27 ပတ် - ဘာသာပြန်ပါ။

ဒီနေ့မနက် ခရမ်းသီးအစာသိပ်နှပ် ဘဲဥပဲတောင့်ရှည်ကြော်
သပြုသီးငါးချဥ်ရည်ဟင်းပါ
ခရမ်းသီးဘေးကြားသီး ၅ လုံးက ၅၀၀ ကျပ်ပါ
ခရမ်းသီးကိုရေဆေးပြီးထိပ်နားထိမပြတ်အောင်လေးစိတ်လှီးပြီအလယ်သားကိုနဲနဲလှီး
ထုက်ကာသေးသေးပြန်လှီး
ထားပါ
ကြက်သွန်နီဥကြီးတလုံးကိုစင်းလှီးပြီးဆုံထဲထည့်ပါ
ခရမ်းသီးအလယ်သားလှီးထားတာထည့်ပါ ဟင်းခတ်ဇွန်းနှင့်ပုဇွန်ခြောက်မှုန် ၂ ဇွန်း
ထည့်ပါ စိမ်းစားငပိဇွန်းတဝက်
ထည့်ပါ ငရုတ်သီးအစိမ်းမှုန့်
ဇွန်းတဝက်ထည့်ပါဆားအချိုမှုန့်နနွင်းမှုန့်နဲနဲထည့်ပါ
ကုလားလေးမဆလာ ၂ ထုပ်
ဖေါက်ထည့်ပါ ညက်ညက်ထောင်းပြီးဒယ်အိုးတခုမှာ
ဆီနဲနဲထည့်ပြီးမွှေးလာအောင်
ဆီသပ်ပါ ပြီးရင်ခရမ်းသီးလှီးထားတဲ့ကြားကိုအစာဇွန်းနှင့်ခပ်ထည့်ပြီညှစ်ပါ ဒယ်အိုး
တလုံးမှာစီထည့်ပါ ဆုံဆေးရေကိုခရမ်းသီးတဝက်မြုပ်အောင်ထည့်ပါ ဆီနဲနဲ ရွှေလှေငံပြာရည်နဲနဲထည့်ပြီးအဖုံးပိတ်ပြီးဆူအောင်တည်ထားပါ
ခရမ်းသီးနွှမ်းလာရင်တဖက်စီလှန်ပေးပါ ရေခန်းခါနီးရင်အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်မီးကိုလျော့
ပြီးနှပ်ထားပါ
ရေခန်းဆီပြန်ရင်ခရမ်းသီးနှပ်ရပါပြီး မော်လမြိုင်ဘက်ကချက်လေ့ရှိတဲ့ခရမ်းသီးအစာသိပ်နှပ်ပါပဲ
ပဲတောင့်ရှည်ကိုရေဆေးပြီးလက်နှစ်ဆစ်ခန့်စီလှီးထားပါ ကြက်သွန်နီတဥကိုပါးပါးလှီးပြီးဒယ်အိုးတခုမှာထည့်ပါ နနွင်းမှုန့်နဲနဲထည့်ကာဆီသင်ရုံ
ထည့်ပြီးအနံ့မွှေးလာအောင်ဆီသပ်ပါ ပဲတောင့်ရှည်လှီးထားတာထည့်ပါ မွှေပေးပါ
ရွှေလှေငံပြာရည်အချိုမှုန့်နဲနဲ
ထည့်ပါ မွှေပေးပါ ပဲတောင့်
ရှည်နွှမ်းရင်ဘဲဥတလုံးကို
ဖေါက်ထည့်ပြီးမွှေပေးပါ
ဆီပြန်လာအောင်မွှေပေးပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ဘဲဥပဲတောင့်
ရှည်ကြော်ရပါပြီ
သပြုသီးအဖတ်ပြုတ်ထားတာကိုအိုးတလုံးမှာထည့်ပြီးချေကာရေချိန်ဆ
ထည့်ပြီးဆူအောင်တည်ထားပါ ငပိစိမ်းစားနဲနဲထည့်ပါ
ကြက်သွန်နီ ၂ ဥ စင်းလှီးထည့်ပါ ဆီကိုဟင်းခတ်ဇွန်းတဝက်ထည့်ပါငါးကြင်းပြုတ်ထားတာရှိလို့ဟင်းအခတ်ထည့်ပါတယ်
စပါးလင်တချောင်းကိုထုပြီးစည်းထည့်ပါ ဆားအချိုမှုန့်
ရွှေလှေငံပြာရည်ထည့်ပါ
ငရုတ်သီးစိမ်းကြက်သွန်ဖြူထောင်းပြီးထည့်ပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရှမ်းနံနံကိုရေဆေးပြီးဖြတ်ထည့်ပါ
သပြုသီးငါးချဥ်ရည်ဟင်းရပါပြီး မွန်ဒေသကချက်တဲ့သပြုသီးငါးမွန်ဟင်းပါပဲ
အရည်ကကိုယ့်စိတ်ကြိုက်
ထည့်လို့ရပါတယ်
စားကောင်းကြပါစေ

image
27 ပတ် - ဘာသာပြန်ပါ။

The Amazing Maurice (2022)
=======================

IMDb Rating – 6.4/10


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/151
https://t.me/smith224560/151

image
27 ပတ် - ဘာသာပြန်ပါ။

Ice Age: Collision Course (2016)[G]


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/155?single
https://t.me/smith224560/155?single

image
27 ပတ် - ဘာသာပြန်ပါ။

The Ice Age Adventures of Buck Wild (2022)
Adventure/ Comedy (IMDb - 4.9)


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/159?single
https://t.me/smith224560/159?single

image
27 ပတ် - ဘာသာပြန်ပါ။

💎 အာလူးထောင်း 💎 ( သက်သက်လွတ် )
*********************
အာလူးကို ပြုတ်ပီးထောင်းထားပါ။
ငရုတ်သီး အကြတ်မှုန့်ကြော်ထားပါ။
ကြက်သွန်ဖြူကို ကြိတ်၍ကြော်ထားပါ။
နံနံပင် လှီးထားပါ။

______________________________________________________

ထောင်းထားတဲ့ အာလူးထဲကို
ကြက်သွန်ဖြူကြော်ထားတဲ့ဆီထည့်ပါ။
ငရုတ်သီးကြော်ထားတဲ့ ဆီထည့်ပါ။
ဆား,အရသာမှုန့်ထည့်ပါ။
နံနံပင်ထည့်ပါ။

အားလုံးထည့်ပီးလျှင်နယ်လိုက်ပါ။

နယ်ပီးသား အာလူးထောင်းပေါ်
နံနံပင်, ငရုတ်သီးကြော်, ကြက်သွန်ဖြူဆီချက်လေးပုံ၍စားပါ။

ထောပတ်နံ့ကြိုက်ရင် ထည့်နယ်လို့ရပါတယ်။
ကျမ ကတော့ မကြိုက်လို့ မထည့်ပါဘူး။

image
27 ပတ် - ဘာသာပြန်ပါ။

မျှစ်ဟင်း
*******
ကြက်သွန်ဖြူ/နီထောင်း၍ ဆီသတ်ပီး ပျော့လာရင်
ငရုတ်သီး အကြမ်းဖပ်ထည့်၍ ရွလာတဲ့အခါ
မျှစ်ထည့်မွှေပါ။
မကျီးရည်,ဆား,အရသာမှုန့်,သကြားနဲနဲ ထည့်မွှေပါ။
နံနံပင်,ငရုတ်သီးစိမ်းအုပ်ပီး အိုးချစားသုံးပါ။

ဒါကတော့ သက်သက်လွတ်ဟင်းပါ။

တစ်ကယ်လို့ပုစွန်ငါးပိ, ပုစွန်ခြောက်မှုန့် ထည့်လည်း
စားကောင်းပါတယ်။ See less

image
27 ပတ် - ဘာသာပြန်ပါ။

ပုစွန် နဲ့ မကျီးသီးစိမ်းကြော်
**************************
ကြက်သွန်ဖြူ/နီ ကို ပျော့လာအောင် ဆီသတ်ပီးရင်
ထောင်းထားတဲ့ ပုစွန်ထည့်မွှေပါ။
ပုစွန်ကျက်ရင် မကျီးသိမ်းစိမ်းထည့်မွှေပီး
ရေ ၂ ဖန်ခွက်ထည့်၍ ရေခန်းအောင်တည်ပီးရင်
အရသာမှုန့်,ပုစွန်ငါးပိ,ငံပြာရည်,ငရုတ်သီးစိမ်းတောင့်ထည့်ပီး
ရေ ၂ ဖန်ခွက် ထပ်ထည့်တည်ပါ။
ရေအတော်ခန်းပါမှ လှော်ထားတဲ့ ပုစွန်ထည့်မွှေပါ။
ဆီပျံလာရင် ရပါပီ။

_________________________________________________

ပါဝင်ပစ္စည်းများ
**************
မကျီးသီးစိမ်း,ငရုတ်သီးစိမ်း,ကြက်သွန်ဖြူ/နီ
ပုစွန်ငါးပိ,ပုဇွန်ကြော့
ဆီ,အရသာမှုန့်,ငံပြာရည်

_________________________________________________

ပြင်ဆင်ထားရန်
**************
မကျီးသီးစိမ်းကို ညက်နေအောင် ထောင်းထားပါ။ငရုတ်သီးစိမ်း အညှာချွေထားပါ။
ကြက်သွန်ဖြူ ကြိတ်ထားပါ။
ကြက်သွန်နီ ပါးပါးလှီးထားပါ။
ပုစွန်ငါးပိ ကွမ်းသီး ၂ လုံးစာ
ပုဇွန်ကြော့ ၁၀ သားက်ို အခွံနွှာပီး ထောင်းထားပါ။
ပုဇွန်ကြော့ ၁၀ သားကို အခွံနွှာပီး လှော်ထားပါ။
အရသာမှုန့်,ငံပြာရည် မိမိနှစ်သက်သလို ချိန်ဆထည့်ပါ။
ဆီကလည်း မိမိနှစ်သက်သလောက်ထည့်ပါ။

_________________________________________________

ပုစွန်ခြောက်နဲ့ ကြော်တာ တင်ပီးပီမို့
ပုစွန်စိမ်းနဲ့ကြော်တာ ထပ်တင်ပေးလိုက်တာပါ။

မကျီးသီးစိမ်းရဲ့ စိမ်းဖန့်ဖန့် အရောင်ကိုလိုချင်တာမို့
ကျမ ငရုတ်သီး အစိမ်းမှုန့် သုံးမထားပါဘူး။

ပဲခူး ဒေါ်ထွေးရီ

image
27 ပတ် - ဘာသာပြန်ပါ။

Ainbo: Spirit of the Amazon (2021)



အမေဇုန်တောထဲမှာရှိတဲ့ ကန်ဒါမိုရွာလေးဟာ အစာရေစာရှားပါးလာမှုနဲ့ ရောဂါဘယတွေကို ခံစားလာရပါတယ်

(အင်ဘို) ဆိုတဲ့ ကလေးမလေးကတော့ ကိုယ်စောင့်နတ်တွေကို မြင်တွေ့နိုင်စွမ်းရှိပြီး သစ်ပင်နဲ့လည်း စကားပြောတတ်တာကြောင့် ရွာထဲမှာ အများနဲ့မတူဘဲ ထူးခြားနေသူလေးပါ သူမကြောင့်ဘဲ ရွာဟာ ကျိန်စာသင့်နေရတာလို အများစုဟာ လက်ခံယုံကြည်ထားကြပါတယ်

တစ်နေ့မှာတော့ ကိုယ်စောင့်နတ်တွေဟာ ကန်ဒါမိုရွာကို ကယ်တင်ဖိုနဲ့ မိစ္ဆာကြီး ကိုရိုနာ ကို ချေမှုန်းဖိုအတွက် အင်ဘို ကို အကူအညီပေးဖို ရောက်လာကြပါတယ်

အင်ဘိုနဲ့ကိုယ်စောင့်နတ်တွေဟာ ကိုရိုနာမိစ္ဆာကြီးကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ကန်ဒါမိုရွာလေးကို ဒုက္ခတွင်းထဲကနေ ဘယ်လိုကယ်ထုတ်မလဲဆိုတာကို ဟာသနှောပြီး စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးပုံဖော်ထားတဲ့ ကာတွန်းကားဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/195?single
https://t.me/smith224560/195?single

image
27 ပတ် - ဘာသာပြန်ပါ။

Strange Magic (mmsub)


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/198?single
https://t.me/smith224560/198?single

image
27 ပတ် - ဘာသာပြန်ပါ။

ဗုံတီးသမားလေးဖြစ်ချင်တဲ့ ကိုယုန်လေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

Hop (မြန်မာစာတန်းထိုး)

Easter ပွဲတော်ကိုမြန်မာနိုင်ငံမှာသိပ်မသိကြပေမယ့် Easter ဟာခရစ်ဟန်လူမျိုးတွေအတွက် ကြီးကျယ်တဲ့Holidayတစ်ခုပဲဖြစ်ပါတယ်။ Easter morningရောက်ပြီဆိုရင် Easter Bunny လေးတွေက ချော့ကလက်လေးတွေ ကြက်ဥပြုတ်လေးတွေပေါ်မှာပုံဆွဲပြီး ကလေးတွေလိုက်ရှာဖိုအတွက် တစ်အိမ်လုံးပတ်ပြီးဝှက်ကြတယ်လိုတော့ သိထားကြလိမ့်မယ်ထင်ပါတယ်။
Hop ရုပ်ရှင်ဟာ Easter ကိုအခြေပြုပြီးရိုက်ထားတဲ့က‌ေလးကြိုက်ကာတွန်းလို‌ေပြာပေမယ့် တကယ့်ကို လေးနက်တဲ့ရုပ်ရှင်တစ်ခုလိုလည်းပြောလိုရပါတယ်။

Whatever you are, don’t give up on your dreams. Nothing is impossible. စတဲ့ moral လေးတွေကို ဟာသလေးတွေနဲ့ရောပြီး ဖော်ပြသွားတာဟာ ကလေးရောလူကြီးပါ motivated ဖြစ်စေပါတယ်။ Hop ရုပ်ရှင်ဇာတ်ကားကိုတော့ personally recommend လုပ်ချင်ပါတယ်။ ငယ်ငယ်ထဲကကြည့်ခဲ့ပေမယ့် ဘယ်အရွယ်ရောက်ရောက် ဘယ်အချိန်ပြန်ကြည့်ကြည့် ရိုးမသွား ပျင်းမသွားတဲ့ရုပ်ရှင်ပဲမို ဒီဇာတ်ကားကိုကြည့်ကြပါ

ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/200?single
https://t.me/smith224560/200?single

image