51 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနယ်စပ်တွင် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံရ

မြဝတီဘက်မှ မဲဆောက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာ သည့် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံခဲ့ရကြောင်း ဒေသအတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီဘက်မှ ထိုင်းနိုင်ငံအတွင်း အလုပ် သွားရောက်လုပ်ကိုင်ရန် ဇူလိုင် ၄ ရက်က မဲဆောက်ဘက်သို့ တရားမဝင်နယ်စပ်မှ ဖြတ်ကျော်လာသည့်မြန်မာနိုင်ငံသား ၁၅ ဦးကို တင်ဆောင်လာသည့် ဗင်ကားတစ်စီးကို ရဲတပ်ဖွဲ့နှင့် လူဝင်မှု ကြီးကြပ်ရေးပူးပေါင်းအဖွဲ့က တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများနှင့်အတူ ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားနှစ်ဦးကိုလည်း ဆက်လက်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင် ၄ ရက် နံနက်ပိုင်းကလည်း ထိုင်းနိုင်ငံ စံခလဘူရီ မြို့ဘက်မှ ထောင်ဖာဖွန်မြို့ဘက်သို့ မောင်းနှင်လာသည့် ဗင်ကားတစ်စီးအား ထိုင်းအာဏာပိုင်များက စစ်ဆေးရေးဂိတ်တွင် ရပ်တန့်စစ်ဆေးစဉ် ထိုဗင်ကားမှာ မောင်းနှင်ထွက်ပြေးသွားသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ရာ ထောင်ဖာဖွန်မြို့နယ်ဆဟာကွန်နီခွန်ကျေးရွာအနီးတွင် ထိုဗင်ကားအားထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ဗင်ကားပေါ်တွင် ထိုင်းလူမျိုးယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦးနှင့်အတူ မည်သည့်စာရွက်စာတမ်း အထောက်အထားမှမပါသော မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအား တရားမဝင် သယ်ဆောင်လာသည့် ကားသမားနှင့်အတူ ဖမ်းဆီးရမိသူအားလုံးကို ထောဖာဖူရဲစခန်းသို့ ပို့ဆောင်ပြီး ဥပဒေအရအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

image
51 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းရောက်မြန်မာအလုပ်သမားများကို နေထိုင်ခွင့် ခြောက်လ ထပ်တိုးပေးမည်ဖြစ်ကြောင်း အတည်ပြု

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန် နေထိုင်ခွင့်အထောက်အထား ပန်းရောင်ကတ်ပြုလုပ်ထားသူများနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးထားသူ မြန်မာအလုပ်သမားများကို နေထိုင်ခွင့် ခြောက်လ ထပ်တိုးပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီး (အသစ်) ဖုန်ကဝင်ကျွန်လုန့်လူ ယန်ကစ်က ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် ယင်းသို့အတည်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြချက်အရ သိရသည်။

ယင်းသို့ သက်တမ်းတိုးပေးရခြင်းမှာ မြန်မာနိုင်ငံဘက်မှ မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်စသည့် မြန်မာအလုပ်သမားများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ဇူလိုင် ၁၅ ရက်တွင်စတင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အကြောင်းကြားလာသောကြောင့် CI စာအုပ်ဆောင်ရွက်ရေးလုပ်ငန်းစဉ်နှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးထားသူ အလုပ်သမားများ အချိန်မီဆောင်ရွက်နိုင်အောင် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

နေထိုင်ခွင့်အထောက်အထား ပန်းရောင်လက်မှတ် ပြုလုပ်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ နှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်သက်တမ်းတိုးထားသူ အလုပ်သမားများမှာ စာရွက်စာတမ်းအထောက်အထားအပြည့်အစုံမရရှိသေးသော်လည်း ၂ဝ၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နေထိုင်ခွင့် ခြောက်လ ထပ်တိုးပေးသည့်ကိစ္စနှင့် ပတ်သက်ပြီး ရာထူးမှနုတ်ထွက်သွားသည့် (ယခင်)အလုပ်သမားဝန်ကြီးက ပြောကြားထားသော်လည်း မြန်မာဘက်မှ ဇူလိုင် ၁၅ ရက်တွင် CI စာအုပ်နှင့် အလုပ်သမားများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများဆောင်ရွက်ပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့ထံ အကြောင်း ကြားလာသည့်အတွက် ထပ်မံအသိပေးခြင်းဖြစ်ကြောင်း သိရသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေရိကန်တွင် ဝက်သက်ရောဂါဖြစ်ပွားမှု (၃၃)နှစ်အတွင်း ပြန်လည်မြင့်တက်လာ

အမေရိကန်နိုင်ငံတွင် ဝက်သက်ရောဂါဖြစ်ပွားမှုသည် ၃၃ နှစ်အတွင်း ပြန်လည်မြင့်တက်လာပြီး လွန်ခဲ့သည့် သီတင်းပတ်ကုန်ပိုင်းထိ နိုင်ငံတစ်ဝန်းတွင်အတည်ပြုလူနာ ၁၃ဝဝ နီးပါးရှိကြောင်း တာဝန်ရှိသူများက ဇူလိုင် ၇ ရက်တွင် ပြောသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်က ပြုစုထုတ်ပြန်လိုက်သော အချက်အလက်များသည် တစ်ချိန်ကအမေရိကန်တွင် အဆုံး သတ်မည်ဟု ယူဆခဲ့ပြီး ကြိုတင်ကာကွယ်ဆေးထိုးနှံနိုင်သော ဝက်သက်ရောဂါ ဖြစ်ပွားမှု မှတ်တိုင်သစ်တစ်ခုလည်းဖြစ်သည်။

ယခုနှစ်တွင် အမေရိကန်ပြည်နယ် ၃၈ ပြည်နယ်နှင့် ကိုလံဘီယာခရိုင်တို့တွင် ဝက်သက်ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ရောဂါကြောင့် လူသုံးဦးထက်မနည်းသေဆုံးကာ ၁၅၅ ဦးဆေးရုံတင်ခဲ့ရသည်။

ကူးစက်ခံရသူ ၉၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေးမထိုးရသေးသူများ သို့မဟုတ် ကာကွယ်ဆေးထိုးထားမှုအခြေအနေကို မသိရှိသူများဟု ရောဂါထိန်းချုပ်ရေးစင်တာကပြောသည်။

ကူးစက်မှုအဆိုးရွားဆုံးမှာ တက္ကဆက်ပြည်နယ်ဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၇၀၀ ကျော်ရှိသည်။ ကင်းဆတ်နှင့် နယူးမက္ကဆီကိုအပါအဝင် အခြားပြည်နယ်များတွင်လည်း ဝက်သက်ရောဂါကူးစက်ခံရသူ ဒါဇင်နှင်ချီပြီးရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

မကြာသေးမီးနှစ်များအတွင်း အမေရိကန်နှင့်အခြားနိုင်ငံများတွင်ကာကွယ်ဆေးထိုးနှံခြင်းများအပေါ် ဆန့်ကျင်မှုများတိုးပွားလာသည်နှင့်အမျှ ရောဂါဖြစ်ပွားမှုများလည်း တိုးပွားလာနိုင်ကြောင်း ရောဂါ ထိန်းချုပ်ရေးဌာနက သတိပေးထားသည်။

ဘီဘီစီ

image

#နိုင်ငံတကာသမိုင်းရက်စွဲ

ဆူဒန်မှ ခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲပြီးဆုံးပြီးနောက် တောင်ဆူဒန်သည် ၂ဝ၁၁ ခုနှစ် ဇူလိုင် ၉ ရက်တွင် လွတ်လပ်ရေးကြေညာခဲ့သည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ နိုင်ရိုဘီ၌ ဆန္ဒပြပြည်သူများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်၌ ဇူလိုင် ၇ရက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများထပ်မံပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၇ ရက် အစိုးရဆန့်ကျင် ရေး ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြပြည်သူများအကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ လူပေါင်း ၁ဝ ဦး သေဆုံးခဲ့ရကြောင်း ကင်ညာလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

ကင်ညာအာဏာပိုင်များသည် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ထိန်းချုပ်ရေးအတွက် နိုင်ရိုဘီမြို့ တော်တွင်းသို့ဝင်ရောက်ရာ လမ်းများကို ပိတ်ဆို့ထားပြီး အတင်းကျပ်ဆုံးလုံခြုံရေး စည်းမျဉ်းများကိုလည်း ကျင့်သုံးနေကြောင်း သိရသည်။

လူငယ်အများစုပါဝင်သော ဆန္ဒပြပြည်သူများသည် ကင်ညာရဲ တပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် အစိုးရ၏အုပ်ချုပ်ပုံ ညံ့ဖျင်းမှုတို့ကို သီတင်းပတ်ပေါင်းများစွာ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

ယင်းပြင် အဂတိလိုက်စားမှုပြဿနာနှင့် လူနေမှုစရိတ်ကြီးမြင့်မှု ပြဿနာများအတွက် သမ္မတဝီလျံရူတို ရာထူးမှ နုတ်ထွက်ပေးရန်လည်း ဆန္ဒပြပြည်သူများက တောင်းဆိုလျက်ရှိသည်။

လက်ရှိအချိန်တွင် ကင်ညာရဲ တပ်ဖွဲ့သည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအား ထိန်းချုပ်ရေးအတွက် နိုင်ရိုဘီမြို့လယ်သို့ကိုယ်ပိုင်ကားနှင့် အများပိုင်ယာဉ်များသွားရောက်မှုကို ပိတ်ပင်ထားပြီး မြို့တွင်းသို့ ခြေကျင်ဝင်ရောက်မှုများကိုလည်း ပိတ်ပင်ထားသည်။

ပြီးခဲ့သည့်လအတွင်း ရဲတပ်ဖွဲ့၏ထိန်းသိမ်းမှုခံထားရစဉ် ဘလော့ ဂါတစ်ဦးသေဆုံးခဲ့ရပြီးနောက် ကင်ညာနိုင်ငံ၌ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့ရသည်။

ရိုက်တာ

image
51 ပတ် - ဘာသာပြန်ပါ။

စိန်ပန်းနီနီလည်းပွင့်နေပြီ
ကျောင်းတော်ကြီးလည်းဖွင့်တော့မယ်
ကျွန်တော်တို့မရောက်ဖြစ်တော့မှာကလွဲရင်
အရာရာဟာပုံမှန်လည်ပတ်ဆဲပဲ

ကျောင်းအစောရောက်တဲ့သူက
ခုံကြိုဦးပေးထားကြေးဆိုတဲ့
ရာဇသံလည်းမကြားရတော့ဘူး

မင်းဘာဟင်းပါလဲဆိုပြီး
ပထမဆုံးအတန်းချိန်မှာကတည်းက
လုစားတတ်တဲ့ကောင်လည်း
သူ့ထမင်းချိုင့်နဲ့အတူ
အလုပ်သွားနေပြီပေါ့

စာရေးပျင်းတဲ့ကျွန်တော်လည်း
ရုံးစာရေးကြီးဖြစ်နေပြီ

ဖားဆိုအသေကြောက်တဲ့
မိအေးကတော့
ဆရာဝန်မကြီးဖြစ်နေလေရဲ့

ငယ်ငယ်က ကဗျာရူးစာရူး
နှလုံးသားသိပ်နူးညံ့တဲ့
ဖိုးလုံးကတော့ စစ်သေနတ်ကြီးနဲ့

အမြဲစနောက်နေတတ်တဲ့ကောင်က
အုတ်ဂူဖြူထဲမှာ မိုးအေး''နဲ့ အိပ်ကောင်းတုန်း

ဒီကျောင်းတော်ထဲ
ပြန်ရောက်ခဲ့မယ်ဆိုရင်တောင်
လူစုံပါအုံးမလား

တစ်နေ့တော့ ပြန်ဆုံချင်သေးတယ်




- နွယ်ရိုင်းပင်

51 ပတ် - ဘာသာပြန်ပါ။

"နှစ်ထောင်ချီမှတစ်ကြိမ်သွယ်တန်းတဲ့ ကြယ်စင်တွေလို
လူတွေအများကြီးထဲမှာမှ
ကိုယ်တို့နှစ်ယောက်တွေ့ဆုံပြီးချစ်ခွင့်ရဖို့ဆိုတာ
ဘယ်လောက်ကံကောင်းလိုက်သလဲ"

_Crd

51 ပတ် - ဘာသာပြန်ပါ။

ဘဝမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ
ဘယ်လောက်ချနိုင်ခဲ့ပါစေ

တစ်စုံတစ်ယောက်နဲ့ ပတ်သက်ရင်တော့
ဝေဝါးတွန့်ဆုတ်နေခဲ့တယ် ။

- ဂန္ဓမာ

51 ပတ် - ဘာသာပြန်ပါ။

ကျွန်တော်တို့ဟာ ကိုယ့်ကိုမလိုလားတဲ့ ရင်ခွင်ကိုမှ တိုးချင်တယ်။ ကိုယ့်ဆီ မဆိုက်ရောက်မဲ့ရထားကိုမှ မျှော်ချင်တယ်။  ကိုယ် ဦးတည်လို့ မရမယ့် ကမ်းကိုမှကပ်ချင်တယ်။ ကိုယ့်ကို မကမ်းမယ့်လက်ကိုမှ ဆွဲချင်တယ်။ ကျေးဇူးပြုပြီးမသိချင်ယောင်ဆောင်ပေးကြပါ။
အဲ့ဒီလို မဟုတ်ဘဲ တစ်ယောက်ယောက်က အသေအချာသတိပေးလိုက်ရင် ကျွန်တော့ ဆောက်တည်မှုလေး ပြိုကျသွားမှာ...။

*တစ်ဦးတစ်ယောက်အတွက်ပျိုးခဲ့တဲ့ပန်းတွေ
*ခွန်းညိုသွေး

#crd_to_original_writer

51 ပတ် - ဘာသာပြန်ပါ။

မှားနေရင်တောင်
ဖိနှိမ် မပြောရက်တဲ့
နှလုံးသားမျိုးကမှ နွေးထွေးမှုရှိတာပါ။

လွဲနေရင်တောင်
မသိမသာလေး တည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ ကြင်နာတတ်တာပါ။

ချို့ယွင်းနေရင်တောင်
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမပေးတတ်တဲ့
နှလုံးသားမျိုးကမှ တကယ်မွန်မြတ်တာပါ။

အဆိုးတွေရှိရင်တောင်
အကောင်းလေးတွေနဲ့ ထေပြီး
မြင်တတ်နားလည်တတ်တဲ့
နှလုံးသားမျိုးကမှ တကယ့်ကိုရင့်ကျက်တာပါ။

လိုအပ်နေရင်တောင် လိုလို့ဖြည့်ပေးတယ်ဆိုတဲ့
သဘော မသက်ရောက်အောင်
စေတနာသီးသန့်နဲ့ ဖြည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ တကယ့်ကို လေးစားထိုက်တာပါ။