48 ပတ် - ဘာသာပြန်ပါ။

လှေခါးထစ် ၁၃၄ ခုကို တက်ပြီး ကမ္ဘာ့စံချိန်တင်သွားတဲ့ တရုတ် ရဲ့ လူတူစက်ရုပ်
=============================================

တရုတ် ရဲ့ လူတူစက်ရုပ် နည်းပညာဟာ ထိပ်တန်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တရုတ်ရဲ့ The National and Local Co-built Embodied AI Robotics Innovation Center က တီထွင်ထားတဲ့ Tien Kung လူတူစက်ရုပ်ဟာ စွမ်းရည်တော်တော်မြင့်မားပါတယ်။

အဲဒီ စက်ရုပ်ဟာ ဘေဂျင်းမှ Haizi Wall Park ရဲ့ တောင်ထိပ်ကို လှေခါး ၁၃၄ ထစ်ကို တက်ပြီး ကမ္ဘာ့ စံချိန်တင်သွားခဲ့ပါတယ်။ ဒီလို လှေခါးထစ်များစွာကို တက်နိုင်တဲ့ လူတူစက်ရုပ်ဟာ Tien Kung ပဲ ရှိပါသေးတယ်။ တစ်နည်းအားဖြင့် Tien Kung ဟာ တရုတ်ရဲ့ လူတူစက်ရုပ် နည်းပညာ တိုးတက်မှုကို သက်သေပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

Tien Kung မှာ လှေခါး ၊ ကုန်းမြင့် တွေကို ကျော်လွှားနိုင်တဲ့ နည်းပညာ ထည့်သွင်းပေးထားပါတယ်။ နှင်းတွေပေါ်မှာ တစ်နာရီ ၇.၄ မိုင် အမြန်နှုန်းနဲ့ လမ်းလျှောက်နိုင်ပါတယ်။

image
48 ပတ် - ဘာသာပြန်ပါ။

အိုက်စလန်က ဆန်းသစ်တဲ့ လူကူးမျဉ်းကြား
အိုက်စလန်နိုင်ငံ အနောက်မြောက်ပိုင်းက Ísafjörður ဆိုတဲ့ မြို့ငယ်လေးမှာ ယာဉ်မောင်းတွေကို အံ့အားသင့်စေမယ့် အရာတွေရှိနေပါတယ်။ အဲဒါကတော့ သုံးဖက်မြင် (3D) ရုပ်ကြွ လူကူးမျဉ်းကြားတွေပါပဲ။
မြေပြင်ကနေ ကြွတက်နေပြီး လေထဲမှာ ပေါလောပေါ်နေသလို ထင်ရစေတဲ့ ဒီဇိုင်းကြောင့် ယာဉ်မောင်းတွေဟာ အလိုလို အရှိန်လျှော့ချင်စိတ် ဖြစ်ပေါ်စေပါတယ်။
Ísafjörður မြို့ရဲ့ ပတ်ဝန်းကျင်ရေးရာ တာဝန်ခံ Ralf Trylla က ဒီစိတ်ကူးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တွေ့ရှိခဲ့တာပါ။
သူဟာ ဒီလိုသုံးဖက်မြင် လူကူးမျဉ်းကြားတွေဟာ ယာဉ်အသွားအလာကို ထိန်းချုပ်နိုင်ပြီးလမ်းကူး သူတွေအတွက် ပိုမိုလုံခြုံမှုရှိစေတယ်လို့ ယုံကြည်ခဲ့ပါတယ်။
ဒါကြောင့် Vegmálun GÍH ကုမ္ပဏီနဲ့ လက်တွဲပြီး Ísafjörður မြို့မှာ ဒီအနုပညာမြောက် လူကူးမျဉ်းကြားတွေကို ဖန်တီးခဲ့တာပါ။
ရလဒ်ကတော့ အောင်မြင်မှုပါပဲ။ ယာဉ်မောင်းတွေဟာ ဒီထူးခြားတဲ့ လူကူးမျဉ်းကြားတွေကို မြင်တာနဲ့ အရှိန်လျှော့ချကြပါတယ်။ လမ်းကူးသူတွေအတွက်လည်း ပိုမိုလုံခြုံတဲ့ အခြေအနေကို ဖန်တီးပေးနိုင်ခဲ့ပြီး မြို့ရဲ့ ခရီး သွားလုပ်ငန်းကိုပါ အထောက်အကူဖြစ်စေခဲ့ပါတယ်။
#knowledge

image
48 ပတ် - ဘာသာပြန်ပါ။

ဒီ "50 First Dates"ဇာတ်ကားလေးကတော့ ပလေးဘွိုင်း နဲ့ အတိတ်မေ့ကောင်မလေးရဲ့ တစ်နေ့တာ အချစ်ပုံပြင်လေးကို ရိုက်ကူးတင်ထားပါတယ်။

ဟန်နရီ ဆိုတဲ့ကောင်လေးဟာ ရောက်တဲ့နေရာတိုင်းမှာ ကောင်မလေးတွေကို လိုက်ကြူ ကြိုက်သွားရင် ပလေးပြီး ပစ်ထားခဲ့တတ်တဲ့သူပါ။ တစ်နေ့ သူရွက်လွှင့်နေတုန်း သူ့ရွက်လှေပျက်သွားတဲ့အတွက် သူအလုပ်လုပ်တဲ့ ‌ကျွန်းတစ်ခုမှာ သွားနေပါတယ်။ သူ မနက်စာသွားစားနေတုန်း ချစ်စရာကောင်းတဲ့ လူစီဆိုတဲ့ ကောင်မလေးကို တွေ့သွားပါတယ်။ ပလေးဘွိုင်းဖြစ်တဲ့ ဟန်နရီ လည်း လူစီကို သွားရောပြီး နေ့ခင်းထိအောင် စကားတွေ လက်ဆုံကျခဲ့ပြီးမှ လူချင်းခွဲခဲ့ကြပါတယ်။ နောက်တစ်နေ့ သူဟာ လူစီ ဆီကို စကားပြောဖို့ သွားပေမယ့် လူစီက သူ့ကိုမမှတ်တော့ပါဘူး။ တကယ်တော့ လူစီဟာ အရင်က ကားမတော်တတမှုတစ်ခုကြောင့် ယာယီ အတိတ်မေ့ရောဂါကို ခံစားနေရတာဖြစ်ပါတယ်။ ကားမတော်တဆ မဖြစ်ခင်က အကြောင်းတွေကိုပဲ မှတ်မိနေပြီးတော့ ‌အဲဒီနောက်ပိုင်း ညဘက်မှာ အိပ်ပျော်သွားလိုက်တာနဲ့ တစ်နေ့တာဖြစ်ပျက်ခဲ့သမျှအကုန်မေ့သွားပါတယ်။ အဲဒီလိုကောင်မလေးကိုမှ တကယ်ချစ်မိသွားတဲ့ ဟန်နရီ ကတော့ လုံး၀ ‌ဇွဲမလျော့ဘဲ သူ့ကို မှတ်မိအောင်ကြိုးစားပုံလေးတွေကို ဟာသလေးတွေပါရောပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။

image

ခဏခဏ ခေါင်းမူးဝေတတ်တဲ့သူတွေအတွက်
ဖတ်ကြည့်ပေးနော်
+++++++++++
အုန်းရည်ထဲကို စပါးလင် ၁၀-၁၅ မိနစ်လောက်စိမ်ပြီးသောက်ပေးမယ်ဆိုလျှင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့အဆီတွေကို ရှင်းထုတ်ပေးတယ်။ ခေါင်းခနခနမူးဝေတက်တဲ့သူတွေကို ခေါင်းမူးသက်သာစေတယ်။ ဒီနည်းနဲ့ တပတ်ကို ၂ လုံး ၃ လုံးလောက် သောက်ပေးပါ။

image
48 ပတ် - ဘာသာပြန်ပါ။

ကံကြီးပေလို့ပေါ့ကွာ ။

image
48 ပတ် - ဘာသာပြန်ပါ။

Tommy Shelby ဟာ World War I မှာ Sergeant Major ရာထူးနဲ့ ရှေ့တန်းမှာ မြေအောက်တူးမြောင်းတူးဖော်ရေး Unit မှာ ထိပ်ဆုံးကနေဦးဆောင်ခဲ့ပါတယ် ။
တပ်တွင်းအလေ့အကျင့် ၊ မဲမှောင်ကျဥ်း‌‌မြောင်းပြီး
သေနတ်ပစ်ခွင့်မသာတဲ့ မြေအောက်တူးမြောင်းမှာ လက်နဲ့သာတိုက်ခိုက်ရခြင်းတို့ကြောင့် Tommy Shelby ဟာ သူတို့ညီအကိုတွေကြားမှာ Hand to Hand အကောင်းဆုံးဖြစ်နေတာပါ ။

image
48 ပတ် - ဘာသာပြန်ပါ။

Meet Joe Black
ငါတို့ဘယ်ရထားမှာလွဲခဲ့လဲ တခါလွဲရင်ဘယ်လောက်ကြာတတ်သလဲ

48 ပတ် - ဘာသာပြန်ပါ။

အချစ်အတွက် ခြေလှမ်းလေးတစ်လှမ်း လှမ်းဖို့တောင် ခက်ခဲနေတဲ့သူတွေရှိသလို အချစ်အတွက် ကမ္ဘာကြီးကို ဆန့်ကျင်၊ မိုးကောင်းကင် ဒူးနဲ့တိုက်မယ့် လူတွေလည်းရှိပါတယ်။
“Shiddat(2021)”ဇာတ်လမ်းက ဆယ်ကျော်သက် အချစ်အပြင် အသက် ၃၀ အရွယ်တွေရဲ့ အချစ်ရေးကိုလည်း ပြသထားလို့ အခြား အချစ်ရုပ်ရှင်တွေနဲ့ တမူကွဲထွက်နေမှာဖြစ်ပါတယ်။
အချစ်စစ်ဆိုတာကို အကောင်းဆုံး အလှပဆုံး ပုံဖော်ရိုက်ကူးပြသထားတဲ့ အိန္ဒိယရုပ်ရှင်တစ်ခုဖြစ်လို့ “Shiddat(2021)” ကို ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image
48 ပတ် - ဘာသာပြန်ပါ။

အချိန်တိုင်း စိတ်ပင်ပန်းနေတာမျိုးကို
အကျင့်မလုပ်နဲ့။ တစ်ခါတလေကျရင်
အများကြီးမတွေးတာကောင်းတယ်။
#စာတို

48 ပတ် - ဘာသာပြန်ပါ။

ဒုတိယကမ္ဘာစစ်က B-17 နဲ့ B-24 ဗုံးကြဲလေယာဉ်များရှိ Ball Turret (ဘောလုံးပုံအမြောက်စင်) အကြောင်း

Ball Turret (ဘောလုံးပုံအမြောက်စင်) ဟာ ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့တဲ့ B-17 Flying Fortress နဲ့ B-24 Liberator ဗုံးကြဲလေယာဉ်တွေရဲ့ ဝမ်းဗိုက်အောက်မှာ တပ်ဆင်ထားတဲ့ အမြောက်စင် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

သူက လေယာဉ်ရဲ့ အောက်ဘက်ကနေ ရန်သူတိုက် လေယာဉ်တွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Ball Turret ကို လေခွင်းအား လျော့နည်းစေဖို့ ကျစ်လစ်သိပ်သည်းစွာ တည်ဆောက်ထားပြီး အချင်း ၄ ပေလောက်ပဲ ရှိပါတယ်။ အတွင်းပိုင်းမှာ .၅၀ ကယ်လီဘာ M2 Browning စက်သေနတ်နှစ်လက်ကို တပ်ဆင်ထားပြီး Ball Turret Gunner လို့ခေါ်တဲ့ စက်သေနတ်ပစ်သူက ကိုင်တွယ်ပစ်ခတ်တာ ဖြစ်ပါတယ်။

နေရာက အရမ်းကျဉ်းမြောင်းတာကြောင့် သန္ဓေသားလို ကွေးကွေးလေးနေရပြီး၊ ကိုယ်လုံးသေးငယ်တဲ့ လေယာဉ်အမှုထမ်းတွေကိုပဲ ဒီတာဝန်အတွက် ရွေးချယ်လေ့ရှိပါတယ်။

အမြောက်စင်က အလျားလိုက် ၃၆၀ ဒီဂရီ နဲ့ ဒေါင်လိုက် ၉၀ ဒီဂရီအထိ လှည့်ပတ်ပစ်ခတ်နိုင်စွမ်းရှိပြီး လျှပ်စစ်စနစ်နဲ့ မောင်းနှင်ကာ လက်ကိုင်နဲ့ ခြေနင်းခလုတ်တွေ အသုံးပြုပြီး ထိန်းချုပ်ရပါတယ်။

လေယာဉ်မြေပြင်ပေါ်မှာ ရှိနေတုန်း လေယာဉ်အတွင်းပိုင်းကနေ ဝင်ရောက်ရပြီး၊ လေယာဉ်အမှုထမ်းတွေနဲ့ Intercom စနစ်နဲ့ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။

Ball Turret Gunner ရဲ့ တာဝန်မှာ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ အမြင့်ပျံသန်းရတာကြောင့် အမြောက်စင်အတွင်း အပူချိန်က အရမ်းအေးတယ်၊ Plexiglass ပြတင်းပေါက်တွေမှာ နှင်းခဲတွေ ဖုံးအုပ်တာတွေ ကြုံတွေ့ရနိုင်ပါတယ်။

ပြီးတော့ သာမန်လေထီးက မဆံ့တာကြောင့် ရင်ဘတ်မှာချိတ်ရတဲ့ လေထီးအသေးစားကိုပဲ အသုံးပြုနိုင်ပြီး၊ အရေးပေါ်အခြေအနေမှာ လေယာဉ်အမှုထမ်းတွေရဲ့ အကူအညီ လိုအပ်ပါတယ်။ အမြောက်စင်မှာ လက်လှည့်ယန္တရား ပါတယ်ဆိုပေမယ့် အသုံးပြုဖို့ အချိန်ယူရနိုင်ပါတယ်။

အထူးသဖြင့် လေယာဉ်ဘီးချစနစ် ချို့ယွင်းသွားရင် အမြောက်စင်ကို ပြန်ရုပ်သိမ်းလို့ မရနိုင်တော့ဘဲ လေယာဉ်က ဝမ်းဗိုက်နဲ့ ဆင်းရတော့မယ့် အခြေအနေမျိုးကြုံလာခဲ့ရင်တော့ စက်သေနတ်ပစ်သူဟာ ပိမိပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေ ရှိပါတယ်။

ဒါ့အပြင် အလုံပိတ်နေရာမှာ တစ်ယောက်တည်း တာဝန်ထမ်းဆောင်ရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေလည်း ရှိနိုင်ပါတယ်။

Ball Turret Gunner တွေရဲ့ သတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ ကျွမ်းကျင်မှုတွေဟာ ဒုတိယကမ္ဘာစစ်အောင်နိုင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာက တော့ မလွဲဧကန်ပင် ဖြစ်ပါတယ်။

#knowledge

image