တာချီလိတ်မှာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသားတယောက်ကို လူတစုက ပြန်ပေးဆွဲမှုဖြစ်ပွား

ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့မှာ ငွေလွှဲလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသားတယောက်ကို လူတစုကပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်နဲ့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

ဒေသတွင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရ အခုဖြစ်စဉ်ဟာ တာချီလိတ်မြို့ရဲ့ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ခရိုင်ရဲစခန်းနဲ့ KBZ ဘဏ်အနီးမှာဖြစ်ပွားခဲ့တာဖြစ်လို့ သိရပြီး ပြန်ပေးဆွဲတဲ့ ဗီဒီယိုဖိုင်တခု ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်၊နံနက်ပိုင်းကစလို့ လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့လို့နေပါတယ်။

ဒေသခံတွေရဲ့ပြောကြားမှုတွေအရ ပြန်ပေးဆွဲခံရတဲ့ အမျိုးသားဟာ တာချီလိတ်မြို့ကငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတယောက်ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် လူမှုကွန်ရက်မှာထွက်ပေါ်နေတဲ့ CCTV မှတ်တမ်းတွေအရ အဲဒီအမျိုးသားကို ဒီကနေ့ နံနက်အစောပိုင်းအချိန်က သူ့ရဲ့နေအိမ်ရှေ့မှာ ရေဖြန်းနေစဉ် အိမ်စီးကားမတ်တူးအဖြူရောင်ယာဉ်တစီးပေါ်မှ လူငယ်သုံးဦးက အင်အားသုံးကာ ကားပေါ်အတင်းဆွဲတင်ပြီး အတင်းအကြပ်တင်ဆောင်ခေါ်ကာ ကားကို မောင်းနှင်သွားတာကိုလည်းတွေ့ရပါတယ်။

ဒီပြန်ပေးဆွဲမှုကို ဘယ်အဖွဲ့သို့မဟုတ် ဘယ်သူတွေပါဝင်လုပ်ကိုင်တယ်ဆိုတာကို တိတိကျကျ အသေးစိတ်မသိရှိရသေးသလို ဒေသခံရဲတပ်ဖွဲ့ကလည်း အခုကိစ္စရပ်နဲ့ပတ်သက်လို့ သတင်းတစုံတရာထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

"​ေငွကလွှဲလုပ်ငန်းလုပ်ကိုင်တဲ့ ဦးလေးကြီးပါ။ ကားပေါ်တင်ခေါ်သွားတုန်းက သူအော်တဲ့သူရဲ့ အသံကိုမှတ်မိနေတယ်"လို့ တာချီလိတ်မြို့ခံတယောက်က ထပ်မံမှတ်ချက်ပြုပြောကြားပါတယ်။

ဒေသတွင်းသတင်းဌာနတခုကတော့ ပြီးခဲ့တဲ့နှစ်တွေမှာ တာချီလိတ်မြို့ပေါ်မှာ ပြန်ပေးဆွဲမှု၊ဓါးမြတိုက်မှုတွေဟာ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီးနောက် အတန်ကြာငြိမ်သက်နေရာမှ အခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေအတွင်းမှာ ပြန်ပေးဆွဲမှုဖြစ်စဉ်အချို့တာချီလိတ်မြို့မှာ ပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

တာချီလိတ်မြို့ဟာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ နယ်စပ်မြို့တမြို့ဖြစ်ပြီး နာမည်ကျော် ရွှေတြိဂံဒေသအတွင်းမှာ တည်ရှိတဲ့ မြို့လည်းဖြစ်ပါတယ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

30 w - Translate

Couple Photoshoot 📸

image
30 w - Translate

Couple Photoshoot 📸

image
30 w - Translate

Couple Photoshoot 📸

image
30 w - Translate

Couple Photoshoot 📸

image
30 w - Translate

Couple Photoshoot 📸

image
30 w - Translate

Couple Photoshoot 📸

image
30 w - Translate

Couple Photoshoot 📸

image
30 w - Translate

Couple Photoshoot 📸

image
30 w - Translate

Couple Photoshoot 📸

imageimage
+6