of the lambs
Hannibal Lector
စိတ်ပညာ ဆရာဝန်
စိတ္ထဇ လူသတ်သမား လူသားစားသူ လို့ ပြောချင်စရာကို မရှိ တော်လွန်း ယဉ်ကျေးလွန်းတဲ့သူ
ဒါက Hannibal Lector series မှာ ဖော်ပြထားတဲ့ ပုံစံ
ကိုယ်ကတော့ The silence of the lambs ကြည့်ရင်း။ကြိုက်လို့ ရှိသမျှ တွေ လိုက်ကြည့်ရင်း ကြည့်မိတာ
Movies. 5 ခု series နဲ့ မူရင်း ဝတ္ထု စာအုပ် တစ်အုပ် ရှိတယ်
မူရင်း ဝတ္ထုပိုင်ရှင်ကတော့ အမေရိကန် စာရေးဆရာ Thomas Harris
သူဝတ္ထုကို ဘလို စရေးဖြစ်တာလဲ ဆိုတော့ မဂ္ဂဇင်းအတွက် ထောင်သားတစ်ယောက်ကို အင်တာဗျူး တစ်ခုလုပ်ရင်းနဲ့ ထောင် ဆရာဝန် တစ်ယောက်အကြောင်းကို သတိထားမိတယ်
ထောင်ဆရာဝန်ရဲ့ နာမည်က Dr.Alfredo Balli Trevino
HANNIBALလိုပဲ ဆရာဝန်
လုပ်ဖော်ကိုင်ဖတ်ကို သတ်မှုနဲ့ ထောင်ကျထားပြီး တခြား တောင်တက်သမားတွေကို သတ်မှု နဲ့ သံသယ။ရှိထားတဲ့သူ
သူ့ကို ကြည့်ပြီ လူ့စိတ် လူ့ ခန္ဓာကိုယ် မှုခင်းဆေးပညာ တွေကို နှောကြေ နေတဲ့သူ တစ်ယောက်က မကောင်းမှုတွေကို စွဲလမ်းနေတဲ့သူဆိုရင် ဘလို ဖမ်းကြမလဲ ဆိုတာ ကို တွေးမိပြီး ဝတ္ထုကို ရေးလိုက်တာ
ဒီဝတ္ထုကို ရေးဖို့ စာရေးဆရာက တခြား ပြင်ပ ကမ္ဘာမှာရှိခဲ့တဲ့ စိတ္တဇ လူသတ်သမား အမှုတွေကိုလဲ လေ့လာပြီး
တခြားcharacterတွေမှာပါ မျှသုံးထားပါတယ်
စိတ္တဇ လူသတ်သမားကားတွေ တကယ် ရှိနိုင်ခြေ နည်းတယ်လို့ ထင်ခဲ့ပေမဲ့ Dahmer တို့ အိန္ဒိယရဲ့ documentary တို့က ဘလိုပုံစံ ဘလို နဲ့ ရှိနိုင်လဲ ဆိုတာပါ ရိုက်ပြထားတာကြောင့် ကြက်သီးထချင်ရင် ကြည့်လို့ရပါတယ်
Hannibal ကတော့ ပို ဇာတ်လမ်းဆန်ပြီး ပိုကြည့်ကောင်းမှာပါ
