45 w - Translate - Youtube

Explore The Secret Areas of Earth Where Nature Remains Untouched | 4K UHD | BBC Earth

45 w - Translate - Youtube

Havørn fanger skarv

45 w - Translate - Youtube

Eagle Vs Leopard Epic Battle! The Eagle's Revenge When The Leopard Invades Its Territory

45 w - Translate - Youtube

Animals Reunited With Owners After Years !

45 w - Translate - Youtube

World's Cutest Animals!

45 w - Translate - Youtube

Little Dog With No Front Legs Gets The Tiniest Set of Wheels | Animal Videos For Kids | Dodo Kids

45 w - Translate - Youtube

1 Hour of Viral Animal Videos | FUNNY Pet Shorts

45 w - Translate - Youtube

UNNY Pets | Hilarious Animals Compilation 2025

#အာလူး စားဖို့မမေ့နဲ့နော်
အသက်ကြီးငယ်မရွေး စားသုံးဖို့သင့်လျော်တဲ့ အာလူးမှာအာဟာရဓာတ်ကြွယ်၀စွာပါ၀င်ပြီး အစာကြေလွယ်စေတဲ့အပြင် ဆီးရွှင်စေခြင်း၊ တက်ခြင်းနဲ့ဆိုင်တဲ့ရောဂါများကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းအာနိသင်တွေပါရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အခြားအကျိုးကျေးဇူးများစွာကိုလည်း ရရှိစေနိုင်တဲ့အာလူးအကြောင်းကို ရေးသားဖော်ပြလိုက်ပါတယ်။
- အာလူးမှာသွေးနီဥများစွာထုတ်လုပ်ပေးနိုင်တဲ့ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်တို့ ပါ၀င်တာကြောင့် သွေးအားကောင်းစေပါတယ်။
- အာလူးဟာရောင်ရမ်းမှုတွေကို သက်သာစေတဲ့အကောင်းဆုံး အစားအစာဖြစ်ပါတယ်။ အာလူးကိုအခွံမနွှာဘဲ ပါးပါးလှီးကာ ပေါင်းခံရည်ထဲမှာစိမ်ပြီး နံနက်တိုင်း အစာမစားမီသောက်ပေးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။
- အာလူးအစိမ်းကိုပါးပါးလှီးကာ အရေပြားပေါ်မှာကပ်ပေးခြင်းဖြင့် အရေပြားနဲ့သက်ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အနီကွက်အဖုအပိမ့်များထခြင်း၊ အရေပြားနီမြန်းခြင်း၊ ယားယံခြင်းနဲ့ အသားရေခြောက်သွေ့ခြင်းမှ ကင်းေ၀းစေပါတယ်။
- အာလူးပြုတ်စားပေးခြင်းဖြင့် ၀မ်းချုပ်ခြင်းမရှိစေနိုင်တဲ့အပြင် လိပ်ခေါင်းရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
- အာလူးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အစာအိမ်ရောင်နာ၊ အူမရောင်နာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့ကို သက်သာစေနိုင်ပါတယ်။ ယင်းဖျော်ရည်ကိုတစ်နေ့လျှင် 3 ကြိမ် (သို့) 4 ကြိမ်လောက် ရေဖန်ခွက်ထက်၀က်ခန့် အနည်းဆုံးတစ်လကြာသောက်ပေးသင့်ပါတယ်။
- အာလူးမှာပိုတက်ဆီယမ်ဓာတ်ပါရှိတာကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်စေပြီး သွေးပေါင်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။
- အာလူးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အရိုးအဆစ်ရောင်ရမ်းနာ၊ ဂေါက်ရောဂါနဲ့ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။
- အာလူးဖျော်ရည်ဟာ Autoimmune ရောဂါတစ်မျိုးဖြစ်တဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း (Rheumatoid Arthritis) ကိုသက်သာစေပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်ကိုလည်း ပြေစေနိုင်ပါတယ်။ အာလူးအစိမ်းကိုဖျော်ရည်လုပ်ပြီး နေ့စဉ်အစာမစားမီ လက်ဖက်ရည်ဇွန်း 2 ဇွန်း သောက်ပေးသင့်ပါတယ်။
- အာလူးကိုပါးပါးလှီးကာ မျက်လုံးပေါ်မှာကပ်ပေးခြင်းဖြင့် ပင်ပန်းနွမ်းလျမှုကြောင့်ဖြစ်ပေါ်စေတဲ့ မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။
- များသောအားဖြင့် အာလူးကိုကိုယ်အလေးချိန်တက်စေနိုင်တဲ့ အစားအစာလို့ မှတ်ယူထားကြပါတယ်။ တကယ်တော့ အာလူးကြော်စားသုံးတဲ့အခါ ၎င်းမှာပါ၀င်တဲ့ အကြော်ဆီတွေကြောင့် ကိုယ်အလေးချိန် တက်တာဖြစ်ပြီး အာလူးအစိမ်းမှာ ကယ်လိုရီနည်းပါးစွာပါ၀င်တာကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူတွေ အတွက် အာလူးကိုပြုတ်ပြီးဒီအတိုင်းပဲဖြစ်ဖြစ်၊ သုတ်စားတာပဲဖြစ်ဖြစ် စားသုံးသင့်ပါတယ်။
♦ ဈေးသွားလို့ အာလူး၀ယ်တော့မယ်ဆိုရင်
အစို့အညှောက်ပေါက်နေပြီး စိမ်းဖန့်ဖန့်ဝါကြင့်ကြင့်ဖြစ်နေတဲ့အာလူးတွေကို မ၀ယ်သင့်ဘဲ အာဟာရဓာတ်ကြွယ်၀စွာပါ၀င်တဲ့ အာလူးသေးသေးလေးတွေကိုသာ ရွေးချယ်၀ယ်ယူသင့်ပါတယ်။
♦ အာလူးကိုသိုလှောင်သိမ်းဆည်းတဲ့အခါ
အာလူးမှာပါ၀င်တဲ့ရေဓာတ်တွေ မကုန်ဆုံးစေဖို့နဲ့ အစို့အညှောက်ထွက်ခြင်း မဖြစ်စေဖို့ အေးမြပြီးခြောက်သွေ့တဲ့နေရာမှာ သိုလှောင်ပါ။ အအေးခန်းမှာသိုလှောင်ပါက အာလူးမှာပါ၀င်တဲ့ ကစီဓာတ်ဟာသကြားဓာတ်အဖြစ်သို့ အာနိသင်ပြောင်းနိုင်တာကြောင့် ရေခဲသေတ္တာထဲမှာ သိုလှောင်ခြင်းမပြုပါနဲ့။
♦ အခြားသီးနှံနဲ့အတူသိုလှောင်တဲ့အခါ
အာလူးနဲ့ကြက်သွန်နီကိုတစ်နေရာတည်းမှာ သိုလှောင်ခြင်းမှရှောင်ကျဉ်ပါ။ အညှောင့်ထွက်နေပြီးပုပ်နေတဲ့ အာလူးများကိုဖယ်ရှားပေးခြင်းဖြင့် အရည်အသွေးကောင်းမွန်တဲ့ အာလူးတွေကိုထိန်းသိမ်းပါ။
♦ အာလူးနဲ့ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်
အာလူးမှာ ပိုးသတ်ဆေးအကြွင်းအကျန်တွေပါရှိနိုင်တာကြောင့် ဆားရည် (သို့) ပန်းသီးရှာလကာရည် (Apple Cider Vinegar) တို့နဲ့ဆေးကြောပါ။ အညှောင့်ထွက်နေတဲ့ အစိမ်းရောင်ပြောင်းနေပြီဖြစ်တဲ့ အာလူးတွေဟာ ပျို့အန်ခြင်း၊ ၀မ်းပျက်၀မ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးေ၀ခြင်း စတဲ့ရောဂါများကို ဖြစ်စေနိုင်တာကြောင့် ယင်းကဲ့သို့အာလူးမျိုးကို စားသုံးခြင်းမှရှောင်ကျဉ်ပါ။

image

ဆေးဖက်ဝင် #ဆီမီးတောက်
အဓိကဆေးဖက်ဝင်ပုံ
ပိုးကြောင့်ဖြစ်သောရောဂါ၊ ထိခိုက်ဒဏ်ရာ ရောင်ရမ်းနာ၊ ညောင်းကျရောဂါ၊ သားမဖွားနိုင်သော ရောဂါ၊ နားကိုက်၊ နားနာ၊ နားတွင်းတွင် မှိုစွဲခြင်း၊ သံကောင်တုတ်ကောင်ရောဂါတို့ ကုသရာတွင် ဆေးဖက်ဝင် အသုံးပြုသည်။
ဆေးကျမ်းများအဆို
ဆီမီးတောက်၏ အထူးသဖြင့် ဥ၏ အရသာနှင့် အကျိုးသွားမှာ ဖန်၏။ ခါး၏။ စပ်၏။ ပူ၏။ ကြေကျက်ပြီးနောက် ဝိပါက၌ စပ်၏။
ဂုဏ်နှင့်စွမ်းရည်မှာ ကြေကျက်လွယ်၏။ ထက်မြက်၏။ သည်းခြေကိုဖြစ်စေ၏။ လေသလိပ်ကိုနိုင်၏။ ဆီးကို ရွှင်စေ၏။ အနာပေါက် ပိုးရောဂါ ဆီးအိမ်နာကျင်ကိုက်ခဲခြင်း၊ အဆိပ်၊ နူနာ၊ မြင်းသရိုက်၊ ဖောရောင်၊ မြစ်ခြောက်ထိုးအောင့်ခြင်းတို့၌ အကျိုးပြု၏။ ကိုယ်ဝန်ကို ပျက်စေတတ်သည်။ ဆီမီးတောက်သည် အဆိပ်ဆေးဖြစ်သဖြင့် သမားကိုင်ဆေးဖြစ်သည်။ လိမ္မာစွာသုံးစွဲရမည်။
ဆေးဖက်ဝင်အသုံးပြုပုံ
၁။ ဆီးမီးတောက်အရွက်ကို နေလှန်းအမှုန့်ပြု၍ ထန်းလျက်နှင့်ရောစားသော် ဝမ်းတွင်းရှိ တုတ်ကောင်၊ သန်ကောင်များ ကျဆင်းလာစေနိုင်သည်။
၂။ အရွက်အမှုန့်ကို အနာပေါ်တွင် ဖြူးပေးလျှင် ပိုးများသေ၍ အနာကျက်မြန်စေသည်။
၃။ အရွက်အမှုန့်ကို သံပရာရည်နှင့် သို့မဟုတ် မုန်ညင်းဆီနှင့်ရောပြီး နားကျပ်ပေးလျှင် နားကိုက်၊ နား ပြည်ယိုရောဂါများ ပျောက်ကင်းစေနိုင်သည်။
၄။ ရှေးက ကျေးလက်တောရွာများတွင် သားမဖွားနိုင်ပါက ဆီမီးတောက်ဥကိုသွေးပြီး ချက်တိုင်နှင့် ဝမ်းဗိုက်တွင် လိမ်းပေးပါက လွယ်ကူစွာ သားဖွားစေနိုင်သည်။
၅။ ထိခိုက်ဒဏ်ရာကြောင့် ရောင်ကိုင်းခဲ့လျှင် ဆီမီးတောက်ဥကို သွေးလိမ်းပေးပါက အရောင်ကျစေနိုင်သည်။
၆။ သားဖွားပြီးနောက် အချင်းမကျခဲ့သော် သားအိမ်နေရာတွင် ဆီမီးတောက်ဥကို သွေးလိမ်းပေးပါက အချင်းကျစေနိုင်သည်။
၇။ ဆီးတွင်ပြည်ပါသောရောဂါ (ပြည်တုလာသရောရောဂါ) ဖြစ်လျှင် ဆီမီးတောက်ဥကို ရေနှင့်စိမ်ပြီး သောက်ပါက သက်သာပျောက်ကင်းစေနိုင်သည်။
၈။ ကိုယ်ရေဝါရောဂါ၊ အသားဝါရောဂါဖြစ်လျှင် ဆီမီးတောက်ဥအမှုန့် ရွေးကြီးစေ့ခန့်ကို ဒိန်ချဉ်ရည်တစ်ဖန်ခွက်ဖြင့် ရောစပ်သောက်သုံးပါက သက်သာပျောက်ကင်းစေနိုင်သည်။
Crdကြည်လွင်မြင့် မုဒြာ

image