Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Dimensity 9400+ Chipset သုံးလာမယ့် REDMI K80 Ultra နဲ့ REDMI K Pad 👀
.
Redmi K80 Ultra က 1.5K 144Hz OLED Display သုံးထားမယ်၊ 7500mAh Battery ကို 120W နဲ့ အားသွင်းလို့ရမယ်။ IP69 Dust & Water Resistant Rating ပါမယ်။ Ultrasonic Fingerprint ဖြစ်သွားပြီ။
Redmi K Pad ကြတော့ 8.8" 3K 165Hz LCD Display ၊ 67W Charging နဲ့ Dual Stereo Speaker | Dual USB-C Port တွေပါမယ်။ စျေးက 4,000 Yuan အောက်နဲ့ ရောင်းမယ်ဆိုပဲ။
ဘယ်နေ့ထွက်မလဲဆိုတာတော့ မသိရသေးပေမယ့် အခုလိုပုံတွေထွက်နေပြီဆိုတော့ မကြာခင် မိတ်ဆက်လောက်မှာပါ။
2 Years Official Warranty နဲ့ Flagship level အဆင့်မှန်ကို အသုံးပြုထားတဲ့ OPPO A5x ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ပြီ
.
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က သုံးစွဲသူတိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက်ပေးနိုင်မဲ့ ထုတ်ကုန်တွေကို အမြဲလိုလို လေ့လာဆန်းစစ်လေ့ရှိပါတယ်။ ဒါကြောင့်လဲ ဒီတစ်ခေါက်မှာတော့ Flagship Level အဆင့်ရှိ မှန်နဲ့ အတူ 2 Years Official Warranty ပါရှိလာတဲ့ OPPO A5x ကို ၅၆၉,၉၀၀ ကျပ်နဲ့ မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ တရားဝင် မိတ်ဆက်လာပြီဖြစ်ပါတယ်။
ယခုမိတ်ဆက်လာတဲ့ OPPO A Series ထုတ်ကုန်ဖြစ်တဲ့ OPPO A5x မှာဆိုရင် ရေနဲ့ ဖုန်ဒဏ်ခံနိုင်မှု IP65 Water & Dust Resistance ၊ အဆင့်မြင့် သတ္တုစပ်ကို အသုံးပြုထားတဲ့ High-Strength Alloy ကိုယ်ထည်နဲ့ Flagship Level အဆင့်ရှိ Abrasion- and Impact-Resistant 2301 Jingdun Glass တို့ကို အသုံးပြုထားတဲ့အပြင် အကြမ်းခံနိုင်မှု အဆင့်အနေနဲ့လဲ Military-Grade Shock Resistance အောင်မြင်မှု လက်မှတ်ရရှိထားတာဖြစ်ပါတယ်။
အဘက်ဘက်က ကောင်းမွန်ပြည့်စုံတဲ့ OPPO A5x ကို ဇွန် ၁၄ ရက်နေ့မှ စတင်ကာ ၅၆၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပြီး ဇွန် ၃၀ ရက်နေ့အထိ ဝယ်ယူမဲ့ သုံးစွဲသူမိတ်ဆွေတွေအနေနဲ့လဲ 2 Years Official Warranty ကို ရရှိနိုင်မှာဖြစ်ပါတယ်။
Flagship Level အဆင့်ရှိ စမတ်ဖုန်းတွေမှာသာ အသုံးပြုတဲ့ မှန်အမျိုးအစားနဲ့အတူ အကြမ်းခံနိုင်မှု ပြင်းထန်တဲ့ OPPO A5x
OPPO A5x ဟာ အကြမ်းခံနိုင်မှုနဲ့ ပတ်သက်လာရင် Military-Grade Shock Resistance ကို အောင်မြင်ထားရုံသာမက SGS Gold Certification ကိုပါ ရရှိထားတာဖြစ်ပါတယ်။
အကြမ်းခံနိုင်မှု ပြင်းထန်တဲ့ Military-Grade Shock Resistance ကို အောင်မြင်ထားတဲ့ OPPO A5x မှာဆိုရင် Flagship Level အဆင့်ရှိ စမတ်ဖုန်းထုတ်ကုန်တွေမှာသာ အသုံးပြုလေ့ရှိတဲ့ Abrasion- and Impact-Resistant 2301 Jingdun Glass ကိုပါ ထပ်မံ အသုံးပြုထားတဲ့အတွက် သုံးစွဲသူတွေ စိတ်ပူလေ့ရှိတဲ့ မှန်အကြမ်းခံမှုအတွက်လဲ စိတ်ချနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက သုံးစွဲသူတွေ စိတ်ပူလေ့ရှိတဲ့ ရေနဲ့ ဖုန်ဒဏ်တွေအတွက်လဲ IP 65 Water and Dust Resistance အဆင့် ပါရှိလာတာကြောင့် စိုးရိမ်စရာမလိုဘဲ စိတ်ချမှုအပြည့်ကို OPPO A5x က ပေးစွမ်းမှာဖြစ်ပါတယ်။
OPPO AI ရဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ အားသွင်းမြန်ဆန်ပြီး အားခံတဲ့ OPPO A5x
အားသွင်းမြန်ဆန်တဲ့ 45W SUPERVOOC Flash Charge ၊ သာမန်ထက်ပိုမို အားခံတဲ့ 6,000 mAh ဘက်ထရီ ကလဲ OPPO A5x သုံးစွဲသူတွေအတွက် အဆင်ပြေချောမွေ့မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO A5x ဟာ ဈေးနှုန်းတူဖုန်းတွေအကြား Flagship အဆင့် AI လုပ်ဆောင်ချက်တွေဖြစ်သလို OPPO Reno Series တွေကစလို့ နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ AI Eraser 2.0 ၊ AI Reflection Remover၊ AI Unblur၊ AI Clarity Enhancer ၊ AI Smart Image Matting 2.0 နဲ့ AI Studio တို့ ပါရှိလာဦးမှာဖြစ်ပါတယ်။
သာမန်ထက်ပိုတဲ့ အကြမ်းခံနိုင်မှု၊ ရေစိုခံနိုင်ပြီး Midnight Blue နဲ့ Laser White ဆိုတဲ့ အရောင်နှစ်ရောင်ဖြင့် ထွက်ရှိလာမဲ့ OPPO A5x ကို ယနေ့ ဇွန်လ ၁၄ ရက်နေ့မှစတင်ပြီး ၅၆၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ဝယ်ယူသူတွေအတွက် 2 Years Official Warranty ကို ပေးအပ်သွားမှာဖြစ်ပါတယ်။