NSPNC နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံ
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ(၅၁) ပါတီမှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ယနေ့ ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဥ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ NSPNC ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်မှ မြန်မာနိုင်ငံနှင့်သဟဇာတ ဖြစ်နိုင်မည့် ဖက်ဒရယ်စနစ်ကျင့်သုံးနိုင်ရန် လေ့လာတွေ့ရှိချက်များနှင့် မတူကွဲပြားမှုများကို နားလည်လက်ခံပြီး ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ညှိနှိုင်းဖြေရှင်းရေး၊ ဒေသစွဲ၊ လူမျိုးစွဲ၊ အ ယူဝါဒစွဲများပပျောက်ပြီး အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးဝါဒများ ထွန်းကားလာစေရေး၊ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြ ဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများနှင့်ဆွေးနွေးမှုအခြေအနေများ၊ NCA ကိုအခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှု အခြေအ နေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပြည်သူ လူထုကြားပျံ့နှံ့ရောက်ရှိစေပြီး တည်ငြိမ်အေး ချမ်းမှုရရှိအောင်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့အတူ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေ ခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် NSPNC အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ရည် မှန်းချက်အပါအဝင် အခြား ကိစ္စရပ်များကိုရှင်း လင်းဆွေးနွေးပြီးနောက် နိုဝင်ဘာ ပထမပတ်အ တွင်း အိန္ဒိယနိုင်ငံသို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ဆွေးနွေးပွဲခရီးစဉ်သွားရောက်ခဲ့သည့် နိုင်ငံ ရေးပါတီကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးပွဲခရီးစဥ်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့အတူ NSPNC အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်(ငြိမ်း)က ကော်မတီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့များ၏ အလုပ်အဖွဲ့တို့ကြား ဖွဲ့စည်းပုံအ ခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်နိုင်ရေး သ ဘောထားစုစည်းရရှိခဲ့သည့်အချက်များကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီကိုယ်စားလှယ် ၁၅ ဦးမှလည်း ပြန်လည်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
