45 w - Translate

ဆေးဘဲဥ ခေါ် ဖီတန်ကို လူတိုင်းကြားဖူးမှာပါ။ ဆေးဘဲဥက အမျိုးသမီးတွေအတွက်လည်း ကျန်းမာရေးအရ စားပေးသင့်ပါတယ်။ ဒါကြောင့် ဆေးဘဲဥလုပ်နည်းလေးကို တင်ပြလိုက်ပါတယ်။
ဦးစွာ ဆော်ဒါမှုန့်ကို မီးဖိုပေါ် ငါးမိနစ်ခန့် အဆက်မပြတ်လှော်ပေးရန်လိုပါသည်။ သို့မှသာ ဆော်ဒါမှ ဆော်ဒါအက်ရှ်ဖြစ်မည်ဖြစ်ပါသည်။ အချို့ကလည်း ဆော်ဒါမှုန့်ကိုမလှော်ဘဲသုံးပါသည်။
(၁) ဘဲဥ ၅ လုံး ခန့်
(၂) ပြာ နို့ဆီဘူးတစ်ဘူး (ဖွဲပြာ၊ မီးဖိုပြာ)
(၃) မဖောက်ထုံးမှုန့် နို့ဆီဘူးတစ်ဘူး
(၄) မှုန့်ဖုတ်ဆော်ဒါမှုန့် သို့ ဆော်ဒါအက်ရှ်(soda ash)အနည်းငယ်
(၅) ဆား အနည်းငယ်
(၆) လက်ဖက်ခြောက်လက်တစ်ဆုပ်
✅ အစိမ်းရောင်လမ်း App ကို Android, iPhone ဘယ်ဖုန်းမှာမဆို ထည့်ထားလို့ရပါတယ်။ ရယူရန် - http://onelink.to/greenway
ဘဲဥများကို ရေစင်အောင်ဆေးပြီး ခြောက်အောင်သုတ်ထားပါ။ အနှစ်ပြုလုပ်ရန် ထုံးမှုန့်၊ ပြာ၊ ဆော်ဒါအက်ရှ်၊ ဆားနှင့် လက်ဖက်ခြောက်ကို ရေနွေးပူပူတွင် ကျအောင်စိမ်ပြီး အအေးခံထားသောရေတို့ကို ဇလုံတစ်ခုတွင်နယ်ပါ။ လက်ဖက်​ခြောက်ရေပမာဏထည့်ရာတွင် မများစေရန်သတိပြုပါ။ ရေများလျှင် အနှစ်များ ဥတွင်မကပ်နိုင်ပါ။ ထို့နောက် ဘဲဥများကို အနှစ်ထဲတွင်စိမ်ပြီး ဥတစ်လုံးချင်းကို အနှစ်များဖြင့် ဘိလပ်မြေကိုင်သကဲ့သို့ လုံအောင်မံပေးပါ။ ပြီးနောက် ဥများကို အိတ်အမဲထဲတွင် လေလုံအောင် သေချာထုတ်ပိုးပြီး အေးမြပြီး နေရောင်မထိသောနေရာတွင်​ရောမရွေ့စေဘဲ နှစ်ပတ်သိမ်းပါ။ နှစ်ပတ်ကြာလျှင်အိတ်မှထုတ်ကာ ခဲနေသောအနှစ်များကိုဇွန်းဖြင့်ရိုက်ခွာကာ ဆေးဘဲဥကို နှစ်သက်သလိုစားနိုင်ပါပြီ။ မိမိသုံးသော ပြာပေါ်မူတည်ကာ ဘဲဥအရောင်မှာ အဝါရောင်မှ အမဲရောင်အထိရှိနိုင်ပါသည်။
လုပ်ရလွယ်ကူပြီး အိမ်တွင်ကိုယ်တိုင်လုပ်နိုင်သော ဆေးဘဲဥကို ကိုယ်တိုင်လုပ်နိုင်ရန်ရည်ရွယ်၍ရေးသားလိုက်ရပါသည်။

image
45 w - Translate

ဒိန်ချဉ်လုပ်နည်း
မသိသေးသောသူများအတွက် ဒိန်ချဉ် လုပ်နည်းလေးတင်ပေးလိုက်ပါတယ်။
နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။
✅ အစိမ်းရောင်လမ်း App ကို ဘယ်ဖုန်းမှာမဆို ထည့်ထားလို့ရပါတယ်။ ရယူရန် - http://onelink.to/greenway
ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ပါ) လက်ညိုးကိုထည့်ကြည့်လို့အပူခံနိုင်တယ်ဆိုရုံလေးပေါ့။
အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။
ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်းအပူချိန်မှာပဲထားရမှာပါ။ ၂၄နာရီပြည့်ရင် ဒိန်ချဥ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ခနခနလည်း မမွှေရပါဘူး။ အချဥ်တည်ချိန်မှာ လုံးဝအေးမနေရပါဘူး။
အချဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့ နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။ အဲဒီအချဉ်ကို အပေါ်ယံပဲဖြစ်ဖြစ် မွှေပြီးပဲဖြစ်ဖြစ်သုံးနိုင်ပါတယ်။ ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ်သုံးနိုင်ပါတယ်။
အချိုးအဆကတော့ နွားနို့၁ ပိဿာ အချဉ် ၁ ဇွန်းပါပဲ (ဟင်းခတ်ဇွန်း) ဒိန်ချဉ်ဖြစ်သွားပြီဆိုရင် ရေခဲသေတာထဲမွာ အကြာကြီးထားလို့ရပါတယ်။
ဒိန်ချဉ်နဲ့စားဖို့ သကြားရည်ပဲကျိုကျို ၊ ထန်းလျက်ရည်ပဲကျိုကျို ဆားလေး နည်းနည်းထည့်ကျိုပါ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့။
သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ်။ အိုးမကပ်ရုံသာ ရေထည့်ပါနော်။ ကဲမိတ်ဆွေတို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြည့်မယ်နော်။

image
45 w - Translate

ဝဥမှ..........ဝတုံ ပြုလုပ်နည်း
လိုအပ်သောပစ္စည်းများ
ဝဥ (၁)ပိဿာ
ရေ
ဇလုံအကြီး
လင်ဗန်း
ထုံး(မဖောက်ထုံး)
✅ အစိမ်းရောင်လမ်း App ကို ဘယ်ဖုန်းမှာမဆို ထည့်ထားလို့ရပါတယ်။ ရယူရန် - http://onelink.to/greenway
ပြုလုပ်နည်း
- ပထမဆုံးဦးစွာ အသုံးပြုမည့် ဝဥများတွင် ကပ်ပါလာတဲ့ အမှိုက်သရိုတ်နှင့် မြေစများကို ပြောင်စင်အောင် ရေဖြင့် (၅-၆)ကြိမ် ဆေးကြောပါ။
- ရေနှင့်ဆေးကြောပြီးနောက် ရရှိလာသော ဝဥအသန့်များကို ကျက်သည်အထိ ပြုတ်ပါ။
- ပြုတ်ပြီးသားဝဥများကို ထောင်းရပါမည်။ စာရေးသူတို့ဒေသမှာတော့ ဆုံ( လက်ဖြင့်ထောင်းရသော မောင်းထောင်းဆုံရှည်)ကို အသုံးပြု၍ ထောင်းကြသည်က များပါသည်။ ကြိတ်စက်(သို့) မွှေစက်ကို အသုံးပြုနိုင်ပါသည်။
- ထောင်း၍ ရရှိလာသော ဝဥအဖတ်ကို ဇလုံအကြီးထဲသို့ ထည့်ပါ။
- ဝဥအဖတ်ထည့်ထားသော ဇလုံထဲကို ရေနွေး(ကြက်သီးမွှေးညင်း) (၂) လီတာခန့် လောင်းထည့်ပါ။ ထို့နောက် ဝဥအဖတ်နှင့် ရေနွေးရေကို သမအောင် ရောမွှေပေးပါ။
- ထို့နောက် ထုံးရည် (ရေနှင့်ရောထားသော ထုံးရည်)အကြည်ကို ဝဥအဖတ်များနှင့် ထပ်မံ ရောနယ်ပေးပါ။ ဝဥ (၁)ပိဿာတွင် အသင့်စားထုံးဗူး (၁၀၀ တန်) - ဗူးဝက်ကို ရေနှင့်ရော၍ အသုံးပြုနိုင်သည်။ မဖောက်ထုံးကို အသုံးပြုလျှင် ပိုသင့်တော်ပါသည်။
- ထုံးရည်နှင့် ဝဥအဖတ်ကို သမအောင် ရောနယ်ပါ။ ထို့နောက် ထုံးရည်နင့် ဝဥအရောကို လင်ဗန်းထဲသို့ထည့်၍ အအေးခံပါ။
- အေးခဲသွားပြီဆိုပါက ဝတုံကို ရရှိပြီး ဖြစ်ပါသည်။
ဝတုံကို ရရှိပြီဆိုပါက မိမိအလိုရှိသော အရွယ်အစားပေါ်မူတည်၍ ဝတုံကို လှီးထုတ်နိုင်ပြီး ၎င်းဝတုံကို အကြော်၊ အသုပ်၊ အချက် စသည်ဖြင့် မိမိနှစ်သက်ရာပုံစံဖြင့် ဟင်းခတ်အမွှေးအကြိုင်များကိုသင့်သလို အသုံးပြု၍ သုံးဆောင်နိုင်ပါသည်။
ဝတုံပြုလုပ်နည်းဆောင်းပါးကို KMSS အဖွဲ့မှ ကူညီပံ့ပိုးထားပါသည်။

image
45 w - Translate

ဆလပ်ကို အချို့က ပျိုးထောင်စိုက်ပျိုးကြ၍ အချို့က တိုက်ရိုက်စိုက်ပျိုးကြသည်။ အထူးသဖြင့် ရွက်ပြန့်မျိုးကို တိုက်ရိုက်စိုက်ပျိုးကြသည်။ ရာသီပေါ်မူတည်၍ ကွာခြားသည်။ ဩဂုတ်၊ စက်တင်ဘာလများတွင် တိုက်ရိုက်စိုက် နိုင်ပြီး အောက်တိုဘာ၊ နိုဝင်ဘာလသို့ ရောက်သောအခါ ပျိုးထောင်၍ စိုက်ပျိုးနိုင်သည်။

ဆလပ်ကို ပျိုးထောင်က အများအားဖြင့် ပျိုးဘောင်တွင် မျိုးစေ့ကို ညီညာအောင်ကြဲ၍ ပေါ်ယံ မြေဖြူးပေးပြီး ကောက်ရိုးပါးပါးနှင့် အုပ်ပေးပါ။ အပင်လေးများပေါက်လာပါက ကောက်ရိုးကို ဖယ်ရှားပေးရမည်။ အစိုဓာတ် မပြတ်စေရန် နေ့စဉ် ရေမှန်မှန်လောင်းပေးပြီး စိုက်ခင်းတွင် ပြောင်း၍ စိုက်ချိန်၌ ရာသီဒဏ်ခံနိုင်၍ ပျိုးပင် ကလေးများကို တစ်ပတ်အလိုတွင် မကြာခဏ ရေဖြတ်ပေးရမည်။

၆။ မျိုးစေ့နှုန်းထား
တစ်ဧကမျိုးစေ့ (၁၀၀-၁၅၀) ဂရမ်လိုအပ်မည်။
မြေဩဇာနှုန်းထား တစ်ဧကအတွက်-
နွားချေး - ၁၀-၁၅ တန်
ယူရီးယား - ၂၂၄ ပေါင်
တီစူပါ - ၁၁၂ ပေါင်
စိုက်ချိန်တွင် ယူရီးယား (၂၂၄) ပေါင်ကို ထည့်ပေးပါ။

၈။ မြေပြုပြင်ခြင်း
ဆလပ်မျိုးစေ့သည် သေးငယ်သောကြောင့် သမန်းမညက်တညက်ကို တိုက်ရိုက်စိုက်ပျိုးသောအခါ မြေစာခဲများ အကြားတွင် အစေ့များကျ၍ ပိနေလျှင် အပင်မပေါက်နိုင်ပါ။
တန်းဆွဲမျိုးစေ့ချရာ၌လည်း ခက်ခဲသည်။ ထို့ကြောင့် မြေကိုထွန်ရေးညက်အောင်ထွန်ရမည်။ သို့မှသာ အစိုဓာတ်လည်းကောင်းမွန်စွာ ထိန်းထားနိုင်မည်။ ရေသွင်းစိုက်ပျိုးလျှင် ဘောင်နိမ့်များ အရှည်လိုက် ပြုလုပ်ပြီး ဘောင် တစ်ခုနှင့် တစ်ခုကြားတွင် ရေသွင်းမြောင်းအဖြစ် ပြုလုပ်ရမည်။ ဘောင်၏ အကျယ်မှာ (၁၈.၂၀) လက္မခန့်ရှိ ဘောင်တစ်ခုလျှင် (၂) တန်းစိုက်ပျိုးပါသည်။ မိုးတွင်းစိုက်က ရေမဝပ်စေရန် ၎င်းထက်မြင့်သော ဘောင်ပြုလုပ်ပေးရမည်။

စိုက်ပျိုးခြင်း
ညီညာသော ဘောင်များပြုလုပ်ပြီးသောအခါ ဘောင်တစ်ခုတွင် (၁၆ - ၁၈) လက်မခြားပြီး စိုက်တန်းကို လက်ချောင်းဖြင့် အလျားလိုက် ခပ်တိမ်တိမ်ဆွဲပေးပါ။ ၎င်းစိုက်ကြောင်းထဲသို့ မျိုးစေ့ကို ပါးပါးချပြီး မြေဖို့၍ လက်ဖြင့် အသာအယာ ဖိပေးပါ။

အပင်ကလေးများ ပေါက်လာသောအခါ တစ်ပင်နှင့်တစ်ပင် (၁) လက္မခန့်ခွာ၍ ညှပ်နေသော အပင်ကလေးများကို နှုတ်ပစ်ရပါမည်။ ထို့နောက် (၁၀) ရက်ခန့် ကြာသောအခါ ဆက်လက်၍ အပင်များ ကြပ်လာသောအခါတိုင်း တစ်ပင်ခြားစီ နှုတ်ပေးခြင်းဖြင့် ရရှိလာသော အပင်များကို ရောင်းချနိုင်သည်။

ပျိုးထောင်၍ စိုက်ပျိုးပါက ပျိုးသက် (၆ - ၈) ပတ်သားကို စိုက်သော ဘောင်ပေါ်သို့တင်၍ စိုက်သည်။ တစ်ပင်နှင့် တစ်ပင် (၁) ပေ နှင့် (၁.၅) ပေခြား၍ ညနေပိုင်း နေအေးချိန်တွင် စိုက်ပျိုးသည်။

၁၀။ အပင်ပြုစုခြင်း
ဆလပ်စိုက်ပျိုးရာ၌ ပေါင်းနိုင်ရန် အရေးကြီးသည်။ ဆလပ်ပင်သည် အထနှေးသောကြောင့် ပေါင်မြက်တို့နှင့် မယှဉ်ပြိုင်နိုင်ပေ။ အမြစ်သည် မြေအပေါ်ယံ၌သာ ရှိသောကြောင့် ပေါင်းလိုက်ရာ၌ အမြစ်မထိခိုက်စေရန် အရေးကြီးသည်။ စိုက်ပြီး (၁) လ အကြာတွင် ဒုတိယအကြိမ် နိုက်ထရိုဂျင် ဓာတ်မြေဩဇာ ထည့်ပေးရမည်။
ရေသွင်းခြင်း
ဆလပ်ပင်သည် အစိုဓါတ်ကို နှစ်သက်သဖြင့် ရေကို ဖောဖောသီသီလောင်းပေးရန်လိုသည်။ ရေသွင်းစိုက်ပျိုးရာ၌ ရေဝပ်အောင် များစွာမသွင်းရပါ။ အစိုဓါတ်များနေလျှင် အမြစ်ပုပ်တတ်သည်။

image

#ငါးနီတူခရမ်းချဉ်သီးအစပ်ချက်

ခရမ်းချဉ်သီးနဲ့ကြက်သွန်နီပါးပါးလှီးထားပါ။ ငါးနီတူခြောက်ကိုရေဆေးပြီး ဒယ်အိုးထဲအပူပေး ၂မိနစ်ခန့် ပြန်လှော်ထားပါ။ လှီးထားသောကြက်သွန်နီကိုဆီသပ်ပါ။ ငရုတ်စိမ်းမှုန့် နှင့် ငံပြာရည်အနည်းငယ်ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသပ်ပေးပါ။ ခရမ်းချဉ်သီးနှင့်ငရုတ်သီးစိမ်းထည့်ပြီး အဖုံးအုပ် ခရမ်းချဉ်သီးနွမ်းကြေသည်အထိတည်ထားပေးပါ။ ပြီးမှ ငါးနီတူခြောက် ဆား အရသာမှုန့် ထည့်ပြီး အရည်ခမ်း ဆီပြန်သည်အထိချက်ပါ။

#မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။

image

#ငါးခေါင်းချဉ်ရည်
===========
- ငါးခေါင်းချဉ်ရည်ကို စားသောက်ဆိုင်တွေက၀ယ်မစားပဲ
ကိုယ့်အိမ်မှာကိုယ် ချက်စားလို့ရပါတယ် ။
ငါးကြင်း ၊ ငါးမြင်း ၊ ငါးတန်ခေါင်းတွေနဲ့
ချက်စားလို့ရပါတယ် ။
ငါးမြင်း နဲ့ ငါးတန်ခေါင်းတွေက အသားနည်းလို့
စျေးလည်းသက်သာ ၊ စားလို့လည်းအရသာရှိတဲ့
ငါးကြင်းခေါင်းနဲ့ ချက်ပါမယ် ။

- ငါးကြင်းခေါင်းသေးရင်အလုံးလိုက် ၊
ကြီးရင် အလယ်ကထက်ခြမ်းခွဲပြီး
ပသိတွေထုတ်ပစ်ပါ ။
ပြီးရင် ရေစင်စင်ဆေးထားပါ ။

- အိုးထဲကို ဆီနည်းနည်းထည့်ပြီး
ပူလာရင် နနွင်းမှုန့်ထည့်ပါ ။
စပါးလင်အရင်းပိုင်း စွေစွေလေးလှီးထားတာထည့်ပါ ။
ငရုတ်သီး ၊ ဂျင်း ၊ ကြက်သွန်ဖြူ + နီ ထောင်းထားတာထည့်ပါ ။
မွှေးလာတဲ့အထိဆီသတ်ပြီး ငါးခေါင်းတွေထည့်ပါ ။
ငံပြာရည် ၊ ဆား ၊ အရသာ သင့်ရုံထည့်ပြီး အသာအယာမွှေပါ ။
လက်ဆေးရည်နည်းနည်းထည့်တည်ပြီး
ငါးခေါင်းတွေကို ဆယ်ထားပါ ။

- ကျန်တဲ့အိုးထဲကို မုန်လာဥနီ ၊ မျှစ် ၊ ငုံးဥပြုတ်တို့ထည့်မွှေပါ ။
ပြီးရင် ရေထည့်ပြီး အသီးအရွက်နူးအောင်တည်ပါ ။
အသီးအရွက် နူးခါနီးမှာ ပဲပြားကိုအတုံးလေးတွေလှီးထည့်ပါ ။
အချဉ်အတွက် မန်ကျည်းသီးမှည့်ဖြစ်စေ ၊ သံပုရာရည်ဖြစ်စေထည့်ပါ ။
မန်ကျည်းမှည့်က ဟင်းအရောင်မဲစေလို့
သံပုရာသီးကိုလည်းမသုံးချင်တာနဲ့
တုံယမ်းအခဲပဲ ထည့်ပါတယ် ။

- အရသာမြည်းလို့ အနေတော်ရင် ငါးခေါင်းတွေထည့်လိုက်ပါ ။
ငါးခေါင်းတွေကို ဆယ်မထားရင် ကြေကုန်တတ်ပါတယ် ။
ငါးခေါင်းအနေတော်ရင် ပင်စိမ်းရွက်လေးအုပ်ပြီး
စားဖို့အဆင်သင့်ပါပဲ ။

image

#ငါးနုဆန်းဟင်းလေးချက်ထားတယ်ကွာ



ချက်နည်းသိချင်ရင်တော့

ငါးကိုရေဆေးဆားနနွင်းနယ်ထားပါ အချိုမှုန့်စားတတ်ရင်ထည့်နယ်ပါ
ကြက်သွန်ဖြူနီဂျင်ကြိတ်ထားတာကိုဆီသတ်ပါ
ရေခမ်းရင်နနွင်းမှုန့်ငြုပ်သီးအရောင်တင်အနည်းငယ်စီထည့်ပါ ငံပြာရည်ထည့်ပါ
ရေခမ်းရင် ခရမ်းချဥ်သီးကြိတ်ထားတာထည့်မွှေပါ
ရေခမ်းရင် ငါးဆားနယ်ထားတာထည့်မွှေပါ
ရေခမ်းရင်ရေနည်းနည်းထည့်ပါ
ဆားလိုရင်ထည့်ပါ
ပင်စိမ်း ငြုပ်သီးထည့်ပါ နွမ်းသွားရင်ရပါပြီ

မှတ်ချက် - မကပ်တဲ့အိုးနဲ့ချက်ရင်ပိုကောင်းပါတယ်

image

#ပုဇွန်ငါးဆုပ်ချဉ်ရေဟင်း




ပုဇွန်ကျော့ 40 သားခန့်( အခွံခွာရွှံ့ချောင်းထုတ်ထား)

ကန်စွန်းရွက် 1 စည်း ( ချွေ ထားပါ)

ကြက်သွန်ဖြူ 4 မွှာခန် (ညက်အောင်ထောင်းကာ
ငရုတ်ဆုံ ထဲတွင်အနည်းငယ်ချန်ထား၍ ပန်းကန်ဖြင့်
ခတ်ထားပါ။ထို့နောက် ကြက်သွန်နီ 1 လုံးကို ပါ
အနည်းငယ်ချန်ထားသော ကြက်သွန်ဖြူ နှင်
ရောထောင်းပါ။

ပုဇွန်များကို ဆားteaဇွန်း တစ်ဝက် နနွင်းအနည်းငယ်
သကြားအနည်းငယ်တို့ နှင့်ရောနယ်ကာ စက်ဖြင် ကျိတ်
(သို့) နုတ်နုတ်စင်းထားပါ။ထို့နောက်ပန်းကန်ဖြင့်
ခတ်ထားသောကြက်သွန်ဖြူကိုပါထည့်မွှေကာ အနေတော်
အရွယ် အဆုပ်ကလေးများ ဆုပ်ထားပါ။

အိုးထဲသို့ ဆီအတန်အသင့်ထည့်ကာ ပုဇွန်ဆုပ်များ
ထည့်၍ရွှေညိုရောင် သန်းလာအောင်ကြော၍ ပန်းကန်
ဖြင့်ခတ်ထာ်းပါ။

ထိုနောက် အိုးထဲမှာ ဆီ အနည်းငယ်သာချန်ကာ ကျန်ဆီ
များကို ခတ်ထားပါ။ထိုဆီအနည်းငယ်ထဲသ
ို့ ထောင်းထားသော ကြက်သွန်ဖြူ၊နီ ကိုထည့်၊ငရုတ်သီး
မှုန့် ဟင်းခတ်ဇွန်း 1 ဇွန်း ထည့်ကာ ဆီသတ်ပါ။
ပုဇွန်ဆုပ်ကြော်ထည့်ပါ။မန်ကျည်းမှည့်ရည် ဟင်းခတ်ဇွန်း
5 ဇွန်းခန့် ထည့်ပါ။ငံပြာရည် ဟင်းခတ်ဇွန်း 1 ဇွန်းနှင့်
အချို မှုန့် အနည်းငယ်၊သကြား အနည်းငယ် ထည့်ပါ။
အနံ့မွှေးလာရင် ရေ ပုဇွန် မြုတ်အောင်ထည့်ကာ
အဖုံးအုပ်ပြီး ဆူပွက်အောင ထားပါ။်
ထားပါ။ဟင်းဆူပွက်လာပါက အရသာမြည်း၍
ကန်ဇွန်းရွက်များထည့်ပါ။ထို့နောက် အဖုံးအုပ်ကာ
3 မိနစ်ခန့် ထား၍ ချလိုက်လို့ရပါပြီ။

image

ငါးဟင်းချက်တဲ့အခါ
••••••••••• တဆင့်ပြန်ပြီး မျှဝေပေးတာပါရှင့်
ပုံစံ၃မျိုးချက်လို့ရပါတယ်
ဆီသပ်ပြီးဆီသပ်တဲ့အထဲထည့်လုံးချက်တာရယ်
ဆီသပ်ပြီးရေနွေးလောင်းဟင်းရည်ဆူမှငါးထည့်တာရယ်
ငရုတ်သီးအနှစ်နဲ့ငါးကိုတခါတည်းလုံးပြီးချက်တာရယ်ပါ
ဆီသပ်ငါးထည်လုံးတဲ့အရသာကငါးအသားမာမာအရသာအပြည့်အဝဝင်တဲ့အရသာ။
ဆီပြန်နဲ့လိုက်ဖက်ပါတယ်
ဟင်းရည်ဆူမှငါးခပ်ရင်တော့ငါးရဲ့သဘာဝအရသာနူးနူးညံညံ့လေးဖြစ်တယ်
ငါးကျီး၊ငါးခူစတဲ့အကြေးခွံမပါသောငါးချက်ရင်ဟင်းရည်ဆူမှထည့်တာပိုစားကောင်းပါတယ်
ချွဲကျိကျိမဖြစ်စေပါဘူး
ငါးသလောက်လဲပင်လယ်ငါးသလောက်ဆိုဆီသပ်လုံးချက်ရင်အနှစ်ကဆီဂျီးနံ့လိုလိုနံတတ်ပေမယ့်ဟင်းရည်ဆူမှထည့်ချက်ရင်အနံလေးတော်တော်မွှေးပြီးနူးညံ့တယ်
ရေချိုချက်ဆိုရင်တော့ငရုတ်သီးအနှစ်နဲ့တခါတည်းလုံးချက်တာနဲ့လိုက်ဖက်ပါတယ်
လုံးချက်တဲ့အနံ့နဲ့ငါးရေချိုချက်ကလိုက်ဖက်ပါတယ်
ပန်းခရေချက်ရင်းသိလာသလောက်မျှဝေတာပါရှင်

image

image