အမြန်လမ်း ယာဉ်ရပ်နားစခန်းက သူနဲ့နာမည်တူ ကွမ်းယာဆိုင်မှာ ကွမ်းယာဝင်ရောင်းပေးခဲ့တဲ့ မနော
အဆိုတော် မနောက ခရီးသွားရင်း မိတ္ထီလာ အမြန်လမ်းယာဉ်ရပ်နားစခန်းက ကွမ်းယာဆိုင်တစ်ခုမှာ ဝင်ပြီး ကွမ်းယာကူရောင်းပေးခဲ့တာပါ။ ကွမ်းယာဆိုင်နာမည်ကလည်း တိုက်တိုက်ဆိုင်ဆိုင် မနော ဆိုတဲ့သူ့နာမည်နဲ့ဆင်တူနေလို့ သူကိုယ်တိုင်ဝင်ပြီး ကွမ်းယာရောင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်လိပ်စာလေးနဲ့တကွ ဝင်ရောက်အားပေးဖို့ပါ ကြော်ငြာပေးခဲ့ပါသေးတယ်။
