27 w - Translate

တောင်ငူမြိုတွင် ငလျင်ဒဏ်ကြောင့်‌ သေဆုံးခဲ့ရသူများအတွက် တစ်ဦးလျှင် ငွေကျပ် ၁၃ သိန်းစီထောက်ပံ့
********************
(ပြည်တွင်း) ဇွန်လ ၁၅
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း၌ ‌သေဆုံးသူ ၄၄ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၂၄၃ ဦးနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ငလျင်ဒဏ်ခံစားခဲ့ရသူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဇွန်လ ၁၆ ရက်နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ဝန်ကြီးချုပ်က သဘာဝဘေးဖြစ်စဉ်များကြောင့် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရေး အတွက် သဘာဝဘေးအသိ၊ သဘာဝဘေးသတိဖြင့်နေထိုင်ကြရန်၊ သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြောကြားခဲ့ပါတယ်။

ထို့နောက် ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ‌သေဆုံးသူ ၄၄ ဦးအတွက် ၎င်းတို့ရဲ့ မိသားစုဝင်များကို တစ်ဦးလျှင် အမျိုးသားသဘာဝဘေး ကော်မတီမှ ထောက်ပံ့ငွေကျပ် ၃ သိန်းနှင့် တိုင်းအစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၀ သိန်း စုစုပေါင်း ၁၃ သိန်း ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင်ငွေကျပ် ၅ သောင်းစီ၊ ပျက်စီးနေအိမ်များအတွက် တစ်အိမ်လျှင်ငွေကျပ် ၁၀ သိန်းစီ၊ ဘာသာရေးဆိုင်ရာ အဆောက် အဦများအတွက် ၁ လုံးလျှင် ငွေကျပ်သိန်း ၅၀ စီကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ငလျင်ဒဏ်သင့်သူ များကို အားပေးစကားပြောကြားခဲ့ပါတယ်။

image
27 w - Translate

The N›ut Job (2014)

Genres : Comedy
: Family
: Adventure

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/relaxmovie1/2469

image
27 w - Translate

The Nut Job 2: Nutty by Nature (2017)

Genres - Family,Adventure,Comedy

😍ကြည့်ရန်နှိပ်ပါ👇

t.me/relaxmovie1/2471

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
27 w - Translate

၂၀၂၄ ခုနှစ်အတွင်း အဂတိလိုက်စားမှုတိုင်ကြားစာ ၁,၂၂၅‌ စောင်ရှိခဲ့
********************
(ပြည်တွင်း) ဇွန်လ ၁၅
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားတဲ့ တိုင်ကြားစာ ၁,၂၂၅ စောင် အထိရှိခဲ့ပြီး အဆိုပါတိုင်ကြားမှုများအနက် ၈၁၄ စောင်ကို အရေးယူဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သိရပါတယ်။

ကျန်ရှိနေတဲ့ တိုင်ကြားစာများအနက်မှ ၄၄ စောင်ကို စိစစ်ဆောင်ရွက်ဆဲဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေနှင့်မညီညွတ်တဲ့အတွက် အရေးယူဆောင်ရွက်ခြင်း မပြုနိုင်တဲ့ တိုင်ကြားစာ ၃၆၈ စောင်ရှိပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့တို့မှ လွှဲပြောင်းပေးတဲ့ တိုင်ကြားစာ ၁၀ စောင်နှင့် ကော်မရှင်ထံလိပ်မူ၍ တိုင်ကြားစာ ၁,၀၅၂ စောင်အထိရှိကြောင်း သိရပါတယ်။

တိုင်ကြားမှုများအနက် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၇ ဦး၊ အဆင့်မြင့်အရာရှိ ၂၃ ဦး၊ အရာထမ်း ၁၀၁ ဦး၊အမှုထမ်း ၈၆ ဦး၊ ပြည်သူ့ဝန်ထမ်း ၁၈ ဦးနှင့်အခြားပုဂ္ဂိုလ် ၅၃ ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံဝန်ထမ်းဥပဒေနှင့်အညီ ဝန်ထမ်းစည်းကမ်းအရအရေးယူခဲ့တဲ့ နိုင်ငံဝန်ထမ်း ၃,၀၃၀ ဦးရှိကြောင်း သိရပါတယ်။

ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းနိုင်မှုနှင့် ပြန်လည်ပေးသွင်းနိုင်မှုအနေနဲ့ ကျပ်ငွေ ၂၇.၃၃ ဘီလီယံကျော်နှင့် ကာကွယ်နိုင်မှု ၁၅၆ ဘီလီယံကျော်အထိရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာ ၁,၂၁၇ စောင်တိုင်ကြားမှုရှိခဲ့ကြောင်း သိရပါတယ်။

image
27 w - Translate

Online Sales မှတ်ပုံတင်လက်မှတ် လျှောက်ထားမှု ၂၁,၀၀၀ ကျော်ရှိ
********************
(စီးပွားရေး) ဇွန်လ ၁၈
Online Sales လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုအဖြစ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂ ရက် မှ ၂၀၂၅ ခုနှစ်ဇွန်လ ၉ ရက်အထိ ၁ နှစ် ၈ လအတွင်း မှတ်ပုံတင်အစောင်ရေ ၂၁,၁၈၈ စောင်ရှိပြီဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရပါတယ်။

e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း များရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို ပထမအဆင့်အနေနဲ့ ကုန်သွယ်ရေးဦးစီးဌာနမှ စာရွက်စာတမ်းပါမှ အချက်အလက်များကို စစ်ဆေးခြင်းနှင့်ဒုတိယအဆင့်အနေနဲ့ စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးထားပါတယ်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအတွက် လုပ်ငန်းမှတ်ပုံတင် လက်မှတ်များအား စားသုံးသူများကို အကာကွယ်ပေးရန်နှင့် e-commerce လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်ကာ အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး ခွင့်ပြုထုတ်ပေးနေတာဖြစ်ကြောင်းလည်း သိရပါတယ်။

မှတ်ပုံတင်ကြေးနှုန်းထား များအဖြစ် ကုမ္ပဏီ(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက ကျပ် ၇၀,၀၀၀၊ SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြု ထားတဲ့ အထောက်အထား တစ်ခုခုပါရှိတဲ့ ကုမ္ပဏီ(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက ကျပ် ၅၀,၀၀၀ နှင့်လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်ပါက ကျပ် ၃၀,၀၀၀ ကောက်ခံသွားမှာဖြစ်ပြီး Online Sales လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်ရရှိပါ က သက်တမ်းအားဖြင့် ၂ နှစ် သတ်မှတ်ကာ ရောင်းချခွင့်ပြုထားတယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။

image
27 w - Translate

An 80-year-old man drove a compact luxury Mercedes-Benz A Class sedan down the landmark Spanish Steps in Rome early on Tuesday before getting stuck part way down, municipal police said in a statement.
Read more: https://abcnews.visitlink.me/lfvIbt

image
27 w - Translate

Ariana Grande's beloved grandmother Marjorie "Nonna" Grande has died. She was 99.
Over the years, many of Ariana Grande's fans came to know Marjorie Grande.
In March, Marjorie Grande, who was featured on her granddaughter's song, "ordinary things," became the oldest living person to appear on the Billboard Hot 100 chart since the chart's inception in August 1958.
Read more: https://abcnews.visitlink.me/-Gu9fb

image
27 w - Translate

The man charged with killing a prominent Minnesota lawmaker and wounding another could face something that is a rarity for Minnesota but could become more common under the Trump administration: the death penalty.
https://abcnews.go.com/US/wire....Story/man-charged-ki

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကွန်ဂိုမြို့တော် ကင်ရှာဆာတွင် ရေဘေးကြောင့် လူ ၂၉ ဦးသေဆုံး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော်ကင်ရှာဆာတွင် ပူပြင်းခြောက်သွေ့သောရာသီ၌ ပုံမှန်မဟုတ်သည့်မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီး လူ ၂၉ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။
ရေကြီးရေလျှံမှုများကြောင့် နေအိမ်များမျောပါခြင်းနှင့် လမ်းများရေလျှံခဲ့ကာ မြို့၏သုံးပုံတစ်ပုံ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း မြို့တာဝန်ရှိသူများကပြောသည်။ လွန်ခဲ့သည့်ဇွန် ၁၄ ရက်တွင် မိုးရေချိန်မီလီမီတာ ၉ဝ ထိ ရွာသွန်းခဲ့ပြီး မိုးရာသီကာလ တစ်နေ့တာမိုးရေချိန်များထက် ပိုမိုများပြားသည်။
မြို့တော်ကင်ရှာဆာတွင် မြို့ပြစီမံကိန်းများနှင့် သင့်လျော်သော ရေနုတ်မြောင်းစနစ်မရှိခြင်းကြောင့် ရေကြီးရေလျှံမှုနောက်ဆက်တွဲ ဆိုးကျိုးများခံစားနေရသည်ဟု မြို့ခံများက ဝေဖန်သည်။ ကင်ရှာဆာသည်ကမ္ဘာပေါ်တွင် အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သော ကွန်ဂိုမြစ်ကမ်းပေါ်တွင်တည်ရှိသည်။
ကင်ရှာဆာမြို့တော်တွင် အခြားဒေသများမှ လာရောက်အခြေချမှုများနှင့်အတူ လူဦးရေတိုးပွားလာနေသည်။ မြို့လူဦးရေသည် ၁၈ သန်းနီးပါး ထိရှိမည်ဟုခန့်မှန်းထားပြီး ၂ဝ၂၄ ခုနှစ်ကထက် ၄ ရာခိုင်နှုန်းကျော်တိုးလာကြောင်း တာဝန်ရှိသူများက ဆိုသည်။
မေလအတွင်းကလည်း နိုင်ငံအရှေ့တောင်ပိုင်း ကီဗူပြည်နယ်တွင် ရုတ်တရက်ရေကြီးရေလျှံမှုများကြောင့်လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ဧပြီလတွင်မူ မြို့တော်ကင်ရှာဆာ၌ ရေကြီးမှုကြောင့်လူ၃ဝ ကျော် သေဆုံးခဲ့သည်။
ဘီဘီစီ

image

#နိုင်ငံတကာသတင်း
◼ခြွင်းချက်မရှိ လက်နက်ချရန် အီရန်ကို ထရန့်သတိပေး
ခြွင်းချက်မရှိလက်နက်ချရန် အီရန်အား အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ တိုက်တွန်းမှုထွက်ပေါ်ခဲ့သော်လည်း အစ္စရေးနှင့်အီရန်အကြား လေကြောင်းစစ်ပွဲမှာ ခြောက်ရက်မြောက်လာခဲ့ပြီဖြစ်ကာ ယနေ့နံနက်တွင်လည်း အ ပြန်အလှန်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
အမေရိကန်၏ စိတ်ရှည်သီးခံမှု လျော့ပါးလာနေကြောင်း နှင့် လောလောဆယ်အီရန်ခေါင်းဆောင် အယာ တိုလာ အလီခါမီနီအား သုတ်သင်ရန် အစီအစဉ်မရှိကြောင်း ထရန့် က လူမှုမီဒီယာပေါ်တွင်ရေးသားသည်။ တစ် ဖက် တွင်လည်း စစ်ပွဲအတွင်းသို့ အမေရိကန်က ပို၍ ထဲထဲဝင်ဝင်ပါဝင်မည်လားဆိုခြင်းကို ၎င်းက စဉ်းစားနေသည်ကို မှတ်ချက်များက ပြသနေသည်။
“ ထိပ်သီးခေါင်းဆောင်လို့ ခေါ်နေကြတဲ့သူ ဘယ်မှာ ပုန်းနေလဲဆိုတာကို ကျွန် တော်တို့ အတိအကျ သိ ထား ပါ တယ်။ အနည်းဆုံး အခုအချိန်မှာတော့ သူ့ကို မသုတ်သင်သေးပါဘူး ။ ဒါပေမယ့်လည်း စိတ်ရှည်မှုတော့ လျော့ ပါးလာပြီ။” ဟု ထရန့် က ၎င်း၏ Truth Social ပလက်ဖောင်းတွင် ရေးသားသည်။
ယင်းနောက် သုံးမိနစ်အကြာတွင် “ခြွင်းချက်မရှိလက်နက်ချ” ဟု ထရန့်က စာလုံးကြီးများဖြင့် ရေးသားခဲ့သည်။
ယနေ့ နံနက် ပထမ နှစ်နာရီအတွင်းမှာပင် အီရန်က အစ္စရေးအား ဒုံးကျည်နှစ်သုတ် ပစ်လွှတ် တိုက် ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ကပြောကြားပြီး တဲလ်အဗစ်မြို့တွင် ပေါက်ကွဲသံများ ကြားခဲ့ရသည်။
တီဟီရန်မြို့ အနောက်တောင်ပိုင်းရှိ အီရန်၏ စစ်စခန်းများအား အစ္စရေးလေ တပ် က တိုက်ခိုက်နိုင်ရန် ယင်း ဒေသ တွင်နေထိုင်သူများဘေးလွတ်ရာသို့ရွှေ့ ပြောင်းကြရန်အစ္စရေးကပြောကြားခဲ့သည်။
အီရန်တော်လှန်ရေးအစောင့်တပ်နှင့် ဆက်စပ်သော မြို့တော် အရှေ့ဘက်ရှိ တက္ကသိုလ်တစ်ခုကိုလည်း အစ္စရေးက တိုက်ခိုက်နေကြောင်း အီရန်သတင်းဝက်ဘ်ဆိုက်များက ပြောကြားကြသည်။
ထို့ပြင် တီဟီရန်မြို့အနီးမှ ခိုဂျာ ပဲ့ထိန်းဒုံးကျည်စခန်းကိုလည်း အစ္စရေးက တိုက်ခိုက်ခဲ့ပြီး ယင်းနေရာမှာ ပြီးခဲ့ သည့်အောက်တိုဘာလက လုပ်ဆောင်ခဲ့သည့် အစ္စရေး၏တိုက်ခိုက်မှုများတွင်လည်း ပစ်မှတ်ထားခံခဲ့ရသည်။
အီရန်နျူကလီးယားစခန်းများအား အစ္စရေးနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရေး အပါအဝင် ရွှေးချယ်စရာ အများ အ ပြားကို ထရန့်နှင့်၎င်း၏အဖွဲ့ က စဉ်းစားနေကြောင်း အတွင်းပိုင်းဆွေးနွေးပွဲများနှင့်ရင်းနှီးသော သတင်း ရင်း မြစ် တစ်ဦး က ရိုက်တာသတင်းဌာနအား ပြေားကြားသည်။
ဒေါ်နယ်ထရန့် ကအစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု နှင့် အင်္ဂါနေ့က ဖုန်းပြောခဲ့ကြောင်း အိမ် ဖြူ တော်အရာရှိကြီးတစ်ဦး က ပြောသည်။
ယင်းနေ့မှာပင် ထရန့်က အမျိုးသားလုံခြုံရေးကောင်စီ နှင့် မိနစ် ၉၀ ကြာ အစည်း အ ဝေးလုပ်ခဲ့ကြောင်း အိမ်ဖြူတော် အရာရှိကြီးတစ်ဦးက ပြောကြားသော်လည်း အကျယ်တဝင့် မပြောပေ။
အမေရိကန်က အရှေ့အလယ်ပိုင်းဒေသသို့ တိုက်လေယာဉ်များ ပိုမိုစေလွှတ်ထားပြီး မူလရှိပြီးသား အုပ်စု များ ကိုလည်း သက်တမ်းတိုးမြှင့်ထားကြောင်း အမေရိကန်အရာရှိကြီး သုံးဦးက ပြောကြားသည်။
ယခုအချိန်ထိ အမေရိကန်က ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိဘဲ အစ္စရေးသို့ ပစ်လွှတ်လိုက်သော အီရန်ဒုံးကျည်များအား ကူညီပစ်ချခြင်းမျိုးသာ လုပ်ဆောင်ခဲ့သည်။
အစ္စ‌ရေး-အီရန် ပဋိပက္ခတွင် အမေရိကန်ပါဝင်တော့မည့် အရိပ်လက္ခဏာမတွေ့ရကြောင်း ကနေဒါနိုင်ငံတွင် ဒေါ် နယ်ထရန့်နှင့် အတူ ဂျီ-၇ အစည်းအဝေးတက်ရောက်ခဲ့သော ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဆိုသည်။
အီရန်‌ခေါင်းဆောင်များသည် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနောက် ပိုင်း အန္တရာယ်အများဆုံး လုံခြုံ ရေး ကျိုးပေါက်မှုကို ခံစားနေရသဖြင့် အီရန်အရာရှိများက မိုဘိုင်းဖုန်းနှင့် အခြား ဆက်သွယ်ရေးကိရိယာများ အသုံးပြု ခြင်းကို အီရန်ဆိုက်ဘာလုံခြုံ‌ရေး ဌာနချုပ် က ပိတ်ပင်ထားကြောင်း အီရန် ဖားစ် သတင်းဌာနက ပြောကြားသည်။
အီရန်၏ ဒစ်ဂျစ်တယ်အခြေခံအ‌ဆောက်အဦများအပေါ် အစ္စ‌ရေးက ကြီး မားသောဆိုက်ဘာစစ်ပွဲ ဆင်နွဲခဲ့ကြောင်း အီရန်မီဒီယာများက သတင်းပို့သ ည်။
ယခုအခါတွင် အီရန်၏ ဝေဟင်ပိုင်နက်အား စိုးမိုးထားပြီဖြစ်ကြောင်းနှင့် ရှေ့လာမည့် ရက်များတွင်း စစ်ပွဲအရှိန်အဟုန် တိုးမြှင့်သွားရန် ရည်ရွယ်ကြောင်း အစ္စရေးက ပြောကြားသည်။
သို့ရာတွင် စစ်ပွဲအတွင်း အမေရိကန်ပါဝင်လာခြင်းမရှိပါက တောင်အောက်တွင် ဖောက်၍တည်ဆောက်ထားသော ဖော်ဒိုးနျူကလီးယားစက်ရုံကဲ့သို့ နေရာများကို အပြီးသတ်ထိုးနှက်မှုမျိုးလုပ်ရန် အစ္စရေးက ရုန်းကန်ရ မည် ဖြစ် ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image