Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တကယ်ကို လိုတာထက်ပိုပြီး ရင့်ကျက်ခဲ့ရတဲ့နှစ်ပါပဲ။
အမြဲ ကိုယ်လိုချင်သလိုမဖြစ်ဘူးဆိုတာကို လက်ခံခဲ့ရသလို၊ ပျက်စီးသွားတဲ့ အရာတိုင်းကို ပြင်ဖို မလိုဘူး၊ ပြင်ချင်တိုင်းလည်း မရဘူးဆိုတာနားလည်ခဲ့ရတယ်။
အနားမှာမရှိတော့တဲ့ လူတွေကို အမှားတွေ လုပ်ခဲ့မိရင်တောင်းပန်ချင်ပြီး အနားမှာ ရှိနေသေးတဲ့ လူတွေအပေါ်လည်း အများကြီး ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာချင်ပါသေးတယ်။
လူတစ်ယောက်က မင်းဆိုးသမျှကို သည်းခံနားလည်ပေးပြီး အနားမှာ ဆက်ရှိနေတယ်ဆိုတာ မင်းကိုချစ်လိုပါ။ ဒါပေမယ့် ဘယ်အရာကိုမှ တစ်သက်လုံး အာမခံလိုမရဘူး။
အချစ်ရဆုံးလူတွေ ထွက်မသွားဖိုဆိုတာ သူတိုစိတ်နဲ့ဆိုင်သလို ငါတိုအပြုအမူတွေနဲ့လည်း ဆိုင်တယ်။ ဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူးလို မင်းယုံကြည်ထားတဲ့သူက တစ်နေ့မှာ မင်းကိုထားသွားဖို ဖြစ်လာတဲ့အခါ ဘယ်နေရာကမှားသွားတာလဲလို ပြန်စဥ်းစားကြည့်ပါ။
မချစ်တော့ခြင်းတွေက သူနဲ့ဆိုင်တာပဲ ဖြစ်နိုင်သလို သူမချစ်ချင်တော့လောက်အောင် ဆိုးသွမ်းမိတဲ့ ငါတိုကြောင့်လည်း ဖြစ်နိုင်တယ်။
လောကမှာ ဖုံးကွယ်လို့မရတဲ့အရာ{၃}ခု
၁။ ပညာမတတ်တာ ။
၂။ ဆင်းရဲတာ နဲ့
၃။ ချစ်တာပါ ။
ဒီသုံးခုက ဖုံးကွယ်လေလေ
ပေါ်လွင်လေပါ....။
လောကမှာ လက်မလွှတ်သင့်တဲ့အရာ
{၃}ခု
၁။ ယုံကြည်မှု ။
၂။ မျှော်လင့်ချက်နဲ့
၃။ ရိုးသားမှုပါ ။
လက်လွှတ်လေ နောင်တရတတ်လေမို့ပါ
လောကမှာ ဆိုင်းငံ့ထားလို့မရတဲ့
အရာ{၃}ခု
၁။ အသက် ။
၂။ အချိန် နဲ့
၃။ ချစ်ခြင်းပါ ။
ဆိုင်းငံ့လေ ဝေးကွာသွားတတ်လို့ပါ
လောကမှာ ဆောင်ထားရမဲ့အရာ{၃}ခု
၁။ လေးစားမှု ။
၂။ ရိုးဖြောင့်မှု နဲ့
၃။ ခင်မင်ဖော်ရွေမှုပါ ။
ဆောင်ထားလေ
နောင်တကင်းလေမို့ပါ။
လောကမှာ နောက်ကိုမရွှေ့သင့်တဲ့
အရာ{၃}ခု
၁။ အလှူအတန်း ။
၂။ မိဘကိုကျေးဇူးဆပ်ခြင်းနဲ့
၃။ ချစ်ခြင်းပါ
နောက်ကိုရွှေ့လေ နောင်တရလေမို့ပါ။
သူများကိုသိပ်ပြီးမသနားနဲ့
သူများကိုသိပ်ပြီးမသနားနဲ့ နောက်ဆုံးသနားစရာအကောင်းဆုံးသူက ကိုယ်ဖြစ်နေတတ်တယ်။
ဘဝမှာ အပင်ပန်းဆုံး အလုပ်က
မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာ
အပင်ပန်းဆုံးပဲ ။
မျှော်လင့်ချက်တွေ ကိုယ်ထင်သလို
ဖြစ်မလာတဲ့အခါ
- ဆက်သွယ်နေတာလည်း ဖြတ်ရမယ်
- ဖက်တွယ်နေတာလည်း ရပ်ရမယ်
-အတွေးလွန်တာတွေလည်းလျော့ရ
မယ်
-အားနာတတ်တဲ့စိတ်ကိုလည်းလျော့
ရမယ်
ဒါမှပဲ အေးအေးချမ်းချမ်းနဲ့ဘဝကို
ရှေ့ဆက်ရှင်သန်းနိုင်မှာပဲဖြစ်ပါတယ်
ဒီလိုမှမဟုတ်ရင် သူများစိတ်နဲ့အသက်ရှင်သန်နေရတာနဲ့အတူတူပါပဲ။
သူတို့အတွက် သူတို့အတွက်နဲ့ ကိုယ့်အတွက်ကိုယ်တောင် မေ့နေရတဲ့အခိုက်အတန့် အချိန်တွေရှိတယ်။
သူတို့အဆင်ပြေပါစေဆိုပြီး ကိုယ်အဆင်မပြေတာတွေကို မေ့ပြီး ကိုယ့်ကိုကိုယ်နှစ်သိမ့်ဖို့မေ့နေတတ်တယ်။
တခါတလေ လမ်းပျောက်သလိုနဲ့ စိတ်ထဲဝမ်းနည်းသလို၊အထီးကျန်ဆန်သလိုလိုနဲ့ ဘယ်သူ့ကိုပြောပြလို့ ပြောပြရမှန်းမသိအောင် မွမ်းကြပ်ဖူးလိမ့်မယ်။
ဟုတ်တယ်ဒါတွေ အားလုံးက သူများအတွက်၊သူတို့အတွက်ဆိုပြီး ကိုယ့်အတွက်ကိုယ်မေ့နေတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေပါပဲ။
ဒါကြောင့်ဘဝမှာ ကိုယ်မရှိရင် မဖြစ်ဘူးလို့မတွေးနဲ့ ကိုယ့်ကို အားကိုလွန်းပြီး သူတို့ကိုယ်တိုင် မရပ်တည်နိူင်တဲ့အခါ သိတတ်လွန်းတဲ့ကိုယ်က ဝန်ပိုပိတယ် ။
မိသားစုတစ်ခုမှာဖြစ်ဖြစ်၊လုပ်ငန်းခွင်၊လူမှုအဖွဲ့အစည်းစတဲ့ အားလုံးမှာ အ လိုက်သိတတ်လွန်းသူ၊တာဝန်သိတတ်လွန်းသူက ပိုပင်ပန်းရတယ်ဒါပေမဲ့ ပင်ပန်းခံထားရလောက်ပြန်ရတဲ့ အရာအားလုံးက မထိုက်တန်ဘူးဆိုပြီး စိတ်အပင်ပန်းမခံနဲ့။
လောကမှာ ကျွန်တော်၊ကျွန်မ ဘယ်လောက်ထိတော်ပါတယ်၊တတ်ပါတယ်၊ကောင်းပါတယ်ပြောပြော ဂဏာန်းလိုလူတွေ ရှိနေသရွေ့တော့ ကိုယ့်ရဲ့လုပ်ရပ်တိုင်းက အသိအမှတ်ပြုခံရဖို့မပြောနဲ့ အောက်ဆုံးထိဆွဲချမခံရရင်တောင်ကံကောင်းပါတယ်။
ဒါကြောင့်ဘာကိုပဲ လုပ်လုပ် မျှော်လင့်ချက်မထားနဲ့ ကိုယ်တတ်နိူင်သလောက်လုပ်ပေးခဲ့တဲ့အပေါ်ကျေနပ်ပါ။ကိုယ့်ကိုကိုယ်ချစ်ပါ ကိုယ်မရှိလည်း အရာအားလုံးက သူ့ဟာသူလည်ပတ်နေအုံး မှာပါ ။
ကိုယ့်ကိုကိုယ်ပဲ အားကိုးပါ အနားမှာဘယ်သူကမှ အမြဲတမ်းရှိမယ်လို့မသေချာ တဲ့အတွက် ဘယ်သူမှမရှိလည်းတစ်ယောက်တည်းရှင်သန်နိူင်အောင်ကြိုးစားပါ။