24 w - Translate

အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်ဖို့အတွက်ဆိုပြီး ကျူံးဘေးမှာနေထိုင်တဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို ဖယ်ခိုင်းနေ
❌ပြိုကျပျက်စီးနေတဲ့ အိမ်တွေကို ၁၅ ရက်အတွင်း အိမ်ရှင်တွေက ရှင်းလင်းရမယ်လို့ ဖိအားပေး
ဧပြီ ၂ ၊ ၂၀၂၅
အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်ဖို့အတွက်ဆိုပြီး ကျူံးဘေးမှာနေထိုင်တဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို ဖယ်ခိုင်းနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ကျုံးဘေးနဲ့နေတဲ့ ငလျင်ဒဏ်ဘေးသင့် ရှောင်နေတဲ့သူတွေကို အကုန်လုံးကို ဖယ်ခိုင်းနေပါတယ်။ ဘာလဲဆိုတော့ မဏ္ဍပ်ဆောက်မလို့ဆိုပြီး လာဖယ်ခိုင်းတယ်လို့ ကြားပါတယ်။ မနေ့က ဖယ်ခိုင်းနေတာပါ။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့အပါအဝင် မန္တလေးတိုင်းအတွင်း သေဆုံးသူအများအပြားရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့တွေက လုပ်ဆောင်နေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက အခုလို ငလျင်ဒဏ်သင့် ပြည်သူတွေကို ပျော်ပွဲရွှင်ပွဲအတွက် နေရာဖယ်ခိုင်းတာတွေ လုပ်ဆောင်နေတာပါ။
အင်အားပြင်း ငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးနေရသလို အပျက်အစီးတွေကြားက ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေချိန်မှာပဲ အကြမ်းဖက်စစ်တပ်ကတော့ သင်္ကြန်ပွဲကို ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်ကောင်စီက မန္တလေးမှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ အိမ်တွေကို ၁၅ ရက်အတွင်း အိမ်ရှင်တွေက ရှင်းလင်းရမယ်လို့ ဖိအားပေးနေကြောင်းလဲ ဒေသခံတွေက ပြောပါတယ်။
“အိမ်တွေကို ဒီနေ ဒါမှမဟုတ် မနက်ဖန် အကုန်လုံး လာရှင်းမယ်။ လာဖြတ်မယ် ပေါ့။ အဲဒါအဖြတ် မခံချင်ဘူးဆိုရင် ၁၅ ရက် အတွင်း ကိုယ်ဘာသာ ဖြတ်ရမယ် လို့ ပြောလာပါတယ်။” လို့ မန္တလေး ဒေသခံ တစ်ဦးက ပြောပါတယ်။
အင်အားပြင်းငလျင်ကြောင့် မြန်မာပြည်တွင်း ပျက်စီးဆုံးရှုံးမှုတွေကို သတင်းလာရောက်ရယူဖို့အတွက် နိုင်ငံတကာသတင်းဌာနအသီးသီးရဲ့ တောင်းဆိုမှုတွေကို အကြမ်းဖက်စစ်ကောင်စီက ပယ်ချနေပါတယ်။

image
24 w - Translate

အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်ဖို့အတွက်ဆိုပြီး ကျူံးဘေးမှာနေထိုင်တဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို ဖယ်ခိုင်းနေ
❌ပြိုကျပျက်စီးနေတဲ့ အိမ်တွေကို ၁၅ ရက်အတွင်း အိမ်ရှင်တွေက ရှင်းလင်းရမယ်လို့ ဖိအားပေး
ဧပြီ ၂ ၊ ၂၀၂၅
အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်ဖို့အတွက်ဆိုပြီး ကျူံးဘေးမှာနေထိုင်တဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို ဖယ်ခိုင်းနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ကျုံးဘေးနဲ့နေတဲ့ ငလျင်ဒဏ်ဘေးသင့် ရှောင်နေတဲ့သူတွေကို အကုန်လုံးကို ဖယ်ခိုင်းနေပါတယ်။ ဘာလဲဆိုတော့ မဏ္ဍပ်ဆောက်မလို့ဆိုပြီး လာဖယ်ခိုင်းတယ်လို့ ကြားပါတယ်။ မနေ့က ဖယ်ခိုင်းနေတာပါ။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့အပါအဝင် မန္တလေးတိုင်းအတွင်း သေဆုံးသူအများအပြားရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့တွေက လုပ်ဆောင်နေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက အခုလို ငလျင်ဒဏ်သင့် ပြည်သူတွေကို ပျော်ပွဲရွှင်ပွဲအတွက် နေရာဖယ်ခိုင်းတာတွေ လုပ်ဆောင်နေတာပါ။
အင်အားပြင်း ငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးနေရသလို အပျက်အစီးတွေကြားက ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေချိန်မှာပဲ အကြမ်းဖက်စစ်တပ်ကတော့ သင်္ကြန်ပွဲကို ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်ကောင်စီက မန္တလေးမှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ အိမ်တွေကို ၁၅ ရက်အတွင်း အိမ်ရှင်တွေက ရှင်းလင်းရမယ်လို့ ဖိအားပေးနေကြောင်းလဲ ဒေသခံတွေက ပြောပါတယ်။
“အိမ်တွေကို ဒီနေ ဒါမှမဟုတ် မနက်ဖန် အကုန်လုံး လာရှင်းမယ်။ လာဖြတ်မယ် ပေါ့။ အဲဒါအဖြတ် မခံချင်ဘူးဆိုရင် ၁၅ ရက် အတွင်း ကိုယ်ဘာသာ ဖြတ်ရမယ် လို့ ပြောလာပါတယ်။” လို့ မန္တလေး ဒေသခံ တစ်ဦးက ပြောပါတယ်။
အင်အားပြင်းငလျင်ကြောင့် မြန်မာပြည်တွင်း ပျက်စီးဆုံးရှုံးမှုတွေကို သတင်းလာရောက်ရယူဖို့အတွက် နိုင်ငံတကာသတင်းဌာနအသီးသီးရဲ့ တောင်းဆိုမှုတွေကို အကြမ်းဖက်စစ်ကောင်စီက ပယ်ချနေပါတယ်။

imageimage
24 w - Translate

The Last Warrior (or) Realm of Terracotta (2021)

ဒီရုပ်ရှင်ရဲ့ အားသာချက်ကတော့ ရုပ်ပိုင်းဆိုင်ရာအနုပညာဖန်တီးမှုပါ။ ရှေးဟောင်းလောကကြီးကို ရှင်သန်ထင်ရှားစေတဲ့ အသေးစိတ်ကျတဲ့ မြင်ကွင်းတွေ၊ စိုပြေတောက်ပတဲ့ အရောင်တွေက ကြည့်ရှုသူတွေကို စွဲမက်စေပါတယ်။ ဇာတ်လမ်းကလည်း သမိုင်း၊ ဒဏ္ဍာရီနဲ့ စွန့်စားခန်းတွေကို ရောစပ်ထားပြီး အစအဆုံးထိ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးထားပါတယ်။ တချို့ဇာတ်ကွက်တွေမှာ ကြိုတင်မှန်းလို့ရတာမျိုးရှိပေမယ့်၊ စိတ်ထိခိုက်စရာအခိုက်အတန့်တွေနဲ့ သင်ခန်းစာကောင်းတွေက ဒီအားနည်းချက်ကို ဖြည့်ပေးထားပါတယ်။ 

အကျဉ်းချုပ်အနေနဲ့ဆိုရင် "Realm of Terracotta" ဟာ ကလေးတွေရော လူကြီးတွေပါ ကြည့်ရှုဖို့ သင့်တော်တဲ့ ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပြီး၊ ဖျော်ဖြေရေးနဲ့ ယဉ်ကျေးမှုတန်ဖိုးကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မြန်မာဒါဘ်ဗားရှင်းက ဒီရုပ်ရှင်ကို ပိုမိုထူးခြားစေပြီး ကာတွန်းရုပ်ရှင်ကြိုက်တဲ့သူတိုင်း မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း အကြံပြုလိုက်ရပါတယ်။

💬😎 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

😎💬 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1742

image
24 w - Translate

A Creature Was Stirring (2023)
====================

မင်းသမီးချောလေး Annalise Basso ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇာတ်ကားလေးတစ်ကားပါ

Louisville ဆိုတဲ့ မြို့လေးတစ်မြို့ရဲ့ ခရစ္စမတ်ကာလမှာ နှင်းမုန်တိုင်းတွေအပြင်းအထန်တိုက်နေတဲ့ကြားကနေ ဘာသာရေးယုံကြည်သက်ဝင်တဲ့ မောင်နှမနှစ်ယောက်ဟာ သာသနာပြန့်ပွားရေးအတွက်ခရီးထွက်လာကြရင်းနဲ့ ခိုလုံဖို့အိမ်တစ်အိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြတယ်

အိမ်ရှင်ဖြစ်တဲ့ ဖိတ် ဆိုတဲ့ Nurse တစ်ယောက်ဟာ သူ့သမီးနဲ့အတူနေထိုင်တာပေါ့ သူ့ရဲ့သမီးဖြစ်တဲ့ ချမ် မှာ ထူးဆန်းတဲ့ ရောဂါတစ်ခုဖြစ်နေတာကို အမေဖြစ်သူက ကြိတ်ကုနေတာပေါ့ ရောဂါကတော့အဆန်းပဲ Body Temperature တစ်ခုကိုရောက်သွားရင် ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားတာပါပဲ ဒါကိုလူသိမခံချင်တဲ့ သားအမိနှစ်ယောက်နဲ့ အိမ်ဖောက်ပြီးရောက်လာတဲ့ မောင်နှမနှစ်ယောက်ကြားမှာ ဘယ်လိုကြောက်စရာဖြစ်ရပ်တွေနဲ့ သည်းထိတ်ရင်ဖိုတွေဖြစ်ကြဦးမလဲဆိုတာကိုတော့.....

ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်

image
24 w - Translate

ကိုယ့်မှာ မင်းကလွဲပြီ ဘယ်သူမှမရှိလို့ပါ...
မထားခဲ့ပါနဲ့...💔🥀

Monster House [2006]

IMDB: /10 Monster House ဆိုတဲ့ ဇာတ်ကား​လေးကို
ကျွန်​တော်တို့ ငယ်ငယ်က ၆ကားတွဲအ​ခွေ​တွေမှာ ကြည့်ဖူးကြမယ်ထင်ပါတယ်။

အဲ့ဒီတုန်းက​တော့ စာပါ​တာ​တွေ​ရော စာမပါတာ​တွေ​ရောနဲ့အင်္ဂလိပ်လို ကြည့်​ကောင်းကြည့်ခဲ့ရမှာပါ။

အခုတစ်ခါ​တော့ ငယ်ငယ်ကနားမလည်ပါးမလည်ကြည့်ခဲ့ဖူးတဲ့ဇာတ်ကား​ကောင်း​လေးကို တစ်ခါပြန်ပြီး​တော့ ကြည့်လိုက်ကြရ​အောင်ပါ။

အမြဲမှန်​ပြောင်းတစ်ခုနဲ့ အလုပ်ရှုပ်​နေတတ်တဲ့ DJ တစ်​ယောက်ကသူ့အိမ်​ရှေ့အိမ်ကိုအမြဲစူးစမ်း​နေတတ်ပါတယ်။

အမြဲတိတ်ဆိတ်ပြီး​တော့ က​လေး​တွေကို မနှစ်သက်၊က​လေး​တွေလာရင် ​မောင်း​ထုတ်တဲ့ Mr. Nebbercracker ရဲ့ အိမ်ကြီး​Mr. Nebbercracker က က​​လေး​တွေတော်တော်မုန်းတဲ့သူဗျ

ကလေးတွေကလည်းသူ့ကိုကြောက်ကြ
သူ့ကိုကြည့်မရတဲ့ လူဆိုး​လေး​တွေကလည်း အိမ်ကိုနည်းမျိုးစုံနဲ့ ​နှောက်ယှက်ကြ​နဲ့က​လေး​တွေ အများဆုံးလမ်း​ပေါ်ထွက်တဲ့ Holloween ကာလဆိုတာကလည်း
Mr. Nebbercracker အတွက် အမုန်းဆုံးအချိန်ဖြစ်လာ​တော့တာပေါ့ဒါပေမယ့်

သူဘာလို့ဒီလောက်တောင် ပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့နောက်ကွယ်ကအကြောင်းအရင်းလေးတွေရှိသေးတယ်

ဒီလိုအကြောင်းအရာတွေကိုဖော်ထုတ်ဖို့ အကြောင်းဖန်လာတော့ DJ တို့ က​လေးတစ်သိုက်ကဘယ်လိုတွေလုပ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်လိုက်ရအောင်ဗျာ

💬😎 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

😎💬 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1739

image
24 w - Translate

The Demon Disorder (2024)

တစ်ကားလုံး အူတွေအသည်းတွေယားပြီး ကြည့်ရှုရမဲ့‌ သွေးထွက်သံယိုသည်း ထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်က The Demon Disorder ဖြစ်ပြီး လက်ရှိ

IMDb Rating 5.0 အထိရရှိထားပါတယ်။

ဒီဇာတ်လမ်းရဲ့သည်းထိပ်ရင်ဖိုအမျိုးအစားက သရဲတွေလိုမျိုး

မဟုတ်ဘဲ မကောင်းဆိုးဝါး ကပ်ပါးကောင်းပုံစံမျိုးဖြစ်ပါတယ်။ပျင်းလည်းပျင်း Horror ကားလည်းတောင့်တနေတယ်ဆိုရင်တော့

ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။

image
24 w - Translate

Fireworks (2017)

💙❤️‍🔥 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

❤️‍🔥💙 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1744

image
24 w - Translate

Passengers
2016 ‧ Romance/Sci-fi ‧ 1h 56m

Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသိုပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လိုခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချိုယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II သိုရောက်ရှိဖို နှစ်ပေါင်း ၉၀ကျန်နေပါသေးတယ်။ Hibernation Pod ကိုပြင်ပီး ပြန်အိပ်စက်ဖို သူကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ယာဉ်ဝန်ထမ်းတွေကို နှိးပီးအကူအညီ ယူဖိုကလည်း သူတိုတွေ အိပ်စက်နေတဲ့ အခန်းတွေကို သာမန်ခရီးသည်တဦးက ဝင်ရောက်ခွင့်မရှိတဲအတွက် Jim အခက်တွေ့ရပြန်ပါတယ်။ယာဉ်တခုလုံး အဖော်ပြုစရာဆိုလို Arthur ဆိုတဲ့ ဘားကောင်တာကစက်ရုပ်တစ်ရုပ်ဘဲရှိပါတယ်။

ဒီလိုနဲ့ Jim တစ်ယောက် ယာဉ်ပေါ်မှာရှိတဲ့ ကစားစရာတွေကစားရင်း စားစရာတွေစားရင်း နေလာလိုက်တာ တစ်နှစ်ရှိသွားခဲ့ပါတယ်။ အထီးကျန်မှုကို မခံစားနိုင်လို သူ့ကိုယ်သူ သတ်သေဖိုလည်းတွေးမိခဲ့ပါသေးတယ်။ တစ်ရက်မှာတော့ အမှတ်မထင်ဘဲ Aurora ဆိုတဲ့လှပချောမောတဲ့မိန်းကလေးတစ်ယောက်ရဲ့ Hibernation Pod ကို Jim တွေ့သွားပါတယ်။ သူမရဲ့ Video file ကို ပြန်ကြည့်မိတဲ့အခါမှာတော့ သူမဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပီး ဂြိုလ်အသစ်နဲ့ စတင်မယ့် လူတွေအကြောင်း စာအုပ်ရေးသားဖို လိုက်ပါလာတဲ့သူ ဖြစ်နေပါတယ်။ အထီးကျန်နေတဲ့ Jim အတွက် သူစွဲလန်းသွားတဲ့ မိန်းကလေး Aurora ကို နှိးလိုက်ရင် ကောင်းမလား မကောင်းဘူးလားဝေခွဲမရဖြစ်နေရာကနေ နောက်ဆုံးမှာတော့ Aurora ကို နှိးလိုက်ပါတယ်။ Aurora ကိုတော့ သူမရဲ့ စက်ဟာ သူ့စက်လို ချိုယွင်းပီး နိုးလာတာလိုဘဲ အသိပေးခဲ့တာပါ။တကယ်တော့ သူတိုနှစ်ယောက်ဟာ Hibernation Sleep ကိုပြန်မသွားနိုင်ရင် ကျန်ရှိတဲ့ နှစ်ပေါင်း ၈၉နှစ်ကို ဒီယာဉ်ကြီးပေါ်မှာသာ ကုန်ဆုံးရတော့မှာပါ။ Aurora တစ်ယောက် သူ့ကို Jim က ရည်ရွယ်ချက်ရှိရှိနဲ့ နှိးခဲ့တာ သိသွားခဲ့ရင် Jim ကို ခွင့်လွှတ်နိုင်ပါ့မလား….သူတိုတွေ Hiberbnation Sleep ကိုပြန်သွားနိုင်မှာလား ဒါမှမဟုတ် ကျန်ရှိတဲ့ နှစ်တွေကို ယာဉ်ပေါ်မှာ ဘယ်လိုကုန်ဆုံးကြမလဲ…..
Jim အဖြစ် မင်းသား Chris Pratt ကသရုပ်ဆောင်ထားပီး Aurora အဖြစ် Jennifer Lawrence က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ 2014 တုန်းက The Imitation Game နဲ့ Oscar ဆုရာထားခံခဲ့ရတဲ့ Morten Tyldum ဖြစ်ပါတယ်။ Passenger ဟာ Sci-Fi ဇာတ်ကားဆိုပေမဲ့ လူသား နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပေါ် အခြေ ခံထားပါတယ်။ ဇာတ်ကားကို ကြည့်ရင်းနဲ့ Avalon ယာဉ်ပျံကြီးကို စိတ်မဝင်စားတော့ဘဲ Jim နဲ့ Aurora ရဲ့ အချစ်ဇာတ်လမ်းကို ပိုအာရုံရောက်လာစေပါတယ်။ Titanic နဲ့ Wall-E ပေါင်းထားတဲ့ ပုံစံမျိုးကို ခံစားမိမှာပါ။
Jim ဘက်ကကြည့်ရင် Aurora ကို နှိးလိုက်ခြင်းဟာ သူအသက်ဆက်ရှင်သန်ဖို မျှော်လင့်ချက်ဖြစ်ပီး Aurora ဘက်ကကြည့်ရင်တော့ သူမကိုနှိးလိုက်ခြင်းဟာ သူမဘဝကို အဆုံးသတ်လိုက်ခြင်းဖြစ်နေပါတယ်။ သူတို နှစ်ယောက် တွေ့ဆုံမှုဟာ ကံကြမ္မာကြောင့်ဖြစ်လာခဲ့တယ်လိုပြောရင် သင်ယုံမလား…အကယ်၍ Jim သာ Hibernation Sleep ကနေ စက်ချိုယွင်းပီး မနှိးထခဲ့ရင်………

image
24 w - Translate

Our Seven Days War (Bokura no 7 Days War) (2019)

💬😎 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

😎💬 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1736

image
24 w - Translate

0️⃣ငှက်တွေကြောင့် ပျက်စီးသွားတဲ့ လေယာဉ်ကို ကယ်တင်ခဲ့တဲ့ လေယာဉ််မှုးကြီးရဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်

Sully
2016 ‧ Drama ‧ 1h 36m

ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို ပြောသင့်တယ်ထင်ပါတယ်။
IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလိုသတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖိုကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား အားလုံးကိုအန္တရာယ်ကျရောက်စေတဲ့ ဆုံးဖြတ်ချက်မှားယွင်းသူလား? ဆူလီတစ်ယောက် သူ့အတွေ့အကြုံနဲ့ဆုံးဖြတ်ချက်ဟာ ကွန်ပြူတာတွေ ပညာရှင်တွေရဲ့ သီအိုရီတွေထက် ပိုမှန်ကန်လားဆိုတာ သက်သေပြနိုင်ဖို……

image