1 နှစ် - ဘာသာပြန်ပါ။

သတ်တဲ့ဖြတ်တဲ့နေရာမှာ စိတ္တဇလူသတ်သမားထက်ပိုကြမ်း‌နေတဲ့ မျောက်အရုပ်လေး...

➪➪➪➪➪➪➪➪➪➪➪➪➪➪

(အသည်းငယ်သူများမကြည့်ရ)

ဟော်ရာ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားထွက်လာပါပြီ။ မူရင်းရုံတင်တုန်းက အချိုနိုင်ငံတွေမှာ အရမ်းကြမ်းတမ်းလွန်းတဲ့အခန်းတွေကို ဆင်ဆာဖြတ်ထားပေးလိုက်ရပါတယ်။ အခု ဗားရှင်းကတော့ အကုန်ကွက်ကွက်ကွင်းကွင်းပါတဲ့ဗားရှင်းမို ဟော်ရာဖန်တွေ အဝကြည့်ရမှာပါ။

dark comedy, horror ဖြစ်လို ပိုးစက်ပက်စက်တွေ ရှောကုန်သလို ရယ်လည်းရယ်ရပါတယ်။

ဇာတ်လမ်းအကျဉ်း ဟဲလ်နဲ့ဘီလ်ရှယ်ဘွန်းတိုဟာ အချိန် ၃ မိနစ်ပဲခြားတဲ့ အမြွှာညီအစ်ကိုတွေပါ။ သူတိုအမေရဲ့ ပြောစကားအရတော့ သူတိုရဲ့ အဖေက ဆေးလိပ် သွားဝယ်ဦးမယ်လို ပြောထွက်သွားပြီး အိမ်ကို ပြန်မလာတော့ဘူးဆိုတာပါပဲ။ ဟဲလ်နဲ့ ဘီလ်က အမြွှာညီအစ်ကိုဆိုပေမဲ့ တခြားအမြွှာတွေလို ချစ်ချစ်ခင်ခင် မရှိပါဘူး။ ဘီလ်က ဟဲလ်ကို အခွင့်ရရင် ရသလို အနိုင်ကျင့်တတ်ပါတယ်။သူတိုအဖေရဲ့ ပစ္စည်းတွေကို ဟဲလ်တိုအမေက အမှိက်တွေလိုထင်ပေမဲ့ အမြွှာညီအစ်ကိုအတွက်တော့ ဒါတွေက သူတိုအဖေ ဘယ်လိုလူလဲဆိုတာကို သိနိုင်ဖို အခွင့်အရေးတွေလို သူတိုက မြင်ကြတယ်။ ဒီလိုနဲ့ သူတိုအဖေရဲ့ ပစ္စည်းတွေထဲကနေ မျောက်ရုပ်တစ်ရုပ်ကို ရှာတွေသွားကြတယ်။ဒီမျောက်ရုပ်ကို စတွေ့ပြီး မကြာဘူး။ ဟဲလ်နဲ့ ဘီလ့်ကို ထိန်းတဲ့ ကလေးထိန်းသမ စပြီး အဖြစ်ဆိုးနဲ့သေတယ်။ ဒီလိုဖြစ်ပြီး မကြာဘူး။ မျောက်ရုပ်က ထားရင် ထားတဲ့နေရာမှာ မရှိတာမျိုးတွေ ဖြစ်လာတယ်။ တစ်နေ့တော့ သူ့ကို အနိုင်ကျင့်လွန်းတဲ့ ဘီလ်ကို သေစေချင်တယ်လို ဟဲလ်က မျောက်ရုပ်ကို ပြောလိုက်ချိန်မှာ အမေဖြစ်သူ သေဆုံးသွားခဲ့တယ်။‌ဒီမျောက်ရုပ်က တောင်းဆိုလိုမရဘူး။ သူသတ်ချင်တဲ့လူကို ကြိုက်တဲ့အချိန်မှာ သတ်တယ်ဆိုတာ သိသွားပါတော့တယ် …

image
1 နှစ် - ဘာသာပြန်ပါ။

July လ 3 ရက်နေ့မှာစတင်ထွက်ရှိမယ့် DAN DA DAN Season 2

S2 ရဲ့ပထမဆုံး ၃ ပိုင်းကို May လမှာစတင်ပြီး အရင်ဆုံးရုံတင်ပြသသွားဦးမှာဖြစ်ပါတယ်။

ရုံတင်မယ့်ရက်များ

• Asia: May 30
• North America: June 6
• Europe: June 7

image
1 နှစ် - ဘာသာပြန်ပါ။

အိမ်ခြေ ၁၈၅ အိမ်အတွက် ငွေသားကျပ်သိန်း ၄၀၀၀ ကို ရေစက်ချလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ
သူမကတော့ ငွေသား ကျပ်သိန်း ၄၀၀၀ ကို ရေစက်ချလှူဒါန်းခဲ့တာဖြစ်ပါတယ်။ ၇ ရက်သားသမီးများရဲ့ အလှူအဖြစ် ဝေမျှကူညီခဲ့တာဖြစ်ကြောင်း သူမကဆိုပါသေးတယ်။ ပျဉ်းမနားမှာရှိတဲ့ ငလျင်ဘေးသင့်ရာ အိမ်ခြေ ၁၈၅ အိမ်ကို ငွေသားတွေ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ကျိုင်းတုံ-‌‌တောင်ကြီးလမ်း၌ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲကျ၊ ခုနစ်ဦးသေဆုံး
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၆၆/၆-၇) ကြားရှိ စပါယ်ရှယ်တောင်အဆင်း၌ ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲထိုးကျခဲ့ပြီးခုနစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တိုင်းနေလူမှုကူညီရေးအသင်းထံမှသိရသည်။
အဆိုပါယာဉ်မှာ Rozer ‌ခြောက်ဘီးခရီးသည်တင်ယာဉ်ဖြစ်ပြီး ယမန်နေ့(ဧပြီ ၈ ရက်) ည ၁၁ နာရီ ခွဲခန့်တွင်လမ်း၏ယာဘက်ပေ (၅၀၀) ခန့် အနက်ရှိချောက်အတွင်းပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသားငါးဦးနှင့် အမျိုးသမီးနှစ်ဦး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။
"ဘယ်လိုကြောင့်ချောက်ထဲကျတယ်ဆိုတာတော့မသိပါဘူး။ ကျွန်တော်တို့အသင်းကိုဆက်သွယ်လာလိုသွားပြီး မီးသတ်အဖွဲ့ကိုကူညီပေးခဲ့တာပါ။ ကားပေါ်မှာခရီးသည် ၁၀ ဦးပါလာတာ ခုနစ်ဦးက သေဆုံးပြီးသုံးဦးဒဏ်ရာရပါတယ်" ဟု တိုင်းနေလူမှုကူညီအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းဒဏ်ရာရရှိသူသုံးဦးကို တိုင်းနေလူမှုကူညီရေးအသင်းယာဉ်ဖြင့်ကျိုင်းတုံဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD

image
1 နှစ် - ဘာသာပြန်ပါ။

စံချိန်စံညွှန်းများအတိုင်း ဆောက်လုပ်ခဲ့ခြင်းမရှိသဖြင့် ငလျင်ကြောင့် ပေးဆပ်မှုကြီးမားခဲ့ရဟု နစကဥက္ကဋ္ဌပြော
ရန်ကုန်၊ ဧပြီ ၉
ဆောက်လုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း ဆောက်လုပ်ခဲ့ခြင်းမရှိလို့ ငလျင်ကြောင့် ပေးဆပ်မှုတန်ဖိုးတွေ ကြီးမားခဲ့ရခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မနေ့က နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ရှိ ဆေးကုသဆောင်တွေနဲ့ ဝန်ထမ်းအိမ်ရာတွေမှာ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဖြစ်ပွားစဉ် ထိခိုက်ပျက်စီးခဲ့ရမှုများကို သွားရောက်ကြည့်ရှုရင်း အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။
ထိခိုက်ပျက်စီးခဲ့မှုတွေကို ဆောက်လုပ်ရေးပညာရှင်တွေနဲ့ စနစ်တကျစစ်ဆေးပြီး ပြုပြင်လို့ ရနိုင်တဲ့ အဆောက်အဦတွေကို ပြန်လည်ပြုပြင်ခြင်း၊ ပြုပြင်၍မရနိုင်တဲ့ အန္တရာယ်ရှိ အဆောက်အဦတွေကို ဖြိုချဖျက်ဆီးကာ အသစ်ပြန်လည်တည်ဆောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
အဆောက်အဦတွေ ဆောက်လုပ်ရာမှာ တာဝန်ခံအင်ဂျင်နီယာတွေ၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေရဲ့ ရေ/မီးပိုင်းဆိုင်ရာ တာဝန်ခံများအနေနဲ့ အချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီး ဖြစ်ပေါ်လာနိုင်မယ့် သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက်လည်း ထည့်သွင်းတွက်ချက်ဆောက်လုပ်သွားဖို့ တိုက်တွန်းထားပါတယ်။

image