27 w - Translate

တချိုပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချိုပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်..အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်

Inkheart (2008)

အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့..မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်

ဒါပေမယ့် သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာတစ်ယောက်ဒုက္ခရောက်သွားတယ်

သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်

သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား..စာအုပ်ထဲက လူဆိုးတွေကပဲ တကယ့်လောကကြီးမှာ ကြီးစိုးသွားမလား ဆိုတာကိုတော့

Mummy ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Brendan Fraser ဦးဆောင်ပါဝင်ထားတဲ့ ဒီ Old but Gold ဇာတ်ကားကောင်းလေးပါ

💡🔮ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+n2FSn83sw4UwMzll

🔮💡ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2242043536/1095

image
27 w - Translate

Sneakerချစ်သူတွေ ဖြစ်ကြတဲ့ Sneakerheadတွေဆို ပိုလိုတောင်အကြိုက်တွေ့ဦးမယ့် Animationကားလေးဖြစ်ပါတယ်။


Sneaks (2025)

တစ်နှစ်တစ်ခါ SneakerHeadတွေစုပြီး ကျင်းပတဲ့ SneakerHead Galaဆိုတဲ့ ပွဲတစ်ခုရှိပါတယ်။ ဒီတစ်နှစ်ပွဲမှာတော့ အက်ဆွန်ဆိုတဲ့ ဘတ်စကတ်ဘောဝါသနာရှင် ဖိနပ်ချစ်သူတစ်ယောက်လည်းဖြစ်တဲ့ အက်ဆွန်ဆိုတဲ့ကောင်လေးကလည်း သွားပါတော့တယ်။ ဒီပွဲမှာတော့ နာမည်ကြီးဘတ်စကတ်ဘောကစားသမားဟောင်းလည်းဖြစ် ကိုယ်ပိုင်ဖိနပ်တွေကိုထုတ်နေတဲ့ Chris Paulကနေပြီး ဒီပွဲအတွက် သီးသန့်အနေနဲ့ Alchemy 24ဆိုတဲ့ ဖိနပ်တစ်ရံကို မဲဖောက်ပေးပါတယ်။ ပွဲထဲမှာ ဖိနပ်စုဆောင်းတဲ့သူအကြီးစားကြီးတွေကလည်း ဒီဖိနပ်အတွက်ရောက်လာကြပါတော့တယ်။ ဖြစ်ချင်တော့ အက်ဆွန်က ဒီဖိနပ်ကိုမဲပေါက်သွားပြီး ပိုင်ဆိုင်သွားတဲ့အခါမှာ ဖိနပ်စုဆောင်းတဲ့လူကြီးက အက်ဆွန့်ဆီကနေ လိုက်ဝယ်ပါတော့တယ်။ လိုက်ဝယ်လိုမရတဲအခါ်မှာတော့ သူက ဖိနပ်ကို ရတဲ့နည်းနဲ့ယူပါတော့တယ်။ ဒါက ဇာတ်လမ်းအညွှန်းသာဖြစ်ပြီး ဒီဇာတ်လမ်းရဲ့တကယ်ထူးခြားချက်ကတော့ ဖိနပ်တွေရဲ့ POVကနေ ကြည့်ရှုကြရမှာဖြစ်ပါတယ်။

🌟🎁ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🎁🌟ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/2338

image
27 w - Translate

ဝှီးမှင်စာတိုင်းပြည်မှာCupcakeဆိုတဲ့မင်းသမီးချောလေးတစ်ပါးရှိပါတယ်။

Trolled (2018)

အဲ့ဒီမင်းသမီးလေးကို ခမည်းတော်ဖြစ်သူ ဘုရင်ကြီးဘေဆယ်လ်က အရမ်းချစ်လွန်းလို
နန်းတော်ထဲမှာပဲ အန္တရာယ်ကင်းကင်းနေစေပါသတဲ့။တစ်နေ့တော့ ထုံထိုင်း မှုန်မှိင်း အုံဆိုင်း ဂါထာကိုသုံးကာတိုင်းပြည်ကိုသိမ်းသွားတဲ့ရန်သူတစ်ယောက်ရဲ လက်ထဲကနေတိုင်းပြည်ကိုပြန်လည်ကယ်တင်ဖိုအတွက် မင်းသမီးလေးဟာ စွန့်စွန့်စားစားကယ်တင်ရပါတော့တယ်။ဇာတ်လမ်းဇာတ်အိမ်လေးကတော့ကောင်းမွန်ပေမယ့် အားလုံးအကြိုက်နဲ့ထပ်တူကျဖိုတော့ခဲယဉ်းမယ်လိုတော့ပြောချင်ပါတယ်။ကြိုက်မကြိုက်ကိုတော့ ဇာတ်ကားလေးကိုကြည့်ရှုရင်းဆုံးဖြတ်ကြပါလိုပဲညွှန်းလိုက်ချင်တာပါ

🌕🌹ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🌹🌕ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/2343

image
27 w - Translate

လိုချင်တာရဖို နတ်ဆိုးနဲ့ အပေးအယူလုပ်ပြီး ဒုက္ခရောက်သွားတဲ့သူ

The Demon’s Bride (2025)

တချိုလောကဓာတ်ပညာတွေမှာ ကိုယ့်လိုအင်ဆန္ဒတွေပြည့်ဝဖို နတ်ဆိုးဆီခန္ဓာကိုယ်ဆက်သပြီး အပေးအယူလုပ်တတ်ကြတဲ့ဓလေ့တွေရှိပါတယ်။ ဒီဇာတ်ကားဟာ ဒီလိုဓလေ့တစ်ခုကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ မိသားစုတစ်ခုအကြောင်း အခြေတည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

ရန်တီဟာ အိမ်ရဲ့အကြီးဆုံးချွေးမဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက်ငွေရှာဖိုနဲ့ အိမ်မှုကိစ္စတွေလုပ်ဖို အားလုံးဟာ သူ့ခေါင်းပေါ်ကတာဝန်တွေချည်းပါပဲ။ ဒီလိုလုပ်ပေးပေမဲ့လည်း မိသားစုဆီက အဆိုးမြင်မှုတွေ အပြစ်တင်မှုတွေကိုပဲ ခံယူနေရတဲ့ အနှိမ်ခံချွေးမတစ်ယောက်ပါ။

ဒီလိုနဲ့တစ်ရက်မှာတော့ မိမိရဲ့ပေါ့ဆမူကြောင့် သမီးဖြစ်သူ အသက်အန္တရာယ်ထိခိုက်ရတဲ့အခါမှာတော့ သမီးလေးအသက်ဘေးကလွတ်ဖို နတ်ဆိုးဆီခန္ဓာကိုယ်ဆက်သပြီး အပေးအယူလုပ်ဖို ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ထူးဆန်းတဲ့ကိစ္စတွေ မိသားစုထဲမှာ စတင်ဖြစ်ပေါ်လာပါတော့တယ်။

🎶🐈‍⬛ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+xhBwtcKqPoU2MzI1

🐈‍⬛🎶ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2167898929/129

image
27 w - Translate

မိဘတွေကွဲလို တိုကျိုကနေ မြိုငယ်လေးဆီပြောင်းလာရတဲ့ ကောင်မလေး။


Ocean Waves (1993)

အတန်းထဲမှာ အမှတ်တွေကောင်းပြီးရင်းကောင်းလိုရော သူ့ရုပ်ရည်ကြောင့်ရော နာမည်ကြီးလာတဲ့ကောင်မလေး။ သူရောက်လာတည်းက ကြိတ်ကြိုက်နေတဲ့ ကောင်လေး။ သုံးပွင့်ဆိုင်လိုမျိုးလေး ရိုက်ထားတဲ့ကားမျိုးလေး။ ကောင်မလေးက အဖေ့ဆီပဲ ပြန်သွားနေချင်လိုကြိုးစားခဲ့ပေမယ့် သူမအဖေမှားတာမှန်းသိရတဲ့အခါနောက်ဆုံး မိုရီဆာကီတာကု ဆိုတဲ့ကောင်လေးနဲ့ ကျောင်းက မနာလိုသူတွေ ဝိုင်းပြောတာကို မိဘတွေကွဲခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ ကောင်မလေး။ ဘယ်လိုတုံပြန်မှာလဲ။ ဒီကားလေးကို သဘောကျမိတာက ကောင်မလေးရဲ့စိတ်က ဘယ်လိုမျိုးလဲ။ သူကဘာကိုနှစ်သက်တာလဲ။ သူ့စိတ်က ဘယ်လိုမျိုးလဲဆိုပြီး သူ့ကို နားမလည်နိုင်တာလေးကို ကြိုက်တယ်။ ကိုယ်တိုင်က အသည်းကွဲသမားမိုလားမသိဘူး။ နားလည်ရခက်တဲ့ ကောင်မလေးတွေကို သဘောကျနေတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဒီကားလေးကို ကြည့်မိတာနဲ့ ငယ်စဉ်ကျောင်းသားဘဝကိုပြန်လွမ်းသွားရမယ်ဆိုတာကို အာမခံတယ်ဗျာ။ anime ကားဟောင်းလေးပေမယ့် ဒီဘက်ခေတ်ကိုမီတယ်ပြောရမလား။ ကျောင်းကားလေးမိုပဲ မရိုးတာလားတော့မပြောတတ်ဘူး။ ကြည့်လိုတန်တဲ့ကားကောင်းတစ်ကားပါ

🎶🐈‍⬛ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🐈‍⬛🎶ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/2362

image
27 w - Translate

သရဲအရမ်းခြောက်တဲ့ နာမည်ကြီးဟော်တယ်မှာ နှစ်ညအိပ်သွားရောက်နေထိုင်ဖိုဖြစ်လာတဲ့အခါ


ဆိုရှယ်မီဒီယာကနာမည်ကျော်ဆယ်လီလေးယောက်ဖြစ်တဲ့ မော်ဂန်, ကာထရီနာ, တွမ်မီနဲ့ စတီဗန်တိုသူငယ်ချင်းလေးယောက်ဟာ Metaxu ဆိုတဲ့ ဝိဥာဥ်များနဲ့ဆက်သွယ်ခြင်းကစားပွဲကိုဝင်ရောက်ယှဥ်ပြိုင်ပြီး ဆုကြေးငွေ ဒေါ်လာ 1.2 သန်းကိုရရှိဖိုစိတ်အားထက်သန်နေပါတယ်အဲ့ဒါကြောင့် သရဲခြောက်ပြီးကြောက်စရာအကောင်းဆုံးလိုနာမည်ကြီးတဲ့ဟော်တယ်အဟောင်းကြီးတစ်ခုမှာ နှစ်ညအိပ်သွားရောက်နေထိုင်ပြီး ဝိဥာဥ်တွေခေါ်ပြီး တိုက်ရိုက်ထုတ်လွှင့်ဖိုလုပ်ပါတယ တကယ်လည်း အဲ့ဟော်တယ်ကြီးကကျောချမ်းဖွယ်ဖြစ်ပြီး သူတိုလေးယောက်ဝိဥာဥ်ဆင့်ခေါ်ရာကနေ ငရဲတံခါးကိုဖွင့်မိလိုက်တဲ့အခါ…..

💫🏡ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+xhBwtcKqPoU2MzI1

🏡💫ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2167898929/163

image
27 w - Translate

ဂျပန်ပြည်မှာ ကျည်ဆန်ရထားတွေပေါ်လာတဲ့အတွက် ခရီးသည်တွေဟာ သူတိုအလိုရှိရာကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်သွားနိုင်ပြီး သယ်ယူပိုဆောင်ရေးတွေ ပိုအဆင်ပြေလာခဲ့ပါတယ်။

Bullet Train Explosion (2025)

ကျည်ဆန်ရထားတွေပြေးဆွဲတဲ့ ရထားလိုင်းတွေလည်း ဂျပန်မှာခေတ်စားလာခဲ့ပါတယ်။

ဒါပေမဲ့လည်း တစ်နေ့မှာတော့ တိုကျိုကိုပြေးဆွဲတဲ့ ဟာယာဘူဆာ ၆၀ ဟာ ကြောက်စရာအဖြစ်အပျက်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကတော့ ရထားပေါ်မှာ ဗုံးထောင်ထားတာဖြစ်ပြီး ရထားရဲ့အမြန်နှုန်း ၁၀၀ ကီလိုမီတာအောက်လျော့သွားတာနဲ့ ဗုံးထပေါက်မှာဖြစ်ပါတယ်။

ရထားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ခရီးသည်တွေကိုကယ်တင်ဖိုအတွက် ရထားလိုင်းတာဝန်ရှိသူတွေနဲ့  အစိုးရအဖွဲအစည်းတွေ ဘယ်လိုကြိုးစားကြပြီး ဘယ်လိုအန္တရာယ်မျိုးတွေကြုံတွေ့ရမလဲဆိုတာ ရိုက်ပြထားတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

🪄🎀ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+EsXX1J8YygUwZDRl

🎀🪄ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2134161386/2593

image
27 w - Translate

မကွေးဆေးရုံကြီးမှာ ကိုဗစ်လူနာတစ်ဦး သေဆုံး

မကွေးမြို့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၃၁ နှစ်အရွယ်ကိုဗစ်လူနာ သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသား ကိုဗစ်လူနာတစ်ယောက်ဟာ မကွေးမြို့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေစဉ် ဇွန်လ (၁၇)ရက်က သေဆုံးသွားတယ်လို့ မကွေးမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ကိုဗစ်လူနာကို ဇွန်လ ၁၈ ရက်က မကွေးမြို့၊ ချမ်းမြေ့သာယာသုသာန်ကို မြေပြင်လူမှုကယ်ဆယ်ရေးအသင်းက ကိုဗစ် – ၁၉ ကာကွယ်ရေးနည်းလမ်းတွေအတိုင်း သယ်ဆောင်ပြီး ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်မှုအရ ယခုနှစ် မေလ ၅ ရက်နေ့က ပိုးတွေ့သူ ၁ ဦး၊ မေလ ၂၀ ရက်နေ့ကပိုးတွေ့သူ ၁ ဦး၊ မေလ ၂၇ ရက်နေ့က ပိုးတွေ့သူ ၆ ယောက်နဲ့ ဇွန်လ ၃ ရက်နေ့က ပိုးတွေ့သူ ၁၇ ဦး၊ ဇွန်လ ၉ ရက်နေ့က ပိုးတွေ့သူ ၃၁ ဦးအပါအဝင် ဇွန်လ ၁၆ ရက်နေ့က ပိုးတွေ့သူ ၅၂ ယောက် အထိရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

image
27 w - Translate

General Mills has pulled three Cheerios flavors from its lineup, the company confirmed this week.

Read more: https://abcnews.visitlink.me/qqPgPE

image
27 w - Translate

မြောင်းမြမှာ ကျောင်းသူအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စ ထိ​ရောက်တဲ့ အရေးမှုမလုပ်ရင်နေပြည်တော် အထိတိုင်ကြားမယ်
ဇွန် - ၁၉ ၂၀၂၅
GG (VOM)
ဧရာဝတီတိုင်း ၊မြောင်းမြမြို့ အ.ထ.က( ၆) ကျောင်းမှ ဖြစ်ပွားခဲ့တဲ့ ကျောင်းသူအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်ပြီး ပါးရိုက်ခြင်း ၊ ဒူးထောက်ပြီး ထိုင်ကန်တော့ခိုင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာမကြီးဆိုသူတို့က ထိရောက်တဲ့အရေးယူမှုတွေ မပြုလုပ်ပေးတဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဝန်ကြီးဌာနအပါ သက်ဆိုင်ရာဌာနတွေကို တိုင်ကြားစာထပ်မံပေးပို့သွားမယ်လို့ အဆိုပါ အရေးကိစ္စကိုဆောင်ရွက်နေသူကပြောပါတယ်။
အဆိုပါ အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကိစ္စရပ်ဟာ အရင်နှစ်ကျောင်းဖွင့်ချိန်ကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအချိန်ကလည်း ထိရောက်တဲ့အရေးယူမှုမရှိခဲ့ကြောင်း ၊ ရုပ်သံဖိုင်မှာ ကျောင်းသူတယောက်ကို အုပ်စုဖွဲ့အနိုင်ကျင့်ကာ လူမြင်ကွင်းမှာ ပါးကို ထပ်ခါထပ်ခါရိုက်ခြင်း၊ ဒူးထောက်ပြီး တောင်းပန်ခိုင်းနေတာကိုတွေ့မြင်ရပြီးနောက် ပြည်သူတွေအကြား ဝေဖန်ပြစ်တင်မှုတွေမြင့်တက်ခဲ့ပါတယ်။
ဒါကြောင့် မြို့နယ်ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာမကြီးက ကျူးလွန်ခဲ့တဲ့ကျောင်းသူနှစ်ယောက်ကို ခေါ်ဆောင်ကာ ပါးရိုက်ခံခဲ့ရတဲ့ ကျောင်းသူအိမ်ကို သွားရောက်ပြီး တောင်းပန်းချိန် ဗွီဒီယို ရိုက်ကူးမှုအပေါ် ကျူးလွန်သူကျောင်းသူတွေက ငြင်းဆန်ပြီး ပြန်သွားခဲ့တယ်လို့ သိရပါတယ်။
ကျောင်းအုပ်ဆရာမကြီးနဲ့ တာဝန်ရှိသူတို့ကလည်း အဆိုပါ အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ ကျောင်းသူတွေကို ကျောင်းထုတ်လို့မရကြောင်း ပြောဆိုပြီး ပြန်သွားတယ်လို့သိရပါတယ်။
"အရင်နှစ်က ဖြစ်ခဲ့တာကို ထိရောက်အောင် အရေးမယူခဲ့ဘူး။ခုလည်း ပါးရိုက်ပြီး ဒူးထောက်တောင်းပန်ခိုင်းခဲ့တဲ့ ကျောင်းသူအဖွဲ့ကို ဘာအရေးယူမှုမှမလုပ်ဘူး။ သန်ဘက်ခါနောက်ဆုံးစောင့်ပြီးတိုင်မှာပါ။ လုပ်ခဲ့တဲ့ကျောင်းသူတွေက ကျောင်းဆက်တက်ခွင့်ရပြီး
ခံခဲ့ရတဲ့ကျောင်းသူက ကျောင်းဆက်မတက်ရဲတော့ဘူး။ နစ်နာတဲ့ ကလေးအတွက်လည်း ကျောင်းဆက်တက်နိုင်အောင် မကူညီခဲ့ဘူး ကျောင်းတာဝန်ရှိသူတွေရောပညာရေးမှူးရောပါ။ " လို့ အုပ်စုဖွဲ့အနိုင်ကျင့်ခံခဲ့ရတဲ့ ကျောင်းသူ တရားမျှတမှုရရှိအောင် ဦးဆောင်လုပ်ကိုင်ပေးနေသူကပြောပါတယ်။
အုပ်စုဖွဲ့အနိုင်ကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေးဟာ အဲဒီလို အနိုင်ကျင့်ခံရပြီး မနှစ်ကတည်းက ကျောင်းဆက်မတက်ရဲတဲ့အတွက် ကျောင်း ကနေနူတ်ထွက်ခဲ့ကာ ခုချိန်ထိ ကျောင်းတက်နိုင်ခြင်းမရှိပေမယ့် အနိုင်ကျင့်ခဲ့တဲ့ကျောင်းသူအုပ်စုကတော့ အ.ထ.က (၆)မှာဘဲခုချိန်ထိကျောင်းဆက်တက်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။
" ကျုးလွန်ခံရတဲ့ဖက်ကတောင်းဆိုတာ ၂ ချက်တည်းပါ။ ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ ကျောင်းသူနှစ်ယောက်အပြင် အဖွဲ့လိုက်ဝိုင်းအနိုင်ကျင့်ခဲ့တဲ့ အဲဒီကိစ္စမှာ Video ရိုက်ခဲ့သူအပါ ပါဝင်ခဲ့သူအားလုံး
ပြန်တောင်းပန်ပေးဖို့နဲ့ ကျူးလွန်ခံရသူ သမီးငယ်လေးကျောင်းပြန်တက်နိုင်ရန် အဲဒီ ကျောင်းသူတွေကို အ.ထ.က ၆ မှ တခြားကျောင်းကို ပြောင်းရွှေ့ပေးဖို့ပါ။" လို့ ကူညီဆောင်ရွက်ပေးနေသူကပြောပါတယ်။
အဲဒီနှစ်ချက်မလုပ်ပေးနိုင်ပါက တရားမျှတမှု့ရှိအောင်ကျူးလွန်သူ ကျောင်းသူတွေကို
တနိုင်ငံလုံးမှ ကျောင်းသားကျောင်းသူတွေ
အတုယူမမှား စေရေးအတွက် ထိထိရောက်ရောက် စံပြအဖြစ်အရေးယူပြီးမင်နီတား ကျောင်းထုတ်ပေးသင့်တယ်လို့ ဆိုပါတယ်။
ခုလို စာသင်ကျောင်းတွေမှာ ကျောင်းသူ ၊ကျောင်းသားအချင်းချင်း အုပ်စုဖွဲ့အနိုင်ကျင့်ပြီး ကိုယ်ထိလက်ရောက်စော်ကားတဲ့ ကိစ္စဖြစ်တဲ့အပေါ် ကျောင်းသားမိဘတွေက သူတို့ရဲ့သားသမီးတွေအတွက် စိုးရိမ်မှုကြီးမားလာပါတယ်။
" ကလေးကျောင်းထားရမှာတောင်ကြောက်မိတယ်။ကိုယ့်ကလေးသာ အဲဒီလိုအနိုင်ကျင့်ခံရတာဆိုရင် ဒေါသကို ဘယ်လိုမှထိန်းချုပ်နိုင်မယ်မထင်ဘူး။ ဒါတွေက မဖြစ်သင့်ဘူး ။မိဘတွေက ကလေးတွေကိုကျောင်းကိုပို့တာ စာသင်ဖို့တခုတည်းမှမဟုတ်တာ။ လိမ္မာရေးခြားရှိအောင်နဲ့ အသိပညာဗဟုသုတကြွယ်ဝအောင်လည်းပါတယ် ။ဒါတွေကဆရာဆရာမတွေလုပ်ရမယ့်အရာတွေပဲလေ။ ခုရုပ်သံဆိုမနှစ်ထဲကဖြစ်တာကို သူတို့ဘာမှအရေးယူမှု မလုပ်ခဲ့ဘူးဆိုတာ အံ့သြလို့မဆုံးပါဘူး။ နောက်ကလေးတွေ ခုလိုအုပ်စုဖွဲ့အနိုင်ကျင့်တာမျိုးမလုပ်ရဲအောင် ထိရောက်တဲ့အရေးယူမှုလုပ်ကိုလုပ်ရမှာပါ။" လို့ ကျောင်းသားမိဘတယောက်ကပြောပါတယ်။

image