21 w - Translate

120Hz display နဲ့ Helio G81 Ultra သုံး ဒေါ်လာ ၁၄၀ တန် Honor ဖုန်း
AI Button ပါပြီး ဈေးသက်သာတဲ့ Honor X6c ဖုန်း global ဝင်လာပါတယ်။
Honor X6b ရဲ့ နောက်မျိုးဆက်ဖြစ်တဲ့ ဒီမော်ဒယ်က အရင်ထက်ဘက်ထရီ ပိုကြီးသလို ခေတ်မီ punch-hole ဒီဇိုင်းနဲ့ ပိုသေသပ်လာတဲ့ဖုန်းပါ။ Honor X6c ရဲ့ နောက်ထူးခြားချက်က AI features တွေ ခေါ်သုံးနိုင်မယ့် ခလုတ်သီးသန့် ပါလာတာပါ။
ဘတ်ဂျက်ဖုန်းတစ်လုံးဖြစ်လို့ TFT LCD panel သုံးပြီး resolution HD+ ပဲ ပါပေမယ့် 120Hz refresh rate သုံးတာနဲ့ peak brightness မှာ 1000 nits အထိ ထွက်တာက အတော်တာသွားပါတယ်။ Screen Size က ၆.၆၁ လက်မဖြစ်ပြီး လက်ဗွေကို ပါဝါခလုတ်ထဲ ထည့်ထားသလို Headphone Jack လည်း ပါလို့ ကြိုးနားကြပ်နဲ့ သီချင်းနားထောင်ချင်သူတွေအတွက် အဆင်ပြေမယ့်ဖုန်းပါ။
2GHz အထိ ထွက်တဲ့ MediaTek ထုတ် Helio G81 Ultra SoC ကို RAM 6/8GB နဲ့ 128/256GB storage တွေနဲ့ ထွက်ထားသလို microSD card ကနေလည်း 1TB အထိ ထပ်တိုးနိုင်ပါလိမ့်မယ်။ ကင်မရာတွေက အရင်မော်ဒယ်အတိုင်း အပြောင်းအလဲ မရှိပါဘူး။
ကျောဘက်မှာ 50MP Main sensor နဲ့ အကူ QVGA depth lens တစ်ခု ၊ ရှေ့ဘက် 5MP Selfie ကင်မရာတစ်ခုတို့ ပါပါမယ်။ ဘက်ထရီပါဝါ 5300mAH ကို သုံးပြီး 35W charging ပါပါတယ်။ ဆော့ဖ်ဝဲလ်ကိုတော့ Android 15 ကို အခြေခံထားတဲ့ Magic OS9 နဲ့ ထွက်ထားပါတယ်။
မလေးရှားဈေးကွက်ထဲမှာတော့ Honor X6c ကို Ocean Cyan , Moonlight White နဲ့ Midnight Black ကာလာတွေနဲ့ ထွက်ပြီး မလေးရင်းဂစ်ငွေ ၅၉၉ (မြန်မာငွေ ၆ သိန်း ၃ သောင်းဝန်းကျင်) ဈေးနဲ့ စတင်ရောင်းချနေပါတယ်။

image
21 w - Translate

သိပ္ပံနည်းပညာတွေထွန်းကားလာတဲ့အချိန်မှာ လူသားတွေဟာ ငြိမ်းချမ်းရေးအတွက် စက်ပစ္စည်းတွေကို စစ်ပွဲတွေရပ်တန့်ဖိုအစားထိုးအသုံးပြုခဲ့ပေမယ့်

အဲစက်ပစ္စည်းတွေက နောက်ဆုံးမှာ
လူသားတွေအားလုံးအတွက်ဆိုးကျိုးတွေကိုသယ်ဆောင် လာခဲ့တဲ့
ကံကြမ္မာဆိုးတွေဖြစ်လာခဲ့ပါတယ်...

လူသားတွေဖန်တီးခဲ့တဲ့စက်ရုပ်တွေရဲ့ ဖျက်ဆီးမှုတွေကြောင့် လူသားမျိုးစိတ်တစ်ခုလုံးအသက်ဆုံးရှုးခဲ့ရပြီးတော့
လူသားတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ဝိဉာဉ်တွေအစားထိုးပြုလုပ်ထားတဲ့ အရုပ်ကလေး ၉ ရုပ်သာကျန်ခဲ့ပါတော့တယ်...

၁....၃..၄....၆...၇......၉ ဆိုတဲ့ ကိုယ်ပိုင်နံပါတ်တွေရှိတဲ့အရုပ်ကလေး ၉ ရုပ်ဟာ
အမြဲပုန်းကွယ်နေခဲ့ပေမယ့် နောက်ဆုံးမှာ ၉ ရဲ့ မတော်တဆမှုလေးတစ်ခုကြောင့်

၉ ရုပ်လုံးပျက်စီးမယ့် အကြောင်းရာကြီးတစ်ခုကစတင် လိုလာပါတော့တယ်...

IMDB Rating 7.1 ရရှိထားပြီးတော့
𝟡.𝟡.(𝟚𝟘𝟘𝟡) မှာထွက် ရှိခဲ့တဲ့
𝟡 ဆိုတဲ့ ဒီ Animation ကားလေးကို ပရိတ်များပြန်လည် ကြည့်နိုင်ရန်
တင်ဆက်ပေးလိုက်ပါတယ်...

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/719

image
21 w - Translate

နှလုံးရောဂါကို ၇ စက္ကန့်နဲ့ သိနိုင်မယ့် app ရေးခဲ့တဲ့ ဆယ်ကျော်သက်
ကမ္ဘာ့လူသေနှုန်း ၃ ပုံ ၁ ပုံရဲ့ လက်သည်ဖြစ်တဲ့ နှလုံးရောဂါကို စက္ကန့်ပိုင်းနဲ့ သိနိုင်တဲ့ စမတ်ဖုန်း app တစ်ခု ထွက်ခဲ့ပါတယ်။
နှလုံးရောဂါရဲ့ ကနဦးလက္စဏာတွေသိဖို့ ဒီ app က ၇ စက္ကန့်ပဲ ကြာပါတယ်။ ဒီ app ကို Circadian AI လို့ ခေါ်ပြီး အမေရိကန်နဲ့ အိန္ဒိယက လူနာ ၁၈၅၀၀ ကျော်မှာ စမ်းသပ်ခဲ့ပါတယ်။ app က ထွက်တဲ့ ရလဒ်ရဲ့တိကျမှုကလည်း ၉၆% နဲ့ အထက်မှာ ရှိပါတယ်။
Circadian AI ကို ဖန်တီးသူက တက္ကဆက်ပြည်နယ် ၊ ဖရစ္စကိုက အိန္ဒိယ-အမေရိကန်ဖွား ဆစ်ဒ်ဟာ့သ် နန်ဒရာလာဆိုတဲ့ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။ သူ့စိတ်ကူးက ဖုန်းကို ရင်ဘတ်နား ကပ်ထားလိုက်တာနဲ့ နှလုံးခုန်နှုန်းအနေအထား မှန်မမှန်၊ နှလုံးရောဂါဖြစ်ဖို့ အစပျိုးနေတာ ဟုတ်မဟုတ် သိနိုင်အောင်ပါ။
ဖုန်းမှာပါတဲ့ မိုက်ကနေ နှလုံးခုန်သံကို app က ဆူညံသံတွေ စစ်ထုတ်နားထောင်ပြီး နှလုံးခုန်နှုန်းအချက်အလက်တွေကို Cloud အခြေခံ Machine learning မော်ဒယ်ဆီ ပို့ပြီး သရုပ်ခွဲဆန်းစစ်ပါတယ်။ နန်ဒရာလာက သူ့ app အချက်အလက်တိကျဖို့ အမေရိကန်နဲ့ အိန္ဒိယက ဆေးရုံတွေကို သွားပြီး ဒေတာစုဆောင်းတာ ၊ ဆေးဘက်ဆိုင်ရာပညာရှင်တွေ ၊ လူနာတွေနဲ့ တွေ့ဆုံမေးမြန်းတာတွေ လုပ်ပါတယ်။
Circadian AI ကို လေ့ကျင့်ထားတဲ့ ပရော်ဖက်ရှင်နယ်သုံး ရောဂါတင်ကြိုကြည့် pre-screen tool အနေနဲ့ ထုတ်တာဖြစ်ပြီး ECG ရောဂါရှာစက်တွေနေရာကို အစားထိုးဖို့ မရည်ရွယ်ဘူးလို့လည်း နန်ဒရာလာက ပြောပါတယ်။ ဆေးဘက်ဆိုင်ရာပညာရှင်တွေကတော့ နန်ဒရာလာရဲ့ app ကို အဆင့်မြင့်ဆေးဝါးကုသမှုအတွက် အလားအလာတစ်ခုအဖြစ် ချီးကျူးနေကြပါတယ်။
နန်ဒရာလာဟာ အရင်ကလည်း ဆေးဘက်ဆိုင်ရာ နည်းပညာဖန်တီးမှုတွေ လုပ်ထားတဲ့ ထူးချွန်လူငယ်ပါ။ Circadian AI မတိုင်ခင် သူဟာ ဒေါ်လာ ၁၅၀ ဝန်းကျင်ပဲ ကျသင့်မယ့် တန်ဖိုးနည်းလက်တုတစ်မျိုး ဒီဇိုင်းထုတ်ခဲ့သလို ကလေးတွေအတွက် သိပ္ပံနဲ့နည်းပညာ kits တွေ ဖန်တီးမယ့် STEM IT ဆိုတဲ့ startup တစ်ခုလည်း တည်ထောင်ခဲ့ပါတယ်။
နန်ဒရာလာရဲ့ တီထွင်ကြိုးပမ်းချက်တွေအတွက် သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ဂုဏ်ပြုမှတ်တမ်းတစ်စောင် ပေးပို့ခဲ့သလို အမေရိကန်အောက်လွှတ်တော်ရဲ့ အသိအမှတ်ပြုလက်မှတ် ရခဲ့ပါတယ်။ နန်ဒရာလာဟာ အခုတော့ University of Texas မှာ ကွန်ပျူတာသိပ္ပံဘာသာရပ်လေ့လာနေပြီး Circadian AI ကိုလည်း နမိုးနီးယားလို အဆုတ်နဲ့ဆိုင်တဲ့ ရောဂါတွေ သိနိုင်အောင် တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။

image
21 w - Translate

တလွဲတွေပဲလုပ်တတ်တဲ့သက်တော်စောင့်‌ ကောင်လေးရဲ့စွန့်စားခန်း....

Run Tiger Run ! ( 2022 ) 📱
===================

ဒီတစ်ခါ တင်ဆက်ပေးမဲ့ကားလေးက တကယ်တကယ် အရမ်းချစ်ဖိုကောင်းတဲ့ အာမခံပိုဆောင်ရေးဌာနက သက်တော်စောင့် ဉာဏ်ကြီးရှင်လေးရဲ့စွန့်စားခန်းလေးတွေကို ဟာသလေးတွေနှောပြီး ၊

ရိုက်ကူးထားလို ကြည့်ရတာ တန်စေမှာပါ ။ တကယ်ကောင်းတဲ့ ကားလေးမို အများကြီး
မပြောတော့ဘူး ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/moviemmsub200/1882

image
21 w - Translate

ရှင်သန်ခြင်း အ‌ကြောင်း သီချင်းတစ်ပုဒ်ဆိုပြီး ဂြိုဟ်ပျက်မဲ့ကိန်းကို ကာကွယ်မယ့် Rocker ကြီးတို အဖွဲ....... 🎸

Metalocalypse: Army of the Doomstar ( 2023 ) 📱

(2023) ဩဂုတ်လကမှ ရုံတင်ထားတာဖြစ်ပြီး IMDb Rating 6.8နဲ့ ခရမ်းချဉ်သီးအလုံး 100 ရရှိထားပါတယ် 🪨

ဇာတ်ညွှန်းကတော့ Dethklok Music Band ရဲ့သီချင်းရေးဆရာ နေသန်အိတ်စ်ပလိုးရှင်းတစ်ယောက် ဂြိုဟ်ကိုဖျက်ဆီးသူတွေရန်က‌နေ ကမ္ဘာကြီးကိုကယ်တင်ဖို ” Song of Salvation ” ကိုရေးဖိုအကြောင်းဖန်လာပါတယ်။

သီချင်းတစ်ပုဒ်က ကမ္ဘာကြီးကို ဘယ်လိုကယ်တင်နိုင်မှာလဲ၊ “Song of Salvation”ဆိုတာ ဘာကြီးလဲတောင် Dethklok အဖွဲသားတွေမသိကြပါဘူး။

နေသန်ဟာ အဲဒီအချိန်တုန်းက ရှင်သန်ခြင်းအဓိပ္ပာယ်တွေပျောက်ဆုံးနေတာပါ

သူရေးသမျှကလည်း သေခြင်းတရားအကြောင်းတွေချည်းပဲဖြစ်တဲ့အပြင် သူကိုယ်တိုင်ကလည်း ရှင်သန်ခြင်းနည်းကို မသိဘဲစိတ်ဓာတ်ကျနေတာမိုလို အဲဒီသီချင်းကိုမရေးနိုင်ဖြစ်နေပါတယ်။

ဟိုဗီလိန်တွေကလည်း သူသီချင်းရေးနိုင်သွားမှာစိုးလို နည်းမျိုးစုံနဲ့လိုက်နှောက်ယှက်ပါတယ်။

ဆိုတော့ကာ နေသန်တစ်ယောက် ပျောက်ဆုံးနေတဲ့သူကိုယ်သူပြန်ရှာဖွေပြီး “Song of Salvation” ကိုဘယ်လိုရေးမလဲ....

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/relaxmovie1/2238

image
21 w - Translate

Look Back (2024)

မူလတန်းကျောင်းသူ Ayumu Fujino ဟာ ကျောင်းတွင်းသတင်းစာမှာ တစ်မျက်နှာလေးကွက်မန်းဂလိုခေါ်တဲ့ Yonkoma ကိုရေးဆွဲလေ့ရှိသူပါ။ သူ့သူငယ်ချင်းတွေကလည်း သူ့လက်ရာတွေကိုချီးကျူးကြပြီး Manga Artist လုပ်သင့်တယ်လိုအကြံပေးကြတယ်။ တစ်နေ့ ကျောင်းလာမတက်ဘဲ အိမ်တွင်းပုန်းဖြစ်သူ Kyomoto ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ Yonkoma က သူ့ Yonkoma နဲ့ယှဉ်ပြီးပါလာလို ကရိုမိုတိုရဲ့လက်ရာကအများကြီးပိုသာနေတာကို တွေ့လိုက်ရတယ်။ ဖူဂျီနိုလည်း မနာလိုစိတ်ဝင်သွားပြီး သူ့ထက်သာအောင်လုပ်မယ်ဆိုပြီး မန်းဂဆွဲတဲ့ဘက်ကို ဇောက်ချလုပ်ပေမဲ့လည်း မူလတန်းဆဋ္ဌမနှစ်ရောက်တဲ့အထိ သူဘယ်လိုပဲကြိုးစားကြိုးစား ကရိုမိုတိုရဲ့လက်ရာကို မမီမှန်းသိလိုက်ရတော့ လမ်းခုလပ်မှာ မန်းဂဆွဲတာကိုရပ်လိုက်တော့တယ်။ အဲဒီလိုနဲ့ မူလတန်းကျောင်းပြီးသွားတဲ့အချိန်ရောက်တော့ ဖူဂျီနိုတစ်ယောက် ကရိုမိုတိုရဲ့မူလတန်းအောင်လက်မှတ်ကို ဆရာဖြစ်သူခိုင်းလို သွားပေးရတဲ့နေ့ကစပြီး သူတိုနှစ်ယောက်ရဲ့ဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်သွားမလား ဆိုးဝါးတဲ့ဆက်ဆံရေးဖြစ်သွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ပါခင်ဗျာ။

😍ကြည့်ရန်နှိပ်ပါ👇

Look Back (2024)

မူလတန်းကျောင်းသူ Ayumu Fujino ဟာ ကျောင်းတွင်းသတင်းစာမှာ တစ်မျက်နှာလေးကွက်မန်းဂလိုခေါ်တဲ့ Yonkoma ကိုရေးဆွဲလေ့ရှိသူပါ။ သူ့သူငယ်ချင်းတွေကလည်း သူ့လက်ရာတွေကိုချီးကျူးကြပြီး Manga Artist လုပ်သင့်တယ်လိုအကြံပေးကြတယ်။ တစ်နေ့ ကျောင်းလာမတက်ဘဲ အိမ်တွင်းပုန်းဖြစ်သူ Kyomoto ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ Yonkoma က သူ့ Yonkoma နဲ့ယှဉ်ပြီးပါလာလို ကရိုမိုတိုရဲ့လက်ရာကအများကြီးပိုသာနေတာကို တွေ့လိုက်ရတယ်။ ဖူဂျီနိုလည်း မနာလိုစိတ်ဝင်သွားပြီး သူ့ထက်သာအောင်လုပ်မယ်ဆိုပြီး မန်းဂဆွဲတဲ့ဘက်ကို ဇောက်ချလုပ်ပေမဲ့လည်း မူလတန်းဆဋ္ဌမနှစ်ရောက်တဲ့အထိ သူဘယ်လိုပဲကြိုးစားကြိုးစား ကရိုမိုတိုရဲ့လက်ရာကို မမီမှန်းသိလိုက်ရတော့ လမ်းခုလပ်မှာ မန်းဂဆွဲတာကိုရပ်လိုက်တော့တယ်။ အဲဒီလိုနဲ့ မူလတန်းကျောင်းပြီးသွားတဲ့အချိန်ရောက်တော့ ဖူဂျီနိုတစ်ယောက် ကရိုမိုတိုရဲ့မူလတန်းအောင်လက်မှတ်ကို ဆရာဖြစ်သူခိုင်းလို သွားပေးရတဲ့နေ့ကစပြီး သူတိုနှစ်ယောက်ရဲ့ဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်သွားမလား ဆိုးဝါးတဲ့ဆက်ဆံရေးဖြစ်သွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ပါခင်ဗျာ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/moviemmsub200/1921

image
21 w - Translate

The Star (2017)

ဒီကားမှာဆိုရင်တော့ Mariah Carey, Oprah Winfrey နဲ့တခြားတခြားသောနာမည်ကျော်များက နောက်ခံစကားပြောများအဖြစ်ပါဝင်အားဖြည့်ထားကြပါတယ်..
လေကြောလေးလျှော့ပြီး အညွှန်းလေးပြောမယ်ဗျာ..
မြည်းလေးတစ်ကောင်ဟာ ကြိတ်စက်ထဲမှာပဲ သံသရာလည်ရင်း အပြင်လောကကို စူးစမ်းချင်ခဲ့ပါတယ်..
သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ချိုးငှက်လေး ဒေ့ဗ်ဟာ မြည်းလေးရှိတဲ့ ဆန်စက်ထဲကို လာလည်တတ်ပြီး အပြင်လောကအကြောင်းကို အမြဲပြောပြတတ်ပါတယ်
မယ်ရီဟာ ညတစ္ညမွာ သူ့ဆီကို အလင်းရောင်တစ်ခု ဖြာကျလာပြီး ဘုရားသခင်သားတော်ကို မွေးဖွားပေးဖို ရွေးချယ်ခံခဲ့ရပါတယ်..
မယ်ရီကိုဒီတာဝန်အပ်နှင်းအပြီးမှာတော့ ကောင်းကင်မှာ ကြယ်တစ်ပွင့်ထွန်းလင်းခဲ့ပါတယ်
မယ်ရီဟာ စိတ်ထားကောင်းပြီး သူတစ်ပါးကို အလွန်ကူညီတတ်ပါတယ်..
သူဟာ ဂျိုးဆက်ဆိုတဲ့ကောင်လေးနဲ့ အကြောင်းပါခဲ့ပါတယ်..
ဒီအချိန်မှာတော့ ဘုရားသခင်သားတော်ကို လြယ္ထားတဲ့ ကိုယ်ဝန်ရင့်နေပါပြီ
သူဟာဂျိုးဆက်ကိုဒီအကြောင်းတွေကို ရှင်းပြခဲ့ပါတယ်..
ဂျိုးဆက်ကလဲ ခင်ပွန်းကောင်းပီပီ နားလည်ပေးခဲ့ပါတယ်..
အဲ့အချိန်မှာပဲ မြည်းလေးဟာ ဆန္စက္က ထွက်ပြေးပြီး မယ်ရီတိုအိမ်ထဲ ရောက်ခဲ့ပါတယ်..
မယ်ရီဟာ မြည်းလေးကို သံယောဇဉ်ရှိပြီး ဘိုဆိုတဲ့နာမည်လေးပေးခဲ့ပါတယ်
ဘုရားသားတော် ဘုရင်အသစ် ဖွားမြင်မယ်ဆိုတဲ့ ဟောကိန်းဟာ တိုင်းပြည်အနှံကို ပျံ့နှံခဲ့ပါတယ်..
ဒီသတင်းကြားတဲ့ ဘုရင်ကြီးဟဲရော့ဟာ သူသာ ဘုရင် ဘုရင်အသစ်ဆိုတာ မရှိစေရဘူးလို ကြွေးကြော်ပြီး ဘုရင်အသစ်မွေးမယ့် အမျိုးသမီးကို ရှာခိုင်းခဲ့ပါတယ်.. အပြတ်ရှင်းမယ့် သေဘာပါ
ဒီအကြောင်းတွေသိတဲ့ ဘိုမြည်းလေးဟာ မယ်ရီနဲ့ ဂျိုးဆက်ကို ပြောဖိုကြိုးစားခဲ့ပါတယ်
ဒါပေမဲ့ လူစကားမတတ်ပေတော့ မယ်ရီတိုက နားမလည်ခဲ့ပါဘူး
မယ်ရီတို အန္တရာယ်ကြားထဲက ဘယ်လိုထွက်ပြေးပြီး ဘုရားသခင်သားတော်ကို မွေးဖွားမလဲ
ဘိုနဲ့ ဒေ့ဗ်က ဘယ္လိုကူညီမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်..
ကာတွန်းချစ်သူဆိုရင်တော့ ဒီကားကို လက်မလွှတ်စေချင်ဘူးဗျာ

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/3

image
21 w - Translate

Dragon Nest: Warriors' Dawn (2014)

Family,Fantasy
IMDb : 6.2/10
RottenTomatoes : 59%

တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အယ်လ်တီရာဆိုတဲ့နယ်မြေကြီးတစ်ခုရှိခဲ့တယ်….
လူသား.. နတ်သူငယ်.. မိစ္ဆာသားရိုင်းကောင်နဲ့ နဂါးတွေကို ပိုင်းခြားပေးထားတဲ့ နယ်မြေတစ်ခုပေါ့

လူသားနဲ့နတ်သူငယ်တွေပေါင်းပြီး မိစ္ဆာကောင်တွေနဲ့နဂါးတွေကို တိုက်ထုတ်ခဲ့ကြပေမယ့် သူတိုအချင်းချင်းလည်း နယ်မြေလုရင်း တိုက်ပွဲဖြစ်ခဲ့ကြတယ် ဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ သူတိုအတွက် ဘုံရန်သူကြီး ပေါ်ပေါက်လာတော့တယ်

မကောင်းဆိုးရွားစွမ်းအင်တွေအပြည့်နဲ့ အနက်ရောင်နဂါးကြီးတစ်ကောင်ပေါ့…
အဲ့ဒီအတွက် လူသားန့နတ်သူငယ်တွေ မဟာမိတ်ဖွဲပြီး လူသား နတ်သူငယ် မှော်ဆရာ(စုန်း) တိုတွေပါဝင်တဲ့ စစ်သည်တော်တစ်ဖွဲပေါ်ပေါက်လာတဲ့အခါမှာတော့

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/animezatcar/5

image
21 w - Translate

ငယ်ငယ်တည်းက ထွက်သွားတဲ့အမေ့ကိုလိုက်ရှာရင်း ပင်လယ်အောက်ထူးဆန်းတဲ့လျှိဝှက်ကမ္ဘာထဲရောက်သွားသောအခါ........

Deep Sea ( 2023 ) 📱
================

မွေးနေ့မှာ ပင်လယ်ကြီးကို ဆုတောင်းရင် ပင်လယ်နတ်လေးက ထွက်လာပြီး ဆုတောင်းတွေကို ဖြည့်ပေးလိမ့်မယ်တဲ့……

စိမ်းရှိဆိုတဲ့ ကလေးမလေးဟာ အမေထွက်သွားပြီးနောက် မိဘမေတ္တာကို ငတ်နေသူလေးတစ်ယောက်ပေါ့။

အတူတူ ရှိနေတဲ့ အဖေက ဂရုမစိုက်ပေးတဲ့အတွက် ထွက်သွားတဲ့ အမေ့ဆီက မေတ္တာကို တမ်းတနေသူလေးတစ်ယောက်ပါ ။

တစ်နေ့မှာ သူတို မိသားစု ၄ ယောက် ပင်လယ်ထဲကို ခရီးထွက်ကြတဲ့အခါ စိမ်းရှိဟာ အမေ့ရဲ့ သီချင်းသံကို ကြားခဲ့ရတယ်။

ထို သီချင်းသံ နောက်ကနေ အမေကိုလိုက်ရှာတုန်းမှာ စိမ်းရှိတစ်ယောက် ပင်လယ်ထဲကျသွားပြီး ပင်လယ်အောက်က လျှိဝှက်ကမ္ဘာထဲကို ရောက်သွားပါတယ်။

စိမ်းရှိလေးတစ်ယောက် ပင်လယ်အောက်က ကမ္ဘာကြီးထဲမှာ ဘယ်လို ထူးခြား ဆန်းကြယ်မှုတွေကို မြင်တွေ့ရမလဲ……

သူမရဲ့ အမေကိုရော ရှာတွေ့နိုင်ပါ့
မလား …

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/zatcarmovie1/32

image
21 w - Translate

H›orton H›ears a Who! (2008)

Family/Comedy
IMDb : 6.8/10
RottenTomatoes : 79%

ကျွန်တော်တိုရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို သိထားပါတယ်

ကျွန်တော်တိုလို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို မကုန်နိုင်သေးပါဘူး

ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို ထင်ပါတယ်၊ ကျွန်တော်တိုလူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့် ကျွန်တော်တို မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါးကစားနေရင်းနဲ့ ပန်းဝတ်မှုအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကို အမှတ်မထင်တွေ့သွားပါတယ်

မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာ ကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်

ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့ ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာကိုတော့

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/relaxmovie1/2333

image