Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကောက်ညှင်း ရွှေထမင်း အလွယ်လုပ်နည်း....။
ပါဝင်ပစ္စည်းများ.......
- ကောက်ညှင်းဆန် (၄ လုံး)
- မုန့်လုပ်ထညက် (၅၀ သား)
- ဆား (မကျီးစေ့ခန့်)
မုန့်လုပ်ထညက်ကို ကျိုပီး စစ်၍ နာရီဝက်ခန့်ထားပါ။
(အနည်ထိုင်စေရန် အတွက်ပါ)
နောက်အိုး တစ်အိုးထဲကို ခပ်ဖြည်းဖြည်းချင်း သွန်ထည့်ပါ။
အောက်မှာ အနည်ထိုင်နေတဲ့ မဲမဲအနည်မှုန်လေးတွေ ချန်ထားခဲ့ပါ။ ပြီးရင် အတော်လေးပျစ်အောင် ထပ်ကျိုပေးပါ။
ကောက်ညှင်းဆန်ကို ညတည်းက ရေစိမ်ထားပြီး မနက်ကျရင် ပေါင်းပါ။ (မပျော့လွန်း မမာလွန်းတဲ့အနေအထားရှိရပါမယ်။)
ပေါင်းပြီးပြီးချင်း ကောက်ညှင်းပေါင်းပူပူနဲ့ ထညက်ရည် ပူပူ ပျစ်ပျစ်အရည်တွေကို အိုးတစ်အိုးထဲကို ရောထည့်လိုက်ပါ။
ဆား အနည်းငယ်ထည့်ပြီး ယောက်မ ( သို့ ) ဟင်းချက်ဇွန်းကြီးနဲ့
သမအောင် မွှေပေးပါ။ ကောက်ညှင်းနဲ့ ထညက်ရည် လုံးဝကို တသားတည်းကျသွားပြီး လုံးလုံးခဲခဲလေး ဖြစ်သွားတဲ့အထိ မွှေပေးပြီးမှ ဆီသုတ်ထားတဲ့ အောက်ခံလင်ဗန်းထဲကို လောင်းထည့်ပါ။
ပြီးရင် ဗန်းထဲမှာ ညီနေအောင် ဖြန့်လိုက်ပါ။
လက်မှာ လက်အိတ်စွပ်ပြီး မျက်နှာပြင်ကို ဆီသုတ်ကာ ညီညာနေအောင် ထပ်ညှိပေးပါ။ ကျစ်နေအောင် လက်နဲ့ ဖိဖိချပေးပါ။ ရိုက် ရိုက် ပေးပါ။ အတော်လေး ဖိချပြီးရင် ရပါပြီး။
ပီးရင် အအေးခံထားလိုက်ပါ။ လုံးဝအေးသွားမှ လှီးလို့ ရပါမယ်။ အနည်းဆုံးတော့ နေ့တစ်ဝက်ထားရပါမယ်။ တစ်ညထားရင် ပိုကောင်းပါတယ်။ ပီးရင်တော့ မိမိကြိုက်တဲ့ ပုံစံလေးလှီးပီး
အုန်းသီးဖြူးကာ သုံးဆောက်နိုင်ပါပြီး.....။ 😋
- မျက်နှာပြင်ကို ဆီသုတ်ပြီး သစ်သား ဒလိမ့်တုံးနဲ့ လှိမ့်လို့လည်း ရပေမယ့် လက်မှာဆီသုတ်ပီးညှိပေးတာကို ကျမ ပိုကြိုက်ပါတယ်။ ခပ်နာနာလေး ဖိပေး ရိုက်ပေးမှ သိပ်သိပ် ကျစ်ကျစ်လေးနဲ့ လှီးလို့ ကောင်းတာပါ။ ကောက်ညှင်းပေါင်းတဲ့အခါ လုံးဝမာလို့ မရပါဘူး။ မာသွားရင် ရွှေထမင်းဖြစ်တဲ့အခါ မာမာခေါက်ခေါက်ကြီးနဲ့ စားမကောင်းတော့ပါဘူး။ အကယ်၍ မာနေတယ်ထင်ရင်
ကောက်ညှင်းဆန်နဲ့ ထညက်ရည်ကို ရောပြီး မီဖိုပေါ်တင်ကာ
မီးအေးအေးနဲ့ စီးထွေးလာအောင် မွှေပေးပြီးမှ ဗန်းထဲထည့်၍ အအေးခံပေးပါ။ အချိုလေးလေး ကြိုက်သူများကတော့
ထညက် ၁၀ သား ပိုထည့်ပေးလို့ရပါတယ်။
ကြမ်းပိုး၊ ခွေးသန်းများကို လုံးဝရှင်းထုတ်နိုင်တဲ့ နည်းလမ်း!!
ပြုလုပ်နည်း.......
ဆေးရွက်ကြီး (ဆေးပြင်းလိပ်ခြောက်) ၁ ထုပ်ကို ရေ ၁ လီတာနဲ့ တစ်ညစိမ်ထားပါ။ ပြီးရင် အရည်ကို ဇကာနဲ့စစ်ယူပြီး ဖျန်းဗူးထဲထည့်ပါ။
ပြီးရင် အိမ်ကြမ်းပြင်၊ ကြမ်းပိုး၊ ခွေးသန်းတွေရှိနိုင်တဲ့ နေရာတွေကို ပက်ဖြန်းပေးပါ။ အထူးသဖြင့် အိမ်မွေးတိရစ္ဆာန်ရဲ့ အိပ်စရာနေရာနဲ့ စားပွဲ၊ ကုတင်တွေအောက်ကို ပက်ဖြန်းပေးဖို့ မမေ့ပါနဲ့။
ခွေးကိုယ်ပေါ်ကိုလည်း ပက်ဖြန်းပေးလို့ရပါတယ်။ မိနစ် ၂၀ လောက်ဆိုရင် သိသာလာပါလိမ့်မယ်။
ခွေးအတွက်လည်း အန္တရာယ်မရှိပါဘူး။ ခွေးသန်း၊ ကြမ်းပိုးတွေဟာ ကျုံ့ပြီး အလိုလို၊သေ၊သွားပါလိမ့်မယ်။
ကြမ်းပိုး၊ ခွေးသန်း ပြဿနာကို ဖြေရှင်းချင်သူတွေအတွက် ဒီနည်းလမ်းလေးကို စမ်းကြည့်ဖို့ အကြံပြုပါတယ်။
ငွေဆိုတာ လိုတဲ့အချိန်တိုင်းရှာလို့ ရတာမဟုတ်ဘူး။
၁။ အခါအခွင့်သင့်ချိန်။
၂။ ကံကောင်းနေတဲ့အချိန်...။
၃။ အရွယ်ကောင်းနေတဲ့အချိန်...။
၄။ ကျန်းမာရေးကောင်းနေတဲ့အချိန်..။
၅။ ခေတ်ကောင်းနေတဲ့အချိန်...။
အခါအခွင့်သင့်လို့ အခွင့်အရေးပေးလာတဲ့အခါ
လက်မလွတ်မိပါစေနဲ့..။
ဘာလုပ်လုပ်အစဉ်ပြေနေတဲ့အချိန်ဆိုတာ
ကံတရားကမျက်နှာသာပေးတဲ့အခါမျိုးမှာပဲ
ရခွင့်ရှိပါတယ်။
အရွယ်လွန်မှ
ပိုက်ဆံရှာမယ်ဆိုရင်တော့
လူငယ်လေးတွေနဲ့တန်းတူ
ကလေးတွေကြားမှာ တန်းဝင်စီရလိမ့်မယ်။
ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာဖို့စိတ်မကူးပဲ သောက်စားမူးရူး ပြီး
နာဖျားချိန်ရောက်တော့မှ
ပိုက်ဆံရှာရကောင်းသိလာတာဟာ
အရမ်းနစ်နာလွန်းတယ်။
ခေတ်ကာလကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာရကောင်းမသိခဲ့ပဲ
အလိုက်သင့်လေးနေခဲ့မယ်ဆိုရင်
ခေတ်ကာလပျက်စီးယိုယွင်းတဲ့အခါကျမှ
ပိုက်ဆံတန်ဖိုးသိပြီး ထရှာလို့
မလွယ်နိုင်ပါဘူး..
#လူငယ်များအတွက်ဗဟုသုတစာပေများ #knowledgesharingwords #