◼ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်ရီ နာမည်ကြီးသရုပ်ဆောင်များ၊ သတင်းမီဒီယာများနှင့်တွေ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီက နာမည်ကြီးသရုပ်ဆောင်များဖြစ်သည့် နေအောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ မိုးဒီ၊ တိမ်ညွန့်၊ ငှက်ပျောကြော်တို့အပါအဝင် မီဒီယာအဖွဲ့တချို့ကိုတွေ့ဆုံခဲ့ကြောင်း ၎င်းပါတီ၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြသည်။
ယင်းတွေ့ဆုံမှုကို ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံးခွဲ၌ ပြီးခဲ့သည့်ဇူလိုင် ၃၁ ရက်က အပိုင်းနှစ်ပိုင်းခွဲ ကာတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မိတ်ဆွေများနှင့်တွေ့ဆုံပွဲဟုဆိုကြောင်းသိရသည်။ နံနက်ပိုင်းတွင် သရုပ်ဆောင်များနှင့်တွေ့ဆုံပြီး မွန်းလွဲပိုင်းတွင်ရန်ကုန်အခြေစိုက်မီဒီယာအဖွဲ့များနှင့်တွေ့ဆုံခဲ့ကာ ပါတီ၏လှုပ်ရှားဆောင်ရွက်မှုများ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ သည်ဟု ဆိုသည်။
"ဥက္ကဋ္ဌကိုယ်တိုင်ကဖိတ်တော့သွားခဲ့တာပါ။ ဘာမှတော့ထွေထွေထူးထူးတော့မရှိပါဘူး။ လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်း၊ မဲဆွယ်စည်းရုံရေးနဲ့ပတ်သက်တဲ့အကြောင်းတွေ ဒီလောက်ပဲ ပြောတာပါ။ ကျန်တာဘာမှတော့မရှိပါဘူး" ဟု တွေ့ဆုံးပွဲသို့သွားရောက်ခဲ့သည့် သတင်းသမားတစ်ဦးက ပြောသည်။
ထို့ပြင် ပါတီဥက္ကဋ္ဌဦးခင်ရီက ရန်ကုန်သို့ရောက်ရှိခိုက် မြန်မာ့တောင်သူ လယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်းနှင့်လည်း ဇူလိုင် ၃၀ ရက်က တွေ့ဆုံခဲ့သေးကြောင်း ဗီဒီယိုဖိုင်ထဲတွင် ထည့်သွင်းပြောဆိုထားသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - USDP
#ပြည်တွင်းသတင်း
