Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Part-1
" ရခိုင်နယ်နိမိတ် တစ်ရွေ့ရွေ့ ဆုံးရှုံးလာခြင်း "
ရှေးအခါက ရခိုင်ပြည်သည် ဘုရင်များ အုပ်ချုပ်ခဲ့သော တိုင်းနိုင်ငံတစ်ခုဖြစ်လေသည်။ အိန္ဒိယနိုင်ငံ ကပိလဝတ်ပြည့်ရှင် ဘုရင်၏သားတော် မာရယုမင်းကတသီးတခြား ရှိနေသော ရခိုင်ပြည်ကို စတင် ထူထောင်ခဲ့သည်။ ထို့ကြောင့် ရှေးဦးကာလ သမိုင်းမတင်မီ ရခိုင်ပြည်မြေပုံ၌ ဒွါရာဝတီ၊ ဝေသာလီ မြို့တော်များက ဖြစ်ထွန်းလျှက် ရှိနေခဲ့ကြသော်လည်း မာရယုမင်း နန်းတက်သော BC (၃၃၂၅) ကိုမှ ရခိုင်သမိုင်း အစဟု ဖော်ပြကြသည်။
မာရယုမင်း တည်ထောင်ခဲ့သော မင်းဆက်သည် သရီချောင်းဖျားကို အခြေခံလျှက် မြို့တော်တည်ဆောက်ကာ နှစ်ပေါင်း တစ်ထောင့်ရှစ်ရာကျော်တိုင်းပြည်နိုင်ငံကို အုပ် ချုပ်ခဲ့သည်။ ထိုမှ ကံရာဇာကြီးမင်းဆက်၊ ယင်းမှ စန္ဒသူ ရိယမင်းဆက် စသည်ဖြင့် ဓညဝတီခေတ်ကြီး တစ်ခုလုံးသည် နှစ်ပေါင်း (၃၄၀၀) ကျော်အကြာ တည်တံ့ခဲ့သည်။ ဓညဝတီခေတ်ကုန်လျှင် ဝေသာလီခေတ်သို့ ရောက်လာသည်။ဝေသာလီခေတ်ပြီးမှလေးမြို့ခေတ်သို့ဆက်သည်
လေးမြို့ခေတ်နောက် ၌ မြောက်ဦးခေတ် ဆက်ခံသည်။ ဘုရင်အပါး(၂၀၀) ကျော်တို့သည် စဉ်ဆက်မပြတ်သော နှစ်ပေါင်း(၅၀၀၀) ကျော်ကာလကိုစိုးမိုးအုပ်ချုပ်ထားနိုင် ခဲ့ကြသည်။
ဤတွင် ရခိုင်လူမျိုး ရခိုင်ပြည် မြေပထဝီ အနေအထား နယ်နိမိတ်သည် ယခုအခါကထက် ရှေးယခင်က များစွာကျယ်ပြန့်လေသည်။ ဝါးကျောင်းဆရာလူထွက် ပဏ္ဍိတ် ၏ " ရှည်မြင့်မူလ၊ ပထမက၊ ရဌသမိုင်း၊ ဤသည်တိုင်း ကား၊ ကျယ်ဝိုင်းနယ်ဆက် " ဟု ဥတေနလင်္ကါ ဖော်ပြချက်အရ ရှေးက ရခိုင်ပြည်၏ နယ်နိမိတ်အပိုင်းအခြားသည် အနောက်ဖက်ကို ဒါဂါမြစ်တစ်လျှောက် အရှေ့ဖက်ကို ဧရာဝတီမြစ်တကျ ငဝန်ထိပ်မြောင်၊ တောင်ဖက်ကို ပုသိမ်မော်တင်စွန်းအငူ၊ မြောက်ဖက်ကို အာသံ ချင်း တွင်းအထိ ကျယ်ပြန့်လေသည်။
တစ်ခါ လေးမြို့ဘုရင် မင်းထီးလက်ထက် ရခိုင်ပြည်၏ အနောက်ဖက် နယ်နိမိတ်ကို ထင်ရှားစေရန် (ရခိုင်သာစွလေ လင်္ကါ၌) ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ ထိုမင်းလက်ထက် ရာဇသင်္ကြန်အမတ်ကြီးသည် အနောက်ဘက်သို့ စစ်ချီရာတွင် ဗြဟ္မပုတ္တရမြစ်အထိ ကျယ်ပြန့်စွာ ရှိနေခဲ့သည်။
အထူးသဖြင့် ရခိုင်တို့၏ အနောက်ဖက် နယ်နိမိတ်သည် အုပ်ချုပ်ရေး၌ လွန်စွာ အရေးပါရှိခဲ့သည်။ ထိုဒေသ၌ ဘင်္ဂါ (၁၂) မြို့ သတ်မှတ်လျှက် ဘုရင်ခံတစ်ပါး ခန့်အပ် ထားကာ အုပ်ချုပ်ခဲ့ကြသည်။ ထိုဘင်္ဂါ (၁၂) မြို့သည် ရခိုင်ပြည် အုပ်ချုပ်မှု တိုင်းကြီး (၁၂) တိုင်းထဲတွင် နာဂသျှတ္တတိုင်း၊ မဟိံသကတိုင်း၊ ဖလံတိုင်း၊ ဘိုမင်းတိုင်း စ သည်တို့သည် ထိုအရပ် ဒေသဝင်များ ဖြစ်ကြပေသည်။
လေးမြို့ခေတ်နောက်ဆုံးမင်းဖြစ်သော မင်းစောမွန်သည် လောင်းကြက်မြို့၌ နန်းစိုက်နေခဲ့သည်။ ထိုစဉ် မင်းကျင့်တရား ကင်းမဲ့၍ လောင်းကြက်ထီးနန်းသည် ယိမ်းယိုင်ခဲ့ရသည်။ ဘင်္ဂါ (၁၂) ရပ် အုပ်ချုပ်ရေး ယန္တရားသည် ရပ်တန့်ခဲ့ရသည်။
ဤသို့ဖြင့် ဘင်္ဂါ (၁၂) မြို့ အနောက်ဘက်ဒေသ အခွင့်အာဏာသည်။ မင်းစောမွန် ပြန်လည်နန်းရပြီး မြောက်ဦးရွှေမြို့သို့ ရွှေ့ပြောင်း တည်ထောင်ချိန်ထိ ကျဆင်းနေခဲ့သည်။ ထိုသို့ကျဆင်းနေခြင်းကိုပြန်လည်ရရှိရေးအတွက် ကြိုးပမ်းရာ၌ ဘစောဖြူမင်းသည် ခရစ်နှစ် (၁၄၅၉) ခုနှစ်တွင် စစ်တကောင်းမြို့ကိုပြန်လည်တိုက်ခိုက် သိမ်းယူ နိုင်ခဲ့သည်။ သို့သော်လည်း ပထမ မြောက်ဦးခေတ်တစ် လျှောက်၌ ဘင်္ဂါ (၁၂) မြို့ကို အာဏာစိုးမိုးခြင်းမရှိပဲ နယ်နိမိတ်အားဖြင့် ဆုံးရှုံးလျှက် ရှိနေခဲ့သည်။
ထိုနောက်မှ မင်းဗာဘုရင်က ဒုတိယ မြောက်ဦးမင်းဆက်ကို တည်ထောင်၍ နန်းစံနေချိန် ခရစ် (၁၅၃၂) ခုနှစ်တွင် ဘင်္ဂါ (၁၂) မြို့ နယ်မြေအားလုံးကို တိုက်ခိုက် သိမ်းယူလိုက်သည့် အချိန်မှစ၍ ရခိုင်ပြည်၏ နယ်နိမိတ်သည် ရှေးယခင်အတိုင်း ဖြစ်လာခဲ့သည်။
သို့သော် နှစ်ပေါင်း (၁၃၄) နှစ် ကြာညောင်း၍ တတိယ မြောက်ဦးခေတ် (၃) ဆက်မြောက် စန္ဒသုဓမ္မရာဇာမင်း လက်ထက်၌ မဂိုနှင့်ရခိုင် စစ်ပွဲကြီး ဖြစ်ပွားခဲ့ရာ ဘင်္ဂါ (၁၂) မြို့သည် ခရစ်နှစ် (၁၆၆၆) ခုနှစ်တွင် နယ်နိမိတ် ဆုံးရှုံးခဲ့ရသည်မှာ ယနေ့အထိ ဖြစ်နေခဲ့သည်။ ယင်း၏ နယ်မြေဒေသသည် ယခုအခါ၌ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက သိမ်းယူထားလျှက် ရှိနေသည်။
တတိယ မြောက်ဦးခေတ်ဘုရင်များ ဆက်လက်နန်းစံ၍ ခရစ်နှစ်(၁၇၈၄)သို့ ရောက်ရှိသည့်အခါ ရခိုင်မင်း ခေါင်း ဆောင်အချင်းချင်း သွေးကွဲအာဏာလုမှုကြောင့် မြောက်ဦးထီးနန်းသည် အမရပူရဘုရင် ဗဒုံမင်းထံ အသိမ်းခံခဲ့ရသည်။
ထိုစဉ်မှစ၍ နှစ်ပေါင်း (၄၀)တိုင်တိုင် မြန်မာမင်းက ရခိုင် ပြည်ကို သိမ်းယူအုပ်ချုပ်သည်။ ရခိုင်ပြည်၌ မြန်မာအုပ် ချုပ်မှုကို မခံလိုကြသော စစ်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။
ယင်းအခြေအနေတွင် အိန္ဒိယနိုင်ငံကို အုပ်ချုပ်လျှက်ရှိနေသော အင်္ဂလိပ်နယ်ချဲ့ တို့က. စစ်မက်ပြုပြီး ခရစ် (၁၈၂၄) ခုနှစ်တွင် စစ်ပွဲဖြစ်ပွားကာ အင်္ဂလိပ်မြန်မာစစ်ပွဲတွင်အင်္ဂလိပ်တို့အနိုင်ရရှိခဲ့သည် ။ စစ်နိုင်သောအင်္ဂလိပ် တို့သည် ရခိုင်ပြည်တစ်ခုလုံးကို သိမ်းယူကာ ရန္တပိုစာ ချုပ်အရ စစ်ပြေငြိမ်းခဲ့ကြသည်။ ထိုအချိန်မှ ရခိုင်တို့ သည် မြန်မာကျွန်သဘောက်ဘဝမှ လွတ်မြောက်ပြီး အင်္ဂ လိပ်ကျွန်သဘောက်ဘဝသို့ ဆင်းသက်ခဲ့ရသည်။
#crd
#ဆက်ရန်ရှိ

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
~~~~~~~~~~~~~~~~~~~~~~~
#မေတ္တာဆိုသည်မှာ
သူတစ်ပါးအကျိုးလိုလားတဲ့
စိတ်နေသဘောထားဖြစ်၍
သူတစ်ပါးကောင်းကျိုးကို
ဖော်ဆောင်တတ်ပြီး မုန်းတီးစိတ်
ကို ဖယ်ရှားတတ်သည်။
#သူတစ်ပါးအပြစ်ကိုမကြည့်ပဲ
မြတ်နိူးဖွယ်သာကြည်တတ်မှ
မေတ္တာကိုတည်ဆောက်နိုင်တယ်။
#မုန်းတီးစိတ် ပျောက်ကင်းလျှင်
မေတ္တာ၏ အောင်မြင်မှုဖြစ်၍
#သူတစ်ပါးအပေါ် တွယ်တာသောစိတ်
ဖြစ်လာလျှင် မေတ္တာ၏ ကျရှုံးခြင်းဖြစ်၏။
#စစ်မှန်သောမေတ္တာတရားကို
ပိုဆိုင်နိုင်အောင် ကြိုးစားပါ။
#ကရုဏာ
#ကရုဏာဆိုတာဟာ သူတစ်ပါးရဲ့
ဒုက္ခကို ဖယ်ရှားလိုခြင်း သဘာ၀
ရှိတယ်။ ကရုဏာဆိုတာ သူတစ်ပါး
ဒုက္ခကို မကြည့်ရက်လို သူတစ်ပါးကို
မထိခိုက်စေသည့် အနေအထားမျိုး
ဖြစ်သည်။
#ဒုက္ခရောက်သူတို့ကိုစာနာ ထောက်ထား
စိတ်ကြောင့် ကရုဏာဖြစ်ပေါ်လာသည်။
သူတစ်ပါးထိခိုက်စေလိုတဲ့စိတ်ထား
ပျောက်ကင်းခြင်းက ကရုဏာရဲ့ အောင်
မြင်မှု၊ ဒုက္ခရောက်သူအပေါ် စိသောက
ဖြစ်လာခြင်းက ကရုဏာရဲ့ ကျရှုံးခြင်း
ဖြစ်သည်။
စစ်မှန်တဲ့ ကရုဏာတရားထားနိုင်အောင်
ကြိုးစားပါ။
#မုဒိတာဆိုတာ
သူတစ်ပါးအောင်မြင်ပြည့်စုံမှုကို
၀မ်းသာအားရခြင်းသည် မုဒိတာ၏
သဘာ၀ဖြစ်သည်။
#မနာလိုစိတ်ပျောက်ကင်းစေ၍
သူတစ်ပါး အောင်မြင်မှုအပေါ် စိတ်
မသက်မသာ ဖြစ်မှုမရှိသည့် အနေ
အထားဖြစ်သည်။
သူတစ်ပါးရဲ့အောင်မြင်မှုပြည့်စုံမှုကို
မြင်တွေ့ရခြင်းသည် မုဒိတာရဲ့ အနီးဆုံး
အကြောင်းဖြစ်သည်။
သူတစ်ပါးရဲ့ အောင်မြင်ပြည့်စုံမှုအတွက်
စိတ်မသက်မသာဖြစ်မှု ကင်းစင်ခြင်းသည် မုဒိတာရဲ့အောင်မြင်မှုဖြစ်ပြီး
ပြောင်လှောင်ရယ်မောခြင်းသည်
မုဒိတာ၏ ကျဆုံးခြင်းဖြစ်သည်။
#ဥပေက္ခာဆိုတာ
ချစ်ခြင်းမုန်းခြင်း နှစ်မျိုးလုံးကင်း
သော စိတ်နေသထေားကို ဥပေက္ခာဟု
ခေါ်သည်။
ဥပေက္ခာရဲ့သဘာ၀သည်
ချစ်ခြင်း,မုန်းခြင်းကင်းသည်။
ဥပေက္ခာသည် အားလုံး တူညီသော
အနေအထားဖြင့်သာ ရှုမြင်သည်။
ဥပေက္ခာသည် ချစ်ခြင်း,မုန်းခြင်း
နှစ်မျိုးလုံးကို ပျောက်ကင်းစေသည်။
မည်သူမဆို ကံစီမံရာ ဖြစ်ရတယ်ဟူ
သောအမြင်သည် ဥပေက္ခာကို ဖြစ်စေ
နိုင်သည်။
သူတစ်ပါးအပေါ် ဆန့်ကျင်လိုစိတ်
မျက်နှာသာ ပေးလိုစိတ် ပျောက်ကင်း
ခြင်းသည် ဥပေက္ခာ၏ အောင်မြင်မှု
ဖြစ်ပြီး၊ အဆိုးအကောင်းမသိတဲ့
လျစ်လျူရှုမှုသည် ဥပေက္ခာ၏ ကျရှုံး
ခြင်းဖြစ်သည်။
ဥပေက္ခာထားနိုင်မှုသည် မွန်မြတ်သည့်
ကျင့်စဥ်ဖြစ်သည်။
ပါမောက္ခချုပ်ဆရာတော်ကြီး၏
Online ဓမ္မစာလွှာများမှ ပူဇော်ပါ၏။
ချမ်းမြေ့ပါစေ.....Win Bo Myint
"ဒိုးနပ်နဲ့ထိုးမုန့်'' အမြဲရန်ဖြစ်နေကျပွဲမှာ
ထိုးမုန့်တို့အလံဖြူပြ ပြီးထွက်သွားပါပြီ ဆိုတဲ့
ပိုစ့်အောက်က ကဗျာလေး။
ရင်ထဲထိလွန်းလို့ Copy ယူခဲ့တယ်။
မူရင်းရေးသားသူအားလေးစားစွာ creditပေးပါတယ်။
ရွှေမန္တလေးရေ
တဖန်ပြန်နိုးထလှည့်ပါအုံး
တကယ်ဆို
မင်းတို့မြို့ကမှ ရှေ့ကရွှေထည့်ခေါ်လို့ရတာ
တို့ရန်ကုန်ကို ဘယ်သူကမှ
ရွှေရန်ကုန်လို့မခေါ်ဘူးလေ
ရတနာပုံမြို့ရေ
တဖန်ပြန်ရုန်းကြွလိုက်ပါအုံး
တို့ရန်ကုန်ဆိုတာ ရန်တွေကုန်ရုံရယ်ပါ
မင်းတို့မြို့လို့ ရတနာတွေပုံမနေပါဘူး
ထိုးမုန့်တို့ရေ
တဖန်ပြန်ရန်တွေ့လှည့်ပါအုံး
တကယ်ဆို တို့တွေရဲ့ဒိုးနတ်က
တို့ရိုးရာအခြေခံတဲ့မုန့်မဟုတ်ဘူး
မင်းတို့ထိုးမုန့်ကမှ မြန်မာ့ရိုးရာစစ်စစ်ကြီးပါ
မုန့်ဟင်းခါးကို စားတယ်ပြောပြော
သောက်တယ်ပဲဆိုဆို
မုန့်တီမှာလို့ နန်းကြီးပဲလာချချ
ငါိိတို့အားလုံးတော့
တူတူကြိုက်ခဲ့ကြတာပဲလေ
မရဘူး ခုကျမှ အလံဖြူမပြနဲ့
ငါတို့က ငြင်းခုန်လို့မဝသေးဘူးလေ
မင်းတို့ငိုသလိုတို့လဲငိုနေတယ်
မင်းတို့က အိမ်ပြို ကျုံးပြို သလို
ငါတို့ကလဲ ရင်ခွင်တွေပြိုကျရတာပါပဲ
သွားသူတို့လမ်း
ထိုင်လွမ်းနေရုံပြီးပါ့မလား
ထားခဲ့ပြီဆိုပေမဲ့
ခွဲသွားကြသူတွေကရော
ကျန်ရစ်သူတွေကို
အရှုံးပေးနေစေချင်ပါ့မလား စဉ်းစား
နိုင်သလောက်ကူ
ပိုင်သလောက်ကူနေကြတာက
ဆိုင်လို့ဆိုတာထက် ပြိုင်လို့မှမဝသေးတာ
ခုမောနေတယ်ဆို
မင်းတို့ခဏတော့ထိုင်နေလိုက်
ငါတို့က ပုဝါနဲ့သုပ်မပေးပဲ
ချွေးနဲ့မျက်ရည်တိတ်စေမယ် နော်
အေး ပြီးရင်တော့
မင်းတို့ရဲ့ မြို့အဝင်သင်္ကေတတောင်
နန်းပြဿဒ်နဲ့
ရတနာပုံရွှေမန္တလေးရေ
ရှေ့တစ်ပြပေါင်းများစွာမှာ
အားမန်ဟုန်လေကိုခွင်းလို့
ပတ္တမြားမှန်နွံမနစ်ဘူးဆိုတာ
အမျိုးမြတ်သူတို့သမိုင်းကြောင်း
တို့ဒိုးနတ်တွေသိအောင်
ခြေကန်ကာအားကုန်ရုန်းလို့
မန်းသားတွေကြံ ဘာခံနိုင်မလဲဆိုတာ
ပြလိုက်ကြစမ်း။
Nyein Nyein Thet

Ensure ဗူးနဲ့ ကိုယ့်ကျင်ငယ်ရည်ကိုဖျော်ပြီး အသက်ဆက်ခဲ့ရတဲ့ Golden Country ဟိုတယ်ပြိုကျမှုမှ နာရီပေါင်း ၁၇၀ ကြာအသက်ရှင်ခဲ့သူ ❤️
မန္တလေး ၆၅ လမ်းပေါ်က Golden Country Hotel ဟာ မတ်လ ၂၈ ရက်နေ့ ငလျင်ဘေးဒဏ်ကြောင့် အောက်ဆုံးအလွှာတွေပြိုကျခဲ့ပါတယ်။ အဆိုပါ ဟိုတယ်ပြိုကျမှုကို တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှာဖွေကယ်ဆယ်ခဲ့ကြပြီး ၆ ရက်တာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကို အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ ပြိုကျပြီးပိတ်မိနေတဲ့အချိန်မှာ စားသောက်စရာဘာမျှမရှိသော်လည်း မိခင်အတွက် ဝယ်ယူလာတဲ့ Ensure ဗူးတွေကို ရေဓာတ်ဆုံးရှုံးမှုမရှိအောင် ရေလည်းမရှိတာကြောင့် သူ့ကျင်ငယ်ရေနဲ့ပဲ ဖျော်ပြီး အသက်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဟာ တိုက်ပြိုကျမှုမှာ နာရီပေါင်း ၁၇၀ ကြာပိတ်မိပြီးမှ အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။
#crd
#celenews