ရပြီး၊ အချို့ဆိုလျှင် ဥပဒေနှင့်မညီသော အလုပ်အကိုင်များတွင် လုပ်ကိုင်ရန် ဖြားယောင်းခံထားကြရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အမှတ်(၁၂) အဝေးပြေးလမ်းမကို အသုံးပြု၍ နိုင်ငံခြားသားများက မြန်မာနိုင်ငံသို့ ခရီးသွားကြရာတွင် တရားဝင်လမ်း ကြောင်းများမှလည်းကောင်း၊ နယ်စပ်ဖြတ်ကျော် သဘာဝလမ်းကြောင်းများမှလည်းကောင်း ဝင်ရောက်ကြကြောင်း၊ ထို့ကြောင့် ထိုစစ်ဆေးရေးဂိတ်က နယ်စပ်ဖြတ်ကျော်ခရီးသွားရောက်မည့် နိုင်ငံခြားသားများ အထူးသဖြင့် တရုတ်လူမျိုးများကို သေချာစွာစစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။

၎င်းက မြန်မာနိုင်ငံအတွင်း တရားမဝင်အလုပ်များတွင် လုပ်ကိုင်ရန် ဖြားယောင်းသွေးဆောင်ခံရပြီးနောက် နိုင်ငံအတွင်းသို့ ဝင်ရောက်မှုက ထိုသူတို့အတွက် ဘေးအန္တရာယ်ရှိကြောင်းလည်း ပြောခဲ့သည်။

Ref- Bangkok Pos

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image

ပဲ့ထိန်းဒုံးကျည် ကြားဖြတ်စနစ်သစ် တီထွင်အောင်မြင်ပြီလို့ တောင်ကိုရီးယား ကြေညာ

နိုဝင်ဘာ ၂၉

တောင်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် ကြားဖြတ်စနစ်သစ်ကို တီထွင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်ပြီး ဒီစနစ်ကို အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှု ကာကွယ်ဖို့ စနစ်သစ်တခုအနေနဲ့ ဖြန့်ကြက်သွားမယ်လို့ဆိုပါတယ်။

မြောက်ကိုရီးယားက တောင်ကိုရီးယားကို ရန်ဘက်နိုင်ငံအဖြစ် သတ်မှတ်ပြီး ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်ဖျက်သိမ်းခဲ့ပြီး မကြာသေးမီကာလတွေမှာ နှစ်နိုင်ငံအကြားဆက်ဆံရေးတွေ တင်းမာနေခဲ့ပါတယ်။

မြေပြင်မှ ဝေဟင် တာဝေးပစ်ဒုံးကျည်စနစ်ဟာ အမြင့် ၂၅ မိုင်အတွင်းကနေ ဝင်ရောက်လာတဲ့ လေယာဉ်တွေ ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

LSAM ဒုံးကျည်စနစ်တွေဟာ မြေပြင်ပျက်စီးမှု အနည်းဆုံးဖြစ်အောင်၊ ရန်သူ့ဒုံးကျည်တွေကို အမြင့်ပေးမြင့်မြင့်မှာ ဖျက်ဆီးနိုင်တဲ့ နောက်ဆုံးပေါ်လက်နက်ဖြစ်ပြီး မိမိတို့ရဲ့ ကာကွယ်ရေးစွမ်းရည် ပိုမိုမြင့်တက်လာမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းက အကွာအဝေးအမျိုးမျိုး ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေကို စမ်းသပ်ခဲ့ပြီး နျူကလီးယားနဲ့ဒုံးကျည်အစီအစဉ်ကို အရှိန်မြှင့်ခဲ့ပါတယ်။ မကြာသေးမီကလည်း ဒရုန်းများ လေပိုင်နက်ချိုးဖောက်မှု၊ အမှိုက်မိုးပျံပူးပေါင်းများ လွှတ်တင်မှုနဲ့ ဝါဒဖြန့်စာများ ဖြန့်ဝေမှုတွေအပါအဝင် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

Ref:BBC
Photo:Getty Images

Credit - Voice of Myanmar News Agency

image

ဟာကွာ 😁😀

image

တမာချဉ်ဖတ်လုပ်နည်း, တမာချဉ် လုပ်နည်းi

တမာချဉ်ဖတ်နဲ့ တမာချဉ်ဆိုပီး ၂ မျိုးရှိပါတယ

အခါးကြောက်တတ်သူများအတွက်
တမာချဉ်ဖတ်လုပ်နည်းကို အရင်ပြောပြပါမယ်

တမာချဉ်ဖပ် လုပ်နည်း

ဆန်ဆေးရည်ငှဲ့ပီး ၁ ည သိပ်ကာ အချဉ်ခံထားပေးပါ

ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
ချဉ်ဖပ်တည်မယ့်အိုးထဲ ရေစစ်ထားတဲ့ တမာရွက်များ ထည့်ပါ
အချဉ်ခံထားတဲ ဆန်ဆေးရည် လောင်းထည့်ပါ
ဆား သင့်ရုံသာ ထည့်ပီး မွှေလိုက်ပါ
တမာရွက်ပြုတ်များ ဆန်ဆေးရည်ထဲ မြုပ်နေပါစေ
ပီးရင် အဖုံးအုပ်ထားလိုက်ပါ
၂ ညသိပ်ပီးရင် တမာချဉ် မွှေးမွှေးလေး ရပါပီ

ခါးပေါ့ ချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ တမာချဉ်ဖတ်ပါ

( နောက်တစ်နည်း )
တမာရွက်နုများကို ဇီးသီးနဲ့ ပြုတ်ပီး ရေစစ်ထားပါ
အိုးထဲထည့်ပီး ဆားအနည်းငယ်ထည့်ပီး အဖုံးအုပ်ထားပါ
၂ ရက်, ၃ရက်ခန့် အချဉ်တည်ပီးရင် တမာချဉ် ရပါပီ

တမာချဉ် လုပ်နည်း

ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
မကျည်းရည်ထဲ ၁ နာရီခန့် ထည့်စိမ်ထားလိုက်ပါ
တမာချဉ် ရပါပီ

ပဲခူး ဒေါ်ထွေးရီ

image
31 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၂၉ ရက်)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၅၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၇၆၄၈၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၄၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၀၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၄၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၀၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၉၀ ကျပ်
ဝယ်ဈေး - ၄၃၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၄၀ ကျပ်
ဝယ်ဈေး - ၄၆၃၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၀ ကျပ်
ဝယ်ဈေး - ၆၀၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၈၀ ကျပ်
ဝယ်ဈေး - ၂၉.၀၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၆၀ ကျပ်
ဝယ်ဈေး - ၅၂.၂၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၃ ကျပ်
ဝယ်ဈေး - ၃.၁၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၀၀ ကျပ်
ဝယ်ဈေး - ၅၅၅၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၃၀ ကျပ်
ဝယ်ဈေး - ၂၈၈၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၁၅ ကျပ်
ဝယ်ဈေး - ၃၁၃၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၆ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
31 w - Translate

The 12 most romantic cities or towns in #italy.
• 💚🤍❤️' 🇮🇹😍

image