ဒယ်လီအလီအတွက် အချိန်လိုအပ်တယ်လို့ ဖာဘရီဂတ်စ်ပြော

ဖေဖော်ဝါရီ ၂၀

ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်က အခုအချိန်ထိ အသင်းအတွက် ပွဲထွက်ခွင့်ရခြင်း မရှိသေးတဲ့ ကွင်းလယ် တိုက်စစ်ကစားသမား ဒယ်လီအလီအတွက် အချိန်လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

ဖာဘရီဂတ်စ်က “ဒယ်လီအလီဟာ ကွင်းပြင်ပမှာ အလုပ်လုပ်နေပါတယ်။ သူဟာ လပေါင်းများစွာကြာ ကစားရခြင်း မရှိသေးတဲ့အတွက် သူ့ကိုကျနော် ဖိအားတွေ ထပ်ပြီးမပေးချင်ပါဘူး။ ကျနော် သူနဲ့ စကားပြော ပြီးပြီဖြစ်ပြီး သူ့အတွက် အချိန်လိုအပ်ပါတယ်။ ကျနော်တို့က သူ့ကို ဒီမှာကူညီပေးသွားမှာပါ။ ကျနော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိပြီး သူ့ကိုကွင်းထဲမှာ ပြန်တွေ့ရဖို့အတွက် စိတ်ရှည်ဖို့လိုအပ်ပါတယ်”လို့ ပြောခဲ့ တာပါ။
ကိုမိုအသင်းဟာ အဲဗာတန်အသင်းကနေ ထွက်ခွာလာခဲ့တဲ့ ဒယ်လီအလီကို စမ်းသပ်လေ့ကျင့်မှုတွေ ပြုလုပ် ပြီးနောက် ၁၈ လ သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ ဒယ်လီအလီဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီက ဘက်ဆစ်တပ်အသင်းအတွက် နောက်ဆုံး ပါဝင်ကစားပေးပြီးကတည်းက ပွဲတွေနဲ့ဝေးကွာနေတာပါ။

ကိုမိုအသင်းဟာ ဒယ်လီအလီကို ခေါ်ယူထားတာ တစ်လကျော် ရှိသွားပြီဖြစ်ပေမယ့် အခုအချိန်ထိ အသုံးပြုခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ကိုမိုအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဖီအိုရင်တီးနားအသင်းကို အနိုင်ရပြီးနောက် အမှတ်ပေး ဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ပါးမားအသင်းကို ၅ မှတ်အသာနဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေ တာပါ။

ကိုမိုအသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်ဖို့အတွက် လက်ရှိအချိန်မှာ ဒယ်လီအလီကို အသုံးပြုဖွယ် မရှိသေးတာကြောင့် ဒယ်လီအလီအနေနဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိဖို့ လေ့ကျင့်မှုတွေ ပိုပြီးလုပ်ဆောင်ရဖို့ ရှိနေပါတယ်။

ကိုမိုအသင်းဟာ ဒီအပတ် စီးရီးအေပွဲစဉ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ နာပိုလီ အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပုံ -ဒယ်လီအလီနဲ့ ဖာဘရီဂတ်စ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
19 w - Translate

ကမ္ဘာမှာ စမတ် အကျဆုံး AI ဆိုတဲ့ Grok 3 ကို ဖြန့်ချိမယ့် Elon Musk ရဲ့ xAI
============================================
AI Chatbot ပြိုင်ပွဲကတော့ တော်တော် ကြမ်းလာပါပြီ။ ကုမ္ပဏီတွေက AI Model အသစ်တွေကို ဖန်တီးထုတ်လုပ်နေကြပါတယ်။ အခုတော့ ChatGPT ကို ယှဉ်ပြိုင်ဖို့အတွက် Elon Musk ရဲ့ xAI က Grok 3 ကို မကြာခင် ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ Grok 3 ကို X မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ကုမ္ပဏီက “ကမ္ဘာမှာ စမတ်အကျဆုံး AI “ လို့ ကြွေးကြော်ထားပြီး X လူမှုကွန်ရက် ပလက်ဖောင်းမှာ Grok 3 ရဲ့ စွမ်းဆောင်ရည် ကို သရုပ်ပြသမှာ ဖြစ်ပါတယ်။ Elon Musk က Grok 3 ဟာ ကြောက်စရာကောင်းလောက်အောင် စမတ်ကျတယ်လို့ ပြောပါတယ်။
အစောပိုင်း စမ်းသပ်ချက်တွေအရ Grok 3 ဟာ OpenAI ရဲ့ ChatGPT နဲ့ Google ရဲ့ DeepMind Gemini တို့လို အဓိက ပြိုင်ဖက်တွေထက် တိကျမှုနဲ့ အဖြေပေးမှုမှာ ပိုကောင်းနေပါတယ်။
Grok 3 ဟာ xAI ရဲ့ Colossus Supercomputer မှာ မောင်းနှင်မယ်လို့ ထင်ရပြီး AI Training အတွက် 100,000 NVIDIA GPU Hours ကို အသုံးပြုထားပါတယ်။ Grok 3 ကို Synthetic Data နဲ့ လေ့ကျင့်ပေးထားပြီး အတိတ်က အမှားတွေကို သင်ယူကာ ပြန်လည် ပြင်ဆင်နိုင်တာက တော်တော် မိုက်ပါတယ်။

image

ကျားဖြန့်စင်တာမှ လူ ၇၀၀၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့ဟု ပေတုန်တန် ပြော

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်စင်တာများမှ လူပေါင်း ၇၀၀၀ ခန့်ကို ကယ်တင်နိုင်ခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အဆိုပါ လူပေါင်း ၇၀၀၀ ခန့်သည် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ခံရရန် စောင့်ဆိုင်းနေကြောင်း၊ အစိုးရအဖွဲ့ သည် ထိုပြဿနာကို အမြန်ဆုံးဖြေရှင်းရန် လုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့သည် ကျားဖြန့်စင်တာ ကွန်ရက်တစ်ခုမှ ကယ်တင်နိုင်ခဲ့သည့် နိုင်ငံခြားသား ၁၀,၀၀၀ ခန့်ကို လက်ခံရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပြီးနောက် ပေတုန်တန်၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် မကြာသေးမီ နှစ်များအတွင်း က အွန်လိုင်းလောင်းကစား လုပ်ငန်းများနှင့် ကျားဖြန့်လုပ်ငန်းများ များပြားတွင်ကျယ်လာခဲ့သည်။

“ဒါက တော်တော်များတဲ့ ပမာဏပါ။ အဲဒီမှာ လူတွေထောင်ချီရှိနေပြီး သူတို့ကို ကယ်ထုတ်ခဲ့ရပါတယ်။ အထူး သဖြင့် ထိုင်းကတဆင့် ကယ်ရတာပေါ့” ဟု ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) ၏ ကိုယ်စားလှယ် ဂျရမီး ဒေါက်ဂလပ်စ် (Jeremy Douglas) က ပြောကြားခဲ့သည်။

နိုင်ငံခြားသားများကို ပြန်လွှတ်ပေးမည့် မြန်မာနယ်စပ် မြဝတီမြို့သည် ဒေသတွင်း ကျားဖြန့်လုပ်ငန်းများ အများအပြား လုပ်ကိုင်သည့် နေရာများထဲတွင် တစ်ခု အပါအဝင်ဖြစ်ကြောင်း ဒေါက်ဂလပ်စ်က ပြောသည်။

ကျားဖြန့်လုပ်ငန်းများတွင် အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ လူအများအပြား လိမ်ညာခေါ်ဆောင်ခံ ခဲ့ရမှုနှင့်အတူ ထိုကျားဖြန့် လုပ်ငန်းများကို တိုက်ဖျက်သည့် စစ်ဆင်ရေးများသည် ကမ္ဘာ့အဆင့်အထိ မြင့်တက်လာ ခဲ့သည်။

ကျားဖြန့်လုပ်ငန်းများသည် အရှေ့အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများကို အဓိက ပစ်မှတ်ထားပြီး ၂၀၂၃ ခုနှစ် အတွင်း ဘဏ္ဍာရေးအရ ဆုံးရှုံးနစ်နာမှု တန်ဖိုးသည် ဒေါ်လာ ၁၈ ဘီလျံမှ ၃၇ ဘီလျံကြား ရှိနိုင်သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများတွင် လူပေါင်း ၁၂၀,၀၀၀ ထက်မနည်း ထိန်းသိမ်းခံထားရကာ ကမ္ဘောဒီးယား တွင် လူပေါင်း ၁၀၀,၀၀၀ ခန့် ထိန်းသိမ်းခံရပြီး အတင်းအဓမ္မ အလုပ်စေခိုင်း ခံခဲ့ရဖွယ်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

Source: ရိုက်တာ

ပုံ - ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

#csntralnewsnaypyitaw

image
19 w - Translate

ဝန်ထမ်းတွေကို ရွှေမိုး ငွေမိုးရွာပေးခဲ့တဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည် 🥰🥰🥰

တိမ်ပန်းချီ ဇာတ်ကားကြီးရဲ့ တရားအလှူပွဲအပြီး ဝန်ဆောင်မှုပေးခဲ့ကြတဲ့ ဝန်ထမ်းတွေကို ရွှေမိုး ငွေမိုးရွာပေးခဲ့တာပါ။ တိမ်ပန်းချီရုပ်ရှင်ဇာတ်ကားဟာ ဝတ်မှုန်ရွှေရည်ကို တတိယမြောက်အကယ်ဒမီဆုရရှိစေခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားက ဦးဆောင်ကျင်းပပေးတဲ့ တရားအလှူပွဲအပြီးမှာ ရွှေမိုး၊ ငွေမိုး အဖြစ် ငွေစက္ကူတွေကို ကြဲပေးခဲ့တာပါ။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၂၀

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၃၆ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၅၀၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၇၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၅၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၈၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၈၀ ကျပ်
ဝယ်ဈေး - ၄၅၆၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၁ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၈၁ ကျပ်
ဝယ်ဈေး - ၂၉.၀၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၇၂ ကျပ်
ဝယ်ဈေး - ၅၀.၃၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၅၀ ကျပ်
ဝယ်ဈေး - ၅၅၀၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၅ ကျပ်
ဝယ်ဈေး - ၂၇၇၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၇ ကျပ်
ဝယ်ဈေး - ၅၆၂ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၂ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
19 w - Translate

ဖေဖော်ဝါရီလ (၂၀) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ++++

image
19 w - Translate

1167. U-571 (200
MDb…6.6,,,Rotten ….68% ဒီကားက ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သင်္ဘောတွေကို တဒိန်းဒိန်းပစ်ခေတ်ပြီး ရေအောက်ကို နှစ်မြှုတ်ခဲ့တဲ့ ဂျမာန် u-571 စစ်သင်္ဘောအကြောင်းကို အဓိက ထားရိုက်ပြထားပါတယ်…ဂျာမန်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကို ဖွဲအိတ်ကြီးလို ခံနေရတဲ့ အဓိက အကြောင်းရင်းက Enigma ဆိုတဲ့ ဝှက်စာကြောင့်ပါ…

ဒီကားအညွှန်းကို မပြောခင် အရေးကြီးဆုံးအကြောင်းအရာဖြစ်တဲ့ Enigma ဆိုတဲ့ ဝှက်စာ အကြောင်းကိုပြောပြပါ့မယ်…. ဒါတွေမသိလည်း ကြည့်လိုကောင်းတဲ့ စစ်ကားကြီးဖြစ်ပေမဲ့ သိသွားတဲ့အခါမှာ ဗဟုသုတလည်းရတဲ့အပြင် ကြည့်ရတာ ဇာတ်ရှန်အမြင့်ဆုံးကိုရောက်သွားစေနိုင်တာကြောင့်ပါ.Enigma ဆိုတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဂျာမန်တွေတီထွင်ခဲ့တဲ့ ဝှက်စာ စက်ဖြစ်ပါတယ်။Mechanical နဲ့ electrical ကို ပေါင်းထားတဲ့ စက်ဖြစ်ပြီး U boat နဲ့ ဂျာမန်စစ်သင်္ဘောတွေက ပင်နယံ ၄ ဆင့်နဲ့ အထက်ပါတဲ့ Enigma ကို သုံးခဲ့ပါတယ်။ပင်နယံဝိုင်းတွေမျှားလေ ပိုလုံခြုံလေမို နောက်ပိုင်းမှာ ပင်နယံဝိုင်း ၈ ဆင့်အထိသုံးခဲ့ပါတယ်။Enigma ဟာ လက်နှိပ်စက်လိုဖြစ်ပြီး ဝှက်စာစနစ်ထည့်သွင်းထားတဲ့အတွက် ခလုပ်တွေကို ရိုက်လိုက်ချိန်မှာ မူလ အက္ခရာမပေါ်ဘဲ ဝှက်စာသွင်းထားတဲ့ အက္ခရာသာ ပေါ်တာ ဖြစ်ပါတယ်။ပင်နယံတွေကို စီစဉ်ထားသိုတာရယ်၊ ဝှက်စာထည့်သွင်းတာရယ်ပေါ်မူတည်ပြီး ဝှက်စာခက်ခဲမှုပြောင်းလဲပါတယ်။

ဝှက်စာဖော်တဲ့အခါမှာလည်း Enigma စက်ကထွက်လာတဲ့ code တွေကို ပြန်ရိုက်ပြီးဖော်ရတာ ဖြစ်ပါတယ်။ယေဘူယျအားဖြင့် ပင်နယံဝိုင်း ၄ဝိုင်းပါတဲ့ Enigma စက်မှာဆိုရင် အက္ခရာတစ်လုံး မှန်ကန်စွာခန့်မှန်းနိုင်ဖို အကြိမ်ပါင်း ၄၅၆၉၇၆ ကြိမ် လိုပါတယ်။ဒါဟာ “A” ဆိုတဲ့ အက္ခရာလိုမျိုး alphabet တစ်ခုအတွက်ဖြစ်ပါတယ်။ ဝါကျတစ်ကြောင်းအတွက်ခန့်မှန်းရပါက ဘယ်လောက်ခက်မည့်အကြောင်းပြောဖွယ်ရာမလိုတော့ပေ…

ဒါကြောင့် codeဖော်တဲ့စက်ကို မရရင် ဖော်ဖို အရမ်းခကိပါတယ်။ ဒီ Enigma ကုတ်ကြောင့်ပဲ မဟာမိတ်တွေဟာ ဂျာမန်ကိုလုံးဝမယှဉ်နိုင်ခဲ့တာပါ…ဇာတ်ကားအကြောင်းကိုဆက်ပြောရမယ်ဆိုရင် ပစိဖိတ်ရေပြင်မှာ U-571 ဟာ ဗြိတိန်ရေတပ်ရဲ့ ရေမြှုပ်မိုင်းဒဏ်ထိပြီး အင်ဂျင်တွေသုံးမရစက်ဆရာတွေကသေကုန်လို ရေထဲမျောနေရင်း တပ်ကူရေယာဉ်ကိုစောင့်နေရတဲ့အခြေအနေကို အမေရိကန်တွေသိသွားတယ်…

ဒီတော့ အမေရိကန်ရဲ့ အစီအစဉ်က U-751 ကို နာဇီယူဘုတ်ပုံစံပြောင်းပြီး ဝင်စီးမယ် …Engima ကုတ်ဖော်စက်ကို ယူမယ် … U-751 ကို အစဖျောက်မယ်…ဒီစက်ရရင် ဂျာမန်ကို စစ်နိုင်ဖိုအဓိကအကြောင်းရင်းဖြစ်နေတာကိုးး….သူတိုရဲ့ အစီအစဉ်က တကယ့်ကိုခက်ခဲပါတယ်… အမေရိကန်တွေအောင်မြင်မလားဆိုတာကိုတော့ စစ်ကားကြိုက်တဲ့သူတွေအဖို နင်းကန်ကြည့်သင့်တယ်…ခင်ဗျားဟာ သမိုင်းနောက်ခံဇာတ်လမ်းမျိုးကိုကြိုက်တယ် ..အချက်အလက်တွေနဲ့ ရိုက်ကူးပုံတွေကလည်း Realism ဆန်တာမျိုးဖြစ်ရမယ် ..အပစ်အခတ်နဲ့ စစ်ကားမျိုးလည်းကြိုက်တယ်..Rating တွေလည်း ကောင်းရမယ် ဆုတွေလည်းရတဲ့ကားမျိုးမှကြိုက်တော့ ဆိုရင်တော့ ခံစားကြည့်သင့်တယ်…

image
19 w - Translate

Alone (2007)

Pim သည် ၎င်း၏ခင်ပွန်း Wee နှင့်အတူ ကိုရီးယားတွင်နေထိုင်သော ထိုင်းအမျိုးသမီးတစ်ဦးဖြစ်သည်။ သူမရဲ့ မွေးနေ့မှာ သူငယ်ချင်းတစ်ယောက်က သူမရဲ့ ကံကြမ္မာကို ကတ်ပြားတစ်ချပ်နဲ့ ဖတ်ပြပြီး ဆုံးရှုံးသွားတဲ့အရာတစ်ခုက မကြာခင် သူ့ဆီပြန်လာတော့မယ်လို့ အသိပေးခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့အရာတွေက ဆုံးရှုံးသွားတာက ပိုကောင်းပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2222390798/159

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image

ဟိုက်ပါရေတံခွန်

image

ဟိုက်ပါရေတံခွန်

image