27 ပတ် - ဘာသာပြန်ပါ။

‘Lilo & Stitch Live Action သရုပ်ဆောင်၊ အသက် ၄၆ နှစ်မှာ ကွယ်လွန်
David Hekili Kenui Bell ဟာ မကြာသေးခင်က Disney ရဲ့ Lilo & Stitch Live Action ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့သလို ၊ Magnum P.I. နဲ့ Hawaii Five-0 ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဇွန်လ ၁၂ ရက်နေ့မှာ အသက် ၄၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့အစ်မ Jalene Kanani Bell က Facebook Post မှာ သူကွယ်လွန်ကြောင်း အတည်ပြုခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းအမှန်ကို မကြေညာသေးပေမယ့်၊ Hawaii ရဲတပ်ဖွဲ့ကတော့ မသမာမှုတစ်စုံတစ်ရာ မရှိဘူးလို့ ပြောထားပါတယ်။
“ကျွန်မရဲ့ စိတ်သဘောထားကောင်း၊ အရည်အချင်းရှိ၊ ရယ်စရာကောင်း၊ ဉာဏ်ရည်ထက်မြက်ပြီး ချောမောတဲ့ မောင်လေး David H. K. Bell ဟာ ဒီနေ့မှာ ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့အတူ ရှိနေတော့မယ်ဆိုတာကို ဝမ်းနည်းစိတ်နဲ့ ပြောပြရပါတယ်” လို့ Jalene Kanani Bell က တနင်္ဂနွေနေ့မှာ ရေးသားခဲ့ပါတယ်။
Disney ကလည်း အင်္ဂါနေ့မှာ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြီး၊ “David Hekili Kenui Bell ရဲ့ ရုတ်တရက်ဆုံးရှုံးသွားမှုကို ကျွန်တော်တို့ အလွန်ဝမ်းနည်းမိပါတယ်။ သူဟာ ဖော်ရွေပြီး စိတ်ထားကောင်းတဲ့သူဖြစ်ပြီး၊ ရိုက်ကွင်းထဲမှာ လူတိုင်းနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ပါ။ သူဟာ Disney နဲ့ Lilo & Stitch မိသားစုရဲ့ ထာဝရအဖွဲ့ဝင်တစ်ယောက်အဖြစ် ရှိနေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

image
27 ပတ် - ဘာသာပြန်ပါ။

Wish Dragon (2021)

ဇာတ်ကားကြည့်ရန် 👇👇


https://t.me/smith224560/90?single
https://t.me/smith224560/90?single

image
27 ပတ် - ဘာသာပြန်ပါ။

ဈေးကြီးလွန်းသည့်ကြက်စာများနေရာတွင် အေဇိုလာကို အစားထိုးအသုံးချနည်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Azolla ကို လတ်လတ်ဆတ်ဆတ် သို့မဟုတ် အခြောက်ပုံစံတို့ဖြင့် တိရစ္ဆာန်များကို ကျွေးနိုင်သည်။ နွား၊ ကြက်၊ သိုး၊ ဘဲ၊ ဆိတ်၊ ဝက် နှင့် ယုန် စသည့်တိရစ္ဆာန်များအား တိုက်ရိုက် သို့မဟုတ် အခြားအစာများဖြင့် ရောစပ်ကျွေးမွေးနိုင်ပေသည်။
🍀တိရစ္ဆာန်အများစုသည် Azolla ၏ အရသာကို ကြိုက်နှစ်သက်ရန် အချိန်ယူရ၍ ရက်အနည်းငယ်ကြာအောင် တဖြည်းဖြည်း ကျွေးပေးရသည်။ ထို့ကြောင့်ပထမအဆင့်တွင် တဖြည်းဖြည်း အနံ့အရသာတို့အပေါ် ကြိုက်နှစ်သစ်လာအောင် စနစ်တကျကျွေးပေးရမည်ဖြစ်သည်။
Azolla ၏ အရသာကို တိရစ္ဆာန်များသိရန် ရက်အနည်းငယ်ကြာတတ်သောကြောင့် ကနဦးအဆင့်တွင် လတ်ဆတ်သော Azolla ကို စီးပွားဖြစ်အစာနှင့်အတူ 1:1 အချိုးဖြင့် ရောစပ်ကျွေးမွေးသင့်သည်။
🍀Azolla ရောစပ်အစာကို နှစ်ပတ်ကြာကျွေးပြီး အဆင်ပြေသွားပြီဆိုပါက နောက်ပိုင်းတွင် အခြားအစာမထည့်တော့ဘဲဖြင့်လည်း ကျွေးနိုင်သည်။ လတ်ဆတ်သော Azolla သည် အလွန်ပျက်စီးလွယ်သောကြောင့် ပိုလျှံနေသည့်အခါ နောက်ပိုင်းတွင် အသုံးပြုရန်အတွက် အရိပ်ထဲတွင် အခြောက်ခံသိမ်းဆည်းထားသင့်ပေသည်။
Azolla ကို တိရစ္ဆာန်များအတွက် အာဟာရရှိပြီး စျေးပေါသော အော်ဂဲနစ်အစာ အစားထိုးအဖြစ် အသုံးပြုနိုင်ရုံသာမက ဇီဝမြေသြဇာအဖြစ်ပါ အသုံးပြုနိုင်ပေသည်။
🍀Azolla သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး သံဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်စ်၊ ကြေးနီ၊ မန်းဂနိစ်စသည့် ဗီတာမင် A နှင့် ဗီတာမင် B-12 တို့ကဲ့သို့ မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များ ပါဝင်သည်ကို တွေ့ရှိရသည်။ ထို့ပြင် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များ၊ ပရိုဘိုင်အိုတစ်များ၊ ဇီဝပိုလီမာများနှင့် ဘီတာကာရိုတင်းအားလုံးနီးပါးလည်း ပါဝင်သည်ကို တွေ့ရှိရသည်။
အေဇိုလာအခြောက်တွင် သတ္တုဓာတ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ ပရိုတင်း ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းနှင့် အမိုင်နိုအက်ဆစ် ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်နိုင်ပြီး မြင့်မားသော ပရိုတင်းနှင့် လစ်နင်ပါဝင်မှုနည်းသောကြောင့် တိရစ္ဆာန်များအနေဖြင့် အလွယ်တကူ အစာချေဖျက်နိုင်သည်။
🍀Azolla ကို ကြက်အစာအဖြစ် လက်တွေ့အသုံးချနည်း
လတ်ဆတ်သော Azolla များကို ကြက်နှင့်ဘဲများအား အစားအသောက်များတွင် ထည့်သွင်းကျွေးမွေးနိုင်သည်။ ကျွန်တော်တို့နိုင်ငံတွင် ဒေသကြက်(တိုင်းရင်းကြက်) မွေးမြူရေးလုပ်ငန်းသည် နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် အမြတ်အစွန်းရှိသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး လူသားများအတွက် အတိုဆုံးအချိန်အတွင်း အာဟာရပြည့်ဝသော အသားများနှင့် ဥများကို ထောက်ပံ့ပေးနိုင်သည်။
သို့သော်လည်း ယခုအချိန်အခါတွင် အစာစျေးနှုန်းကြီးမြင့်မှုနှင့် အစားအစာပါဝင်ပစ္စည်းများ မရရှိနိုင်မှုများက တိရစ္တာန်စာ လုံလောက်စွာရရှိနိုင်မှုကို ခြိမ်းခြောက်နေသည်။ တပိုင်တနိုင်ကြက်မွေးမြူရေးကုန်ကျစရိတ် စုစုပေါင်း၏ 60 မှ 65% ခန့်အထိ ပါဝင်နေသော အစားအစာကုန်ကျ စရိတ်များက စိုက်မွေးသမားများအတွက် အခက်အခဲဖြစ်လာနေသည်။
🍀ထို့ကြောင့် စိုက်ပျိုးမွေးမြူရလွယ်ကူသော အေဇိုလာမှာ ကြက်များအတွက် ဖြည့်စွက်စာအဖြစ်အသုံးဝင်လာသည်။ အေဇိုလာကို ကြက်သားပေါက်များမှအစ ကြက်ကြီးများအထိ ကျွေးနိုင်သည်။ အမျှင်ဓာတ်များကို အလွယ်တကူချေဖျက်နိုင်သောကြောင့် ကြက်ကလေးများကို Azolla ကျွေးခြင်းသည် အသားစားကြက်များ၏ အလေးချိန်ကို တိုးစေသလို ဥစားကြက်များကိုပါ ဥထုတ်လုပ်မှု တိုးစေနိုင်ပါသည်။
လတ်ဆတ်သော Azolla သည် ကြက်စာများ၏ အစားအစာများတွင် စုစုပေါင်း ပရိုတင်းကြမ်း၏ ၂၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်သောကြောင့် ပရိုတိန်းဓာတ်အတွက်လည်း တစ်စိတ်တစ်ပိုင်း အစားထိုးနိုင်သည်။
🍀Azolla ဖြည့်စွက်စာ ၅% ပုံမှန်အစာရရှိသော ကြက်များသည် စုစုပေါင်းခန္ဓာကိုယ်အလေးချိန် ၁၀ မှ ၁၂ % တိုးလာကြောင်းသုတေသနများတွင်ဖော်ပြကြသည်။ စီးပွားဖြစ်မွေးမြူကြသောကြက်စာအတွက် အစားထိုးရန်ဆိုပါက ကြက်အကောင်ရေ ၁၀၀ အတွက်နေ့စဥ်လတ်ဆတ်သော azolla ၉ ကီလိုဂရမ်ခန့် လိုအပ်ကြောင်း Azolla farming project ၏ သုတေသနက ဖော်ပြထားပေသည်။
အေဇိုလာကျွေးပေးခြင်းဖြင့် ကြက်တစ်ကောင်အတွက် တစ်ကီလိုစာ အစာစရိတ် လျှော့ချနိုင်ပြီး အသားတင်အမြတ် ပိုများနိုင်သည်။
တကယ်လက်တွေ့အသုံးချနေသော ကြက်မွေးမြူ‌ရေးသမားများမှာလည်း လက်တွေ့အစားအစာကုန်ကျစရိတ်ကိုလျှော့ချနိုင်ပြီး အောင်မြင်စွာလုပ်ဆောင်နေကြသည်။
🐣ကြက်စာစပ်နည်းကတော့ …
အေဇိုလာအစို၊ စပ်စာ၊ စပါးအညှောက်ဖောက်အစေ့များကို အချိုးကျ ၁း၁း၁ ဖြင့် စပ်ခြင်းဖြစ်သည်။
ကိုသောမတ်စ်မှာ ယင်းအချိုးအတိုင်း လွှတ်ကျောင်းကြက်စာအဖြစ် နေ့စဥ်ကျွေးမွေးပြီး လက်တွေ့အောင်မြင်နေသူတစ်ဦးဖြစ်ကြောင်း ဖော်ပြရင်း အခြားလိုအပ်သော စိုက်ပျိုးမွေးမြူရေးသမားများအနေဖြင့်လည်း လက်တွေ့လုပ်ဆောင်နိုင်ကြရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

image
27 ပတ် - ဘာသာပြန်ပါ။

Beauty Water [2020]🔰🔰

IMDb Rating – 6.1/10ဒီတစ်ခါမှာတော့ ပုံမှန်ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့မတူဘဲ ကိုရီးယားနိုင်ငံမှာသူတိုရဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အလှအပစံနှုန်းတွေနဲ့ လွှမ်းမိုးခံရမှုတွေအကြောင်းစိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ကိုရီးယား animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ရယ်ဂျီဟာ ငယ်စဉ်ကတည်းက မလှပတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြောင့် အနှိမ်ခံခဲ့ရတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာ မိတ်ကပ်ဆရာမတစ်ယောက်
အနေနဲ့ အလုပ်လုပ်နေပေမယ့် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် အလုပ်မှာရော လူမှုဘဝမှာပါ အဆင်မပြေဘဲ လောကကြီးကို အမြဲမကောင်းမြင်နေတတ်တာပါ။

တနေ့မှာတော့ ရယ်ဂျီဟာ မထင်မှတ်ဘဲ scam mail တစ်ခုကို မှားနှိပ််မိပြီး အလှရည်တစ်ပုလင်း သူ့ဆီကို ပါဆယ်ရောက်လာပါတော့တယ်။

အဲဒီ အလှရည်နဲ့ပြုပြင်လိုက်ရုံနဲ့သူမတူအောင် လှပချောမောတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားတဲ့အခါ…..

ရယ်ဂျီဟာ ဒီအလှရည်နဲ့ သူ ငယ်ငယ်ကတည်းက မက်မောခဲ့ရတဲ့ ခေါင်းအစခြေအဆုံးလှပလွန်းတဲ့ရုပ်ရည်ကို မရအရယူဖိုအတွက် ကြိုးစားခဲ့တဲ့အခါမှာတော့

ရယ်ဂျီဟာ လှဖိုအတွက်ဆို ဘာမဆိုလုပ်ရဲလာပါတော့တယ်


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/smith224560/85?single
https://t.me/smith224560/85?single

image
27 ပတ် - ဘာသာပြန်ပါ။

ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေအကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။
💹💹💹💹💹💹💹💹💹💹💹💹💹💹💹💹
၁။ မူရင်းဒေသ - အရှေ့တောင်အာရှ၊ အီကွေတာမိုးသစ်တော။ အင်္ဂလိပ်အမည် - DURIAN၊ ရုက္ခဗေဒအမည် - Durio Zibethenus၊ မျိုးရင်းအမည် - BOMBACEAE ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သောဒေသများ
မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ကရင်ပြည်နယ် အကောင်းဆုံးဖြစ်ထွန်းသည်။ ရန်ကုန်တိုင်း၊ ပဲခူး အရှေ့ခြမ်း၊ ဧရာဝတီတိုင်းတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။
၃။ လတ္တီတွဒ်
အီကွေတာမှ တောင်နှင့်မြောက် ၁၅ ဒီဂရီ အတွင်းကောင်းစွာဖြစ်ထွန်းသည်။ ၁၈ ဒီဂရီ အထိလည်း စိုက်ပျိုးနိုင်ပါသည်။
၄။ ရေမျက်နှာပြင်အမြင့်
ပင်လယ်ရေ မျက်နှာပြင်မှ ၂၆၀၀ ပေ အထိ။ အပင်ကြီးထွားရန်နှင့် အသီးထုတ်လုပ်မှုအတွက် ပင်လယ်ရေ မျက်နှာပြင် နိမ့်မှသာ ကောင်းမွန်ပါသည်။ ပေ ၁၀၀၀ အောက်အကောင်းဆုံးဖြစ်ပါသည်။
၅။ ရာသီဥတု
ပူအိုက်စိုစွတ်သောရာသီဥတုကိုကြိုက်နှစ်သက်သည်။ ပျမ်းမျှအပူချိန် (၂၄ ဒီဂရီ ဆဲလ်စီးယပ် - ၃၀ ဒီဂရီ ဆဲလ်စီးယပ်) စိုထိုင်းဆ ၇၅ ရာခိုင်နှုန်း၊ မိုးရေချိန် ၇၅ လက်မ အထက်ရသော ဒေသတွင် ကောင်းစွာဖြစ်ထွန်းသည်။ လစဉ် ပျမ်းမျှ အပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်ထက် နည်းပါက အပင်ကြီးထွားမှု မဖြစ်ပါ။ အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထိ ခံနိုင်သော်လည်း အရွက်ကြွေပါမည်။ တစ်နှစ်ပတ်လုံး မိုးဖြန့်ရွာသော ဒေသများတွင် စီးပွားဖြစ် အသီးထုတ်လုပ်ရေးအတွက် ပိုကောင်းကြောင်းတွေရသည်။
၆။ မြေအမျိုးအစား
မြေဆီကောင်းမွန်ပြီး ရေစီးစိမ့်မှုကောင်းသော နုန်းဆန်သောမြေ၊ မြေသားအနက် အနည်းဆုံး ၄-၅ ပေ ရှိ၍ ရေသွင်းရေထုတ် ကောင်းစွာပြုလုပ်နိုင်သော မြေညီမြေပြန့်ကို ကြိုက်နှစ်သက်သည်။
PH 6.5 ဝန်းကျင်ရှိသော သဲနုန်း (သို့မဟုတ်) နုန်းမြေကိုနှစ်သက်သည်။
၇။ စိုက်ပျိုးချိန်
မိုးဦးကျ ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ ရေရရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
၈။ ဒူးရင်းမျိုးများ
မျိုးရွေးချယ်ရာတွင် (၁) အသီးထွက်ကောင်းခြင်း၊ (၂) အိမ်မွှာကြီးပြီးအသားထူ၊ အစေ့သေး၊ အရသာကောင်းခြင်း၊ (၃) စောစောပွင့်သီးခြင်းတို့ကို ဦးစားပေးသင့်သည်။
အရည်အသွေးကောင်း မျိုးများဖြစ်သည့် ကန်ကလေး (၁)၊ ကန်ကလေး (၂)၊ ရွှေဒင်္ဂါးမိချောင်းခေါင်းများကို စိုက်ပျိုးနိုင်သည်။
၉။ စိုက်ပျိုးနည်း
ပင်ကြားတန်းကြား တစ်ဧကဝင်ဆန့်ပင်ရေ
🌳၃၀’ x ၃၀’ ၄၈ ပင်
🌳၂၅’ x ၂၅’ ၇၀ ပင်
🌳၂၀’ x ၂၀’ ၁၀၈ ပင်
ဒူးရင်းပင်စိုက်ပျိုးရန်အတွက် ၃’ x ၃’ x ၃’ အရွယ်စိုက်ကျင်းတူးပြီး မြေခံမြေသြဇာအဖြစ်၁၅း၁၅း၁၅ (၃)မျိုးစပ် နို့ဆီဘူး (၁) ဘူး၊ နွားချေးဆွေး (သို့) ကြက်ချေးဆွေး(၂)တင်း၊ မြေအောင်းပိုးသတ်ဆေး (၁)ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး (၁)ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းတွင်းထည့်ကာ တစ်လခန့် နှပ်ထားသင့်သည်။
ကျန်းမာသန်စွမ်းသော(၁-၂)နှစ်သား ကိုင်းဆက်ပျိုးပင်များကို မြေနှပ်ထားသောကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရပါမည်။ ရေလုံးဝမဝပ်စေရန် ပင်ခြေပတ်လည်အားဖို့ပေးပြီး ပလက်စတစ်အနက်စဖြင့် အုပ်ပေးခြင်း၊ တိုင်ထောင်၍ ပျိုးပင်အား ကြိုးချည်ထိန်းပေးခြင်းများ ပြုလုပ်ပေးရသည်။
စိုက်ပျိုးပြီး (၂) နှစ်သားထိ ကျနေဒဏ်ခံနိုင်ရန်အတွက် အရိပ်လုပ်ပေးရသည်။ ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေအကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။
၁၀။ ရေပေးသွင်းခြင်း
မိုးကုန်ပါက ရေဝိုင်း၊ ရေဝပ်ကျင်းများပြုလုပ်ပေးရသည်။ အသီးခူးပြီးချိန်တွင် အကိုင်းရှင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေသြဇာကျွေးခြင်း (စက်တင်ဘာ/ အောက်တိုဘာ) တွင် ပြုလုပ်ပြီး မိုးစကုန်သည့်ရက်မှ (၁)လခန့် ရေဖြတ်ပြီးမှ ရေသွင်းရပါမည်။ သို့မှသာ ပွင့်သီးမှုအပိုင်း ကောင်းပါမည်။
နိုဝင်ဘာလမှ မိုးကျသည်အထိ ရေပေးသွင်းရပါမည်။ နေ့စဉ်မသွင်းနိုင်ပါက ၄-၅ ရက်တစ်ကြိမ်လုံလောက်စွာ ပေးရမည်။
၁၁။ အပင်ကြီးပြုစုခြင်း
ပန်းပွင့်စေရန်နှင့် သီးထွက်အားကောင်းစေရန် အကိုင်းဖြစ်ပြုပြင်ခြင်းလည်း လုပ်ရပါမည်။ ရှုပ်ထွေးနေ သောအကိုင်းများ၊ ကိုင်းညှပ်ကိုင်းခြောက်များနှင့် ရေတက်များရှင်းရပါမည်။ ပင်စည်မှ အကိုင်းဖြတ်တိုင်း သတိထားရမည်မှာ ဖြတ်သည့်နေရာအား မာတာရာဇီ မှိုသတ်ဆေးသုတ်လိမ်းပေးရန်ဖြစ်သည်။ ရောဂါဝင်နိုင်၍ ဖြစ်သည်။
အပင်ခြေအား အမြစ်မထိခိုက်စေဘဲ ပေါင်းရှင်းခြင်းဖြင့် ပိုးမွှားနှင့်ရောဂါအန္တာရာယ် ကာကွယ်နိုင်ပါ သည်။ အပင်ခြေအထက် (၃) ပေတွင် မည်သည့်အကိုင်းမှမရှိစေရန် ရှင်းထားရမည်။
၁၂။ မြေသြဇာကျွေးခြင်း
မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရမည်။ အသီးသီးပင်ဖြစ်ပါ က ၁၅း၁၅း၁၅ မြေသြဇာကို ၁ ကီလိုမှ ၃ ကီလို (၆၀ ကျပ်သား မှ ၁ ပိဿာခွဲ) အထိ ပင်ရေဝိုင်းအတွင်း အပေါ်ယံဖြူးကျွေးခြင်း (Top dressing) ပြုလုပ်ပြီးအပေါ်မှ ကြက်ချေး ၄-၅ တင်းအုပ်ပေးရသည်။ မြေပေါ်ကျွေးခြင်းမှ အမြစ်မထိခိုက်စေရန် ဖြစ်သည်။
မြေသြဇာကို အကြိမ်ကြိမ်ခွဲကျွေးသင့်သည်။ ရွက်ဖျန်းမြေသြဇာလည်း သုံးနိုင်ပါသည်။ သဘာဝမြေသြဇာကို ကြက်ချေးသုံးနိုင်လျှင် ပို၍ ကောင်းမွန်ပါသည်။ နွားချေးသုံးလျှင် နွားချေးမှာ အဆွေးပါက ရောဂါ အားပေးမှု ဖြစ်စေနိုင်ပါသည်။

image
27 ပတ် - ဘာသာပြန်ပါ။

Monster High ( 2022 )


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/smith224560/92
https://t.me/smith224560/92

image
27 ပတ် - ဘာသာပြန်ပါ။

Paws Of Fury : The Legend Of Hank ( 2022 )

အရမ်းကောင်းတဲ့ကားလေးပါ💜


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/smith224560/94
https://t.me/smith224560/94

image
27 ပတ် - ဘာသာပြန်ပါ။

ဟူးမစ်အက်ဆစ် ကိုယ်တိုင် အလွယ်ပြုလုပ်သုံးစွဲနည်းများ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
အစိမ်းရောင်လမ်း အမေးအဖြေ ကဏ္ဍမှာ တဖြည်းဖြည်းနဲ့ မေးမြန်းဆွေးနွေးသူ များလာသလို မေးတဲ့မေးခွန်းတွေကလည်း အဆင့်မြင့်မြင့်လာတာ တွေ့ရပါတယ်။
တချို့မေးခွန်းတွေဆိုရင် မြန်မာပြည်မှာ မရှိသေးတဲ့ လယ်ယာသုံးပစ္စည်းတွေအကြောင်း၊
စိုက်ပျိုးနည်းစနစ်များအကြောင်း မေးလာတော့လည်း...
မေးခွန်းတခုဖြေဖို့ နေ့ဝက်လောက်ကို အချိန်ယူရတာမျိုး ရှိပါတယ်။
အခု ဆောင်းပါးလေးမှာလည်း အဖွဲ့ဝင်တွေ မေးမေးနေကြတဲ့ ဟူးမစ်အက်ဆစ်အလွယ်လုပ်နည်း အကြောင်းလေးပါ။
🤔ဟူးမစ်အက်ဆစ်ဆိုတာ....?
မြေဆွေးမြေထဲမှာ ၂-၃ ရာခိုင်နှုန်းပါဝင်ပြီး ၈၅ ရာနုန်း ရှိနိုင်တဲ့ နေရာကတော့ မြေအောက်လွှာ Leonardite layarမှာ ရှိပါတယ်။
တနည်းအားဖြင့် Oxidation product of lignite လို့ခေါ်တဲ့ ကျောက်မီးသွေးသက်တမ်းနု အလွှာမှာ များစွာရှိပါတယ်။
ဟူးမစ်အက်ဆစ်ကို...
ဓာတုပစ္စည်း (အမှုန့်/အခဲ)အဖြစ်ထုတ်လုပ်ကြသလို.. ဇီဝပစ္စည်း အနေနဲ့လည်း ကိုယ်တိုင်ပြုလုပ် သုံးစွဲကြပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
🌳ဟူးမစ်အက်စစ်ရည် အလွယ်ပြုလုပ်နည်း(၁)
(Home made humic acid liquid)
အရင်ဦးဆုံး ၊ ကိုယ့်ခြံထဲမှာ သစ်ရွက်ဆွေးမြေဆွေး များများရှိမယ့်နေရာ သို့မဟုတ် အနက်ရောင်သစ်ဆွေးမြေ ရှိရာ ခြုံစပ်၊ သစ်ပင်ရိပ်တနေရာကို ရှာထားပါ။
လိုအပ်သောပစ္စည်းများ
----------------------------------
၁။ မြူအိုးအရွယ် မြေအိုးတလုံး
၂။ ထမင်း (နို့ဆီ ၁ ဗူးချက်)
၃။ ပလတ်စတစ်ရေပုံးတပုံး(ရေဆွဲပုံး)
၄။ ပိတ်ပါးစ
၅။ ချည်စရာ ကြိုးတချောင်း
🍁ပြုလုပ်ရန်နည်းလမ်း...
- ရေခမ်းပျော့ပျော့ ချက်ထားတဲ့ ထမင်းတွေကို မြေအိုး တဝက်ခန့်ထိ ထည့်ပါ။
- ထမင်းထည့်ပြီး အိုးထဲကို ထမင်းတွေမြုပ်သည်အထိ ရေထည့်ပါ။
- မြေအိုး အဝတ်ပါးပါးဖုံးပြီး ကြိုးစည်းပါ။
- ပြီးရင် မြေအိုးကို ၊မြေဆွေးမြေရှိရာ အရိပ်အောက် (သို့မဟုတ်) သစ်ပင်အောက်မှာ အိုးနှုတ်ခမ်းဖော်ပြီး မြေမြှုပ်ပါ။
- မြေအိုးတဝိုက်ကို ရေလောင်းပေးပါ။
၁၅ ရက်ကြာလျှင်..
- မြေအိုးကို ဖော်ပြီးဖွင့်ပါ။ အိုးထဲရှိ ထမင်းရည်ကို ပလတ်စတစ် ရေပုံးထဲ ပြောင်းထည့်ပါ။
- ထမင်းရည်တွေ ကြေမွအောင် လက်နဲ့ ချေပေးပါ။
- အဆိုပါထမင်းဖျော်ရည်ဟာ ဟူးမစ်အက်ဆစ် ဖျော်ရည်ပါပဲ။
အသုံးပြုလိုပါက..
- ဟူးမစ်အက်ဆစ်ဖျော်ရည် တဆကို ရေ ၁၀ ဆရောပြီး အပင်ခြေ လောင်းပေးနိုင်ပါတယ်။
🌳ဟူးမစ်အက်ဆစ်အရည် ပြုလုပ်နည်း(၂)
လိုအပ်ပစ္စည်းများ
---------------------------
၁။ အပိတ်ပါ ရေသန့်ဘူးခွံ ၂ ဘူး
၂။ ဘလိတ်ဓား(ဘူးခွံဖြတ်ရန်)
၃။ လုံးဝဆွေးမြည့်ပြီး အနက်ရောင်သစ်ဆွေးမြေ တကီလို (၆၂ကျပ်ခွဲသား)
၄။ ရေ တလီတာ
🍁ပြုလုပ်ရန်နည်းလမ်း..
- ရေသန့်ဘူးခွံတခုကို ၂ လက်မ သံချောင်းဖြင့် အပေါက် ၁ ပေါက် ဖောက်ပါ။
- ရေသန့်ဘူး ဖင်ပိုင်းကို ဓားဖြင့် လှီးဖွင့်ပါ။
- ကျန် ရေဘူးခွံကို ၃ ပုံ ၂ ပုံ လှီးဖြတ်ပါ။
- အပိတ်ပါ ရေဘူးကို နောက်ရေဘူးထဲသို့ ဇောက်ထိုးထည့်လိုက်ပါ။
- အပေါ် ရေဘူးခွံထဲကို သစ်ရွက်ဆွေး/မြေဆွေး ပြည့်လုနီးပါး ထည့်ပါ။
- ပြီးရင် ရေကို တဖြည်းဖြည်းချင်း လောင်းပါ။
- ရေဘူးပိတ် အပေါက်မှ ရေစက်များ ဖြည်းဖြည်းချင်း အောက်ခံဘူးထဲ ကျနေပါစေ။
(အောက်ခံခွက်ထဲ ရရှိတဲ့ နီညိုရောင်အရည်များ ရရှိပါက အဲ့ဒါတွေဟာ ဟူးမစ်အက်ဆစ်အရည် ဖြစ်ပါတယ်ခင်ဗျာ)
အရမ်းလွယ်လွန်းလို့ဆိုပြီး... အထင်မသေးလိုက်ပါနဲ့ဗျာ..
သင့်ရဲ့.. အိမ်တွင်း အလှစိုက်ပန်းပင်၊ ပန်အိုးတွေမှာ သုံးကြည့်ပါ။
(ဘယ်လောက် အကျိုးရှိ၊ ထိရောက်လဲ ဆိုတာ သိပါလိမ့်မယ်)
ဟူးမစ်အက်ဆစ် ရဲ့ အာနိသင်တွေကိုတော့၊ သိကြပြီးသားမို့ အထူးတလည် မရေးတော့ပါဘူး။
စာရှည်ရင် မဖတ်မှာစိုးလို့။
မသိသေးရင်တော့ comment လင့်မှာ ဝင်ဖတ်နိုင်ပါတယ်ဗျာ..။
စေတနာများစွာဖြင့် - #ဒို့ဦးလေး

image
27 ပတ် - ဘာသာပြန်ပါ။

ကျွဲ၊ နွားများအတွက် ဆေးဘက်ဝင် သဘာဝသစ်ပင်များ
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
၁။ ရှားစောင်းလက်ပတ်🍀
နေ့လမစေ့ဘဲ သားမွေး(ဝါ) သားလျှောကျသော ကျွဲ ၊ နွားများအတွက် မြေအိုးသန့်သန့်ထဲတွင် ရှားစောင်းလက်ပတ် ( ၂၅ )ကျပ်သား ၊ ထန်းလျက် ( ၂၅ ) ကျပ်သား ၊ ပျားကြီးရည် ( ၅၀ ) ကျပ်သား တို့ကို ရော၍ မီးမျှဉ်းမျှဉ်းဖြင်ံ့ ကျိုချက်ပြီး အအေးခံပါ။ ၎င်းဆေးကို ကျွဲ ၊ နွား အမကြီးများကို ဇွန်းကြီး ( ၃) ဇွန်းခန့် တစ်နေ့ကို ( ၂ ) ကြိမ်တိုက်ကျွေးရပါမယ်။ နွားမဒန်းသားမွေးလျှင် ဇွန်းကြီး ( ၁ ) ဇွန်းခွဲသာသာဖြင့် တစ်နေ့ကို ( ၂ ) ကြိမ် တိုက်ကျွေးရပါမယ်။ အပုပ်စင်ပြီး သားအိမ်အကျက်မြန်ကာ နောက်တစ်သားအတွက် အကျိုးထူးစေပါသည်။
နွားမကြီးများအတွက် ပုံမှန်တိုက်ကျွေးခြင်းဖြင့် သားဆက်နီးစေပါသည်။ နို့ထွက်ကိုလည်း များစေပါသည်။
မီးယပ်ရောဂါကြောင့် ပိန်ချုံးပြီး သားမကြာခဏလျောတတ်သော ကျွဲမ ၊ နွားမများအတွက် ရှာစောင်းလက်ပတ် ၊ စမုန်နက်( မီးသင်းပြီး ) ၊ နှမ်းလှော် ၊ ဆားလှော် ၊ မန်းကျီးသီးမှည့် ၊ ဒန့်သလွန် အမြစ်အုပ်ပိုင်း စသည်တိုကို ( ၁၀ ) ကျပ်သား အညီအမျှယူ၍ ထန်းလျက် ( ၅ ) ကျပ်သား၊ ဘုမ္မရာဇာ ( ၂ ) ကျပ်သား သီးခြားထည့်ကာ ညက်အောင်ကြိတ်ပြီး တေ၍ ဆီးသီးလုံးခန့် လုံးပါ။ နွားမတစ်ကောင်ကို တစ်နေ့ ( ၂ ) ကြိမ် (၇)ရက်ခန့် ကျွေးပါ။ အသားအရေစိုပြေ၍ အမွေးအရောင် ပြောင်းလာပါသည်။ အစားအသောက်ကောင်းလာသည်ကိုလည်း မြင်တွေ့ရပါလိမ့်မည်။
၂။ မရိုးကြီးပင်🌿
ကျွဲ၊ နွားများသည် တစ်ခါတစ်ရံ လည်မြိုတွင် အကျိတ်ထွက်ပြီး မခံချိ မခံသာဖြစ်ပြီး အသက်ရှူ ကြပ်၍ သေဆုံးသွားတတ်သည်။
ထိုရောဂါဖြစ်နေမှန်းသိလျှင် ရောဂါဖြစ်သော ကျွဲ ၊ နွား၏ နားရွက်နောက်ဘက်သို့ ဆွဲလှည့်၍ နားရွက်ဆုံးသောနေရာနှင့် ပုခုံးမှ (၁) မိုက်ခန့်အကွာနေရာနှစ်ခု ဆုံသည့်နေရာတွင် ကျပ်ပြားဝိုင်းခန့် အရေပြားပေါ်အောင် အမွှေးများကို ကတ်ကြေးဖြင့်ညှပ်ပြီး မရိုးဆေးကို မထူမပါးလိမ်းပေးရမည်။ အကျိတ်နေရာသည် ရွေ့လျားပြီးပျောက်ကင်းသွားစေပါသည်။ မရိုးဆေးသုတ်လိမ်းထားသည့် အနာနှုတ်ခမ်းတစ်ဝိုက်ကိုမူ ရိုးရိုးဆီသုတ်လိမ်းထားရန်လိုသည်။
ပေါင်ပုပ်၊ လက်ပုပ်ဖြစ်ကာစ ကျွဲ ၊ နွားငယ်လေးများကို မိုးနှံကိုင်းနှင့် မရိုးကိုင်းကို ရောယှက်ကိုင်ပြီး ရောဂါဖြစ်၍ ရောင်နေသောခြေ (သို့မဟုတ်) လက်နေရာကို နဖာကြိုးကိုင်ပြီး တစ်ဖက်ကကိုင်ပြီး တစ်ဖက်ကမောင်းရင်းနှင့် ကျန်တစ်ဖက်မှ ရိုက်ပေးခြင်းဖြင့် မိုးနှံကိုင်းမှ ဆူးကြောင့် ရောင်နေသောနေရာတွင် ဆူးပေါက်ရာများဖြစ်ပြီး သွေးမည်းများထွက်လာပါသည်။ မရိုးကိုင်းရိုက်မှု့ကြောင့် မရိုးဆေးများကထွက်ကာ ဆူးပေါက်ရာများအတွင်းသို့ မရိုးဆေးများဝင်ရောက်သွား၍ ရောဂါပိုးသေစေကာ ပျောက်ကင်းသွားစေပါသည်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
၃။ ကုက္ကိုပင်🌳
သင်္ဘောကုက္ကိုနှင့် မြန်မာကုက္ကိုလ်( ၂ ) မျိုးရှိသည့်အနက် သင်္ဘောကုက္ကိုသည် ကျွဲ ၊ နွားများအတွက် ဆေးဘက်အဝင်ဆုံးဖြစ်သည်။
ကျွဲ၊ နွား၊ မြင်းများတွင် ပြင်ပထိခိုက်မှု့ကြောင့် မျက်လုံးတိမ်သားစွဲရာမှ မျက်ဝန်း တစ်ခုလုံးသည် ဖြူလာတတ်သည်။ သို့ဖြစ်လျှင် ယမ်းစိမ်းနှင့် ကုက္ကိုစေ့ကို ငါးမူးသားစီ အညီအမျှစု၍ ကျောက်ဆုံတွင် ထည့်ထောင်းပါ။ အဝတ်ပါးနှင့် အမှုန့်ကို စစ်တိုက်ယူရမည်။ ထို့နောက် ကုက္ကိုရွက်ကို ညှစ်၍ ယူထားသော သတ္တုအရည်နှင့်ဆေးမှုန့်ကို ရေဖျော်ပြီး တစ်နေ့(၂) ကြိမ် (၃) ကြိမ် ကွမ်းရိုးဖြင့်မျက်စိအပေါ် ဆွဲ ခပ်ပေးခြင်းဖြင့် တိမ်သလာများ ကွာကျသွားစေပါသည်။
မျက်ဝန်းအရောင်သည်လည်း တဖြည်းဖြည်း နဂိုအရောင်သို့ရောက်သွားပါမည်။ သို့သော် မီးခိုးမှိုင်းများ မျက်စိထဲမဝင်အောင် သတိပြုရမည်။
သွေးနှင့်လေ မကွဲသော မြင်းသရိုက်၊ သွေးဝမ်းကိုက်ရောဂါဖြစ်သည့် ကျွဲ၊ နွားများတွင် စအိုဝ လန်ထွက်လာသည်အထိ ဝမ်းသွားသည်အထိ ဝမ်းသွားချင်၍ ညစ်ထုတ်နေသော်လည်း သွေးတစ်စက်ချင်းသာကျလာပြီး ဝမ်းမလိုက်ဘဲ အရိအရွဲများသာ ကျဆင်းလာတတ်ပါသည်။ ကျွဲ ၊ နွားများမှာလည်း အလွန်ပင်ပန်းလွန်းသောကြောင့် မျက်တွင်းချောင်ကာ ပိန်ချုံးလာတတ်ပါသည်။
ထိုသို့ဖြစ်လျှင် ကုက္ကိုစေ့ကိုလှော်၍ ညက်နေအောင်ထောင်းပြီး ကြောင်ပန်းရွက်ပြုတ်ရည်နှင့် ရေစပ်တိုက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းသွားစေပါသည်။
၄။ ထိကရုန်းပင်🍁
ကုန်းထိကရုန်းနှင့် ရေကထိရုန်းဟူ၍( ၂ ) မျိုးရှိသည့်အနက် ကုန်းထိကရုန်းသည် အလေ့ကျပေါက်သော အပင်ဖြစ်သည်။ ထိကရုန်းဆူပေါက်ပင် လက်တစ်ဆုပ်စာကိုယူ၍ ပဉ္စငါးပါးပါအောင် နှုတ်ယူ၍ ရေစင်အောင် ဆေးပြီး သကြား(၁)ဇွန်းထည့်၍ ရေနှင့်သုံးခွက်တစ်ခွက်တင်ကျိုပါ။ နွေးသောအခါ နွားများတွင် ဖြစ်တတ်သော ဆီးကျန်ရောဂါ၊ ကျင်နီရောဂါ ၊ ကျင်နက်ရောဂါတို့ အတွက် တိုက်ကျွေးပေးလျှင် ပျောက်ကင်းစေပါသည်။
ထိကရုန်းပြုတ်ထားသော အဖတ်များကို ဆီးမကြာခဏသွားသော ကျွဲ၊ နွား၏ ခါးရိုးပိုင်းပေါ်တွင် တင်၍ပွတ်တိုက်ပေးခြင်းဖြင့် ဆီးလွန်ရောဂါကို ပျောက်ကင်းစေပါသည်။
၅။ နန်းလုံးကြိုင်ပင်🌿
တစ်ခါတစ်ရံ နွားများ၏အရေပြားပေါ်တွင် အကွင်းလိုက်ကွာကျပြီး အမွှေးမပေါက်ဘဲ ပြောင်ချောချောနှင့် ဝဲနာ၊ နူနာများဖြစ်တတ်ပါသည်။
၎င်းရောဂါအတွက် ဂုံမင်းအသီး(၂၅) ကျပ်သားနှင့် နန်းလုံးကြိုင်အသီး (၅၀)ကျပ်သားတို့ကို မြေအိုးသန့်သန့်တွင်ထည့်၍ အဖုံးလုံအောင်ပိတ်ပြီး (ရွံစေးဖြင့်မံပါ) ဖွဲမီးဖြင့်ကျွမ်းလောင်အောင်ဖုတ်ပါ။ ရရှိသောပြာမှုန့်ကို အုန်းဆီစစ်နှင့် မပျစ်မကျဲရောစပ်ကာ ရောဂါဖြစ်ဖြစ်နေသည့် နေရာကို လူးပေး၊ လိမ်းပေးပါ။ အဖတ်များ၊ အလွာလိုက်ကွာကျပြီး အသားကောင်းများပြန်တက်ကာ အမွှေးများပြန်ပေါက်လာပါသည်။
အနာကိုဆေးမလူးမီ နှီးပြားဖြင့်ခြစ်ထုတ်၍ တမာရွက်ခေါက်ပြုတ်ရည်နှင့် ဆေးကြောပေးပြီး ခြောက်သွေ့အောင်သုတ်ပြီးမှ ဆေးလူးပေးရပါမည်။
မှီငြမ်း - ဦးဝင်းဇော် ( သုံးဆယ် ) ၏ တိရစ္ဆာန်ရိုးရာကုထုံးစာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

27 ပတ် - ဘာသာပြန်ပါ။

Quicksand 2023

ဒီဇာတ်ကားလေးကတော့ ကိုလံဘီယာတောတွင်းက အန္တရာယ်များတဲ့သဲနွံနဲ့ မြွေအကြောင်းကို တင်ဆက်ရိုက်ကူးတာဖြစ်ပါတယ်

ဇာတ်ကားမှာတော့ Josh နဲ့ Sofia ဆိုတဲ့ အိမ်ထောင်ရေးအဆင်မပြေတဲ့ လင်မယားနှစ်ယောက် ကိုလံဘီယာနိုင်ငံကို ကျန်းမာရေးဝန်ထမ်းတွေအဖြစ် လာရောက်လုပ်ကိုင်ပေးကြတာကနေ စတင်ထားပါတယ်

သူတိုအတွက် အလုပ်စလုပ်ရမယ့်နေ့မတိုင်ခင်မှာ ရက်အားရသေးတဲ့အတွက်ကြောင့် သူတိုနှစ်ယောက်အနေနဲ့ hiking ထွက်ဖို စီစဥ်ကြပါတော့တယ်

ဒေသခံတွေက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Las Arenas ဆိုတဲ့နေရာကို မသွားဖို တားခဲ့ပေမယ့်လည်း Josh နဲ့ Sofia တို အဲနေရာကို မဖြတ်ရင်မရတော့တဲ့အခြေအနေမို ဖြတ်ကြရပါတော့တယ်

အဲလိုဖြတ်တဲ့အချိန်မှာပဲ သူတိုတွေဟာ သဲနွံထဲကို ရောက်ခဲ့ရပြီး မြွေနဲ့ပါ ရင်ဆိုင်ရပါတော့တယ်

သူတိုနှစ်ယောက် ဒီလိုအန္တရာယ်များ
လှတဲ့အခြေအနေကနေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ...


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/akaungkarmyar/262
https://t.me/akaungkarmyar/262

image