27 ပတ် - ဘာသာပြန်ပါ။

The Call 2020


အညွှန်း* 🔽🔽🔽

MDb…9.0ဆိုယွန်း  ဟာ
မိခင်ဖြစ်သူရှိတဲ့ ကျေးလက်ဒေသက ဆေးရုံတစ်ခုကို သွားတဲ့လမ်းမှာ ဖုန်းကျပျောက်ခဲ့ပါတယ်။အဲ့ဒီအချိန်အိမ်ဖုန်းကို ခေါ်ဆိုလာတဲ့ဖုန်းတစ်ခု…အသက်အန္တရယ်ကြောင့် “ဆွန်ဟီးရေး ငါ့ကိုကယ်ပါ” ဗလုံးဗထွေးနဲ့ပြောရင်း
ဖုန်းချသွားတယ်…ဆိုယွန်းဟာ သူ့နာမည်နဲ့ဖုန်းဝင်တာလည်းမဟုတ်လေတော့ ဖုန်းမှားတယ်ပဲယူဆလိုက်တယ်…
နောက်ရက် ဖုန်းထပ်ဝင်လာပြန်တယ်…ဖုန်းခေါ်တဲ့ကောင်မလေးက သူ့ကိုယ်သူယောင်ဆုလိုမိတ်ဆက်ပြီးသူ့အသက်အန္တရယ်ရှိကြောင်းထပ်ပြောပြန်ရင်း ဖုန်းအလောတကြီးချသွားပြန်တယ်..တစ်ခါလည်းမဟုတ် အခါခါဖြစ်လာတော့ဆိုယွန်းဟာ ယောင်ဆုဆိုတဲ့နာမည်ကို စိတ်ဝင်စားလာတယ်..အဲ့ဒီအချိန်တိုက်တိုက်ဆိုင်ဆိုင်
သူ့အိမ်ရဲ့ လျှိဝှက်အခန်းတစ်ခုထဲမှာ ဗူးတစ်ဗူးသွားတွေ့တယ်..အဲ့ထဲမှာ ယောင်ဆုပုံပါသလို ယောင်ဆုရေးထားတဲ့ဒိုင်ယာရီကိုတွေ့မိသွားတယ်…နောက်နေ့ဖုန်းလာတော့ အြပန်အလှန်စကားပြောကြရင်း သူတို(၂)ယောက်ဟာအချိန်နှစ်(၂၀)လောက်ကွာဟာတဲ့ကာလမှနေပြီး တူညီတဲ့ အိမ်တစ်အိမ်ထဲမှာရောက်နေကြောင်း ထူးဆန်းစွာပဲသိလိုက်ရတယ်..တကယ်တော့ ဆိုယွန်းဟာ အမေက ရောဂါကျွမ်းပြီး သေလုမတတ်ရောဂါခံစားနေရတဲ့အပြင်အဖေဖြစ်သူကလည်း ငယ်ငယ်လေးကထဲကမီးလောင်ရင်းဆုံးပါးသွားတာဖြစ်တယ်..ဒီအကြောင်းတွေအပြန်အလှန်သိလာတဲ့အခါမှာတော့ တစ်ယောက်ဒုက္ခတွေတစ်ယောက် မတူညီတဲ့အချိန်ကာလကို အသုံးချပြီး ကယ်ဆယ်ဖိုကြိုးစားကြပါတော့တယ်…..ဒီကားက နာမည်ကြီးမင်းသမီးကြီးတွေ ဇာတ်ပိုတွေနဲ့ရိုက်ကူးထားတယ်…Park Shin-Hye က ခေါင်းဆောင်အဖြစ်ပါဝင်ထားပြီး ဇာတ်လမ်းက စမှဆုံးထိ စိတ်ဝင်စားစရာကောင်းလှတယ်..ြပီးတော့ တော်တော်ကြီးလည်း ထိတ်လန့်ဖိုကောင်းတယ်…ခံစားကြည့်ကြပါဉီး…


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/theyekarmyar/54
https://t.me/theyekarmyar/54

image
27 ပတ် - ဘာသာပြန်ပါ။

The Monkey King Reborn (2021)
_

IMDB 6.2/10


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/141?single
https://t.me/smith224560/141?single

image
27 ပတ် - ဘာသာပြန်ပါ။

Finnick (2022) 😍😘😘

IMDb - 5.8

ဖင်း ဆိုတဲ့အကောင်လေးတွေဟာ အိမ်တိုင်းမှာရှိကြပြီး လူတွေကို ကူညီပေးနေတဲ့ကိုယ်ပျောက်ဝိဉာဉ်လေးတွေပေါ့။ သူတိုတာဝန်က သာယာပျော်ရွှင်တဲ့အိမ်ကလေးဖြစ်အောင်တာဝန်ယူရပြီး ဘယ် ဖင်း ကမှဒါကိုမဆန့်ကျင်ကြသလို စိတ်ကူးထဲ‌တောင် မရှိကြဘူး။

ဒါပေမယ့်ဇာတ်လမ်းထုံးစံအတိုင်းစုန်းပြူးလေးတစ်ကောင်ကတော့မရှိမဖြစ်ပါလာမြဲပဲ။ ဖင်းနစ်ဆိုတဲ့ကောင်လေးက အထက်မှာပြောထားတဲ့အရာတွေနဲ့ဆန့်ကျင်ဖက်ပဲ။ လူတွေကိုသူ့အိမ်မှာမနေနိုင်အောင်တစ်ခုပြီးတစ်ခုလုပ်တယ်။

အဲ့ဒါကြောင့်ဘက်ခ်မြိုမှာ ဖင်းနစ် နေတဲ့အိမ်ကိုသရဲအိမ်လိုခေါ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာ ရုပ်ရှင်ရိုက်မယ့်မိသားစုဟာ အလုပ်အတွက် ဘက်ခ်မြိုကိုရောက်လာကြတယ်။ သူတိုရဲ့သမီးလေးခရစ်စတင်းဟာစုံထောက်ပညာကိုစိတ်ဝင်စားသလို တကယ်လည်းဉာဏ်ထက်ပါတယ်။

ဒါရိုက်တာက ခရစ်စတင်းတိုမိသားစုကိုခဏတဖြုတ်နေဖို ဖင်းနစ်ရဲ့အိမ်လေးကိုငှားပေးလိုက်တယ်။ လူတွေလာနေတာမကြိုက်တဲ့ ဖင်းနစ်နဲ့ လက်တွေ့ကျကျဖြေရှင်းရမှကျေနပ်တဲ့ စုံထောက်လေးခရစ်စတင်းတို ထိပ်တိုက်တွေ့တဲ့အခါမှာတော့ ...


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/136?single
https://t.me/smith224560/136?single

image
27 ပတ် - ဘာသာပြန်ပါ။

The Sea Beast [2022]

တောင်းထားတဲ့ကားလေးရပါပီ


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/179?single
https://t.me/smith224560/179?single

image
27 ပတ် - ဘာသာပြန်ပါ။

Jujutsu Kaisen 0 [2021] #cm


Rotten tomatoes 98%
Imdb 7.9/10
Myanumelust 8.5/10

ဒီရုပ်ရှင်ဟာ animeဖန်​တွေအကြိုက်​တွေ့ခဲ့ကြတဲ့
jujutsu kaisen စီးရီး (​ဇော်ဂျီဖိုဝင်သားစားတဲ့မင်းသား😅)ရဲ့အဖြစ်အပျက်မတိုင်ခင်ဇာတ်လမ်းပါ။ ​

ပြောရရင်​တော့ Yutaရဲ့​မှော်ဆရာဖြစ်လာခဲ့တဲ့
ဇာတ်​ကြောင်းလို​ပြောရင်လည်းရပါတယ်။

ဒီဇာတ်ကားဟာ ဂျပန်မှာရုံတင်ချိန်က ဝင်​ငွေစံချိန်​တွေတင်ခဲ့သလို animation quality လည်း​တော်​တော်​ကောင်းတယ်ချီးကျူးခံထားရတာပါ။

(အခု​တော့ one piece red filmက ဝင်​ငွေ​ကျော်တက်သွားပြီကြားပါတယ်)

ဇာတ်လမ်းအကျဥ်းက​တော့ ...

တခါတုန်းက သိပ်ချစ်ကြတဲ့ငယ်ကျွမ်း​ဆွေနှစ်​ယောက်ရှိပါတယ်။

သူတိုနှစ်​ယောက်ဟာ အသက်သာငယ်ကြ​ပေမဲ့ အချစ်​တွေကမငယ်တာမလိုအရွယ်​ရောက်လာတာနဲ့လက်ထပ်ကြမယ်လို ​​စေ့စပ်လက်စွပ်​လေးဝတ်ပြီးကတိပြုခဲ့ကြပါတယ်။

အဲ့လိုနဲ့ကတိပြုပြီး​နောက်မှာ ​ကောင်မ​လေးဟာ
ဆိုးဆိုးရွားရွားကားတိုက်ခံရပြီး​သေဆုံးသွားခဲ့ပါတယ်။ ​

သေဆုံးသွား​ပေမဲ့လည်း သူတိုအချစ်ဟာကြီးမားလွန်းတာ​ကြောင့် ​ကောင်မ​လေးဟာကျိန်စာသင့်တ​စ္ဆေကြီးအဖြစ်ပြန်ရှင်သန်လာခဲ့တဲ့​နောက်မှာ​တော့….
 
#credit
#channelmyanmar


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/181
https://t.me/smith224560/181

image
27 ပတ် - ဘာသာပြန်ပါ။

ဒီနေ့မနက် ပုဇွန်ဆပ်ထုပ် ပိန်းဥ
ဟင်း ခရုဆီကန်ဇွန်းရွက်ကြော်
ပုဇွန်ဆပ်ထုပ် ၂၀၀၀ ကျပ်ဖိုးကိုသန့်စင်ရေဆေးပြီးတဝက်ကိုဆားနနွင်းအချိုမှုန့်နယ်ပြီးကျန်တဝက်ကိုရေခဲခန်းမှာဘူးနှင့်ရေထည့်ပြီးထားပါတယ်
ပိန်းကြက်ဥ ၂၅ ကျပ်သား ၁၀၀၀ ကျပ်ဖိုးကိုရေဆေးပြီးရေမြုပ်အောင်
ထည့်ကာအကျက်ပြုတ်ပြီးအခွံသင်ထားပါ
အိုးတလုံးမှာဆီသင့်ရုံထည့်ပြီးကြက်သွန်နီ ၃ လုံးကိုအခွံသင်ရေဆေးပြီးစင်းလှီးကာနွှမ်းလာအောင်ဆီသပ်ပါ
နွှမ်းရင်နနွင်းမှုန့်ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီးမွှေပေးပါ
ရေနဲနဲချင်းထည့်၍အနှစ်ကျအောင်ဆီသပ်ပါ ငပိစိမ်းစား
နဲနဲထည့်ပါ မွှေပေးပါ မန်ကျည်းနှစ်ရည်ဖျော်ထားတာထည့်ပါ ရွှေလှေငံပြာရည်
နဲနဲအချိုမှုန့်နဲနဲထပ်ထည့်ပြီးမွှေပေးပါ နယ်ထားသည့်ပုဇွန်ကို
ထည့်ပါ ပိန်းဥပြုတ်ပြီးအခွံသင်ထားတာထည့်ပါ
ဆူအောင်တည်ထားပြီးရေခမ်းကာနီးရင်အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်ကုလားလေးမဆလာကိုဖြူးပြီးထည့်ပါ
ပုဇွန်ဆပ်ထုပ်ပိန်းဥဟင်းရပါပြီ
တရုတ်ကန်စွန်းရွက်ကိုချွေပြီးရေဆေးကာရေစစ်ထားပါ
ဒယ်အိုးတခုမှာဆီသင့်ရုံထည့်
ပြီးအပူပေးကာကြက်သွန်ဖြူ ထောင်းထားတာထည့်ပြီးအနံ့မွှေးအောင်ဆီသပ်ပါ ကန်စွန်း
ရွက်ထည့်ပါမွှေပေးပါ ခရုဆီ
ပဲငံပြာရည်အကြည် အချိုမှုန့်
နဲနဲထည့်ပါ မွှေပေးပါ ကန်စွန်းရွက်နွှမ်းရင်အရသာမြည်း
ကြည့်ပါ အနေတော်ဆိုရင်
ခရုဆီကန်စွန်းရွက်ကြော်ရပါပြီ
ပိန်းကြက်ဥကစီးစီးလေးမို့စားလို့အလွန်ကောင်းပါတယ်
စားကောင်းကြပါစေ

image
27 ပတ် - ဘာသာပြန်ပါ။

Night of Hell (2023)
===============

အညွှန်း* 🔽🔽🔽


ငရဲညဆိုတဲ့​အင်ဒိုနီးရှား​horror ကားကောင်းလေးကို
တင်ဆက်ပေးပါရစေ..

အင်ဒိုနီးရှားနိုင်ငံ​ Winongoရွာလေးဟာ ငရဲည ၃ ညတာကို

နှစ်စဥ်ဖြတ်သန်းရပါတယ်..

အဲညတွေဆိုရွာသူရွာသားတွေဟာ အပြင်မထွက်ရဲကြဘဲ

အိမ်မှာပဲနေပြီး ကုရ်အာန်ကျမ်းကိုသာရွတ်ကြပါတယ်

ငရဲညမှာသရဲတစ္ဆေတွေထကြွသောင်းကျန်းပြီး

လူတွေကိုဝင်ပူးကာသတ်တာဖြတ်တာတွေ ဖြစ်တာကြောင့်

အဲ ၃ ညတာက ကျိန်စာသင့်နေတဲ့ရွာလေးအတွက်တော့

တကယ့်ကိုငရဲပါပဲ ဒီကျိန်စာဆိုးလိုမျိုးငရဲညတွေဟာ

ရွာလေးအပေါ်ကို ဘယ်ကနေအစပြုပြီး ဘာတွေဆက်ဖြစ်မလဲ

ဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ပါ...


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/theyekarmyar/58
https://t.me/theyekarmyar/58

image
27 ပတ် - ဘာသာပြန်ပါ။

ဗလထွက်ဖို့ Gym သွားစရာမလိုတော့ဘူး ... Kanye West ၀တ်တယ့် Shirt ၀တ်ဖို့ပဲလိုတယ် 😬 Yeezy sock shoe တွေလဲမျက်နှာပြောင်တာမဟုတ်ပဲတစ်ကယ်လာတော့မယ်ထင်တယ် ...
ဟိုးတစ်လောကတော့ အမဲရောင်နဲ့ Yeezy Sock Shoe လို့လူတွေသတ်မှတ်တယ့်ဖိနပ်ကို Kanye ၀တ်ခဲ့ပြီးအခုတစ်ခါ Publicကို အပြာရောင်လေး၀တ်ပြီး Kanye နဲ့ထွက်လာပြန်ပါပြီ 🥶

image
27 ပတ် - ဘာသာပြန်ပါ။

Pokémon the Movie: Secrets of the Jungle (2021)
_

အညွှန်း* 🔽🔽🔽


ပိုကီမွန် ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့
ပိုကီမွန်ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်

ဒီတခါမှာတော့ ဇာရူဒ်တောအုပ်ထဲက
စမ်းချောင်းနားမှာ ငိုနေတဲ့ Koko ကို ဇာရူဒ်နယ်ခံ ပိုကီမွန်တစ်ကောင်က သူနဲ့အတူ ခေါ်လာခဲ့ပါတယ်

ဒါပေမယ့် ဇာရူဒ်နယ်မြေကို အခြားသူတွေဝင်ခွင့်မရှိဘူးဆိုတဲ့ စည်းမျဥ်းကြောင့် Koko စွန့်ပစ်ရမှာဖြစ်ပေမယ့်လည်း ခေါ်ဆောင်လာပေးခဲ့တဲ့ ပိုကီမွန်က သူကိုယ်တိုင် ကလေးရဲ့မိသားစုကိုရှာပေးမယ်ဆိုပြီးတော့ အုပ်စုကနေထွက်ခွာလာခဲ့တယ်

အစမှာ သူဟာ Koko ကို လူသားတွေနေတဲ့နေရာမှာ သွားထားဖို ကြံစည်ခဲ့ပေမယ့်လည်း အခြေအနေအမျိုးမျိုးကြောင့် မထားဖြစ်ခဲ့ပါဘူး

ပိုကီမွန်တစ်ယောက်က လူသားလေး Koko ကို သူ့သားအရင်းလိုမျိုး ကိုယ်တိုင်စောင့်ရှောက်ခဲ့ပြီး လူသားဖြစ်ကြောင်းကို ဖုံးကွယ်ထားခဲ့တယ်

ဒါပေမယ့် အချိန်ကြာတဲ့အမျှ Koko တစ်ယောက်
သူ့ကိုယ်သူ အခြားသူတွေနဲ့မတူညီတာနဲ့ပတ်သတ်ပြီး
အမြဲတမ်းသံသယဝင်ခဲ့ရာကနေ Ash နဲ့တွေ့ဆုံတဲ့ချိန်မှာ
သူဟာ လူသားတစ်ယောက်ဖြစ်တာ သိသွားပြီး
သူ့မိဘအရင်းကို လိုက်ရှာဖိုဖြစ်လာပါတော့တယ်

ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/185?single
https://t.me/smith224560/185?single

image
27 ပတ် - ဘာသာပြန်ပါ။

Horton Hears a Who! (2008)
---------------------------

အညွှန်း* 🔽🔽🔽


ကျွန်တော်တိုရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို သိထားပါတယ်

ကျွန်တော်တိုလို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို မကုန်နိုင်သေးပါဘူး

ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို ထင်ပါတယ်၊ ကျွန်တော်တိုလူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့် ကျွန်တော်တို မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါးကစားနေရင်းနဲ့ ပန်းဝတ်မှုအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကို အမှတ်မထင်တွေ့သွားပါတယ်

မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာ ကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်

ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့ ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာကိုတော့


ဇာတ်ကားကြည့်ရန် 🔽🔽🔽


https://t.me/smith224560/190?single
https://t.me/smith224560/190?single

image