LATEST: The Marines are expected to be serving alongside National Guard troops within the next 48 hours in Los Angeles, the command said.
https://abcnews.go.com/US/live....-updates/la-immigrat
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
LATEST: The Marines are expected to be serving alongside National Guard troops within the next 48 hours in Los Angeles, the command said.
https://abcnews.go.com/US/live....-updates/la-immigrat
LATEST: Demonstrations protesting the Trump administration's immigration enforcement operations took place in cities across the U.S. on Wednesday, including San Antonio, Texas.
https://abcnews.go.com/US/live....-updates/la-immigrat
မြေရှားသတ္ထု ပြန်လည်တင်ပို့ရေးနဲ့ တရုတ်ကျောင်းသားတွေ ဗီဇာကိစ္စ အမေရိကန်နဲ့ တရုတ်သဘောတူ
ဝါရှင်တန်၊ ဇွန်-၁၂-၂၀၂၅
ရတီ(VOM)
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးတင်းမာမှုဖြေလျှော့ရေး ရည်ရွယ်တဲ့ ဆွေးနွေးပွဲဟာ သဘောတူညီချက်တရပ်နဲ့အတူ ပြီးဆုံးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်ကုမ္ပဏီတွေကို မြေရှားသတ္တုနဲ့ အခြားအရေးပါတဲ့ သတ္တုတွေ ပြန်လည်ရောင်းချပေးဖို့ သဘောတူခဲ့ပြီး အမေရိကန်ကလည်း တရုတ်ကျောင်းသားတွေကို ဗီဇာရုပ်သိမ်းမယ့် အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ဒီသဘောတူညီချက်အတွက် သမ္မတရှီနဲ့အတူ ခွင့်ပြုသွားမယ်လို့ ထရန့်ကပြောပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုတွေကို ဖြေလျှော့ဖို့ ဂျီနီဗာဆွေးနွေးပွဲအပြီး သဘောတူညီချက်ရရှိခဲ့ပေမယ့် ချိုးဖောက်မှုများရှိတယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲနေပါတယ်။
အဲဒီနောက်မှာတော့ သမ္မတဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံထိပ်တန်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။
တင်းမာမှုတွေ ဖြေရှင်းဖို့ လန်ဒန်မှာ နှစ်ရက်ကြာဆွေးနွေးပြီးနောက် သဘောတူညီချက် ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ သဘောတူညီချက်ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားတာမျိုးမရှိသေးပါဘူး။
နှစ်ဖက်စလုံးအနေနဲ့ ဂျီနီဗာသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ မူဘောင်တရပ်ကို ရရှိခဲ့ပြီး သမ္မတနှစ်ယောက် အတည်ပြုပြီးတာနဲ့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းသွားမယ်လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝပ်လပ်နစ်က ပြောပါတယ်။
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ၂၀၂၅ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမျှော်မှန်းချက် ကမ္ဘာ့ဘဏ် ပြန်လည်လျှော့ချ
၂ဝ၂၅ ခုနှစ်အတွက်တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးမှုနှုန်းမျှော်မှန်းချက်ရာနှုန်းကို ကမ္ဘာ့ဘဏ်က ဇွန် ၁ဝ ရက်တွင် ၂ ဒသမ ၃ ရာခိုင်နှုန်းသို့ပြန်လည်လျှော့ချခဲ့ကြောင်း သိရသည်။
တစ်နှစ်နှစ်ကြိမ်ကမ္ဘာ့ဘဏ်ကထုတ်ပြန်မြဲဖြစ်သည့် ကမ္ဘာ့စီးပွားရေး အလားအလာများအစီရင်ခံစာတွင်၂ဝ၂၅ ခုနှစ်အတွက်တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို လျှော့ချထားသလို အမေရိကန်နှင့်တရုတ်အပါအဝင် စီးပွားရေးအင်အားကြီးနိုင်ငံအားလုံးနီးပါး၏ ၂ဝ၂၅ ခုနှစ် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကိုလည်းလျှော့ချထားသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကုန်သွယ်ရေးတင်းမာမှုများ ပိုမိုအားကောင်းလာချိန်တွင် ၂ဝ၂၅ ခုနှစ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မျှော်မှန်းချက်များကို ကမ္ဘာ့ဘဏ်က ပြန်လည်လျှော့ချခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလတွင်အာဏာရရှိခဲ့ပြီးနောက် အမေရိကန် သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသည့် ပြည်ပသွင်းကုန်များကိုနှစ်ပေါင်း ၁ဝဝ နီးပါးအတွင်း အမြင့်ဆုံးနှုန်းဖြင့် အခွန်စည်းကြပ်ထားသည်။
အမေရိကန်ပြည်ထောင်စု၏ အထက်ပါလုပ်ရပ်ကို တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများကလည်း အမေရိကန်သွင်းကုန်များအပေါ် တန်ပြန်အခွန် စည်းကြပ်မှုများဖြင့်တုံ့ပြန်ခဲ့ရာတစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး တင်းမာမှုများ အားကောင်းလာခဲ့ရသည်။
ယခုနှစ်တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ၂ဝဝ၈ ခုနှစ်နောက်ပိုင်း အားအနည်းဆုံးစီးပွားရေးဖွံ့ဖြိုးမှုနှုန်း ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။
အလားတူကမ္ဘာ့ကုန်သွယ်ရေး လုပ်ငန်းဖွံ့ဖြိုးမှုနှုန်းမှာလည်း ၂ဝ၂၅ ခုနှစ်တွင် ၁ ဒသမ ၈ ရာခိုင်နှုန်းသာရှိနိုင်မည်ဖြစ်ရာ ၂ဝ၂၄ ခုနှစ်ကထက်ကျဆင်းမည့်သဘောဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်က ခန့်မှန်းထားသည်။
ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေရိကန်စစ်စခန်းများ၏ မူလအမည်များ ပြန်သုံးမည့်အစီအစဉ် ဒေါ်နယ်ထရန့်ကြေညာ
၂ဝ၂၃ ခုနှစ်အတွင်းပေါ်ပေါက်ခဲ့သည့် လူမျိုးရေးတရားမျှတမှုဆန္ဒပြပွဲများကြောင့် အမည်များပြောင်းလဲရသည့် အမေရိကန်စစ်စခန်းများအတွက် မူလအမည်များကို ပြန်လည်သုံးစွဲမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဇွန် ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အမည်များပြန်လည်ပြောင်းလဲမည့် အမေရိကန်စစ်စခန်းများထဲတွင် အမေရိကန်ပြည်တွင်းစစ်ကာလ ကွန်ဖက်ဒရိတ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ရောဘတ်အီးလီ ကိုအစွဲပြု၍ အမည်ပေးခဲ့သော ဖို့လီစစ်စခန်းလည်း ပါဝင်ကြောင်း သိရသည်။
၂ဝ၂၃ ခုနှစ်အတွင်းလူမျိုးရေးတရားမျှတမှု ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတဟောင်းဂျိုးဘိုင်ဒင်ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့သည် ဖို့လီစစ်စခန်းကို ဖို့ဂရက်-အဒမ်စ် စစ်စခန်းအဖြစ် အမည်ပြောင်းခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ စစ်စခန်းများအမည်ပြောင်းလဲမှု ကြေညာချက်ပေါ်ထွက်လာပြီးနောက် ဖို့လီစစ်စခန်းကို ပရိုက်ဗိတ်ဖစ်ဇ်လီစစ်စခန်းအဖြစ် အမည်ပြောင်းမည်ဖြစ်ကြောင်း အမေရိကန်ကြည်းတပ်က ထုတ်ဖော်ပြောကြားထားသည်။
မိမိတို့အနေဖြင့် ဖို့လီစစ်စခန်းအပြင် ဖို့ပစ်ကပ်၊ ဖို့ဟုဒ်၊ ဖို့ဂေါ်ဒန် စသည့် ကွန်ဖက်ဒရိတ်ဘက်တော်သားနာမည်များရှိခဲ့ကြသည့် စစ်စခန်းများအတွက် မူလအမည်များပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားခဲ့သည်။
ကွန်ဖက်ဒရိတ်အလံများနှင့် စစ်စခန်းနာမည်များကို အမေရိကန်လူမည်းများ ကျွန်ပြုခံရမှု၏သင်္ကေတ၊ လူဖြူကြီးစိုးရေးဝါဒ၏ သင်္ကေတအဖြစ် အမေရိကန်ပြည်သူအများအပြားက မှတ်ယူထားသည်။
ရိုက်တာ
#နိုင်ငံတကာသတင်း
◼နယူးယောက်ဆန္ဒပြပွဲများအတွက် အမျိုးသားအစောင့်တပ်အကူအညီ မလိုအပ်ကြောင်းမြို့တော်ရဲမင်းကြီး ပြော
နယူးယောက်မြို့တော်၌ လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်အခွန်ဌာန(ICE)၏ ဆန္ဒပြပွဲများကို ကူညီကိုင်တွယ်ရန် အမျိုးသားအစောင့်တပ်ဖွဲ့၊ သို့မဟုတ် အခြားဖက်ဒရယ်အေဂျင်စီများ မလိုအပ်ကြောင်း နယူးယောက်ရဲဌာန( NYPD) ရဲမင်းကြီးဂျက်ဆီကာတစ်ရှ် က ပြောကြားသည်။
“ဒါကကျွန်မတို့ထိန်းချုပ်အောက်မှာရှိနေနေတယ်။”ဟုတစ်ရှ်ကဆိုသည်။
အင်္ဂါနေ့ည(မြန်မာစံတော်ချိန်ယမန်နေ့နံနက်ပိုင်း)တွင် အဓိကအားဖြင့် မန်ဟက်တန်အောက်ပိုင်း၌ ဆန္ဒပြသူ ၂,၅၀၀ ခန့်က လမ်းများပေါ်ထွက်နေချိန်အတွင်း လူ ၈၆ ဦးကို NYPD အရာရှိများကဖမ်းဆီးခဲ့ကြောင်း တစ်ရှ် ၏အဆိုအရ သိရသည်။
နယူးယောက်ဆန္ဒပြပွဲများသည် ညမိုးချုပ်သည်အထိ ငြိမ်သက်နေခဲ့သော်လည်း ICE ရုံးများရှိသည့် ဖက်ဒရယ်ပလာဇာ(၂၆)တွင် ကျန်နေသော ရာဂဏန်းချီသည့်လူအုပ်စုက ဆန္ဒပြခဲ့ကြကြောင်း Fox 5 ရုပ်သံနှင့် အင်တာဗျူးတစ်ခုတွင် တစ်ရှ်ကပြောသည်။
“တချို့က ပြဿနာရှာနေတယ်၊တချို့ကတော့ အမှိုက်ပုံးတွေကို လမ်းပေါ်ပစ်တာဒါမှမဟုတ် အမှိုက်တွေ လမ်းပေါ်ပစ်တာတွေလုပ်တယ်။ ဒီလိုမျိုးတွေ ကျွန် မတို့လမ်းတွေပေါ်မှာကမောက်ကမတွေကိုသည်းမခံနိုင်ပါဘူး။”ဟု၎င်းကဆို သည်။
ဆန္ဒပြပွဲများကို ကိုင်တွယ်ရန်ရည်ရွယ်သောယူနစ်တစ်ခုဖြစ်သည့် ၎င်း၏ ဗျူဟာမြောက် တုံ့ပြန်မှုအဖွဲ့ အပါအဝင် NYPD တွင် အရာရှိအလုံအလောက်ရှိသည်ဟုလည်းတစ်ရှ်ကပြောသည် ။
“ဒီထက် ပြင်းထန်လာရင် မြို့အနှံ့က ရဲတွေ ခေါ်နိုင်တဲ့ အစီအစဉ်တွေကျွန်မတို့မှာရှိတယ်။ နယူးယောက်စီးတီး မှာတာဝန်ထမ်းဆောင်နေတဲ့ဝတ်စုံပြည့်တပ်ဖွဲ့ဝင် ၃၄,၀၀၀ ရှိပြီးကျွန်မတို့နည်းလမ်းတွေအတွက် NYPD က ပြင်ဆင်ထားတယ်ဆိုတာနယူးယောက်မြို့သားတွေ ကသိသင့်တယ်။” ဟု ၎င်းကဆက်လက်ပြောသည်။
ထိုအတောအတွင်းမှာပင် ယခုသီတင်းပတ်အတွင်း နောက်ထပ်ဆန္ဒပြပွဲများမဖြစ်မလာမီ ပြည်နယ်အတွင်းရှိ နေရာ အများအပြား၌ တက္ကဆက်အမျိုးသားအစောင့်တပ်ကို တပ်ဖြန့်ထားကြောင်းပြည်နယ်အုပ်ချုပ်ရေးမှူးဂရက်အက်ဘော့တ်က ကြေညာခဲ့သည်။
တက္ကဆက်အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များအား ပြည်နယ်ရှိ နေရာအသီးသီးသို့ ဖြန့်ကြက်ထားချိန်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကိုထိန်းသိမ်းရန် ဆန်အန်တိုနီယိုမြို့ ခေါင်းဆောင်များက ၎င်းတို့၏ ထောက်ခံမှုကို ကတိပြုခဲ့ကြသည်။
“လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ လူ့အခွင့်အရေးအပေါ် ကြမ်းတမ်းတဲ့ ချဉ်းကပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖက်ဒရယ်အစိုးရရဲ့ဒေါသနဲ့စိတ်ပျက်မှုတွေကို အသိအမှတ်ပြုလိုပါတယ်။”ဟုဆန်အန်တိုနီယိုမြို့တော်ဝန်ရွန်နီရင်ဘာ့ဂ်ကယ မန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား-CNN
ကောင်းတာတွေကို မျှော်လင့်ပါ ။ နောက်တစ်ခုက I live in the expectation of good . ကောင်းတာတွေကိုပဲ မျှော်လင့်ပြီး နေပါတယ် ။ ကောင်းတာတွေကို မျှော်လင့်ရင် ကောင်းတာတွေ ပိုဖြစ်တတ် တယ် ။ အဲဒီတော့ အဆိုးတွေ လုံးဝမဖြစ်ဘူးလို့ မဆိုလိုပါဘူးနော် ။ အဆိုးတွေ ဖြစ်တာ ရှိမှာပါ ။
ဒါပေမဲ့ အဆိုးတွေကို သိပ်မျှော်လင့်မနေပါနဲ့ ။ လူနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်စေ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်စေ ၊ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်စေ ၊ စာမေးပွဲနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်စေ ၊ ဘာနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် အဆိုးကို မမျှော်လင့်ပါနဲ့ ။ အဆိုးကိုမျှော်လင့်ရင် ဘာဖြစ်လဲဆိုတော့ အဆိုးတွေ ပိုဖြစ်တတ် တယ် ။ ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှုလည်း ကျသွားတယ် ။ စိတ်ဆင်းရဲပြီးတော့ စိတ်ဓာတ်အင်အားတွေ ကုန်သွားတယ် ။ depression ဖြစ်တတ်တယ် ။
depression ဖြစ်တဲ့သူတွေကို နည်းနည်း လေ့လာကြည့် ။ သူတို့က ဘာဖြစ်ဖြစ် မကောင်းတာဖြစ်တော့မယ်လို့ပဲ ကြိုတွေးထားတတ်တယ် ။ လူတစ်ယောက်နဲ့တွေ့ရင် ငါ့ကို သူ ကောင်းကောင်းမွန်မွန်ပြောမယ် မထင်ဘူး ။ ငါနှုတ်ဆက်ရင် သူပြန်နှုတ်ဆက်မယ် မထင်ဘူး ။ အဲသလို အဆိုးကို ကြိုပြီးတော့ တွေးတယ် ။ အဲလိုလူတွေက depression ပိုဖြစ်တယ် ။ ဒါကြောင့် အဆိုးတွေကို မမျှော်လင့်ပါနဲ့ ။ ကောင်းတာတွေကို မျှော်လင့်ပါ ။ ပြီးရင် အဲဒီကောင်းတာတွေ ဖြစ်လာဖို့ကို ကိုယ့်ဘက်က တတ်နိုင်သလောက် လုပ်ပါ ။ နောက်က လုပ်တာမပါဘဲနဲ့လည်း မရဘူးနော် ။ ကောင်းတာတွေ မျှော်လင့်နေရုံနဲ့လည်း မပြီးသေးဘူး ။ ကောင်းတာတွေ မျှော်လင့်ပြီးတော့ ကောင်းတာတွေကိုလည်း ဆက်လုပ်ပါ ။
#ဘဝကိုစိတ်ကဦးဆောင်သည် #ဆရာတော်ဦးဇောတိက
▪️လောကမှာ လူတွေရဲ့ ယုံကြည်မှုကို ရဖို့ဆိုတာ မလွယ်ကူလှပါဘူး ။ လူတစ်ယောက်က တစ်ယောက်ကို
မယုံကြည်ခင်မှာ အဲဒီလူရဲ့ အကျင့်စာရိတ္တကို အရင်ဆုံး
ကြည့်လေ့ရှိကြပါတယ် ။
အဲဒီ အကျင့်စာရိတ္တက မပျက်ယွင်းနိုင်လောက်တာ သေချာမှ အခိုင်အမာ စိတ်ချရပြီဆိုမှသာ တစ်ယောက် နဲ့ တစ်ယောက် ယုံကြည်မှုတွေ ထားရှိကြတာမျိုးပါ ။
📌 အဲဒီလို ကိုယ့်ရဲ့အကျင့်စာရိတ္တကို ယုံကြည်စိတ်ချပြီး ၊ သူများက ကိုယ့်ကို ယုံကြည်မှုတွေ ပေးအပ်ထားတဲ့အခါမှာလည်း အလွဲသုံးစား မလုပ်မိဖို့ အရေးကြီးပါတယ် ။
လူတွေရဲ့အမြင်မှာ " သူဟာ ယုံကြည်ထိုက်သူပါလား " ဆိုတဲ့ အရည်အသွေးကို ဆက်လက်ထိမ်းသိန်းနိုင်ဖို့
လိုပါတယ် ။ လူတွေရဲ့ ယုံကြည်ခြင်းကို ခံရတာ ၊ ယုံကြည်ထိုက်သူ ဖြစ်ရတာဟာ အင်မတန် ဂုဏ်ယူစရာကောင်းတယ်လို့ ဉာဏတော့ ထင်မိပါတယ် ။
▪️လူ့ပတ်ဝန်းကျင်မှာ " ဒီလူဟာ ယုံကြည်ရတဲ့သူ မဟုတ်ဘူး ၊ စိတ်မချရဘူး ... သွားမပတ်သက်လေနဲ့ " လို့ အများက ဝိုင်းဖယ်ကျဥ်ခံရတာမျိုးဟာ ဂုဏ်သိက္ခာ အကျဆင်းရဆုံး ဖြစ်ရပ်မျိုးပါ ။ ဒါကြောင့် ယုံကြည်ထိုက်သူ ဖြစ်ရခြင်းဟာ ကိုယ့်ရဲ့ အကျင့်စာရိတ္တ ဒေါင်ဒေါင်မြည် ဖြစ်ကြောင်း ကြေညာမောင်းခတ်လိုက်သလိုပါပဲ ။
• ငွေကြေးချမ်းသာရုံနဲ့လည်း ယုံကြည်ထိုက်သူ မဖြစ်ဘူး
• ရုပ်ရည်ချောမော သန့်ပြန့်တိုင်းလည်း ယုံကြည်ထိုက်သူ မဟုတ်နိုင်ပါဘူး ။
• ကိုယ့်ရဲ့ သူငယ်ချင်းအရင်းကြီးမို့လည်း ယုံကြည်လို့
မရပြန်ဘူး ။ နောက်ကျောကို ထိုးတဲ့ဓားကို လှည့်ကြည့်လိုက်ရင် ကိုယ့်လူရင်းတွေ ဖြစ်နေတတ်တယ် ။
• သွေးမျိုးသားချင်းမို့ ယုံရမှာပဲလေလို့လည်း မတွေးလိုက်နဲ့ဦး ။ အသားထဲက လောက်ထွက်ဆိုသလို အမျိုးထဲက ကိုယ့်ကို သစ္စာဖောက်တဲ့သူတွေ ထွက်လာနိုင်တာ.. ။
📌 ယုံကြည်ထိုက်သူ တစ်ယောက် ဖြစ်လာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်ရမလဲဆိုရင် ..
▪️အချက် ( ၃ )ချက် ရှိပါတယ်
၁။ ရိုးသားမှု
၂။ စကားနဲ့လုပ်ရပ် တစ်ထပ်တည်းကျမှု
၃။ သစ္စာရှိမှု တို့ ဖြစ်ပါတယ် .. ။
#ဉာဏ်ပညာနဲ့ချစ်ခြင်းတရား
#ဉာဏ
အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြား တခြားသူငယ်ချင်းတစ်ယောက်ရောက်လာတာကြောင့် ဘယ်လိုတွေသဝန်တိုကြမလဲဆိုတာ...
Ella Bella Bingo ( 2020 ) 📱
=====================
ကလေးဘဝတုန်းက ကျွန်မတိုတွေ သူငယ်ချင်းတွေကို အရမ်းခင်တဲ့အကြောင်းတွေ ဝန်မခံခဲ့မိကြပေမဲ့
တစ်ယောက်ယောက်ကများ သူငယ်ချင်းအဖြစ်နဲ့ ဝင်လာခဲ့ရင်
ကိုယ့်ထက်ပိုခင်သွားမှာကိုတော့ တိတ်တဆိတ်စိုးရိမ်ခဲ့ကြတယ်မလား….
ဒီ Animation ကားလေးထဲမှာလည်း Ella နဲဲ Henry တိုသိပ်ခင်ကြတဲ့သူငယ်ချင်းတွေပေါ့…
သိပ်ခင်တဲ့ သူတိုအကြားကို တခြားမြိုကပြောင်းလာတဲ့ သူဌေးသားလူပေါ်ကြော့လေး Jonny တစ်ယောက်ရောက်လာပါတော့တယ် ..
Jonny ဟာပိုက်ဆံချမ်းသာပေမယ့် မိဘတွေကအလုပ်ကြောင့်နေရာခဏခဏပြောင်းရတာမို သူငယ်ချင်းအတည်တကျမရှိတဲ့ကောင်လေးပါ
Henry ကို တွေ့ပြီးတော့ သဘောကျသွားပြီ သူနဲ့သူငယ်ချင်းလုပ်ဖိုမျိုးစုံကြိုးပမ်းပါတော့တယ် ..
တစ်ဖက်မှာလည်း သူ့ရဲ့သူငယ်ချင်းကို သူများဆီ အပါမခံနိုင်တဲ့ Ella နဲ့ Henry ကို သူ့သူငယ်ချင်းဖြစ်စေချင်တဲ့ Jonny တို ရန်ဖြစ်စကားများပြီး ပြဿနာတွေ ဆက်တိုက်ဖြစ်ပါတော့တယ်။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/warharhar1/481