ဝက်သားဟင်းနဲ့ချဉ်ပေါင်ဟင်း ပြိုင်ပွဲ ဟာသဇတ်ထုတ်ပါဝင်တဲ့ တရားတော် #ကြာနီကန်ဆရာတော် တရားတော်များ
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဝက်သားဟင်းနဲ့ချဉ်ပေါင်ဟင်း ပြိုင်ပွဲ ဟာသဇတ်ထုတ်ပါဝင်တဲ့ တရားတော် #ကြာနီကန်ဆရာတော် တရားတော်များ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များ အငြင်းပွားနယ်မြေများသို့ သွားရောက်
နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုတစ်ရပ်နှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေချိန်တွင် ထိုင်းနှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များသည် အငြင်းပွားနယ်မြေနယ်စပ်တစ်ဖက် တစ်ချက်သို့ ဇွန် ၂၆ ရက်တွင် သွားရောက်ခဲ့ကြကြောင်း သိရသည်။
မေ ၂၈ ရက်ကပိုင်ဆိုင်ခွင့်အငြင်းပွား နှစ်နိုင်ငံနယ်စပ်တစ်နေ ရာ၌ ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရပြီးနောက် အိမ်နီးချင်းနှစ်နိုင်ငံအကြားဆက်ဆံရေး တင်းမာခဲ့ရသည်။
မေ ၂၈ ရက်နယ်စပ်ပြဿနာကို အကြောင်းပြု၍ ထိုင်းနှင့်ကမ္ဘော ဒီးယားနှစ်နိုင်ငံလုံးက နယ်စပ်တစ်လျှောက် လက်နက်ကိုင်အင်အား အပြန်အလှန်မြှင့်တင်ခဲ့ကြသည်။
ယင်းအပြင် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံမှစွမ်းအင်များ ဝယ်ယူတင်သွင်းမှုအားလုံးကို ရပ်ဆိုင်းခဲ့ရာ ထိုင်းနိုင်ငံကလည်း နှစ်နိုင်ငံနယ်စပ်တစ်လျှောက် နယ်စပ်ဝင်ပေါက်များ ကိုပိတ်၍ လက်တုံ့ပြန်ခဲ့သည်။
ဇွန် ၂၆ ရက်တွင် ထိုင်းဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ်သည် ပိုင်ဆိုင်ခွင့်အငြင်းပွားတည်ရှိရာ အရန်ရာပရာသက်အမည်ရှိ ထိုင်းနယ်စပ်မြို့သို့ သွားရောက်ခဲ့ကြောင်းသိရသည်။
အလားတူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည်လည်း ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ရှိပြည်နယ်တစ်ခုသို့ဇွန် ၂၆ ရက်တွင်သွားရောက်ခဲ့ပြီး ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားတို့သည် နယ်စပ်ချင်းအရှည် ၈၁၇ ကီလို မီတာ (၅ဝ၈ မိုင်) အထိ ထိစပ်လျက်ရှိရာ ရှေးယခင်ကလည်း နယ်စပ်အငြင်းပွားမှုများကြောင့် ဆက်ဆံရေးတင်းမာမှုများရှိခဲ့သည်။
ရိုက်တာ
#လောက၌ ကြိုတင်၍
#မသိနိုင်သောအရာ (၅)မျိုးရှိတယ်
----------------------------------
(၁) ဇီဝိတံ -
အသက်ရှင်လျက်ဘယ်လောက် နေရဦးမယ်ဆိုတာ မသိဘူး။
လောကကြီးမှာဘယ်လောက်ကြာကြာ
အသက်ရှင်နေထိုင်ရဦးမလဲ ဆိုတာကို မသိနိုင်ဘူးတဲ့။
(၂) ဗျာဓိ -
ဘဝခရီးကို လျှေက်လှမ်းရတဲ့အခါမှာ ဘာရောဂါနဲ့သေမယ်ဆိုတာကိုလည်း မသိနိုင်ပါဘူးတဲ့။
(၃) ကာလော -
ကာလဆိုတာ လူတစ်ယောက်ဟာ ဘဝခရီး
အဆုံးသတ်မယ့်အချိန်ဟာ ဘယ်အချိန်လဲ?
မနက်လား၊ နေ့လည်လား၊ ညလား ပြောလို့မရဘူးတဲ့
ပြောလို့မရလို့လဲပဲ ကိုယ့်ရှေ့မှာ ဘဝနိဂုံးချုပ်သွားကြတဲ့ပုဂ္ဂိုလ်တွေ
အများကြီးရှိကြပါတယ်
အမှတ်တမဲ့နေရင်တော့
မသိဘူးပေါ့ အမှတ်နဲ့နေမယ်ဆိုရင်တော့ အကုန်သိနေမှာပဲ မမျှော်လင့်ဘဲနဲ့ ဖြစ်နေကြတာတွေချည်းပါပဲ။
(၄) ဒေဟနိက္ခေပနံ -
ကိုယ့်ရဲ့ရုပ်အလောင်းကို
ဘယ်နေရာမှာ သဂြိုလ်မယ်၊ ဘယ်နေရာမှာ မြှုပ်နှံမယ်ဆိုတာ ကိုလည်း မသိနိုင်ဘူး
တချို့ဟာ ကောင်းကင်ယံမှာ အနိစ္စရောက်သွားတာလည်း ရှိတယ်။
တချို့ဟာ ပင်လယ်ထဲ ခရီးသွားရင်းအနိစ္စရောက်သွားတာလည်း ရှိတယ်။
အမျိုးမျိုး ရှိကြတယ်လေ အဲဒီတော့ ကိုယ့်ရဲ့အလောင်းကို ဘယ်နေရာမှာ မြှုပ်နှံမယ်၊
ဘယ်နေရာမှာ သဂြိုလ်မလဲဆိုတာ ကိုလည်း မသိနိုင်ပါဘူးတဲ့။
နောက်မသိနိုင်တာတစ်ခုက ဘာလဲဆိုရင်
(၅) ဂတိ - လူတိုင်းလူတိုင်းဟာ ဘဝလမ်းကြောင်းကြီး (၅)ခုရှိတယ်။
ဂတိငါးပါးလို့ ခေါ်တာပေါ့။
Destination ခရီးလမ်းဆုံ ငါးဌာနရှိတယ်။
အဲဒီငါးဌာနက ဘာတွေလည်းဆိုလို့ရှိရင်
၁။ နတ်ပြည် - ကုသိုလ်ကံတွေ အကျိုးပေးလို့
ရောက်သွားနိုင်တဲ့ နတ်ပြည်ပေါ့နော်။
နောက်တစ်ခုက
၂။ လူ့ပြည် - ပဲ။
အကုသိုလ်ကံတွေအကျိုးပေးလို့ ရောက်သွားနိုင်တာက
၃။ ပြိတ္တာ
၄။ တိရစ္ဆာန်
၅။ ငရဲ
အားလုံး ငါးမျိုးရှိတယ်။
အဲဒီတော့ ပုထုဇဉ်တစ်ယောက် အနေနဲ့ ဘဝနိဂုံး အဆုံးသတ် သွားပြီးတဲ့အခါမှာ ဘယ္ဘဝမွာ
ပြန်လည်မွေးဖွားမလဲဆိုတာ ပြောလို့မရဘူး တဲ့။
သေဆုံးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ်မှာ မူတည်သွားတယ်တဲ့
သောတာပန်မဖြစ်သေးသမျှ
" နိယတဂတိ "
ကိုယ်သတ်မှတ်ထားတဲ့နေရာတစ်ခုကို သွားလို့မရသေး ဘူးတဲ့
ဘုရားအလောင်းကြီးတောင်မှ တိရိစ္ဆာန်ဖြစ်တဲ့အခါ ဖြစ်တယ်။
ငရဲကျတဲ့အခါ ကျသွားတယ်။
ဘာဖြစ်လို့လဲဆိုတော့
သေခါနီးအချိန်မှာ ဘာတွေနဲ့ကြုံပြီး ဘာစိတ်နဲ့သေမယ်ဆိုတာကို ပြောလို့ မရလို့ပေါ့နော်။
ဘဝခရီးကို လျှောက်လှမ်းပြီဆိုရင် လူတိုင်းဟာ ဒီအချက်ကိုကြိုတင် မပြောနိုင်ကြပါဘူးတဲ့။
အဲဒီတော့ ဘဝဆည်းဆာ ရောက်နေတဲ့
ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်မှာအလွန်သနားစရာကောင်းပါတယ်။
သေအံ့မူးမူးအချိန်ရောက်နေပြီဆိုရင်
ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို ကယ်တင်မပေးနိုင်တော့ဘူး။
မြတ်စွာဘုရားက ဟောထားတယ်
" န သန် ပုတ်တာ တာဏာယ " တဲ့
"လောကမှာ သေခြင်းတရားနဲ့ ရင်ဆိုင်ရပြီဆိုရင် အကာအကွယ်ပေးနိုင်တဲ့ သားသမီးဆိုတာ
မရှိဘူးတဲ့။ မိဘတွေအဖို့နော်"
သားသမီးတွေအတွက်လည်းပဲ ကယ်တင်ပေးနိုင်တဲ့မိဘဆိုတာ မရှိဘူးနော်။
ဆွေတွေမျိုးတွေထဲမှာလည်း ဒီလိုဘဝဆည်းဆာအချိန် ရောက်နေပြီဆိုရင်တော့ကယ်တင်ပေးနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး
ဒီလိုပြောတာ။
အဂ္ဂမဟာပဏ္ဍိတဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ( ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး )