21 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မလေးရှားသို့ သွားမည့် မြန်မာ ၄၀ ကျော် ထိုင်းတွင် ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဇွန် ၁၂ ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံသို့တရားမဝင်သွားမည့်မြန်မာနိုင်ငံသား ၄ဝ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် နယ်မြေရဲတပ်ဖွဲ့ နှင့် နယ်ခြားစောင့်တပ်ဖွဲ့က ထိုးဖားဖမ်းဒေသတွင် စောင့်ကြိုစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကားအနောက်ပိုင်းကို တာလပတ်ပိုင်းဖြင့် ဖုံးထား သော ပစ်ကပ်ကားတစ်စီး မောင်းလာသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့ကတားဆီး စစ်ဆေးစဉ်ကားသည် မရပ်ပေးဘဲ အမှတ် ၃၂၃ အမြန်လမ်းမ ကြီးအတိုင်း အရှိန်မြှင့်မောင်းပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ထွက်ပြေးသွားသောကြောင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ကားကိုလမ်းဘေးသို့ချရပ်ခဲ့ပြီး ကားသမားမှာ အမှောင်ထဲတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကားအနောက်ပိုင်း တာလပတ်အောက်တွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ၄၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံထဲသို့တရားမဝင် ဝင်ရောက်လာကြပြီး ကန်ချနဘူရီမြို့ထဲအရောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကာ လက်ရှိတွင် ထိုးဖားဖမ်းရဲစခန်းသို့ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

image
21 w - Translate

633. One Piece: Chopper's Kingdom In The Strange Animal Island (2002)

ထွက်တာကြာပြီဆိုပေမဲ့လို အခုတစ်ဖန် One piece ကို စကြည့်နေတဲ့သူတွေအတွက်တော့ဒီကားလေးကိုကြည့်ဖို Recommended ပေးပါတယ်။ ဒီကားလေးက Luffy တို ပင်လယ်ကိုခရီးထွက်ခါစ Alabasta ကိုမရောက်ခင် ကြားထဲမှာဖြစ်ခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ဒီဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်လေးကတော့ Chopper ဟာ Luffy တိုရဲ့ သင်္ဘောပေါ်ကိုလိုက်ပါခါစအချိန် သူတိုဟာ ကျွန်းတစ်ကျွန်းကိုတွေ့ခဲ့တယ်။

Namiရဲ့ မြေပုံညွှန်းချက်အရတော့ဒီကျွန်းဟာသရဖူကျွန်းလိုခေါ်ကြတယ်တဲ့။ အဲ့ကျွန်းကိုဝင်ခါနီး ရုတ်တရက်ရေအောက်ကမီးတောင်ပေါက်ကွဲမှုကြောင့် လှိင်းလုံးနဲ့သင်္ဘောက လေပေါ်မြှောက်တက်သွားပြီးChopper ဟာ အဖွဲသားတွေနဲ့ကွဲပြီး ကျွန်းပေါ်ကတောထဲကို ရောက်သွားခဲ့ရတယ်။အဲ့ကျွန်းပေါ်မှာရှိတဲ့ အယူအဆက ကျွန်းဘုရင်အသစ်ဟာ တစ်နေ့ကောင်းကင်ဘုံကနေကျလာမယ်လို ယူဆကြတယ်။ ဆက်ဖက်ရန်နိုပ်ပါ (https://t.me/cartoon_mmsubb/4074?comment=11981)

𝙼𝚘𝚟𝚒𝚎 𝙻𝚒𝚗𝚔 -
👉 https://t.me/c/2272681203/127
==================

ချန်နယ် အရင်သွား Join ပေးပါ။ 👉 https://t.me/+i0-nDjiuiO44ZDU9 (https://t.me/+i0-nDjiuiO44ZDU9)
——————————

image
21 w - Translate

The number of people forcibly displaced by violence and persecution around the world has risen to more than 122 million, up by about 2 million from last year and a near-doubling over the last decade, the U.N. refugee agency says.
https://abcnews.go.com/US/wire....Story/refugee-agency

image
21 w - Translate

LATEST: The Air India airliner that crashed near Gujarat province's Ahmedabad airport was carrying 242 passengers and crew, local officials and the airline said.
Read more: https://abcnews.link/k1hhKiz

image
21 w - Translate

Train To Busan 1+2 2016/2020 (မြန်မာစာတန်းထိုး)

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဆော့ဝူ(Gong Yoo) ဟာ သူ့သမီးလေးနဲ့အတူ ဘူဆန်မြိုကိုသွားဖိုအတွက် ရထားစီးပြီးထွက်ခဲ့ကြပါတယ် အဲ့ဒီအချိန်မှာပဲ ကိုရီးယားရဲ့ တခြားနေရာတွေကတော့ အမျိုးအမည်မသိတဲ့ တိုက်ခိုက်မှုတွေကြောင့် ဆူပူမှုတွေဖြစ်ပေါ်နေတာပါ။ အဲ့ဒီဆူပူမှု တွေရဲ့ အရင်းခံဖြစ်တဲ့ zombie virus ကူးစက်ခံရသူတစ်ယောက် ရထားပေါ်ပါလာခဲ့တဲ့အခါမှာတော့…. ရထားပေါ်မှာပါလာတဲ့ သူအားလုံး ဘေးကင်းနိုင်ပါ့မလား။ သူတိုသွားလိုတဲ့ခရီးဖြစ်တဲ့ ဘူဆန်ကိုရောရောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆော့ဝူရဲ့ သမီးလေးကို ကာကွယ်ဖိုကြိုးစားတဲ့ ဖခင်မေတ္တာနဲ့ ကြိုးစားမှုတွေကို‌ပါတွေ့မြင်ရမှာဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်Link👇👇

https://t.me/c/2231239663/215

ဒီ Channel Linkလေးကိုအရင်Joinပေးပါဗျ👇👇

https://t.me/+cthlYlY7rNBhNzhl

image
21 w - Translate

BREAKING: An Air India airliner en route to the United Kingdom from India crashed in an area near the Ahmedabad airport, local officials and the airline said.
Local officials said rescue teams had been mobilized.
Read more: https://abcnews.link/SXTzkQd

image
21 w - Translate

မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှေ့ဆက်ဆောင်ရွက်သွားနိုင်မည့်ကဏ္ဍများ ဆွေးနွေးခဲ့
******************
(ပြည်တွင်း) ဇွန်လ ၁၂
မြန်မာ-တရုတ်နှစ်နိုင်ငံ ရှေ့ဆက်ဆောင်ရွက်သွားနိုင်မည့်ကဏ္ဍများကို ဇွန်လ ၉ ရက်က ကူမင်းမြို့မှာ ကျင်းပတဲ့ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၊ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံး နှင့် ယူနန်ပြည်သူ့ ပြည်ပချစ်ကြည်ရေးအသင်းတို့ပူးပေါင်း၍ “မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးသမိုင်းကြောင်းကို ပြန်လည်ဆန်းစစ်ခြင်းနှင့် အနာဂတ်ကာလပူးပေါင်းဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲမှာ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်း၊ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြား ရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာရန်ရှောက်ချန်တို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသူများက နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်ဆောင်ရွက်သွားနိုင်မည့် ကဏ္ဍများ၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးဖော်ဆောင်နေမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image

ညမထွက်ရအမိန့်ထုတ်ထားသော်လည်း လော့အိန်ဂျလိမြို၌ ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွား
********************
(နိုင်ငံတကာ) ဇွန်လ ၁၂
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ လော့အိန်ဂျလိမြို့၌ ဖြစ်ပွားနေသော ဆူပူဆန္ဒပြမှု များကို ထိန်းသိမ်းနိုင်ရေးအတွက် သမ္မတထရမ့် က အမျိုးသားအစောင့်တပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့တို့ကို စေလွှတ်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏မူဝါဒအရ နိုင်ငံအတွင်း ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများ၊ ခိုးဝင် နေထိုင်သူ များကို ဗဟိုအစိုးရတာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်စဉ် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ရပြီး ထိုဆန္ဒပြမှုများက ဆူပူအုံကြွမှုဆီသို့ ကူးပြောင်းလာခြင်း ဖြစ်သည်။

ဇွန်လ ၁၀ ရက်ညပိုင်းအထိ အမေရိကန် ပြည်တွင်းသတင်းဌာနများ၏ထုတ်ပြန်ချက်များကို ကြည့်ပါက အဆိုပါဆူပူအုံကြွမှုများသည် လော့အိန်ဂျလိမြို့၌သာမက အခြားမြို့ပေါင်း ၁၀ မြို့ကျော်တွင်လည်း အလားတူ ဆူပူ ဆန္ဒပြမှုများဖြစ်ပွားနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်သူများသည် အခကြေးငွေ ရယူထားသည့် ဆူပူအုံကြွသူများဖြစ်ကြောင်း၊ လော့အိန်ဂျလိမြို့တွင် အုံကြွမှုများဖြစ်ပွားစေရန် ကောင်းစွာ လေ့ကျင့် ထားသည့် သွေးထိုးလှုံ့ဆော်သူများက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထရမ့် က ပြောထားသည်ဟု ဆင်ဟွာ သတင်း ဌာနဖော်ပြချက်အရ သိရသည်။

image
21 w - Translate

ပန်းခင်းစီမံချက်နဲ့ လူဦးရေ ၄ သိန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေ
******************
(ပြည်တွင်း) ဇွန်လ ၁၂
မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားကတ်တစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့် ၃ နဲ့ လူဦးရေ ၄ သိန်းကျော်ကို ယခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် လျာထားဆောင်ရွက်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပန်းခင်းစီမံချက်အဆင့် ၃ မှာ ယခင်ပန်းခင်းစီမံချက်များမှ ဆောင်ရွက်ရန် ကျန်ရှိသူများနှင့်ထပ်မံ၍ အသက် ၁၈ နှစ် ပြည့်လာမည့် ကိုင်ဆောင်ကတ်ပြားမရှိသေးသူများ ပါဝင်တယ်လို့ ဇွန်လ ၁၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့တဲ့မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟို ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်ဝန်ကြီးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ မဲဆန္ဒရှင်စာရင်း မှန်ကန်တိကျစေရန်၊ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းမှန်ကန် စေနိုင်ရန်နှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရန်တို့အတွက် မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီနဲ့ ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်အထိ မြေပြင် တစ်အိမ်တက်ဆင်း၊ ကွင်းဆင်း စာရင်းကောက်ယူခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါသည်။

“ပန်းခင်း” စီမံချက်အရ အမျိုးအစား ၄ မျိုးခွဲထားပြီး လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် မူလဒေသမှာ အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိပြောင်းရွှေ့ရောက်ရှိ နေတဲ့ဒေသမှာ ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် မူလဒေသမှာ အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင်လက်မှတ်မရှိတဲ့ အပြင် လက်ရှိရောက်ရှိနေတဲ့ဒေသမှာ အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် အိမ်ထောင်စု စာရင်းရော၊ မှတ်ပုံတင်ပါ ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ သိရပါသည်။

image
21 w - Translate

ပန်းခင်းစီမံချက်နဲ့ လူဦးရေ ၄ သိန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေ
******************
(ပြည်တွင်း) ဇွန်လ ၁၂

image