ခေါင်း ပါသော်လည်း
ဦးနှောက် မပါသူတွေ
အများကြီး တွေ့နေရတယ်။
ရင်ဘတ် ပါသော်လည်း
နှလုံးသား မပါသူတွေ
အများကြီး တွေ့နေရတယ်။
အလင်းရောင်ထဲ နေပြီး
အမှောင်ကျ နေသူတွေ
အများကြီး တွေ့နေရတယ်။
မျက်လုံး ပါသော်လည်း
အမှန်ကို မမြင်တဲ့သူတွေ
အများကြီး တွေ့နေရတယ်။
တရားတွေ ကျင့်နေ ပါသော်လည်း
တရားမျှတမှုကို ကျောပေး နေသူတွေ
အများကြီး တွေ့နေရတယ်။
မေးတော့ မေးရမယ် ...
ကိုယ်ချင်းစာတရား ဆိုတာ ဘယ်မှာလဲပေါ့...။

image
19 w - Translate

Sky blue 🩵

#glamday

image

တကားလုံး tension အပြည့်နဲ့ကြည့်နေခဲ့ရပြီး ဇာတ်လမ်းရဲ့အဆုံးနား လောက်မှာမှ အရှေ့က build up လုပ်လာတဲ့ tension တွေကို mood အပြည့် ပွင့်ထွက်လာအောင် လုပ်ခဲ့တဲ့ ရုပ်ရှင်တွေရှိပါတယ် ဇာတ်လမ်း ဇာတ်ကောင်ကိုပိုနားလည်လေ feel ရလေ ဖြစ်တဲ့ ရုပ်ရှင်တွေပါ
ကြည့်တဲ့သူက ဇာတ်ကောင်နေရာဝင်ခံစားမိရင် ပိုဆိုးပါတယ်
! Spoilers Alert !
[Surprise]
Interstellar မှာ TARS ကို sacrifice မယ်မှန်းသိလို့ ဝမ်းနည်းနေကာမှ Cooper ကြီးကထလာပြီး detach လုပ်ဖို့ပြောတဲ့အခန်းက ကျတော်ရင်ဘက်အောင့်ပါတယ် (သူ့သမီးနဲ့စကားပြောလို့ ငိုတုန်းကတောင် အဲ့လောက်မဖြစ်ဘူး) စိတ်ထဲမှာ ‌respect ဖြစ်ရပြီး တချိန်ထဲမှာ ဒီဘဲကတော့စားပြီ ငါ့ကို surprise တိုက်ပီလို့ ဒေါသထွက် Amelia နဲ့အတူမျက်ရည်ဝဲခဲ့ရတာပါ
TARS ဟာသလုပ်ပြောသလို Newton's third law အရ
the only way humans have ever figured out of getting somewhere is to leave something behind.
[Moment]
Tenet မှာ Protagonist နဲ့အတူ ကျတော်တို့ အဲ့ဒီ key chain လေးကို Neil ရဲ့ ကျောပိုးအိတ်မှာတွေ့လိုက်ရတဲ့ အချိန်မှာ ဘာတွေဘယ်လိုဖြစ်နေလဲ အကုန်သဘောပေါက်သွားတဲ့ moment အပြင် Neil က သိသိရက်နဲ့ ဒီ Temporal Loop ကြီးအတွက် သူ့ role ကိုတာဝန်အပြည့်နဲ့ run နေတာမှန်းသိသွားတဲ့အချိန်က ရင်ဘက်အောင့်တဲ့အချိန်ပါ
အမှန်ပြောရရင် အဲ့အချိန်ထိ Robert Pattinson ဇာတ်ကောင်ကို အဖြည့်ခံလို့ပဲ ထင်ထားတာ တကယ်တမ်းမှာသူက quietly sacrifice လုပ်နေတာပါ protoganist နဲ့အတူတူ မျက်ရည်ထိန်းခဲ့ရပါတယ် အရေးထဲ Robert ကလဲ အဲ့အခန်းမှာ ‌ောက်ချောကြီးလုပ်ပြနေတ
[Snow]
Blade Runner 2049 က K ကို director က ဇာတ်လမ်းအလည်မှာ ကျတော်တို့နဲ့အတူ False hope ပေးခဲ့ပီးမှ ကြေကွဲအောင်လုပ်ခဲ့တယ် ဒါပေမယ့် K က အဆုံးထိ Deckard နဲ့သူ့သမီးအတွက်အကောင်းဆုံးလုပ်ပေးခဲ့ပြီး ရတဲ့ ဒဏ်ရာတွေနဲ့ပဲအဆုံးသတ်ခဲ့ပါတယ်
ဝမ်းနည်းစရာကောင်းတာက K ရဲ့ loneliness အပြင် သူ့ identity ကို fasle hope ဖြစ်ခဲ့တာနဲ့အတူ သူတခြားလမ်းတွေကို ရွေးလို့ရပေမယ့် လုပ်သင့်လုပ်ထိုက်တာကိုပဲ အနာခံ ရွေးချယ်သွားပြီး ဘာအသိအမှတ်မှအပြုမခံရပဲ အဆုံးသတ်သွားတာပါ
ကျတော့်အမြင်တော့ Ryan Gosling လောက် sad guy face ဘယ်သူမှမပေးနိုင်သေးပါဘူး ခုထိ ( La la land တို့ Drive တို့မှာလဲ အဲ့ကြေကွဲမျက်နှာပါပဲ)
[11]
All Quiet on the Western Front(2022) မှာ တကားလုံး ပထမကမ္ဘာစစ်ရဲ့ brutality ကို ရှယ်ရိုက်ပြထားတဲ့အတွက် Paul နောက်ဆုံးရှင်မယ်လို့ ကျတော်အစကတည်းကမထင်ပါဘူး ဒါပေမယ့် သူသေသွားတဲ့အချိန်က စစ်ပွဲရပ်ဖို့အချိန်နဲ့ မိနစ်ပိုင်းလေးပဲလိုတာကြောင့် တော်တော်စိတ်မကောင်းဖြစ်ရပါတယ်
ပိုဆိုးတာက ဂျာမန်ဗိုလ်ချုပ်က ၁၁ နာရီတိတိမှာ စစ်ပွဲရပ်မှာသိနေရက်နဲ့ အဲ့သည်အချိန်ထိအေးဆေးမစောင့်ပဲ
ပြင်သစ်တွေရဲ့ခံစစ်စခန်းကို အတင်းဝင်စီးခိုင်း သူ့မာန သူ့တဘို့တည်းကြည့်လို့ Paul တစ်ယောက် မသေသင့်ပဲသေခဲ့ရတာ စိတ်ထဲတော်တော်အဆင်မပြေပါ
ရင်ဘက်ကသေရာပါဒဏ်ရာနဲ့ သူ့နောက်ဆုံးသေခါနီးလေးမှာ ကတုတ်ကျင်းထဲကနေ အလင်းရှိတဲ့ဘက် လျှောက်လာတဲ့ moment ဟာ ကျတော်ဘယ်တော့မှ မမေ့ပါဘူး

image
19 w - Translate

စိုးရိမ်ရတဲ့ကျန်းမာရေးအခြေအနေကြောင့် တတိယနိုင်ငံတော်မှာ အရေးပေါ်ဆေးရုံတင်ပြီး ကုသမှုခံယူနေရတဲ့ သရုပ်ဆောင်ကိုပေါက်….

image

Pirates Of The Caribbean ရုပ်ရှင်သစ်နဲ့ပတ်သက်လို့ ကျွန်တော်တို့နောက်ဆုံးရရှိခဲ့တဲ့သတင်းဟာ ၂၀၂၄ ဒီဇင်ဘာတုန်းကပါ..အဲ့ဒီတုန်းကဆိုရင် ထုတ်လုပ်သူ Jerry Bruckheimer အနေနဲ့ Pirates Of The Caribbean ရုပ်ရှင်သစ်မှာ ဇာတ်ညွှန်း ၂ ခုရှိနေကြောင်း အတည်ပြုခဲ့ပါတယ်..ပထမတစ်ခုက Johnny Depp ကို ပြန်ခေါ်နိုင်မဲ့ဇာတ်ညွှန်းဖြစ်ပြီး နောက်တစ်ခုကတော့ ဦးတည်ချက်နောက်တစ်မျိုးနဲ့ရှေ့ဆက်ရနိုင်မဲ့ ဇာတ်ညွှန်းမျိုးပဲဖြစ်ပါတယ်။
Pirates Of The Caribbean ရုပ်ရှင်တွေမှာ မင်းသားကြီး Johnny Depp အနေနဲ့ Captain Jack Sparrow ဇာတ်ကောင်အဖြစ် အမြဲတစေပုံသေပါဝင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်သမိုင်းရဲ့ Iconic အဖြစ်ဆုံးဇာတ်ကောင်တွေထဲကတစ်ဦးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်..သို့သော် Johnny Depp နဲ့ ဇနီးဟောင်းဖြစ်သူ Amber Heard တို့ရဲ့ လင်မယားချင်းခွါပြဲမှုမှာ Johnny Depp ရဲ့အပြုအမူတွေကြောင့် ဆက်လက်လက်တွဲဖို့မဖြစ်နိုင်တော့ဘူးဟု အလျင်စလိုကောက်ချက်ချကာ ရုပ်ရှင်စတူဒီယိုကြီးများက ထုတ်ပယ်ခဲ့ကြပါတယ်..ဒါကြောင့်ပဲ Disney ရဲ့ Pirates Of The Caribbean အပြင် Warner Bros. ရဲ့ Fantastic Beasts တို့မှာ ဆက်လက်ပါဝင်ခွင့်မရခဲ့ပါဘူး။
အချိန်ကာလသိပ်မကြာလိုက်ပဲ Johnny Depp ဘက်ကလည်း အသရေဖျက်မှုနဲ့တရားပြန်ရင်ဆိုင်ခဲ့သလို သက်သေများနဲ့အတူပြန်လည်အနိုင်ရရှိခဲ့တာကြောင့် စတူဒီယိုကြီးတွေရဲ့ဆုံးဖြတ်ချက်ဟာ ကိုယ့်ရှုးကိုယ်ပတ်မိသလိုဖြစ်ခဲ့ရပါတော့တယ်..အထူးသဖြင့် Disney ရဲ့ Pirates Of The Caribbean ရုပ်ရှင်သစ်အနေနဲ့ အစီအစဉ်ရှိနေခဲ့တာကြာမြင့်နေခဲ့ပေမဲ့ ရှေ့ဆက်တိုးဖို့ စုပ်လည်းစူး စားလည်းရူးအခြေအနေဖြစ်ခဲ့ရပါတယ်..အထူးသဖြင့် Johnny Depp အနေနဲ့ သူ့အပေါ် အလျင်စလိုတုံ့ပြန်ခဲ့တဲ့သူတွေနဲ့ ငွေကြေးတွေအများကြီးပုံပေးရင်တောင် ပြန်လက်မတွဲဘူးလို့ပြောခဲ့တာကြောင့်ပါပဲ။
အခုနောက်ဆုံးကြားသိထားရတဲ့ The Disinsider ရဲ့ အတွင်းသတင်းအရ Disney ဟာ Johnny Depp အား အတော်လေးကိုအောက်ကျို့တောင်းပန်ခဲ့ပုံပါပဲ..လာမည့် Pirates Of The Caribbean ရုပ်ရှင်မှာ Johnny Depp ကိုမရမကပြန်ခေါ်ကာ Johnny ပြန်လာခွင့်ရှိတဲ့ ဇာတ်ညွှန်းကိုသာ ဆက်လက်ပုံသွင်းသွားဖို့ရှိနေတာပဲဖြစ်ပါတယ်..ဒါတင်မက ထုတ်လုပ်ရေးလည်း မကြာခင်စတင်နိုင်တယ်လို့သိရပါတယ်။
ဟိုးအရင်တုန်းက ကောလဟာလတွေအရတော့ Pirates Of The Caribbean ရုပ်ရှင်သစ်မှာ အမျိုးသမီးဦးဆောင်တဲ့ဇာတ်လမ်းနဲ့ Reboot ဇာတ်လမ်းဆိုပြီးသိခဲ့ရတာမျိုးတော့ရှိပါတယ်..ဒါပေမဲ့ Johnny ပြန်လာနိုင်တာ ဘယ်ဇာတ်ညွှန်းလဲတော့ အသေးစိပ်မသိရသေးပါဘူး..လောလောဆယ်မှာ ကောလဟာလအဆင့်လောက်သာရှိသေးတာမို့ တရားဝင်ကြေညာချက်တွေကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
ပရိတ်သတ်ကြီးရော Johnny ပြန်လာသင့်တယ်လို့ထင်ပါသလား..ကျွန်တော့်အတွက်ကတော့ သူမပါပဲရှေ့ဆက်ပြီး အရသာမရှိတဲ့ပင်လယ်ဓားပြတွေကိုကြည့်နေရတာထက်စာရင် Johnny နဲ့ Pirates Of The Caribbean ကိုတွဲမြင်ရတာ ပိုကျေနပ်မိမှာပါ..မပါရင်တော့ ဆက်မထုတ်တာအကောင်းဆုံးပါပဲ။

image
19 w - Translate

ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားတဲ့ ဟိုက်ဒရိုဂျင် ကား
============================
ဟိုက်ဒရိုဂျင် ကားတွေဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိဘဲ ရေကိုပဲ စွန့်ထုတ်ပါတယ်။ အဲဒီအတွက် ဟိုက်ဒရိုဂျင် ကားနည်းပညာဟာ လူသားတွေအတွက် များစွာ အကျိုးပြုလာမှာ ဖြစ်ပါတယ်။
အခုတော့ H2Rescue ထရပ်ကားဟာ ဟိုက်ဒရိုဂျင် တိုင်ကီ တစ်လုံးထဲနဲ့ ၁,၈၀၆ မိုင် (၂,၉၀၆ ကီလိုမီတာ)ကို မောင်းနှင်ပြီး ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားပါတယ်။ တစ်နာရီကို ၅၀ ကနေ ၅၅ မိုင် ( ၈၀ ကနေ ၈၉ ကီလိုမီတာ) အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။
လောင်စာဆီ ကားတွေနဲ့ ယှဉ်ရင် ကာဘွန်ဒိုင်အောက်ဆိုက် 664 lbs (301 kg) လျှော့ချပေးနိုင်ပါတယ်။ နှစ်စဉ် လောင်စာဆီ ၁,၈၂၅ ဂါလန်ကို လျှော့ချပေးနိုင်ပါတယ်။ ထရပ်ကားမှာ 175 kg (386 lb) တိုင်ကီထဲမှာ 168 kg (370 lb) ဟိုက်ဒရိုဂျင်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် ထပ်ဖြည့်စရာ မလိုဘဲ ၇၂ နာရီကြာ မောင်းနှင်နိုင်ပါတယ်။
အဲဒီကားကို DOE ရဲ့ အကူအညီနဲ့ Accelera (Cummins) က တည်ဆောက်ထားတာ ဖြစ်ပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ အရေးပေါ် အခြေအနေတွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

image
19 w - Translate

ပါချုပ်ဆရာတော်ဘုရားကြီးကို မိသားစုလိုက် ဖူးမြော်ခွင့်ရခဲ့တဲ့ ရွှေထူးတို့ ဇနီးမောင်နှံ 🙏🙏🙏

သူတို့ဇနီးမောင်နှံကတော့ ကျောင်းထိုင်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးနဲ့ ပါချုပ်ဆရာတော်ကို ဖူးမြော်ခွင့်ရခဲ့တာလို့ဆိုပါတယ်။ ပါချုပ်ဆရာတော်ဘုရားကြီးဟာ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူတွေရဲ့ ကြည်ညိုလေးစားမှုခံရတဲ့ ဆရာတော်တစ်ပါးပါ။ ဆရာတော့်ကိုဖူးမြော်ခွင့်ရဖို့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဆန္ဒတွေလည်းဖြစ်ပါတယ်။ ရွှေနှစ်ရွှေကတော့ ဆရာတော်ဘုရားကြီးကို ကြည်ညိုဖူးမြော်လိုက်ရလို့ ဝမ်းသာပီတိဖြစ်နေကြတာပါ။

#celenews

image
19 w - Translate

ဆွမ်းခံကြွတဲ့ ဆရာလေးတွေ အထူးသတိထားရမယ့် အဖြစ် (အရမ်း စိုးရိမ်ဖို့ ကောင်းပါတယ်၊ မန္တလေးမှာ ဖြစ်သွားတာပါ)
ပြီးခဲ့တဲ့ အဖိတ်နေ့ မန္တ​လေးဖြစ်စဉ်၊ ဖြစ်ပုံက ဒီလို သီလရှင်ကလေး ၃ ပါးကို ဒကာတယောက်က ဆရာလေး ဆရာလေးဆိုပြီး လှမ်းခေါ်တယ်။ ပိုက်ဆံ လှူချင်လို့ပါဆိုပြီး အနားရောက်တာနဲ့ တို့‌ေ-ဆးတို့ကာ ပီနံအိတ်ထဲ ဝင်ခိုင်းတယ်။ ကလေး၃ ပါးလုံးက ‌ေ-ဆးအတို့ခံရပြီဆိုတော့ ဘာမှမသိတော့ဘူး ခုန်ပြီးတောင် ဝင်လိုက်သေးတယ်ဆိုပဲ။
နောက်ဆုံးအကြီးလေးတပါး ဝင်မယ်လုပ်ရော၊ ကံကောင်းချင်တော့ ဟိုးအဝေးက ဒကာမတယောက်က သတိထားမိသွားတယ်။ ထူးဆန်းတယ်ပေါ့။ ဆရာလေးတွေ ပီနံအိတ်ထဲ ဝင်ခိုင်းတယ်ဆိုပြီး ကြံမိကြံရာ တွေးပြီး ဆရာလေးဆိုပြီး လှမ်းခေါ်တယ်။ တပည့်တော် ဆန်လောင်းမလို့ပါဆို ဘာလို့ မစောင့်တာလဲလို့ လှမ်းအော်မှ ဟိုတို့‌ေ-ဆးသမားတွေလည်း အိုးဝေအတင်းမောင်းပြေးကြတယ်။
ဒကာမကြီးလည်း က‌ေ-လးတွေအိမ်ခေါ် သံပရာရည်ကပ် သတိလည်အောင် လုပ်ပြီးမှတော့ တပါး ၅ ထောင်လှူမယ် ဒီနေ့တော့ ကျောင်းပြန်လိုက်တော့ဆိုပြီး လိုက်ပို့လိုက်တယ်တဲ့။ ဆရာလေးတွေ မပေါ့ဆဖို့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေမှာ တာဝန်ရှိလာပါတယ်။
ကလေးတွေချည်း သီးသန့်ဆို မလွှတ်သင့်ပါ၊ တန်းဆွမ်းကြွတာက လုံခြုံမှုရှိပါတယ်။ အကြီးတပါးပါး မပါဘဲ အလှူမခံခိုင်းသင့်ကြောင်းပါ။ ဆရာလေး ၃ ပါး ပါသွားကြည့်ပါက နောက်ဆက်တွဲပြဿနာ မတွေးရဲစရာ အားလုံးသတိထားနိုင်ကြစေဖို့ မျှဝေခြင်းဖြစ်၏။

image

蒲甘 (ပုဂံမြေ)

image

蒲甘 (ပုဂံမြေ)

image