ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထိုင်းနိုင်ငံတွင် တရုတ်ခရီးသွားရှစ်ဦးကို လက်ကိုင်ဖုန်း ၉၁ လုံးနှင့်အတူ ဖမ်းဆီးရမိ
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀
ထိုင်နိုင်ငံ၊ အရှေ့မြောက်ပိုင်းပြည်နယ်သို့သွားသည့် ခရီးသွားကားပေါ်တွင် တ ရုတ်နိုင်ငံသားရှစ်ဦးကို လက်ကိုင်ဖုန်း ၉၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၄ နာရီခန့်တွင် Muang ခရိုင်ရှိ Yasothon ဘတ်စ်ကားဂိတ်၌ ဘန်ကောက်မှ ခမရတ်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ဘတ်စ်ကားကို ရဲတပ်ဖွဲ့ကရှာဖွေရာတွင် ၎င်းတို့ကိုဖမ်းဆီးရမိ ခြင်းဖြစ်ကြောင်း သိရသည်။
အသက် ၂၀ မှ ၂၈ နှစ်ကြားရှိ တရုတ်နိုင်ငံသားရှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့အထဲမှနှစ်ဦးသည် ဗီဇာသက်တမ်းကျော်လွန်နေသူများဖြစ်ပြီး၊ ကျန်ခြောက်ဦးမှာ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဖမ်းဆီးခံရသည့် သံသယရှိသူများ၏အိတ်အတွင်းမှ လက်ကိုင်ဖုန်း ၉၁ လုံးကို တာဝန်ရှိသူများက သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသော်လည်း သံသယရှိသူများက ဖုန်းများသည် ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ဘာသာပြန်သူတစ်ဦးက ရဲတပ်ဖွဲ့သို့ ပြောကြားသည်။
သံသယရှိသူများသည် ငွေကြေားလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)တွင်ပါဝင်သည်ဟု ယူဆရပြီး၊ နယ်စပ်ဒေသများတွင် တရားမဝင်စီးပွားရေးလုပ်ငန်းများကို ထိုင်းနှင့် တရုတ်နိုင်ငံတို့ဦးဆောင်သော ဖြိုခွင်းမှုအတွင်း ၎င်းတို့၏လုပ်ငန်းများကို အခြားနေရာသို့ပြောင်းရွှေ့နေဖွယ်ရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
Ref: Bangkok Post
Photo: Yasothon Police Station Facebook page
#သတင်းဟင်းလေးအိုးကြီး
Hercules (1997)
ဂရိနတ်ဘုရား Zeus ၏သား Hercules သည် မကောင်းဆိုးဝါး Hades မှတစ်ဝက်တစ်ပျက်ဘုရားအဖြစ်သို့ပြောင်းလဲသွားသည်။ Hercules သည် သူ၏ မသေနိုင်သော အမွေအနှစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး Zeus က သူ့ကို Olympus တောင်သို့ ပြန်သွားရန် ပြောခဲ့သည်။
ဇာတ်ကားလင့်
https://t.me/c/2186686827/120
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
The Mitchells vs. The Machines (2021)
IMDb Rating – 8.1/10
animation အလန်းစား တစ်ကား ရပါပြီ။ ရယ်လည်းရရယ်တယ် ကြည့်လို့လည်းကောင်းတယ်၊ သီချင်းတွေလည်း
ကောင်းတယ်။ ဇာတ်လမ်းကတော့ မစ်ချဲမိသားစုဆိုတာ အူကြောင်ကြောင် မိသားစုတစ်ခုရှိတယ်၊ အဖေက ဘာ
နည်းပညာမှ စိတ်မဝင်စားတဲ့ သဘာဝသမား၊ သမီးက ရုပ်ရှင်ဝါသနာအိုး၊ ဒါရိုက်တာရူး၊ သားက ဒိုင်နိုဆော ဝါသနာအိုး
စသည်ဖြင့် တစ်ယောက်တစ်ပေါက်တွေပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ တစ်ကမ္ဘာလုံးက စက်ရုပ်တွေက အကြောင်း
တစ်ခုကြောင့် ပုန်ကန်ပြီး လူသားတွေအားလုံးကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီမှာ ကပ်ခါသီခါ လွတ်ပြီး ကျန်ခဲ့တဲ့ မိသားစုဟာ
အလွဲခွဲအချော်ချော်တွေလုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားရတာကို တွေ့မြင်ရမှာပါ။
ဇာတ်ကားလင့်
https://t.me/c/2186686827/121
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
ကလေးဝနှင့် မော်လိုက်ကြားရှိ တံတား ၅ စင်း မီးရှို့ဖျက်ဆီးခံရ
ကလေးဝမြို့နယ်နှင့် မော်လိုက်မြို့နယ်ကြားရှိ တံတား ၅ စင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ကလေးဝ- မော်လိုက်လမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၁၇/၆-၁၇/၇)ကြား တံတားအမှတ်(၅/၂၉) ပေ(၈၀) တံတား၊ မိုင်တိုင်အမှတ် (၁၉/၀-၁၉/၁) ကြားရှိ တံတားအမှတ် (၄/၃၁) RC အရှည်(၁၃၀)ပေရှိ ပလူဇဝတံတား နှင့် မိုင်တိုင်အမှတ် (၂၀/၃-၂၀/၄)ကြားရှိ တံတားအမှတ် (၅/၃၃) အရှည် (၇၀)ပေရှိ ချောင်းညီအစ်ကိုတံတား အပါအဝင် စိစစ်ဆဲ တံတား ၂ စင်း စုစုပေါင်း တံတား ၅ စင်းကိုအကြမ်းဖက် PDF အဖွဲ့ အင်အား (၂၀၀)ခန့်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါတံတားများကို ယမန်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က PDF အမည်ခံ အကြမ်းဖက်သမားများမှ ဖျက်ဆီးခဲ့အတွက် ကလေးဝနှင့် မော်လိုက်တို့အကြား ဆက်သွယ်မှု ပြတ်တောက်ခဲ့ရသည်။
တံတားအထူးအဖွဲ့ -၂ က ပြန်လည်ပြုပြင်ပေးခဲ့သဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှစ၍ ဆက်သွယ်သွားလာနိုင်ခဲ့သည်ဟု သိရသည်။
ယခုအခါ ဒုတိယအကြိမ် ထပ်မံ ဖျက်ဆီးခံရသဖြင့် ကလေးဝ- မော်လိုက် လမ်းတစ်လျှောက် ယာဥ်များ သွားလာနိုင်မှုမရှိတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုအတွက် မော်လိုက်ခရိုင်အတွင်း ကုန်ပစ္စည်းများ ပြတ်တောက်လျက်ရှိပြီး ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာနိုင်သဖြင့် ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
#နိုင်ငံတကာသတင်း
◼ထရန့်ကိုယ်စားလှယ်နှင့် အပြုသဘောတွေ့ဆုံမှုကို မျှော်လင့်ကြောင်း ဇီလန်စကီးပြော
အမေရိကန်အထူးကိုယ်စားလှယ် ကိသ်ကဲလော့ နှင့် ယနေ့ တွငတွေ့ဆုံသွားမည်ဖြစ်ကာ အမေရိကန်နှင့်အပြုသဘောဆောင်သည့် အရာများလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး က ညစဉ်မိန့်ခွန်း၌ ပြောကြားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၎င်းအား ဆိုရှယ်မီဒီယာတွင် တိုက်ခိုက်ပြောဆိုခဲ့ပြီးနောက် ဇီလန်စကီး၏ပြောကြားချက်ထွက်ပေါခဲ့ခြင်းဖြစ်သည်။
အမေရိကန် ၊ ဥရောပတို့နှင့်ဆိုလျှင် ငြိမ်းချမ်းရေးက ပိုမိုစိတ်ချရမည်ဖြစ်ကြောင်း နှင့် ယင်းမှာ မိမိတို့၏ ရည်မှန်းချက်ဖြစ်ကြောင်း ဇီလန်စကီးကဆိုသည်။
ထို့ပြင် ကမ္ဘာပေါ်တွင် ဩဇာအာဏာအကြီးဆုံးပုဂ္ဂိုလ်မှာ ကရင်မလင် နှင့် လက်တွဲ မလား ၊ ငြိမ်းချမ်းရေးနှင့် လက်တွဲမလားဆိုသည့် ရွေးချယ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဒေါ်နယ် ထရန့်အား ရည်ညွှန်း၍ ဇီလန်စကီးက ပြောကြားသည်။
“ အနာဂတ်ဟာ ပူတင် နဲ့ ရှိမနေဘဲ ငြိမ်းချမ်းရေး နဲ့ ရှိနေပါတယ်။ ပူတင်နဲ့လက်တွဲမလား ဒါမှမဟုတ် ငြိမ်းချမ်းရေးနဲ့လက်တွဲမလားဆိုတာ ကမ္ဘာပေါ်ကလူတိုင်းအတွက် အင်အားကြီး သူအတွက်ရော ရွေးချယ်စရာဖြစ်နေပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို ရွေးသင့်ပါတယ်။” ဟု ဇီလန်စကီး က ဆိုသည်။
၎င်းအနေနှင့် ယူကရိန်း၏ စည်းလုံးညီညွတ်မှု ၊ ဥရောပ၏ စည်းလုံးညီညွတ်မှု နှင့် အမေရိ ကန်နိုင်ငံ၏ လက်တွေ့ကျမှုကိုအားထားနေကြောင်း ယူကရိန်းသမ္မတက ဆက် လက် ပြောကြားသည်။
ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ကျူးကျော်ခဲ့သည့် ပထမတစ်စက္ကန့်မှာပင် ယူကရိန်းက စစ်ပွဲကိုအဆုံးသတ်လိုခဲ့ကြောင်းနှင့် ရုရှားက ထပ်မံမတိုက်ခိုက်ရေး သေချာစေမည့် ငြိမ်းချမ်းရေးမျိုးကိုအလိုရှိကြောင်း ၎င်းကပြောကြားသည်။
ဒီနေ့ Review ရေးပေးမယ့် စာအုပ်ကတော့ ၂၀၁၆ ခုနှစ်က အမျိုးသားစာပေဆုရဆရာကြီး ညီပုလေးရဲ့ “ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်” ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို စဖတ်တည်းက Karine အရမ်းစိတ်လှုပ်ရှားပါတယ်၊ အရမ်းလည်းသဘောကျနှစ်ခြိုက်ပါတယ် အရမ်းကိုတန်ဖိုးရှိတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။ သူက လူပုဂ္ဂိုလ်တစ်ဦးအကြောင်းကိုပဲ အစကနေ အဆုံးထိ အရှိန်ပြင်းပြင်းနဲ့ရေးဖွဲ့ထားတဲ့ အတ္ထုပတ္တိဟန် စာပေ အမျိုးအစားပါ။မြန်မာပြည်တစ်ဝန်း ဆေးလောကတစ်ခွင်မှာ မသိသူမရှိတဲ့ အဓိကဇာတ်လိုက်ဖြစ်တဲ့ “အက်ဒဝပ်ဟုတ်ဝမ် (ခေါ်) ဒေါက်တာသိန်းလှိုင်” ဆိုတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းပါ။တချိန်က မြန်မာနိုင်ငံရဲ့အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ နာဂတောင်တန်းတွေဆီကို အလုပ်ကနေ စေလွှတ် ပေးပို့ခြင်းခံရတဲ့ တရုတ်ကပြားဆရာဝန်ကြီး “နာဂသိန်းလှိုင်” လို့တောင်ပြောစမှတ်ပြုရတဲ့ လူတစ်ဦးရဲ့အကြောင်းကိုရေးဖွဲ့ထားတာပါ။ဖတ်ပြီးတဲ့သူတော်တော်များများလည်းရှိမှာပါ။Karine ကတော့ အသိနောက်ကျတယ်ပြောရမလားပဲ အခုမှဖတ်ဖူးတာပါ။Karine တော့ အမှာစာကိုဖတ်ပြီးတည်းက စိတ်ကအရမ်းလှုပ်ရှားပြီး မရပ်မနားကိုဖတ်ချင်နေတော့တာပါပဲ။ ဒါတောင် မနားတမ်းမဖတ်ပါဖြစ်ဘူး ကြားထဲ ဟိုဟာလေးထလုပ်လိုက် ဒီဟာလေးလုပ်လိုက်၊ ကိစ္စပေါ်လာလို့အပြင်ထွက်လိုက်နဲ့ ၅ရက်လောက်ဖတ်ယူလိုက်ရတယ်။
ပထမဦးဆုံး စတင်ထုတ်ဝေတုန်းက စာအုပ်ဆိုတာထက် မဂ္ဂဇင်း ဝတ္ထုရှည် တစ်ပုဒ်ပါ။ Treasure Land မဂ္ဂဇင်းတိုက်ကနေပြီးတော့ လစဉ် အခန်းဆက် ဖော်ပြခဲ့တဲ့ အခန်းဆက်ဝတ္ထုရှည် အမျိုးစားပါ။တစ်ခန်းပြီးသွားတိုင်း ဖတ်ရတဲ့သူတွေမှာ ဆတ်တငံ့ငံ့နဲ့ပေါ့ အားမလိုအားမရတွေဖြစ်ပြီး တမျှော်မျှော်နဲ့ ။နောက်တော့ ပထမပိုင်း ဒုတိယပိုင်း တတိယပိုင်းရယ်လို့ဆိုပြီး ၃အုပ်ခွဲပြီးထွက်ရှိခဲ့တယ်။အဲ့ဒီနောက်တော့ လူထုရဲ့တောင်းဆိုမှုတွေကြောင့် စ-ဆုံး ပေါင်းချုပ်ကို မကြာခင်မှာ ဖြန့်ချိပေးပါမယ်လို့ ကတိပေးခဲ့ရတယ်။အဲ့လောက်ထိကိုစာပေလောကမှာ ကြီးကျယ်ခန်းနားတဲ့ စာမျိုးပါ။အခုခေတ်ချိန်မှာတော့ ကံကောင်းတယ်ပြောရမယ် “စ ဆုံး ပေါင်းချုပ်” ဆိုပြီးထွက်ချလိုက်တာ ကဲ ဖတ်ပေရော့ပဲ။
စာအုပ်ရဲ့စစချင်းမှာ သိန်းလှိုင်ရယ်လို့ မဖြစ်သေးဘူး အက်ဒဝပ်ဟုတ်ဝမ်ဆိုတဲ့ တရုတ်ကပြားကောင်လေးရဲ့ ငယ်ဘဝကနေ အစပျိုးထားပါတယ်။ ဩဇာအာဏာရှိပြီး အရာရာမှာထက်မြတ်လှတဲ့ သူ့အဖေ ဦးဟုတ်ဝမ်ရဲ့ အကြောင်းကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ညီအစ်ကို ၉ယောက်ရှိတဲ့အနက် အက်ဒဝပ်က ၃ယောက်မြောက်သားပါ။ကလေးဘဝကနေစလိုက်တဲ့စိတ်ဝင်စားမှုက လက်ကကို မချချင်အောင်ဆွဲဆောင်တဲ့ စာအုပ်တစ်အုပ်။ တော်တယ်၊ ထက်တယ်၊ အရာရာကို စူးစမ်းလိုစိတ် သင်ယူလိုစိတ်အပြည့်ရှိတယ်။မဟုတ်မခံလူစား။ခေါင်းထဲကတွေးနေတုန်းရှိသေးတယ် နှုတ်ကပြောထွက်သွားပြီ အဲ့လို စိတ်မြန်လက်မြန်လူစားမျိုး။နိုင်ငံရေးဟေ့ဆိုလည်း သူပါလိုက်တာပဲ။ သူများအရေးဟာသူ့အရေးပဲ။ သူများဒုက္ခဟာ သူ့ဒုက္ခပဲလို့ ခံယူထားတဲ့သူ။ ဆရာဝန်လောကရောက်မှ “သိန်းလှိုင်”ရယ်လို့ မြန်မာနာမည်စတွင်လာတယ်။မဟုတ်မခံစိတ်ကြောင့် အထက်လူကြီးရဲ့ မျက်စိစပါးမွှေးစူးပြီး လူသူအရောက်အပေါက်နည်းလွန်းလှတဲ့ ဝေးလံခေါင်သီတဲ့ အရပ်ဖြစ်တဲ့ စစ်ကိုင်းတိုင်းအစွန်က ဇဂ်လိန်းခန္တီးသို့ လုပ်သက် ၂နှစ်ဖြတ်ပြီး နှစ်တိုးလစာ ၁နှစ်ရပ်ကာ နာဂတောင်တန်းတွေပေါ်ကို စေလွှတ်ခြင်းခံရတဲ့သူတစ်ယောက်။ ဓားတွေအမျိုးမျိုးရှိတဲ့ ထဲကမှ လူတွေကိုအကျိုးပြုတဲ့ ဓားရဲ့အသုံးတစ်ခုကတော့ ခွဲစိတ်ကုသခြင်းပါ။ဒီစာအုပ်ထဲမှာ ဓားကိုင်တဲ့ခွဲစိတ်ကုဆရာဝန်တစ်ယောက်အကြောင်းကိုပြောပြထားတာပါ။နာဂဆရာဝန်ဖြစ်အသိမှတ်ပြုခံရတဲ့ကာလအတွင်း အချိုးအကွေ့၊ အလှည့်အပြောင်း၊အနိမ့်အမြင့်၊ အဆင်းအတက် ဘဝတွေရဲ့ အကြောင်း စာပန်းချီခြယ်သချက်တွေကိုဖတ်ရပါလိမ့်မယ်။
ဒီ့အပြင် နာဂလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာ၊ ရိုးသားမှုအရင်းခံ၊ လူမျိုးစရိုက်၊ စိတ်ခံစားမှုအဖုံဖုံ ရသ အဖုံဖုံ ကိုလည်း ပေးစွမ်းပါတယ်။နာဂလူမျိုးတွေရဲ့အကြောင်းကိုလည်း ကိုယ်တိုင်မျက်မြင်တွေ့နေရသလိုကို စိတ်ဝင်စားဖွယ်ရာ လေ့လာဖတ်ရှုရမှာပါ။
လူတစ်ဦးရဲ့ဘဝကို သူ့မိသားစုရဲ့ပတ်ဝန်းကျင် သူနေထိုင်ကြီးပြင်းရာခေတ်ကာလနဲ့ ယဉ်ကျေးမှုအခြေအနေတွေက လွှမ်းမိုးတယ်ဆိုတဲ့ သာဓကတွေကိုတွေ့မြင်ရမှာပါ။“နာဂနတ်” လို့တောင် နာဂလူမျိုးတွေရဲ့ တင်စားခြင်းကိုခံရတဲ့ သိန်းလှိုင်၊ “ခွဲစိတ်မှုအောင်မြင်ရင်မြင် မအောင်မြင်ရင် ခေါင်းကိုဖြတ်ယူသွားရမယ်” ဆိုလို့ ကိုယ့်ခေါင်းကိုယ်အပေါင်ထားကာ ခွဲစိတ်ခဲ့ရတဲ့အဖြစ်၊ တောင်ပေါ်က နာဂတွေကြားမှာ နတ်ဆေးဆရာကြီး၊ မြန်မာပြည်တစ်ဝန်းမှာ နာဂသိန်းလှိုင်၊ ခန္တီးမှာတော့ အာဏာပိုင် အဖွဲ့အစည်းက လူတချို့နှင့် သူနှင့် တဂျိန်းဂျိန်း။ရန်သူကို ရင်ဆိုင်ဖို့ လက်နက်စုတော့ သူ့လက်နက်က အဆဲညွန့်ပေါင်းကျမ်း၊ ဟိုဘက်ကလည်း သူတို့လက်နက်နဲ့သူတို့။
ဒီစာအုပ်ရဲ့ အသက်ဝင်ဆုံးနဲ့ စိတ်အထိခိုက်ရဆုံးအပိုင်းတွေကတော့ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာထိပ်ပိုင်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ တချို့ကတော့ ခေတ်ပြောင်းလို့ဖြစ်လာတဲ့ မိုးကျရွှေကိုယ်တွေ၊ ဒီလိုလူတွေရဲ့ သေးသိမ်ညံ့ဖျင်းမှု၊ မောက်မာဖိနှိပ်မှု၊မနာလိုငြူစူမှုမောဟတွေကို တုံ့ပြန်သွားတဲ့ ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုက်ရဲ့ ပြုမှုလုပ်ဆောင်ချက်တွေပါ။
ထက်မြက်တဲ့ဓားသွားဝတ္ထုကို ဖန်တီးဖို့ကို ဆရာညီပုလေးမှာ အခက်ခဲတွေအများကြီးရှိခဲ့ ၊ကြုံခဲ့ရတယ်။စိတ်ကူးဝတ္ထုသက်သက်မဟုတ်ပဲ သက်ရှိဇာတ်ကောင်တစ်ဦးရဲ့ ဘဝကို ရေးဖွဲ့ထားတာပါ။အခုဆိုရင် မြန်မာနိုင်ငံက ဆရာဝန်ကြီး ဒေါက်တာ နာဂသိန်းလှိုင် အကြောင်းကို ဆရာကြီးမိသားစုနဲ့ ဆရာညီပုလေးတို့က အဂ်လိပ်လို ထုတ်ဝေဖြစ်အောင် စတင်ကြိုးစားနေပြီလို့ သိရပါတယ်။ဘယ်လောက်တောင် ဂုဏ်ယူဝမ်းမြောက်ဖို့ကောင်းသလဲနော်။