Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Belle (2021)
IMDb Rating(7.2) / Rotten Tomatoes (93%) / Anilist (78%)
စုဇု (Suzu Naito) ဆိုတာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက အမေဖြစ်သူ ဆုံးပါးခဲ့တာကြောင့် ဝမ်းနည်းကြေကွဲစွာနဲ့ ရှင်သန်နေရတဲ့ ကောင်မလေးပေါ့…
ကျောင်းမှာလည်း လူတောသိပ်မတိုး အရှက်အကြောက်ကလည်းကြီးသေး…. ဒါပေမဲ့ တနေ့မှာ သူ့ရဲ့သူငယ်ချင်းမတစ်ယောက်က U ဆိုတဲ့ App တစ်ခုကို မိတ်ဆက်ပေးခဲ့တယ်…
U ဆိုတာ သာမန်ဆိုရှယ်မီဒီယာ App မဟုတ်ပဲ လူကိုယ်တိုင် အဲ့ဒီကမ္ဘာထဲကို ရောက်ရှိသွားသလိုခံစားစေရမယ့် အဆင့်မြင့် App တစ်ခုဖြစ်နေတယ်…
ဒီ App ကို စုဇုတစ်ယောက် အသုံးပြုကြည့်လိုက်တဲ့အခါမှာတော့….
အခု ပရိတ်သတ်ကြီး ရင်ခုန်ခံစားရမယ့် ဟောဒီ BELLE ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်စတင်မွေးဖွားလာပါတော့တယ်….
ဇာတ်လမ်းအရရော အန်နီမေးရှင်း၊ နောက်ခံတီးလုံး၊ ဇာတ်ဝင်တေးတွေရဲ့ ကောင်းမွန်မှုတွေကြောင့် ကြည့်ရှူသူတွေကို ကောင်းကောင်းကြီး ဆွဲခေါ်သွားနိုင်တယ်…
ယနေ့ခေတ် ဆိုရှယ်မီဒီယာတွေရဲ့ အကျိုးအပြစ်တွေ သဘောသဘာဝတွေကိုလည်း ထည့်ပြထားတာမို ပရိသတ်ကြီး သဘောတွေ့စေမှာပါ….
ကဲ စုဇုလေးတစ်ယောက် ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/64
ဟိုးတုန်းက ကလေးတွေကို လိုက်ပိုပေးတဲ့ ငှက်တွေက ဒီဘက်ခေတ်မှာ OS Deli သမားလေးတွေ ဖြစ်သွားသောအခါ....
Storks ( 2016 ) 📱
==============
ဟိုးအရင်တုန်းက ကလေးမရနိုင်တဲ့သူတွေ ဆုတောင်းရင် သိုမဟုတ်
ကလေးငယ်တွေက ညီလေး ညီမလေးတွေလိုချင်တယ်လို ဆုတောင်းခဲ့မယ်ဆိုရင် ငှက်ကြားဖြူ တွေဟာ ကလေးငယ်တွေကို နှုတ်သီးဖြင့် သယ်ယူလာပြီး ၊
အိမ်ခေါင်းတိုင်မှ ဖြစ်စေ အိမ်ရှေ့တံခါးမှ ဖြစ်စေ ပိုပေးဖူးတယ်လို ပုံပြင်တွေထဲမှာ ရှိခဲ့ဖူးပါတယ်….
ဒါပေမယ့် အဲ့ဒါတွေဟာ ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပါပြီ ။
ငှက်ကြားဖြူတွေဟာ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့ ကလေးပိုတဲ့ အလုပ်တွေ မလုပ်တော့ပါဘူး ။
Online Shopping လုပ်ငန်းက ပစ္စည်းတွေကို ပိုပေးတဲ့ Stork.com ကပစ္စည်းပိုဆောင်ရေး ငှက်တွေ ဖြစ်ကုန်ကြပါပြီ
ထိုငှက်တွေ အားလုံးကို အုပ်ချူပ်တဲ့သူကို Boss လို ခေါ်ကြပြီး သူတို အားလုံးရဲ့ Boss ဟာဟန်တာ ဆိုတဲ့ ငှက်ကြားဖြူကြီး ဖြစ်ပါတယ်….
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/74
The Aristocats 1970
Genres - Comedy,Family,Adventure
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/82
A Troll in Central Park (1994)
ဒီဇာတ်လမ်းလေးကတော့ Stanley ဆိုတဲ့မှင်စာလေးကိုအခြေခံထားပြီးပုံဖော်ထားပါတယ်။ Stanley ဟာမှင်စာဖြစ်ပေမယ့်စိတ်ရင်းနှလုံးကောင်းမွန်ပြီး နူးညံ့တဲ့ဗီဇရှိတဲ့အမျိုးဖြစ်ပါတယ်။သူ့မှာပန်းပင်လေးတွေကိုဖန်တီးနိုင်တဲ့မှော်ဆန်တဲ့အစိမ်းရောင်လက်မလေးကိုပိုင်ဆိုင်ထားတယ်။စိတ်မကောင်းစရာတစ်ခုကတော့ မှင်စာတိုရဲ့ကမ္ဘာမှာဒီလိုကြင်နာမှုတွေ၊ လှပမှုတွေကိုအလိုမရှိကြပါဘူး။ဆိုတော့ Stanley ကပန်းလေးတွေကိုသူ့ရဲ့နေရာလေးမှာပဲဘယ်သူမှမမြင်အောင်ဖုံးကွယ်ပြီးစိုက်ပျိုးထားရတာပါ။ဒီလိုနဲ့တစ်ရက်မှာတော့ပန်းပွင့်ကြီးတစ်ခုကိုဖန်တီးမိလိုက်ပြီးဘုရင်မကြီးဆီ Stanley ရဲ့သတင်းကရောက်ရှိသွားပါတယ်။Stanley ပြည်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ဒါပေမယ့်ဘုရင်မကြီးကတော့သူ့ကိုလုပ်ထုံးလုပ်နည်းအရကျောက်တုံးအဖြစ်ပြောင်းပစ်ချင်နေတာပါ။Central Park မှာ Stanley က Gus တိုမောင်နှမနှစ်ယောက်နဲ့ဆုံပြီးပျော်ရွှင်နေတာကို ဘုရင်မကြီးကတွေ့တော့သူ့ရဲ့ဒေါသတွေပိုပြီးကြီးထွားလာပါတယ်။ဆိုတော့ Stanley ဘုရင်မကြီးရဲ့ဒေါသကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ဘယ်လိုအခက်အခဲ အတားအဆီးတွေကိုကျော်ဖြတ်ရမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/86
အင်ဒိုနီးရှားကသစ်တောတစ်ခုမှာ လူတွေကအမဲလိုက်ရုံတင်မကဘူး သစ်တောတွေကိုမီးရှိဖျက်ဆီးကြတယ်။
အဲ့လိုမီးရှိကြတဲ့အတွက် ကြံ့မျိုးနွယ်ဟာ မျိုးတုန်းသွားတယ်။
ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကြံ့ကလေး ရီကီက အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ ရီကီဟာတစ်ကိုယ်တည်းနေထိုင်ရင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို စိတ်ရော ကိုယ်ပါကူညီပေးတယ်ပေါ့။ သူ့ရဲ့ခွန်အားတွေနဲ့ မွန်မြတ်တဲ့ စိတ်ထားတွေကြောင့် တောတစ်ခွင်မှာနာမည်ကြီးလာတယ်။
ဒီလိုနဲ့တစ်နေ့မှာ အမဲလိုက်မုဆိုးတစ်ယောက်ဟာ ရီကီကိုဖမ်းဖို
ကြိုးစားတဲ့အခါ ရုန်းကန်တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာရီကီလေး လွှတ်လာပါတယ်။ လွှတ်တာတယ်ဆိုပေမယ့် ရီကီရဲ့ကြံ့ချိုဟာ မုဆိုး ဆီမှာကျန်ရစ်ခဲ့ပြီး ချိုမရှိတဲ့အတွက်သူ့ကိုယ်သူစိတ်ပျက်အားငယ် သွားနေခဲ့ရတာပေါ့။
နောက်မှာတော့ သူ့မိတ်ဆွေဘဲကလေး ဘန်နီနဲ့ ချိုအသစ်ပြန်ပေါက်အောင်လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို သစ် တောတစ်ခွင်မှာလိုက်ရှာရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး။
👉ချန်နယ်ကိုအရင်𝐉𝐨𝐢𝐧ထားမှကြည့်လိုရပါမယ်ဗျ (𝐉𝐨𝐢𝐧 ရန်ချန်နယ်လင့်)👇
https://t.me/+nqhhs6tGKeRjZjA1
👉ဇာတ်ကားကြည့်ရန်နှိပ်ပါ👇
https://t.me/c/2088510221/2410
ကားလေးကတော့ ဒဏ္ဍာရီဆန်ဆန် animeဇာတ်ကားကောင်းလေးပါ။
Castle in the Sky (1986)
လေထဲပေါလောပေါ်နေတဲ့လပျူတာကျွန်းရဲ့ ရဲတိုက်ကြီးထဲမှာ ရတနာတွေရှိတယ်လိုရှေးလူကြီးတွေကပြောခဲ့ပါတယ်တဲ့ ကာင်လေးပါဇုဆီကိုမှော်ဆန်ဆန်လေထေဲကကျလာတဲ့ကောင်မလေးရှီးတတိုစတင်တွေ့ဆုံရာက အစပြုတယ်။ရှီးတရဲ့ဘိုးဘွားပိုင်လည်ဆွဲကိုစစ်အစိုးရနဲ့ဓားပြအုပ်စုတွေဝိုင်းလုယက်ရင်းပါဇုဆီရောက်လာခဲ့တယ်ပေါ့။စစ်အစိုးရနဲ့ဓားပြအုပ်စု၂ဖွဲလုံးဟာဒီကျွန်းကိုအပြိုင်အဆိုင်ရှာဖွေကြရင်းဘာတွေဖြစ်လာမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုလိုက်ပါအုံး
💍😀ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
😀💍ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/2280
အသက်ပေါင်း ထောင်ချီ ကယ်ခဲ့တဲ့ ခွေးလေးတဲ့နော်🥰
Sgt. Stubby: An American Hero (2018)
ဒီAnimation ကားလေးကတော့ Rating 7 ရရှိထားပြီးပထမကမ္ဘာစစ်မှာပါဝင်ခဲ့တဲ့ ခွေးလေးတစ်ကောင်ရဲ့
ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတဲ့ကားလေးဖြစ်ပါတယ်….
ဒီကားလေးရဲ့main characterကတော့ stubbyဆိုတဲ့ ခွေးလေးပေါ့နော်
ခွေးလေးနဲ့ စစ်သားလေးတစ်ယောက်ရဲ့friendshipလေးကို ရိုက်ပြထားတာပါ stubbyလေးနဲ့ ဒီအမေရိကန်စစ်သားလေး ဘယ်လိုတွေတွေ့ကြလဲ အမေရိကန်စစ်သားတွေနဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်တွေကို
ဘယ်လိုတွေ တိုက်ကြလဲဆိုတာကို ကြည့်ရမှာပါ
စိတ်ဝင်စားဖိုလည်းကောင်းသလို ဟာသလေးတွေလည်း ပါတာမလို
ပျင်းစရာမကောင်းပါဘူးနော် ခွေးလေးကလည်း အရမ်းကို ချစ်စရာကောင်းတာမလို puppy loverလေးတွေလဲ လက်မလွှတ်ပဲ ကြည့်သင့်တဲ့ ကားလေးပါနော်….
😀🌸ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
🌸😀ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/2264
ဟာသမနှောတဲ့ Thai horror စစ်စစ်ကိုမှ ခံစားလိုသူတွေအတွက် ၂၀၀၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့
Bangkok Haunted (2001)
old but gold ထိုင်းသရဲကားလေးတစ်ကားကို CMမှ ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ…
ဒီကားလေးကတော့ anthology horror movies အမျိုးအစားဖြစ်ပြီးတော့
မတူညီတဲ့သရဲဇာတ်လမ်း ၃ ခု၊ မတူညီတဲ့ရသ ၃ ခုကို ခံစားရမှာဖြစ်ပါတယ်ဗျ…
ဇာတ်လမ်းလေးကိုတော့ သူငယ်ချင်း ၃ ယောက် ကော်ဖီဆိုင်ထိုင်ရင်း ဆက်မိစပ်ရာနဲ့
သရဲအကြောင်းပြောရာကနေ အစပျိုးထားပါတယ်…ဒီမှာတော့ ရှေးဟောင်းဗုံ၊
ပီယဆေးနဲ့ ကြိုးတန်းလန်းနဲ့အလောင်းဆိုပြီး ဇာတ်လမ်း ၃ ခု ကို တင်ဆက်ပေးထားပါတယ်…
ဇာတ်လမ်းအကျဉ်း
————-
ပထမတစ်ခုမှာတော့ ဘယ်သူပိုမှန်းမသိဘဲ ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ကိုရောက်လာတဲ့ ရှေးဟောင်းဗုံတစ်လုံး၊
ဒီဗုံကရှေးဟောင်းပစ္စည်းဆိုတော့ စိတ်ဝင်စားစရာပေမဲ့ ဗုံရဲ့နောက်ကွယ်မှာ သမိုင်းကြောင်းတွေရှိနေပါသတဲ့…
ဘယ်လိုသမိုင်းကြောင်းတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ခံစားကြည့်လိုက်ပါဦးဗျာ…
ဒုတိယဇာတ်လမ်းမှာတော့ ရည်းစားနဲ့ပြတ်ခါစ ဂျီယက်တစ်ယောက် အိမ်နီးချင်းအစ်မကြီးဆီကနေ
ပီယဆေးလက်ဆောင်ရလိုက်ပြီး ဒီပီယဆေးအစွမ်းနဲ့ပဲ အချစ်ကနေ သေမင်းခံတွင်းဝ ရောက်သွားဖို ဖြစ်သွားတဲ့အခါ…
ဂျီယက်တစ်ယောက် အသက်ရှင်နိုင်ပါ့မလားဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရှုလိုက်ပါဦးနော်…
တတိယဇာတ်လမ်းကတော့ ကြိုးတစ်ချောင်းနဲ့အလောင်းတစ်လောင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလိုလူတိုင်းက ယူဆကြပေမဲ့
ဒါကိုမယုံနိုင်တဲ့ ရဲအုပ်’နော့’တစ်ယောက် အမှုကိုစုံစမ်းရာကနေ သူသိလာရတဲ့အမှန်တရားက ဘာတွေဖြစ်မလဲ…
Jumpscare တွေလည်းပါတယ်ဆိုပေမဲ့ creepy sense ကို အပြည့်အဝရစေမဲ့ ဇာတ်လမ်းလေးတွေဆိုတော့
ညဘက်တစ်ယောက်တည်းဖြစ်နေသူတွေ တစ်ယောက်ယောက်ရှိနေတဲ့ခံစားချက်လေး လိုချင်ရင်တော့
ညဘက်မှာ နားကြပ်လေးနဲ့ ကြည့်ရှုခံစားဖို recommend ပေးလိုက်ပါတယ်…
🌃🌸ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+iB14MHb70TE2Y2Q9
🌸🌃ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2451106533/290