#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်တွင် အပူဆုံး ဇူလိုင်လအဖြစ် စံချိန်တင်
ဂျပန်နိုင်ငံသည် အပူချိန်မှတ်တမ်း စတင်ရယူခဲ့သည့် ၁၈၉၈ ခုနှစ် နောက်ပိုင်း အပူဆုံးလအဖြစ်ဇူလိုင်လကို ရင်ဆိုင်ခဲ့ရပြီး အပူလှိုင်းများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီက ဩဂုတ် ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လူသားပယောဂမကင်းသည့် ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် အပူလှိုင်းများ ပိုမိုပြင်းထန်လာပြီး မကြာခဏလည်း ဖြစ်ပွားလာကြောင်း သိပ္ပံပညာရှင်များကသတိပေးထားပြီး ဂျပန်နိုင်ငံသည်လည်း အလားတူရင်ဆိုင်နေရသည်။
ယခုနှစ် ဇူလိုင်လတွင် ပျမ်းမျှ အပူချိန်သည် ၁၉၉၁-၂ဝ၂ဝ ပြည့်နှစ်အထိ ဇူလိုင်လများထက်ပျမ်းမျှအားဖြင့် ၂ ဒသမ ၈၉ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်သည်။ ဇူလိုင်လအတွက် စံချိန်တင်ပျမ်းမျှအပူချိန်များ ဆက်တိုက်တိုးလာမှုသည် တတိယနှစ်ဖြစ်ကြောင်းမိုးလေဝသဌာနက ဆိုသည်။
ဂျပန်နိုင်ငံသည် ဇူလိုင် ၃ဝ ရက်တွင် ဟိုယိုဂို၏အနောက်ဘက် ဒေသ၌ ၄၁ ဒသမ ၂ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့်တက်ခဲ့သည်။ လာမည့်လများတွင်နိုင်ငံတစ်ဝန်း၌ ပြင်းထန်သည့် အပူချိန် ဆက်ရှိနိုင်သည်ဟု မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။
ဇူလိုင်လတွင် ဂျပန်နိုင်ငံနေရာအနှံ့အပြား မိုးရွာသွန်းမှုနည်းပါးခဲ့ပြီး ဂျပန်ပင်လယ်မြောက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု စံချိန်တင်နည်းပါးခဲ့ကာ ဂျပန်အနောက်ပိုင်းဒေသများတွင် မိုးရာသီသည် ပုံမှန်ထက်သုံးပတ်ခန့်စောပြီးပြီးဆုံးကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
စီအင်န်အေ

image