ထိုင်းနိုင်ငံ ဆောက်လုပ်ဆဲ မိုးပျံအဝေးပြေးလမ်းမပေါ်ရှိ တံတားတစ်စင်းပြိုကျမှု မြန်မာလုပ်သား (၄) ဦး အသက်ဆုံးရှုံး
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်၊ Muang Mai စျေးအနီး၌ ဆောက်လုပ်ဆဲ မိုးပျံအဝေးပြေးလမ်းပေါ်ရှိ ဖလန်ဆောင်တံတားမှာ ယနေ့ နိုဝင်ဘာ (၂၉) ရက် နံနက် အစောပိုင်း ထိုင်းစံတော်ချိန် (၄) နာရီအချိန်တွင် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ထိုင်းအခြေစိုက်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ တံတားပြိုကျမှုကြောင့် မြန်မာနိုင်ငံသားလုပ်သား (၄)ဦးနှင့် အခြားနိုင်ငံသား လုပ်သားတစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရကြောင်းနှင့် (၁၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ကနဦး သိရသည်။
တံတားပြိုကျမှုဖြစ်စဉ်ကြောင့် ရာမ (၂)လမ်း နှစ်ဖက်စလုံးရှိ ယာဉ်ကြောများကို သက်ဆိုင်ရာ အာဏာပိုင်များက ယာယီ ဖြတ်သန်းခွင့် ပိတ်ထားပြီး ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
