🌿 မာလကာရွက် ရဲ့အသုံးဝင်ပုံ ( ၁ရ ) ချက်
၁။ ခန္ဓာကိုယ်ရဲ့အလေးချိန်ကို လျော့နည်းစေပါတယ်။ လက်ဖက်ခြောက်လို ခတ်သောက်လို့ရတဲ့ မာလကာရွက် ရေနွေးကြမ်းက အစာ ခဏခဏစားချင်တဲ့စိတ်ကို အဓိက ထိန်းပေးလို့ ကိုယ်အလေးချိန် လျှော့ချချင်တဲ့သူတွေအတွက်တော့ အထူးသင့်လျော်ပါတယ်။
၂။ မာလကာရွက် ခတ်ထားတဲ့ ရေနွေးကြမ်းကို ပုံမှန် သောက်သုံးပေးခြင်းအားဖြင့် ဆီးချိုဝေဒနာကို သက်သာစေပါတယ်။
၃။ အဲဒီမာလကာရွက် ရေနွေးကြမ်းက သင့်ရဲ့ ကိုလက်စထရော (cholesterol) ကျစေဖို့အတွက် အထောက်အကူ ပြုပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေကိုပဲ ဖယ်ထုတ်တာဖြစ်ပြီး အကျိုးပြုတဲ့ ကိုလက်စထရောတွေကိုတော့ ကောင်းကောင်း ချန်ထားပါတယ်။
၄။ မာလကာရွက် ရေနွေးကြမ်းက ဝမ်းပျက် ဝမ်းလေှျာနဲ့ ဝမ်းကိုက်ရောဂါတွေကိုလည်း သက်သာစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မာလကာရွက်ဟာ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။
၅။ ထိုနည်းတူစွာ ၄င်းရေနွေးကြမ်းက အစာအိမ်အောင့်ခြင်းနဲ့ အစာ အဆိပ်သင့်ခြင်း စတာတွေကိုလည်း သက်သာစေပါတယ်။
၆။ မာလကာရွက်ကို စားခြင်းဖြင့် လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေကိုလည်း ပျောက်ကင်း စေနိုင်ပါတယ်။
၇။ မာလကာရွက်ကို ၀ါးစားပေးရင် ခံတွင်းနာခြင်း ၊ သွားဖုံးရောင်ခြင်း ၊ သွားကိုက်ခြင်းတွေကိုလည်း သက်သာစေပါတယ်။
၈။ မာလကာရွက် ရေနွေးကြမ်းက သာမန်အဖျားရောဂါတွေကိုလည်း ကုသနိုင်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ မာလကာရွက် ကိုးရွက်ခန့်ကို ရေငါးခွက်စာထဲမှာ ထည့်ပြုတ်ပြီးတော့ သောက်ပါက အအေးမိ ဖျားနာ ကူးစက်ခြင်းကိုလည်း သက်သာစေပါတယ်။
၉။ ဒါအပြင် မာလကာရွက် ရေနွေးကြမ်းက ယောကျ်ားလေးအတွက် အရေးကြီးတဲ့ ယောကျာ်းအားကိုလည်း တိုးပွားစေပါတယ်။
၁ဝ။ ထိခိုက်ရှနာပွန်းပဲ့ ဒဏ်ရာတွေ အပေါ်မှာလည်း မာလကာရွက်ကို ချေပြီးအုံလိုက်ရင် မကြာမီ သိသိသာသာ ပျောက်ကင်းသက်သာသွားစေပါတယ်။
၁၁။ ပိုးကြောင့်ဖြစ်တဲ့ နားရောဂါများကိုလည်း အအေးခံထားတဲ့ မာလကာရွက် ရေနွေးကြမ်းနဲ့ နားထဲကို အစက်ချ ပေးလိုက်လျှင် သက်သာသွားစေပါတယ်။
၁၂။ ဓာတ်မတည့်လို့ ဖြစ်တဲ့ အရေပြား ယားနာတာတွေကိုလည်း မာလကာရွက် ချေပြီးတော့ အုံရင် များစွာ သက်သာစေပါတယ်။
၁၃။ ချေထားတဲ့ မာလကာရွက်ကလည်း ပိုးကောင် ကိုက်ထားတဲ့ အဖုအပိမ့်တွေ၊ အနာတွေကို ကောင်းကောင်း သက်သာစေပါတယ်။
၁၄။ ဒါအပြင် မာလကာရွက်ကို ညက်အောင်ထောင်းပြီးတော့ ၀က်ခြံဖုတွေ အပေါ်မှာ အုံပေးလိုက်ရင် ၀က်ခြံဖြစ်နေတာတွေ ပျောက်ကင်းစေနိုင်ပါတယ်။
၁၅။ မျက်နှာမှာ တကယ်လို့ အမည်းစက်တွေ ဖြစ်နေရင် မာလကာရွက်ကို ရေအနည်းငယ် ရောကာ ညက်အောင် ထောင်းပြီးတော့ ရလာတဲ့ အရည်နဲ့ မျက်နှာကို ချေးချှတ်နိုင်ပါတယ်။
၁၆။ အထက်ပါ အရည်ကိုလည်း မျက်နှာ ပေါင်းတင်ပေးရင် အိုမင်းရင့်ရော်မှုကို အထိုက်အလျောက် ကောင်းကောင်း တားဆီးပေးနိုင်ပါတယ်။
၁၇။ ရေထဲ ထည့်ပြုတ်ထားတဲ့ မာလကာရွက်တွေကို အအေးခံပြီးတော့ ဦးရေပြားမှာ ပွတ်ချေနှိပ်နယ် ပေးခြင်းဖြင့်လည်း ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်။
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
Credit original writter
#crd
