1 w - Translate

ကားလို့စ်ဆိုတဲ့ အသက် (၆၇) နှစ်အရွယ် ဦးလေးကြီးဟာ လမ်းဘေးအာဝုလေး (၇) ကောင်ကို ကယ်ဆယ်ပြီး သူတို့နဲ့အတူ နိစ္စဓူဝကိစ္စတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီဦးလေးကြီးကလည်း စားဝတ်နေရေးအဆင်ပြေလှတဲ့ ဦးလေးကြီး မဟုတ်ပါဘူး။

အိမ်ခြေရာမဲ့တစ်ယောက်အဖြစ် လမ်းဘေးမှာ အမှိုက်တွေကောက်၊ ပြန်ရောင်းလို့ရတဲ့ သတ္တုပစ္စည်း၊ ပုလင်းခွံ၊ အစရှိတာတွေကို အဟောင်းဆိုင်တွေမှာ ပြန်သွင်းပြီး ပိုက်ဆံရှာရပါတယ်။ ဒီကရတဲ့ပိုက်ဆံတွေနဲ့ပဲ ဦးလေးကြီးက အာဝုလေးတွေအတွက် လိုအပ်တာတွေ၊ စားစရာတွေကို ဝယ်ရရှာပါတယ်။

ဒါပေမယ့် ချစ်ခြင်းမေတ္တာကတော့ မဆင်းရဲရှာပါဘူး။ သူ့ရဲ့ဘေးတွဲဆိုက်ကားလေးပေါ်မှာ သူချစ်ရတဲ့ အာဝုလေး (၇) ကောင်ကို စောင့်ရှောက်ထားပြီး သူ့ရဲ့နေ့စဉ်ဘဝကို ဖြတ်သန်းနေပါတယ်။ ဒီလိုမျိုး အာဝုလေးတွေ သူ့ဘေးမှာရှိနေတာကပဲ သူ့ဘဝအတွက် အဓိပ္ပာယ်ရှိစေတယ်၊ ပျော်ရွှင်စေတယ်၊ တစ်နေ့တာကို ဖြတ်သန်းဖို့ ခွန်အားတွေရတယ်လို့လည်း ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဒီဦးလေးကြီးနဲ့ အာဝုလေး (၇) ကောင်ကို မြင်တွေ့ရမှာဖြစ်ပြီး “သူတို့တွေက ကျနော်ပိုင်ဆိုင်သမျှ အကုန်ပါပဲ” လို့တောင် မျက်ရည်တွေနဲ့ ပြောကြားခဲ့ပါသေးတယ်။

image