Prisoner (2013) | Directed by Denis Villeneuve
ဒီဇာတ်ကားဟာ ဒီနေ့ အချိန်အထိ အဖြေရှာမရတဲ့ ဇာတ်ကားတွေထဲက တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းက အရမ်း Simple ဖြစ်တယ်လို့ ခံစားရပေမယ့် Plot တစ်ခုလုံးကို ချုံငုံပြီး ကြည့်မယ်ဆိုရင် လူတွေရဲ့ အတ္တတွေကို အထင်သားမြင်ရနိုင်ပါတယ်။ နောက်ပြီး မတရားမှုတွေကိုလည်း မြင်ရဦးမှာပါ။
ဇာတ်လမ်းကတော့ ဒီလိုပါ..
ကန်ထရိုက်တာ Keller တို့မိသားစု ကျေးဇူးတော်နေ့မှာ သူငယ်ချင်းအိမ်သွားရာကနေ သူငယ်ချင်းဖြစ်သူရဲ့ သမီးနဲ့ Keller ရဲ့ သမီး Anna နဲ့ Joy တို့ အိမ်နားမှာ လာရပ်ထားတဲ့ RV ကားနဲ့ အတူ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။
ဒီမှာ ဘာတွေ ဆက်ဖြစ်လဲဆိုတော့ အမှုကို စုံစမ်းဖို့ စုံထောက် Loki ကို အမှုအပ်ရာကနေ Alex ဆိုတဲ့ ကောင်လေးနဲ့အတူ RV ကားကို တွေ့ပါတော့တယ်။ တွေ့ပြီး ဖမ်းစီးလိုက်ပေမယ့် တရားခံ အစစ်မဟုတ်လို့ ပြန်လွတ်ပေးလိုက်တာကနေ Keller က Alex က တရားခံပါလို့ တထစ်ချ ယုံကြည်ပြီး Alex ကို ဖမ်းစီ နှိပ်စပ် မေးမြန်းတာတွေ လုပ်လာခဲ့ပါတယ်။
နောက်တော့ အမှုက တဖြည်းဖြည်း နက်နဲလာတဲ့ အခါ ..
ဇာတ်လမ်းက ပျော်ရွှင်စရာတွေနဲ့ စထားခဲ့ပေမယ့် စိတ်မတင်မကျဖြစ်တာ တွေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။
ဇာတ်သိမ်းနဲ့ပတ်သက်ပြီး သီအိုရီတွေ အများကြီး ထွက်ထားတဲ့ ဇာတ်ကားမျိုးဖြစ်လို့ ကြည့်ဖူးရင် Ending ကို ဘယ်လို ဖြစ်စေချင်လဲဆိုတာ ပြောသွားလို့ရပါတယ်။
