51 ပတ် - ဘာသာပြန်ပါ။

ဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်း
ဒီကနေ့ကျရောက်တဲ့ ဝါဆိုလပြည့်နေ့မှာ မိုးလေကင်းလွတ်နေပြီး ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးပြည်သူတွေနဲ့ အထူးစည်ကားနေပါတယ်။

မနက် ၁၀ နာရီကျော်တဲ့အထိ ဘုရားဖူးပြည်သူတွေ တဖွဲဖွဲရောက်ရှိလာပြီး အရင်က လူသိမများတဲ့ ရင်ပြင်တော် အင်္ဂါထောင့်ရှိ ရှင်မကွဲဘုရားမှာလည်း ဘုရားဖူးပြည်သူတွေ အများအပြား လာရောက်ခဲ့ပါတယ်။

#ရွှေတိဂုံ #ဝါဆိုလပြည့် #ဓမ္မစကြာနေ့ #ဘုရားဖူး

image
image
image
51 ပတ် - ဘာသာပြန်ပါ။

ငရုတ်ချဉ်,ကြက်သွန်ချဉ်,ဘိတ်ချဥ်
********************************
ကျမအိမ်မှာ အဆင်သင့် အမြဲ လုပ်ထားတတ်တဲ့
အိမ်လုပ်ချဉ်လေးတွေကို စားချင်တဲ့သူများအတွက်
လုပ်နည်းလေး တင်ပေးလိုက်ပါတယ်နော်။
🌶🌶🌶🌶🌶
ပါဝင် ပစ္စည်းများ
**************
၁။ ကြက်သွန်ဖြူ ဥတစ်လုံး ( အခွံနွှာထားပါ )
၂။ ငရုတ်တောင့်ရှည် ( ခပ်ထူထူ လှီးထားပါ )
၃။ ရှာလကာရည်
၄။ ငံပြာရည်
၅။ ဟင်းခပ်မှုန့် ( မထည့်လဲရ )

ပထမဆုံး
ရှာလကာရည်, ငံပြာရည်, ဟင်းခပ်မှုန့်တို့ကို
ပန်းကန်လုံး တစ်လုံးထဲ ထည့်ပြီး
မိမိ စိတ်ကြိုက် အရသာ အချို အငံ စပ်လိုက်ပါ။

ဟင်းခပ်မှုန့်ကတော့
မိမိ အကြိုက် အနည်း အများ ထည့်ပါ။
( မကြိုက်သူများ မထည့်ရင်လဲ ရပါတယ်။ )
ကျမကတော့ ဟင်းခပ်မှုန့် ထည့်ပါတယ်။
ဟင်းခပ်မှုန့် ပါရင် အရသာ ပိုကောင်းရုံမျှမက
အချဉ်ဓါတ် ထိန်းပြီးသားဖြစ်လို့ပါ။

ပီးတော့မှ ငရုတ်, ကြက်သွန် ထည့်ထားတဲ့ ပုလင်းထဲ
ကန်တော့လေးနဲ့ လောင်းထည့်လိုက်ရုံပါပဲ။

၎င်းနောက် ဖန်ပုလင်းကို လေလုံအောင် ပိတ်ထားပါ။

၃ ရက်ဆိုရင် စ စားလို့ရပါပြီ။
ချဉ်ချဉ်လေး စားချင်ရင်တော့ တစ်ပတ်ထိ ထားပါ။

မိမိ စိတ်ကြိုက် အချဉ်အရသာ ရပြီ ဆိုရင်တော့
ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။

ငရုတ်ချဉ်, ကြက်သွန်ချဉ် က
ကြာလေ အချဉ်စူးလေ ဖြစ်တာမို့
ဆယ်ရက်စာလောက်ပဲ လုပ်စားတာက ပို ကောင်းပါတယ်။
လုပ်ရတာလည်း လွယ်ကူ လှတာမို့ ကုန်ခါနီးမှ
အချဉ် အသစ်တည်တာ ပို အဆင်ပြေပါတယ်။

ငရုတ်ချဉ်, ကြက်သွန်ချဉ်လေး
မိမိ အိမ်မှာ အဆင်သင့်ရှိနေရင်
ထမင်းပေါင်း,ထမင်းကြော်,
ကြာဇံကြော်, ခေါက်ဆွဲကြော်, ကြေးအိုး,
ကြက်ကင် , အသားလုံးကြော် စသဖြင့်
ဘာပဲ လုပ်စားစား အိမ်လုပ်ချဉ်လေးနဲ့
အဆင်သင့် တွဲဖက် စားသုံးရုံပါပဲ။

Hot Pot နဲ့ စားရင်တော့
ခု စိမ်ထားတဲ့ အိမ်လုပ်ချဉ် ထဲကို
သကြား ထပ်ထည့်ပီး စားပါတယ်။

ကျမကတော့ အရောင်ပါတဲ့ အချဉ်တွေထက်
အိမ်လုပ်ချဉ်ကို ပိုကြိုက်ပါတယ်။
ကြက်သွန်ဖြူကလဲ လူနဲ့ တည့်ပါတယ်။

ကော်ဗူးနဲ့ စိမ်တဲ့အခါ
ကြာရင် ကော်နံ့ ထွက်တတ်တာမို့
ဖန်ပုလင်းနဲ့ စိမ်တာက ပိုကောင်းပါတယ်။

ခုလို စိမ်ထားတော့
ကြက်သွန်ဖြူနဲ့ ငရုတ်သီး ထဲကို
အချဉ် အချို အငံ အရသာလေးများ
စိမ့်ဝင်နေပီး ပို စားကောင်းစေပါတယ်။

ကင်းမွန် ငံပြာရည် ထည့်ထည့်,
ဗမာငံပြာရည် ထည့်ထည့် ရပါတယ်။

ရေ မရောရပါဘူး။

သက်သက်လွတ်သမားများကတော့
ဆားနဲ့ စိမ်လို့ ရပေမယ့်လည်း
ဆား နဲ့ အချဉ်စိမ်ရင် အချဉ်စူးလွန်းတာကြောင့်
ကင်းမွန် ငံပြာရည်နဲ့ အချဉ်စိမ်တာက ပိုစားကောင်းပါတယ်။
🌶🌶🌶🌶🌶🌶
ငရုတ်ချဉ်ကတော့
အစပ်ချည်းပဲ သီးသန့်စားလိုသူများအတွက်ပါ။
ငရုတ်သီးစိမ်း ထက်စာရင်
ငရုတ်တောင့်ရှည်က ပိုစားကောင်းပါတယ်။
💖💖💖💖💖💖💖
ကြက်သွန်ချဉ်ကတော့
အစပ် မစားနိုင်ပဲ ကြက်သွန်ချဉ် သီးသန့်စားလိုသူများအတွက်ပါ။
တရုတ်ကြက်သွန်ဖြူထက်
ချိုတဲ့ ဥတစ်လုံး ကြက်သွန်ဖြူက ပိုစားကောင်းပါတယ်။
ဥတစ်လုံး ကြက်သွန်ဖြူမရှိရင်လည်း
မြန်မာကြက်သွန်ဖြူနဲ့ လုပ်လို့ရပါတယ်။
,. ..............................................
(လွယ်ပါတယ်ကျွန်တော်ကတော့ရေကျက်အေးနဲ့ဆားပဲသုံးတယ်၊ကြက်သွန်ဖြူ+နီ+ငြုပ်သီးကိုယ့်ဘာသာစိမ်စားတယ်၊ပုတ်မသွားဘူးလုံးဝမာကြွပ်နေရောပဲ တခါတလေပန်းဂေါ်ဖီပွင့်လည်းဆားစိမ်တာပဲမပုတ်မရိဘူး၊ရက်သတ္တပါတ်လောက်ဆိုစားလို့ရပြီ။*
💝💝💝💝💝💝💝💝💝
ငရုတ် ကြက်သွန်ချဉ်ကတော့
အစပ် နဲ့ ကြက်သွန် ၂ မျိုး တွဲဖက်စားလိုသူများအတွက်ပါ။
ငရုတ် ကြက်သွန်ချဉ် တစ်ပုလင်း စိမ်ထားရင်တော့
ငရုတ်ချဉ် ကိုက်စားလိုက်
ကြက်သွန်ချဉ် ကိုက်စားလိုက်နဲ့
အိမ်ရှင်မများအတွက် အဆင် အပြေဆုံးပါပဲ။

ကျမအိမ်မှာတော့ အိမ်လုပ်ချဉ် စိမ်ထားရင်
အချဉ်လွန်သွားမှာကို မစိုးရိမ်ရပါဘူး။
စ ချဉ်ပြီဆိုတာနဲ့ တစ်အိမ်သားလုံး အားပေးကြတာ
ပြိုက်ခနဲ ကုန်သွားတတ်တာမို့ အလျှင်မှီအောင်ပဲ
အိမ်လုပ်ချဉ် အသစ်ကို ထပ်ကြိုလုပ်ထားရပါတော့တယ်။

ကျေးဇူးပါရှင့်

အိမ်ရှင်မတို့အတွက် ဘိတ်ချဉ်ပြုလုပ်နည်း

ဘိတ်ချဉ်
****************
၁။ ကြက်သွန်ဖြူ ဥတစ်လုံး
၂။ ငရုတ်သီးစိမ်း
၃။ ရှာလကာရည်
၄။ ငံပြာရည်
၅။ ဟင်းခပ်မှုန့်
အားလုံးရောပီး စိမ်ထားရုံပါပဲ။

💖💖💖💖💖💖

image
51 ပတ် - ဘာသာပြန်ပါ။

ကျောက်တော်၊ မြောက်ဦးနှင့် ဘူးသီးတောင်တို့တွင် မိုးသည်းထန်ပြီး ရေကြီး
ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ် ၃ ခုမှာ ဇူလိုင် ၇ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့နယ်ရှိ သရက်တပင်၊ ကျောက်တလုံး၊ ညောင်ချောင်း၊ စပါးဆိပ်၊ မဟာမုနိ စတဲ့ကျေးရွာတွေနဲ့ မြောက်ဦးမြို့နယ် ကျောက်ကျပ်၊ စေတီတောင်၊ တောင်ဦး စတဲ့ကျေးရွာတွေမှာ ရေကြီးနေပြီး ဒေသခံတချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားကြရတယ်လို့ ကျောက်တော်ဒေသခံတယောက်က ပြောပါတယ်။

image
image
image
51 ပတ် - ဘာသာပြန်ပါ။

ဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီတော် မြင်ကွင်း (ဓာတ်ပုံ)
DVB

ဒီကနေ့ကျရောက်တဲ့ ဝါဆိုလပြည့်နေ့မှာ မိုးလေကင်းလွတ်နေပြီး ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးပြည်သူတွေနဲ့ အထူးစည်ကားနေပါတယ်။

မနက် ၁၀ နာရီကျော်တဲ့အထိ ဘုရားဖူးပြည်သူတွေ တဖွဲဖွဲရောက်ရှိလာပြီး အရင်က လူသိမများတဲ့ ရင်ပြင်တော် အင်္ဂါထောင့်ရှိ ရှင်မကွဲဘုရားမှာလည်း ဘုရားဖူးပြည်သူတွေ အများအပြား လာရောက်ခဲ့ပါတယ်။

#ရွှေတိဂုံ #ဝါဆိုလပြည့် #ဓမ္မစကြာနေ့ #ဘုရားဖူး

image
image
image
51 ပတ် - ဘာသာပြန်ပါ။ - Youtube

ULTIMATE Cat and Dog Videos! | FUNNIEST Pets

51 ပတ် - ဘာသာပြန်ပါ။ - Youtube

Funniest Videos Animals 🐧 - Best Of The 2024 Funny Animal Videos 😁

51 ပတ် - ဘာသာပြန်ပါ။ - Youtube

The FUNNIEST Pet Videos of the year! 🤣 | BEST Compilation

51 ပတ် - ဘာသာပြန်ပါ။ - Youtube

FUNNIEST Pets of 2024! 🤣 TOP Videos of the YEAR

51 ပတ် - ဘာသာပြန်ပါ။ - Youtube

Funniest Animal Videos Ever (Part 1)

51 ပတ် - ဘာသာပြန်ပါ။ - Youtube

you laugh, you restart