27 ပတ် - ဘာသာပြန်ပါ။

ဖားကန့် မှော်စီစာမှာ တိုက်ပွဲဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရသူရှိသလို ပိတ်မိနေသူအများအပြားရှိနေ

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊မှော်စီစာရွာမှာ နစက တပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအကြား ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်အတွင်းပိတ်မိနေသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီနေ့ ဇွန်လ ၁၇ ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး မှော်စီစာရွာ ဘုရားကုန်းမှာတပ်စွဲထားတဲ့ နစက တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ကြောင်း ၊ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုရှိနေပြီး တိုက်ပွဲအကြားမှာ ကုဋေရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးအပါ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
" ကုဋေရွာထဲလူနေအိမ်ပေါ်ကျတာပါ။မိသားစုသုံးယောက်ထိပါတယ်။ ၉နာရီခွဲလောက်က လက်နက်ကြီးကျတာပါ။ တိုက်ပွဲကအခုထိဖြစ်နေတုန်းပဲ။ " လို့ ဒေသခံကပြောပါတယ်။
ကုဋေရွာအပြင် မှော်စီစာရွာထဲကိုလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေရှိနေပြီး လူနေအိမ်တွေ ပျက်စီးမှုရှိသလို လူထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့သိရပါတယ်။
တိုက်ပွဲကြောင့် မှော်စီစာ၊ မှော်ဝမ်းလေး အပါစတဲ့နေရာအချို့မှာ နေအိမ်ကနေထွက်ဖို့
အဆင်မပြေတော့တဲ့အတွက် ပိတ်မိနေကြတဲ့ ဒေသခံတွေအများအပြားရှိနေတယ်လို့သိရပါတယ်။
"လူတွေအကုန်ပိတ်မိနေတယ်။ပိတ်မိလို့အခုပြန်ထွက်တဲ့သူကထွက်​နေတယ်။ကျွန်တော်ကတော့ဘေးကင်းရာကိုရောက်ပြီ ။ တိုက်ပွဲကခုထိ ဖြစ်နေတုန်းပဲ။အခုက ​မှော်စီစာဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်တပ်နဲ့ KIA တို့အပြန်အလှန်ဖြစ်နေတဲ့အခြေအနေပေါ့။" လို့ တိုက်ပွဲအတွင်းပိတ်မိရာမှ ထွက်နိုင်ခဲ့တဲ့ လုံးခင်းဒေသခံကပြောပါတယ်။
တိုက်ပွဲက မှော်စီစာအပြင် မှော်ဝမ်းကြီး ၊မှော်ဝမ်းလေးဘက်မှာလည်း လက်နက်ကြီးပစ်ခတ်သံအချို့ ကြားနေရဆဲဖြစ်တာကြောင့် တိုက်ပွဲပိုပြီးပြင်းထန်လာမှာကိုစိုးရိမ်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေက ဖားကန့်မြို့ပေါ်အထိ တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။
" မှော်ဝမ်းကြီးကတော့ အကုန်မရှိသလောက်ရှောင်ကုန်ကြပြီ။မှော်ဝမ်းလေးမှာတော့ ကျန်နေသေးတယ်။စစ်ရှောင်ပြီးတဲ့သူတွေကလည်း အခုဖားကန့်မြို့ပေါ်ကိုထပ်ရွှေ့နေကြတယ်။ဖားကန့်မြို့ပေါ်မှာ စစ်ရှောင်တွေအပြည့်ပဲ။" လို့ မှော်ဝမ်းကြီး ဒေသခံကပြောပါတယ်။
မှော်ဝမ်းကြီး ၊မှော်ဝမ်းလေး ရွာတွေမှာ မနေ့ကဇွန် ၁၆ ရက်နေ့က နစက စစ်ကြောင်းနဲ့ KIA တပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာလုံးကျွတ်စစ်ဘေးရှာင်ကြရတာဖြစ်တယ်လို့သိရပါတယ်။
ဒီနေ့ဇွန် ၁၇ ရက်နေ့မနက်ပိုင်းမှာ ဖားကန့် ၊ လုံးခင်း အုပ်စု ၊ယူမာ ၊ ဆိုင်းတောင်လမ်းမှာ အမျိုးသားတယောက် ပစ်သတ်ခံထားရတယ်လို့လည်းသိရပါတယ်။
ဖားကန့်မှာ ဇွန် ၁၂ ရက်ကနေ ဇွန် ၁၇ ရက်အတွင်းကလည်း အမျိုးသား ခုနှစ်ယောက်အထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

imageimage

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားပြီး လေယာဉ်ခရီးစဉ် ဒါဇင်များစွာ ဖျက်သိမ်း
ဂျကာတာ၊ ဇွန်-၁၈-၂၀၂၅
ရတီ(VOM)
အင်ဒိုနီးရှားနိုင်ငံမှာ လီဝိုတိုဘီ လာကီလာကီ မီးတောင်ဟာ ပြီးခဲ့တဲ့နေ့က ကောင်းကင်ယံကို ၁၁ ကီလိုမီတာထိ မီးတောင်ပြာတွေ မှုတ်ထုတ်ပြီးနောက် မီးတောင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီမီးတောင်ဟာ ဒေသစံတော်ချိန် ၅ နာရီ ၃၆ မိနစ်မှာ ပေါက်ကွဲခဲ့ပြီး ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ ဖလော်ရက်စ်ကျွန်းမှာ မီးတောင်ပြာတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ခဲ့တယ်လို့ အင်ဒိုနီးရှားမီးတောင် အေဂျင်စီက ပြောပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် ဘာလီကျွန်းကို အသွားအပြန်လေယာဉ်ခရီးစဉ် နှစ်ဒါဇင်ထက်မနည်းကို ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံတကာ လေဆိပ်ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ ဂျက်စတား၊ ဗာဂျင်ဩစတြေးလျ၊ အိန္ဒိယလေကြောင်းလိုင်း၊ နယူးဇီလန်လေကြောင်းလိုင်းတို့လည်း ပျံသန်းမှုတွေ ရပ်ဆိုင်းထားပါတယ်။
မီးတောင်နဲ့ ၇ ကီလိုမီတာဝန်းကျင်မှာ သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့နဲ့ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။ ကျေးရွာတရွာမှ ဒေသခံတွေကို ဘေးလွတ်ရာ ရွေ့ပြောင်းထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးတောင်လှုပ်ရှားမှုကို ပြသနေတဲ့ မြေပြင်တုန်ခါမှုတွေ ရှိနေဆဲဖြစ်တာကြောင့် ဘေးကင်းတဲ့နေရာတွေကို ရွေ့ပြောင်းဖို့ ဝန်းကျင်ဒေသခံတွေကိုပါ တိုက်တွန်းထားပါတယ်။ မီးတောင်ဟာ ပြီးခဲ့တဲ့ မေလက နောက်ဆုံး ပေါက်ကွဲခဲ့ပါတယ်။
၁၅၈၄ ကီလိုမီတာတဲ့ အဲဒီမီးတောင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း အကြိမ်ကြိမ်ပေါက်ကွဲခဲ့ပြီး လူကိုးယောက်သေဆုံးခဲ့ကာ လူထောင်နဲ့ချီပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပါတယ်။ မီးတောင်ပြာတွေကြောင့် လေယာဉ်ပျံသန်းမှုတွေကိုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။
Ref:BBC

image
27 ပတ် - ဘာသာပြန်ပါ။

Wall E (2008 )

အညွှန်း* 🔽🔽🔽

ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလိုပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ…
ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ…
ကမ္ဘာကျော် Animation ကုမ္မဏီတွေက

နှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့
Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်..ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ်
ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန်ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင်ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့Animated Film တစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ်ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ကားမျိုး က လက်ချိုးရေလိုရပါတယ်။အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်..
IMDb မှာ Rating က 8.5/10 ထိရရှိထားပါတယ်။ဆက်လက်ခံစားကြည့်ရှုကြပါ။

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/251
https://t.me/Bhone2312/251

image
27 ပတ် - ဘာသာပြန်ပါ။

F_l-a_v-o_r-s o_f Y_o-u_t-h (2018)

အညွှန်း* 🔽🔽🔽

ဒီကားလေးကတော့ Your name ရဲ့ Creator လိုပြောလိုရတဲ့သူရဲ့ လက်ရာလေးတစ်ခုဖြစ်တာမို မကောင်းမှာကို စိတ်ပူနေစရာမလိုပါဘူး။ဒီကားလေးဟာ လူငယ်တွေအများဆုံး ကြည့်သင့်တဲ့ကားလေးတစ်ကားပါဒီကားလေးက တစ်ကယ်ကို လက်တွေ့ဘဝမှာ ဖြစ်နေတဲ့ အရာတွေကို ဖော်ပြတဲ့ ကားလေးတစ်ကားဖြစ်တာကြောင့် တစ်ချိူအခန်းလေးတွေဆို ကြည့်ရှုသူတွေရဲ့အတွေ့အကြုံ ခံစားချက်နဲ့ ကိုက်ညီနေပါလိမ့်မယ်။ဒီဇာတ်လမ်းထဲမှာ ဘဝရဲ့ နောင်တရစရာ​တွေ ဆုံးရှုးမှုတွေက ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုပေမဲ့ အချိန်တစ်ခုရောက်တဲ့အခါ အရာအားလုံးက အဆင်ပြေသွားမယ်ဆိုတဲ့ အကြောင်းကို မတူတဲ့ ဇာတ်လမ်းလေးသုံးခုနဲ့ ဖော်ညွှန်းထားပါလိမ့်မယ်။Animation လည်းအရမ်းလှ​ပပြီး အရမ်းကိုကြည့်လိုကောင်းတာကြောင့် မသေခင်အချိန်လေး ဒီကားလေးကို ကြည့်ဖြစ်အောင်ကြည့်သွားကြပါဗျ


#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/253
https://t.me/Bhone2312/253

image
27 ပတ် - ဘာသာပြန်ပါ။

R_i-o (2011,2014 )

အညွှန်း* 🔽🔽🔽

ဘလူးလိုခေါ်တဲ့ အပြာရောင် ကြက်တူရွေးငှက်ကလေးဟာ

သူ့သခင် လင်ဒါ ဆိုတဲ့ အမျိုးသမီးနဲ့အတူမင်နီဆိုဒါ ပြည်နယ်မှာ အေးချမ်းစွာ နေထိုင်ပါတယ်။လင်ဒါက ဘလူးကို အပြာရောင် မက်ကော်မျိုးစိတ်ရဲ့
နောက်ကျန်တဲ့အကောင်လို သိထားပါတယ်။ဒါပေမယ့် နောက်ထပ်မက်ကော်ငှက်မလေးတစ်ကောင်ကိုရီယိုမြိုမှာ ရှာတွေ့ထားတယ်လို သိလိုက်ရချိန်မှာတော့


#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/255
https://t.me/Bhone2312/255

image
27 ပတ် - ဘာသာပြန်ပါ။

O_n-w_a-r_d ( 2020 )

အညွှန်း* 🔽🔽🔽

ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေးတစ်ကားလောက် ကြည့်ရအောင်။
ရုံတင်ကတည်းက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်လေးပါပဲ။

ဇာတ်လမ်းအကျဉ်း….

ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့်အချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊
မှော်ဝင်သတ္တဝါတွေဟာခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။အီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်းငယ်ငယ်ကတည်းက အဖေဆုံးသွားလိုမိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။ညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတိုအဖေထားခဲ့တဲ့
မှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။ဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။ဒါပေမယ့် ဒီဂါထာကိုသုံးဖို စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီး
အဲဒီရတနာ မလုံလောက်တာကြောင့် သူတိုအဖေဟာခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။ဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တိုအဖေရဲ့
ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင်အဖေကို နောက်ဆုံးတွေ့နိုင်ဖိုမှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်….

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/258
https://t.me/Bhone2312/258

image
27 ပတ် - ဘာသာပြန်ပါ။

The Snow Queen (1+2+3)

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/261
https://t.me/Bhone2312/261

image
27 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ငလျင်ဒဏ်သင့်ဒေသခြောက်ခု၌ သေဆုံးသူ ၃၇၅၃ ဦးရှိလာ၊ ၅၃ ဦးပျောက်ဆုံးနေ
ငလျင်ဒဏ်သင့်တိုင်းနှင့်ပြည်နယ်ခြောက်ခု၌ သေဆုံးသူဦးရေ ၃၇၅၃ ဦးရှိပြီး ၅၃ ဦးပျောက်ဆုံးလျက်ရှိကြောင်း ယနေ့(ဇွန် ၁၇ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိငလျင် ကြောင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (အရှေ့မြောက်ဒေသ) နှင့် နေပြည်တော်တို့တွင် လူထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ယမန်နေ့(ဇွန် ၁၆ ရက်)အထိ အဆိုပါတိုင်းနှင့် ပြည်နယ်များ၌ ငလျင်ကြောင့်သေဆုံးသူဦးရေ ၃၇၅၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့်ပျောက်ဆုံး သူ ၅၃ ဦးရှိကြောင်းသိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ငလျင်လှုပ်ခတ်ခဲ့ ပြီးနောက်အဆောက်အအုံများအတွင်း ပိတ်မိနေသူများကိုရှာဖွေကယ်ဆယ်ခဲ့ရာ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး ရုပ်အလောင်း ၈၃၃ ဦးကိုရှာဖွေပေးနိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုနှစ်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်အပါအဝင်ဇွန်လ ၁၅ ရက်အထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုအကြိမ်(၁၉၀) ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD

image
27 ပတ် - ဘာသာပြန်ပါ။

Kung Fu Panda [ 2008 ]

အညွှန်း* 🔽🔽🔽

ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြိုလေးတစ်မြိုမှာအပျင်းကြီးပြီး
အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်…သူ့နာမည်ကတော့ ‘ပို’ လိုခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်…ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီးကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်…သူတိုမြိုလေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီး
သင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမားငါးယောက်လည်းရှိပါတယ်…သူတိုကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တိုပဲဖြစ်ပါတယ်….တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်ရွေးချယ်ပွဲကြီးကျင်းပပါတော့တယ်…ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်…

#credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/Bhone2312/267
https://t.me/Bhone2312/267

image

#နိုင်ငံတကာသတင်း
◼ဘာလီပစ်ခတ်မှုတွင် တစ်ဦးသေပြီး လူနှစ်ဦး အား ရဲတပ်ဖွဲ့ ဖမ်းဆီး
ဩစတြေးလျ နိုင်ငံသားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော ပစ်ခတ်မှုနှင့်ဆက်စပ်၍ဘာလီရဲတပ်ဖွဲ့က လူနှစ်ဦးအားဖမ်းဆီးလိုက်သည်။
အင်ဒိုနီးရှားခရီးသွားအပန်းဖြေကျွန်းတောင်ပိုင်းတွင် စနေနေ့ည သန်းခေါင်ကျော်ခန့်က လူနှစ်ဦး ၎င်း၏ နေအိမ်ထဲသို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးနောက် အသက် (၃၂) နှစ်အရွယ် ဇီဗန်ရက်ဗာနိုဗစ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။
သံသယရှိသူတစ်ဦးအား အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာတွင် ဖမ်းဆီးရမိခဲ့ပြီး အခြားတစ်ဦးအားပြည်ပတွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ခင်ပွန်းသည်၏ အော်သံကြောင့် အိပ်ရာမှ နိုးလာခဲ့ပြီးနောက် ရေချိုးခန်းအတွင်း ခင်ပွန်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မစ္စတာ ရက်မာနိုဗစ်၏ ဇနီးက ရဲတပ်ဖွဲ့အား အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း ဩစတြေးလျသတင်းဌာနများက ဖော်ပြကြသည်။
သေနတ်နှင့်ပစ်ခတ်ခံခဲ့ရသော အခြားတစ်ဦးဖြစ်သူ ဆာနာဂါနင်မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။ ၎င်းအနေဖြင့် ရိုက်နှက်မှုလည်း ကြုံခဲ့ရကြောင်း အသက် (၃၄) နှစ်အရွယ် ဂါနင် က ပြောသည်။
တိုက်ခိုက်သူများအား မြင်‌တွေ့လိုက်ကြောင်း မစ္စတာဂါနင် ၏ ဇနီးသည်က ပြောကြားပြီးအမျိုးသမီး နှစ်ဦးစလုံး ထိခိုက်မှုမရှိခဲ့‌ပေ။
ပစ်ခတ်မှုဖြစ်ရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ က ပြောသော်လည်း ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ အကျယ်တဝင့်မပြောခဲ့ပေ။
ရဲတပ်ဖွဲ့က ကျည်ခွံ ၁၇ ခု၊ ကျည်ဆံ နှစ်တောင့် နှင့် ကျည်ဆံ အပိုင်းအစ ၅၅ ခု အား အခင်းဖြစ်ပွားသည့်နေရာမှ သိမ်းယူရရှိခဲ့သည်။
ဩစတြေးလျ မီဒီယာများက ဖော်ပြခဲ့သည့် အခင်းဖြစ်နေအိမ် ဓါတ်ပုံများတွင် ကျည်ဆံဖောက်ထွင်းသွားသည့် ပြတင်းပေါက်များ နှင့် ကြမ်းပြင်ပေါ်မှ သွေးကွက်များကို တွေ့ရသည်။
ပစ်ခတ်သူများက ဩစတြေးလျ လေသံ လေးလေးဖြင့် အင်္ဂလိပ်စကားပြောသံများကို ကြားခဲ့ရကြောင်း မျက်မြင်သက်သေ အများအပြားက ရဲတပ်ဖွဲ့အား ပြောကြားကြသည်။
တစ်ဦးက လိမ္မော်ရောင်ဂျက်ကက် အား ဆိုင်ကယ်စီးဦးထုပ်အမဲရောင် ၊ အခြားတစ်ဦးက အစိမ်းရင့်ရောင်ဂျက်ကက်ကို အမဲရောင်ဆိုင်ကယ်စီးဦးထုပ်၊ နှာ‌ခေါင်းစည်းများဖြင့် တွဲဖက်ဝတ်ဆင်ထားကြောင်း မျက်မြင်သက်သေများက ပြောသည်။
အင်ဒိုနီးရှား၏ နာမည်ကျော် အပန်းဖြေကျွန်း ဘာလီသို့ နှစ်စဉ်ခရီးသွား သန်းနှင့် ချီလာ‌ ရောက်လည်ပတ်သော်လည်း ယခုကဲ့သို့ ကြမ်းတမ်းသောပြစ်မှု များ အဖြစ်နည်းကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image