43 w - Translate

ဂရိနိုင်ငံမှ နှစ်ပေါင်း ၄၀၀၀ သက်တမ်းရှိ သံလွင်ပင်
ဤသစ်ပင်သည် ဘီစီ ၂၀၀၀ ခန့်ဖြစ်သည့် ကြေးခေတ်ကာလအတွင်းတွင် စတင်ကြီးထွားခဲ့သည်။ ဤသစ်ပင်သည် လူသားများ ကြေးခေတ်မှ အက်တမ်ခေတ်သို့ ပြောင်းလဲလာသည်အထိ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသည်။ ဤသစ်ပင်ကြီးသည် ကျွန်ုပ်တို့၏ ကမ္ဘာကြီး ပြောင်းလဲလာပုံကို မြင်တွေ့ခဲ့ရပြီး စစ်ပွဲများစွာကို ဖြတ်သန်းခဲ့ရသည်။ ၎င်းသည် ဧကရာဇ်များ၊ နိုင်ငံရေးသမားများ၊ စစ်သူရဲကောင်းများနှင့် ပရောဖက်ပေါင်း များစွာတို့ မွေးဖွားခြင်းမှ သေဆုံးခြင်းအထိ မြင်တွေ့ခဲ့ရပြီး ယခုထက်ထိပင်လျှင် နှစ်စဉ် သံလွင်သီးများ သီးပေးနေဆဲပင်ဖြစ်သည်။
4000 year old olive tree in Greece
This tree began to grow around 2000 BC, during the Bronze Age. It has witnessed humanity's transition from the Bronze Age to the Atomic Age, enduring through countless eras. This ancient tree has observed the transformation of our world and survived numerous wars. It has seen the rise and fall of emperors, politicians, warriors, and prophets, from birth to death, and to this day, it continues to bear olives annually.

#crd
#topicnews

image
43 w - Translate

Smile (2022)
~-~-~-~-~-~-
IMDb Rating – 6.9/10

ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ
ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း
အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ်
ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့
ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။

ဇာတ်လမ်းအကျဉ်း
——————–
ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး
အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့
အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။
ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက်
လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက်
ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ်
တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး
တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ
ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။

Smile 2022

ဇာတ်ကားလင့်
https://t.me/c/2222390798/35

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image

#funny?
Me:

သွေးတိုးရောဂါနှင့် ဝမ်းချုပ် ဝမ်းခိုင်သူများအတွက် #ဆေးပုလဲပင်
ဆေးပုလဲပင်ဟာ သွေးတိုး၊ နှလုံးနဲ့ နောက်ကျောတက်၊ မျက်စိမှုံ၊ ကြည့်မကောင်း သူများအတွက် ယူပစ်သလို သက်သာပျောက်ကင်းတာကြောင့် အထူးသင့်လျော်တဲ့ ဆေးနည်းကောင်း တလက်ဖြစ်ပါတယ်။
ဆေးပုလဲပင်ဟာ နေရာဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း အအေးကြိုက်နှစ်သက်သော အပင်ဖြစ်သည်။
အလေ့ကျ ပေါက်ရောက်သော အပင်တမျိုးဖြစ်ပြီး မိုးဦးကျကာလ၌ မျိုးစေ့ကျ ပေါက်ရောက်၍ ဆောင်းကုန် နွေကာလတွင် အပွင့်မှ အသီးအဖြစ်ရောက်ရှိသည်။
ဆေးအသုံးပြုပုံမှာ ၎င်း ဆေးပုလဲပင်၏ အရွက်အစိမ်းကို ဒီအတိုင်း ဝါးစားကာ ရေအေးဖြင့် သောက်သုံးပေးရပါမည်။
ဆေးသောက်သုံးပြီး နာရီပိုင်းအတွင်း ဗိုက်ယစ်ခြင်း ဗိုက်အောင့်ခြင်းမရှိပဲ လွယ်ကူစွာ ဓါတ်ဝမ်းသွားပါသည်။
ဓါတ်ခိုင်သူများအဖို့ ဆေးရွက် တစ်ရွက်မှ ၂ ရွက် ၃/၄ ရွက် စသည်ဖြင့် ချင့်ချိန်၍ စားပါ။

image

အကိုတို့အမတို့ကြည့်ရတာစိတ်ညစ်နေသလိုဘဲညီမဆော့နေကြဂိမ်းပေါင်းတရာနဲ့မိတ်ဆက်ပေးမယ်လေ

image

အာဝုတွေကို သနားပါတယ်ကွာ

ဒီလူက ဒီလောကထဲကို စအခြေချကတည်းက
ခေတ်နဲ့ယှဥ်ဘောင်တန်းပြီး ခေတ်ရှေ့ပြေးတဲ့ အကြောင်းအရာတွေကို လူငယ်ဆန်ဆန် ခေတ်မှီမှီ
တင်ပြတတ်တဲ့ လူမျိုးဖြစ်တယ် ။

ဒီလိုလူတစ်ယောက်ရဲ့ ပထမဆုံး စာအုပ်ထဲမှာ
ဘယ်လို အကြောင်းအရာတွေပါမလဲဆိုတာတော့
ဖတ်ကြည့်ကြတာပေါ့ ....

ငယ်တုန်းမှာ ရည်းစားမထားနဲ့လို့ လူကြီးမိဘ တော်တော် များများက ဆုံးမကြတယ် ။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရလည်း အသက်ကြီးလာလေ ပိုမိုကောင်းမွန်ပြီး Quality ပိုမြင့်တဲ့ မိန်းကလေးတွေနဲ့ တွေ့လာလေပဲ ။ ဒါပေမဲ့ တစ်ချိန်တည်းမှာ မကောင်းတာ တစ်ခုက အဲ့ဒီလို Quality ပိုမြင့်တဲ့ မိန်းကလေးတွေကလည်း ပိုပြီး စဉ်းစားတတ်ကြတယ် ။ အချစ်တစ်ခုတည်းအတွက် စဉ်းစားတာမျိုး မဟုတ်တော့ဘူး ။ ငယ်တုန်းရွယ်တုန်းမှာက ကျွန်တော်တို့ရဲ့စိတ်ထားတွေက ဖြူနုသန့်ရှင်းတယ် ။ ကိုယ့်ချစ်သူက ဘယ်လောက်ချမ်းသာ လို့. . . ဘာကောင်ကြီးမို့လို့ဆိုတာမျိုးထက် သဘောကျလို့ ချစ်လို့ဆိုတာနဲ့ပဲ ဖြူစင် သန့်ရှင်းစွာ ချစ်တတ်ကြတယ် ။ သူ့အိမ်အနေအထားတို့ ၊ သူ့အဆင့်အတန်းတို့ ၊ သူ့ပညာအရည်အချင်းတို့. . . ဒါတွေက အဓိက မဟုတ်ဘူး ။ အချစ်က အဓိက ။ အသက်ရလာတဲ့အချိန်မှာတော့... ကိုယ်တိုင်ကလည်း တခြားသူကို ချစ်သူ ရည်းစားထားမယ်ဆိုပြီး . . . စဉ်းစားတဲ့အချိန်မှာ အချစ်အပြင် တခြားသော အရည်အသွေး ၊ အရည်အချင်းလေးတွေဟာ စဉ်းစားစရာတွေအဖြစ် ပါသွားတယ် ။ ကိုယ့်လိုပဲ သူ့ဘက်ကလည်း ဒါတွေကို ထည့်စဉ်းစားတာပဲ ။ အဲ့ဒီလို စဉ်းစားတတ်လာလို့လည်း Quality ပိုမြင့်တဲ့ မိန်းကလေး/ယောက်ျားလေးတွေနဲ့ မလွဲမသွေ တွေ့ရတယ်လို့ ပြောလို့ရတာလည်း ဖြစ်မယ် ။

တစ်ခါတလေမှာတော့... ကိုယ်မို့လို့ချစ်တာ၊ တခြား ဘာကြောင့်မှ မဟုတ်ဘူးဆိုတဲ့ အချစ်မျိုးတွေက တကယ်နေလို့ ကောင်းတယ် ။ ဘာကောင်မှ မဟုတ်ခင်ကတည်းက ချစ်ကြ ကြိုက်ကြပြီး... အတူတူ အောင်မြင်လာကြတဲ့ ဘဝတွေက လောကနိဗ္ဗာန်ပဲ ။

#တစ်ကောင်တည်းပဲ

image

မန်ချက်စတာစီးတီးအသင်းအနေနဲ့ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက လီဗာပူးလ်အသင်းကိုအိမ်ကွင်းမှာ ၀-၂ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့အသင်းမှာလူငယ်သွေးသစ်ကစားသမားအုပ်စုနဲ့အတူတောက်ပတဲ့အနာဂတ်တွေရှိနေတယ်လို့ ပပ်ဂွာဒီယိုလာက မြင်နေပါတယ်။

တောက်ပတဲ့အနာဂတ်တွေကိုကျနော်မြင်ရပါတယ်။ဒီကစားသမားအုပ်စုကအသက်အရွယ်အရမ်းကိုငယ်ရွယ်ပါသေးတယ်။

ဒီဘရိုင်းနဲ့နာသာန်အကီအပြင်သူတို့ဟာလည်းရှေ့လာမဲ့နှစ်တွေမှာဒီကလပ်အသင်းရဲ့အနာဂတ်တွေဖြစ်ပြီးတော့ အနာဂတ်မှာထပ်ရောက်လာမဲ့တခြားသူတွေလည်းရှိပါသေးတယ်။

အသက်အရွယ်ကြီးမြင့်နေတဲ့တချို့ကစားသမားတွေလာမဲ့ရာသီကာလမှာလည်းဆက်ရှိနေဦးမယ်ဆိုတာလူတိုင်းကောင်းကောင်းသိပါတယ်။ဒါပေမဲ့ ငါတို့အသင်းကိုတိုးတက်အောင်တည်ဆောက်ရမှာဖြစ်ပြီး ဒီဟာကအချိန်ပဲ့ဖြစ်ပါတယ်။

ငါတို့အနေနဲ့ ကစားသမားအတော်များများဆုံးရှုံးထားရပေမဲ့ ဒီနေ့မှာတော့ ငါတို့ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။သူတို့အနေနဲ့ခံစစ်ပိုင်းကိုဖျက်ဆီးခဲ့ပြီး မင်းအနောက်ကနေအပြစ်ပေးတာခံရနိုင်ပါတယ်။သူတို့အနေနဲ့ငါတို့ကိုအကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပေမဲ့ငါတို့လည်းဒီနေရာမှာသူတို့အသင်းကိုကစားနိုင်ခဲ့ပါတယ်။ငါတို့လွဲချော်ခဲ့တဲ့အရာအားလုံးကတော့နောက်ဆုံးအဆုံးသတ်ပိုင်းမှာဖြစ်ပါတယ်။ဒီဟာကဘောလုံးပေးပို့ကစားတဲ့စကေးနဲ့ ဒီနေရာကနေသင့်တော်တဲ့အချိန်မှာဂိုးကန်သွင်းယူမှုအပေါ်မှာမူတည်ပါတယ်။ငါတို့အနာဂတ်အတွက်အသင်းကိုတည်ဆောက်ရပါမယ်။

ငါတို့အဝေးကြီးမှာရှိနေပါသေးတယ်။ငါတို့အနာဂတ်ကိုမြင်ရပါလိမ့်မယ်။ငါတို့အရင်ရာသီကာလတွေမှာလုပ်ဆောင်ခဲ့တဲ့အရာတွေဟာကောင်းတယ်လို့ယူဆရပေမဲ့ လက်ရှိမှာတော့ သူတို့နဲ့အဝေးမှာငါတို့ရှိနေပါတယ်လို့ မန်ချက်စတာစီးတီးအသင်းနည်းပြပပ်ဂွာဒီယိုလာက BBC Sport နဲ့အင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image

သန်းခေါင်စာရင်းကောက်ထားတဲ့(၁၄၅)မြို့နယ်အတွင်း လွှတ်တော်ခေါ်ယူရေးလျာထားချက်မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပမည်

ဖေဖော်ဝါရီ ၂၆

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ထားတဲ့ မြို့နယ် (၁၄၅) မြို့နယ်အတွင်းကိုသာ လွှတ်တော်ခေါ်ယူနိုင်ရေးအတွက် ရွေးကောက်ပွဲပြုလုပ်မည်ဟု ကော်မရှင်နှင့်နီးစပ်သူများကဆိုပါတယ်။

မြို့နယ်၃၃၀မှာ ၁၄၅မြို့နယ်သာ ကောက်ယူခဲ့နိုင်ခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံအရ မြို့နယ်(၁၁၀)ရွေးကောက်ပွဲကျင်းပနိုင်လျှင် လွှတ်တော်ခေါ်ယူနိုင်ပြီး ၁၄၅မြို့နယ်သာကျင်းပမည်ဆိုလျှင် ထက်၀က်နီးပါးဖြစ်သည့်ရွေးကောက်ပွဲဖြစ်သည့်အတွက် ဥပဒေနှင့်ညီသော ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်လာမည်ဟု ကော်မရှင်ဥက္ကဌဦးကိုကိုက နိုင်ငံရေးပါတီများနှင့်တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း သိရသည်။

"ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေက သေချာတာကတော့ လက်နက်ကိုင် တိုက်ပွဲမဖြစ်ပွားတဲ့ တိုင်းဒေသကြီး နှင့်ပြည်နယ် တွေမှာလုပ်မယ်ထင်တယ် တိုင်းဒေသကြီး/ပြည်နယ် တွေမှာ တည်ငြိမ်နေမှုတွေရှိတဲ့နေရာတွေမှာ လုပ်လို့ရတာပါပဲ ဒါကလည်း အာဏာယူထားတဲ့သူတွေရဲ့ နိုင်ငံရေးအပြောင်းအလဲနှင့်ထွက်ပေါက်တစ်မျိုး" လို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဆိုပါတယ်။

ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီမှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၅၆ ပါတီရှိပြီး ပါတီ ၉ ပါတီကသာ တနိုင်ငံလုံးအဆင့် ဝင်ပြိုင်ကြမည်ဖြစ်၍ ကျန်တဲ့ပါတီတွေကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားပြုအနေနဲ့ ပြိုင်ကြမည်ဖြစ်သည်။ နောက်ဆုံးမှတ်ပုံတင်ခွင့်ရရှိကြောင်းကြေညာထားတဲ့ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ ဖေဖော်ဝါရီ ၂၀ ရက်က ကျရောက်တဲ့ ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာတော့ နိုင်ငံတည်ငြိမ်မှသာ တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဟု ဖော်ပြထားသည့်အပေါ် ရွေးကောက်ပွဲ နောက်ဆုတ်မည် ဖြစ်မလာနိုင်ဟု သုံးသပ်သူများလည်း ရှိကြပါသည်။

" ရွေးကောက်ပွဲဟာ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေရဲ့ အ‌ဖြေမဟုတ်ဘူးသို့သော် အာဏာသုံးရပ်ကို လူပုဂ္ဂိုလ်တစ်ဦးလက်ထဲမှာထားတဲ့အခြေအနေကနေ ပြန်ထိန်းညှိယူတဲ့ အီဗော်လူးရှင်း ပုံစံတစ်မျိူးသာဖြစ်တယ် လက်ရှိပဋိပက္ခတွေကိုပြေလည်စေဖို့ ပုံစံအဟောင်းတွေက အလုပ်မဖြစ်တော့ဘူးလို့ ပြည့်သူပါတီ ဥက္ကဌဦးကိုကိုကြီးက ၎င်းပါတီသတင်းစာရှင်းလင်းပွဲမှာ ပြောထားပါသည်။

#centralnewsnaypyitaw

image
43 w - Translate

◾️Sales & Marketing Executive ( Urgent ) - Yangon
Company: ME & GEMS
Salary Range: MMK 400,000 - 500,000
https://joimyanmar.com/job/detail/22735

◾️Sale Person - Yangon
Company: Elfin
Salary Range: MMK 400,000 - 500,000
https://joimyanmar.com/job/detail/22860

◾️အချိန်ပိုင်း Data စုဆောင်းရေး - Yangon
Company: Elevate Education Global
Salary Range: Negotiation
https://www.joimyanmar.com/job/detail/22967

image