Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရခိုင်မြို့နယ်ငါးခု၌ ရေကြီးပြီး စပါးခင်းများ ပျက်စီး
ဧရာဝတီ၊ ဇူလိုင် ၁၀၊ ၂၀၂၅
ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေများမြင့်တက်ကာ ရေကြီးနေပြီး စိုက်ပျိုးပြီးသား စပါးခင်းဧကများစွာ ပျက်စီးကုန်ကြောင်း ဒေသခံလယ်သမားများက ပြောသည်။
“နေ့တိုင်းရွာနေတာ ဆယ်ရက် မကတော့ဘူး။ ရွာရင်လည်း နေထွက်ကနေ နေဝင်ထိ။ ချောင်းရေတွေတက်ပြီး ပြန်မကျနိုင်တော့ဘူး” ဟု ကျောက်တော်ဒေသခံ အမျိုးသားတဦးက ပြောသည်။
ဘူးသီးတောင်မြို့နယ် အထက်ပိုင်းရှိ ကျေးရွာသုံးဆယ်ခန့်၊ ကျောက်တော်မြို့နယ် ယိုးချောင်း၊ သရီချောင်းတဝိုက် ကျေးရွာနှစ်ဆယ်ခန့်၊ မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းတလျောက်ရှိ ကျေးရွာတဆယ်ကျော်၊ မောင်တောမြို့နယ် လေးမိုင်းကျေးရွာအုပ်စုအတွင်းမှ ကျေးရွာအချို့နှင့် မြောက်ဦးမြို့နယ်မြောက်ပိုင်း ကျေးရွာတဆယ်ခန့်တို့တွင် ရေကြီးနေခြင်း ဖြစ်သည်။
ရေအမြင့် သုံးပေမှ ငါးပေဝန်းကျင်ထိ မြင့်တက်နေပြီး နေအိမ်တချို့ ရေနစ်မြုပ်မှုများရှိကြောင်း၊ ဒေသခံအချို့မှာ ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းနေကြရပြီး စားသောက်ရေးအခက်အခဲ ကြုံနေကြရကြောင်း သိရသည်။
“ရေက ငါးပေလောက်ထိ တက်နေတာဆိုတော့ ရွာကြားထဲမှာ လှေနဲ့သွားကြရတယ်။ ဒီလို ရေအများကြီးတက်နေတာ နှစ်ရက်သုံးရက်ရှိပြီ။ ရေပြန်မကျရင် တော်တော်အခက်အခဲရှိတယ်။ ငတ်ကြမှာ” ဟု ရေကြီးနေသော ကျေးရွာများနှင့် အဆက်အသွယ်ရသည့် မင်းပြားဒေသခံတဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဇူလိုင်လဆန်းကတည်းက မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းနေခြင်းဖြစ်ပြီး ကုလားတန်မြစ်ရေနှင့် လေးမြို့မြစ်ရေတို့ မြင့်တက်နေကာ ယင်းနှင့်ဆက်စပ် ချောင်းငယ်များ၌လည်း ရေတက်လျက်ရှိကြောင်း၊ ရက်ရှည်ရေကြီးမှုကြောင့် အပင်ပေါက်ပြီး ကြီးထွားခါစ စပါးခင်းများ ပျက်စီးနေရပြီး လယ်ဧကထောင်ဂဏန်းရှိနိုင်ကြောင်း ဒေသခံလယ်သမားများက ခန့်မှန်းသည်။
မြောက်ဦးမြို့နယ်မှ လယ်သမားတဦးက “ရေအကြာကြီးဝပ်နေရင် စပါးပင်တွေက မခံနိုင်ဘူး။ တပြင်လုံး အပင်တွေ ကျွတ်ထွက်သွားတယ်။ ပြန်စိုက်မှပဲ ရတော့မယ့်အနေအထား။ ဒီနှစ်တွေမှာ လယ်လုပ်ရတာ အရင်းအနှီး တော်တော်ကြီးတယ်။ ပြန်စိုက်နိုင်ဖို့တောင် မလွယ်တော့ပါဘူး” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ် မိုးဦးကာလတုန်းကလည်း မြောက်ဦး၊ မင်းပြား၊ ကျော်တော်မြို့နယ်တို့တွင် ရေကြီးမှုကြောင့် စပါးခင်းဧကထောင်ချီ ပျက်စီးခဲ့သလို ၂၀၂၂ မိုးနှောင်းပိုင်း ရခိုင်ပြည်သို့ ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် စပါးခင်းဧကတသိန်းကျော် ပျက်စီးခဲ့ရသည်။



ဗာဒံရွက်တွေအကုန်ရွှေဖြစ်ပီနော်
ဖတ်ကြည့်ပေးနော်
_______________
အရွက်ကို ကြိတ်ပြီး ရလာတဲ့ သတ္တုရည်ကို ဝဲအပါအဝင် အရေပြား ပြဿနာတွေ အတွက် အသုံးပြုလို့ ရပါတယ်။
အရေပြားပေါ်က ဘက်တီးရိယားတွေကို ဖယ်ရှားဖို့အတွက် အသုံးပေးလို့ ရပါတယ်။
ရင်သား နာကျင်တာကို သက်သာစေဖို့ ဗာဒံရွက်ကို ခြေပြီး ဆီနဲ့ နယ်လို့ ရင်သားမှာ လိမ်းပေးလို့ ရပါတယ်။
အဆစ်နာတာကို သက်သာစေဖို့ အရွက်ကို မီးကင်ပြီး ကပ်ပေးလို့ ရပါတယ်။
ဗာဒံရွက် အဆီကို အာသီးရောင်တာ သက်သာစေဖို့ အသုံးပြုလို့ ရပါတယ်။
ဝမ်းပျက်ဝမ်းလျှော သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။
နာကျင်ကို-က်ခဲတာနဲ့ ခေါင်းကို-က်တာကို သက်သာစေဖို့ အတွက်လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
တစနစသမမငအငငသအသပ
လေးဖက်နာ ရောဂါကြောင့် အဆစ်အမြစ်တွေ နာကျင်တာကို သက်သာစေဖို့ အတွက်လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
အရွက်နုလေးကနေရတဲ့ သတ္တုရည်ကို ခေါင်းကို-က်တာ သက်သာစေဖို့ နဲ့ လေနာ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
တကနငမသနသသတသတတသငနငနသတသတသတတသနသမသတတတသတသတသတသ
ဆီးရွှင်စေဖို့လည်း အသုံးပြုလို့ ရပါတယ်။
နှလုံးကျန်းမာစေဖို့လည်း အထောက်အကူပြုပေး ပါတယ်။
အစာမကြေတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
ချောင်းဆိုး သက်သာစေဖို့လည်း အသုံးပြုလို့ ရပါတယ်။
ခြေလက်တွေ ထုံတာကို သက်သာစေဖို့ အရွက်ကို မီးကင်ပြီး ကပ်ပေးလို့ ရပါတယ်။
ဝက်ခြံ၊ အနာ နဲ့ မှိုပို:ကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
ဆီးချို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။
အာရုံကြောတွေ ကျန်းမာစေဖို့နဲ့ စိတ်ကျန်းမာရေး ကောင်းစေဖို့လည်း ဗာဒံရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
မိမိကိုယ်ကိုယ် ချစ်သလို ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေနိုင်ပါတယ် ကုသိုလ်ရချင်ရင် shareပေးကြပါနော်
..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
#credit
++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်မူရင်းရေးသားသူကို
#creditပေးပါတယ်
🙏🙏🙏
လူပီသချင်ရင်.....
ကိုယ့်အကျိုးချည်းပဲ မကြည့်ရဘူး
သူတပါးမငိုဖို့လဲ....စာနာတတ်ရတယ်။
လူပီသချင်ရင်....
ရှက်သင့်တာကို...
ရှက်တတ်ရမှန်းသိသင့်သလို....
ကြောက်သင့်တာလည်း....
ကြောက်တတ်ရတယ်....
လူပီသချင်ရင်....
အားနည်းသူအပေါ်မှာ....
အနိုင်မယူသင့်သလို....
အားကိုးတဲ့သူတွေကိုလည်း....
ဖေးမတတ်ရတယ်.....
လူပီသချင်ရင်.....
အမှန်တရားကို....မြတ်နိုးသင့်သလို....
သစ္စာတရားကိုလည်း....
တန်ဖိုးထားတတ်ရတယ်.....
ဒါကြောင့်....
လူစစ်စစ်ဖြစ်ဖို့.....
လူသားဆန်တဲ့.... စိတ်ဓာတ်တွေနဲ့...
လူပီသဖို့တော့...လိုပါတယ်...။
အသားကင်၊ အကြော်အမျိုးမျိုး နဲ့ ဘာနဲ့တွဲစားစား စားလို့ကောင်းတဲ့ အချဥ်ရည်လုပ်နည်း
ပါဝင်ပစ္စည်းတွေကတော့.....
- ကြက်သွန်ဖြူ ၁ ဇွန်း (ထောင်း)
- ဂျင်း ၁ ဇွန်း (ထောင်း)
- မန်ကျီးရေ ပျစ်ပျစ်လေး ၁ ဇွန်း
- လျှာလကာရည် ၁ ဇွန်း
- ပါးပါးလှီး ထားတဲ့ငရုပ်သီးစိမ်း ၁ ဇွန်း
- သကြား ၁ ဇွန်းနဲ့ တဝက်
- ငါးငံပြာရည် ၁ ဇွန်း- ရေနွေး ၂ ဇွန်း
ထိုင်းအသားကင်ရောင်းတဲ့ဆိုင်တွေ
အချဥ်ရည် လုပ်တဲ့နည်းပါ။
အိမ်မှာ လုပ်စားကြည့်နော်.......
အာဆီယံအစည်းအဝေးပြင်ပ၌ ရူဘီယိုက ဝမ်ယိနှင့် တွေ့ဆုံမည်
ဝါရှင်တန်၊ ဇူလှိုင် ၁၁
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကွာလာလမ်ပူတွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေး၏ ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချိန်ဇယားအရ သိရကြောင်း စပွတ်နစ်/ အာရ်အိုင်အေ နိုဗောစ့်စတီ သတင်းဌာနများ က ဖော်ပြခဲ့သည်။
ယူအက်စ် နိုင်ငံခြားရေး ဝန်ကြီး ရူဘီယိုသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် တရုပ်ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီ နိုင်ငံခြားရေးရာ ကော်မရှင်ညွှန်ကြားရေးမှူး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ အချိန်ဇယား အရသိရသည်။
အစည်းအဝေးကို ဒေသစံတော်ချိန် ညနေ ၃ နာရီ (၀၇း၀၀ ဂရင်းနစ်စံတော်ချိန်)တွင် ကျင်းပမည်ဖြစ်သည်။
မိုးဆက်တိုက် ရွာသွန်းနေခြင်းကြောင့် မြဝတီမြို့ သောင်ရင်းမြစ်ရေမြင့်တက်လာ
မိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေမြင့်တက်လာပြီး ဆက်လက်မြင့်လာနိုင်မည့်အခြေအနေကို စောင့်ကြည့်နေဆဲဟု ဒေသခံလူမှုကယ်ဆယ်အသင်း တာဝန်ခံတစ်ဦးက ပြောသည်။
ယနေ့ ဇူလိုင် (၁၁) ရက်၊ နံနက် (၆) နာရီအချိန်၌ သောင်ရင်းမြစ်ရေသည် (၇၆၇) စင်တီမီတာအထက်သို့ ရောက်ရှိနေပြီး၊ မြဝတီမြို့၏ စိုးရိမ်ရေမှတ်သည် (၉၆၃) စင်တီမီတာသတ်မှတ်ထားကြောင်း ဆိုသည်။
"သောင်ရင်းမြစ်က အခုမိုးများတော့ တရှိန်ထိုးတက်လာတယ်။ စိုးရိမ်ရေမှတ်တော့ မရောက်သေးဘူး၊ မနေ့က ညနေပိုင်းတည်းက ရွာတဲ့မိုးက အခုထိရွာနေတုန်းဆိုတော့ စောင့်ကြည့်နေရတယ်"ဟု ၎င်းက ဆိုသည်။
လတ်တလော မြဝတီမြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြို့တွင်းလမ်းများပေါ်တွင် ရေတင်လျက်ရှိပြီး ယ င်းသည် သောင်ရင်းမြစ်ရေတက်ခြင်းနှင့် မသက်ဆိုင်ကြောင်း ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ တက်လာခြင်းကြောင့် နှစ်စဉ်ရေကြီးရေလျှံဖြစ်ပွားသည့် အ ခြေအနေမျိုး ကြုံတွေ့ရ လေ့ရှိသည့် မြို့ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အောင်မြင်မှုရရှိရေး စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရန် ဆွေးနွေး
လာမည့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအောင်မြင်မှုရရှိရေး စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရန် အမျိုးသမီးဘောလုံး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်က ပြောသည်။
ထို့ပြင် သက်တမ်းလိုက်အသင်းများဖြစ်သည့် ယူ-၁၉ နှင့် ယူ-၁၇ အမျိုးသမီးအသင်းများ အောင်မြင်မှုရရှိရေး စနစ်တကျ ပြင်ဆင်ဆောင်ရွက်ရေးလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်(၂၉) ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၆ အမျိုးသမီး အာရှဖလား ခြေစစ်ပွဲတွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စုတွင်း ပွဲစဉ်တွင် တစ်ပွဲရှုံး နှစ်ပွဲနိုင်ဖြင့် နှုတ်ထွက်ခဲ့ရသည်။


