21 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
21 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
21 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
21 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
21 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
image
image
image
image
21 ပတ် - ဘာသာပြန်ပါ။

Shinjuku Incident (2009)

Jackie Chan ရဲ့ လုံးဝလက်ရာမြောက်တဲ့ ဟာသမပါတဲ့ အက်ရှင်ဒရာမာစစ်စစ်။

ဂျပန်ကိုရောက်လာတဲ့ တရုတ်က တရားမဝင်ရွှေ့ပြောင်းအလုပ်သမားဘဝကနေ ထိုင်ဝမ်မာဖီးယား​တွေကိုဖယ်ထုတ်ပြီး ကိုယ်ပိုင်အင်ပါယာတစ်ခုဖြစ်လာတဲ့ပုံစံကို တင်ဆက်ထားတဲ့ရုပ်ရှင်ပါ။

ရုတ်တရက် ဒါရိုက်တာ Na Hong Jin ရဲ့ Yellow Sea ကိုတောင် ဘာမဆိုင်ညာမဆိုင်နဲ့ သွားသတိရမိသေးတယ်။

JC ဆိုတော့ action ဘာညာ ပြောစရာမလိုပေမယ့် ဒီတစ်ခုကတော့ JC မှ ဟုတ်ရဲ့လားလို့ ပြောရအောင်ကို dark လွန်းနေတာပဲ။

image

#cute

21 ပတ် - ဘာသာပြန်ပါ။

Memories of Murder (2003)

ဒီဇာတ်ကားက အစပိုင်းတွေက ကြည့်လို့ကောင်းပေမယ့် နောက်ဆုံးအခန်းတွေက တွေးစရာတွေကြီးပါပဲ။ တကယ့် ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားလို့ ကြည့်ရတာ အရသာရှိပါတယ်။

Theme Song က စိတ်ကို လွမ်းဆွေးသလိုမျိုးလေးဖြစ်အောင်လုပ်ပေးသလို ရိုက်တဲ့ Cut တွေက ပုံမှန် ဇာတ်ကားတွေနဲ့ မတူပဲ ဆွဲဆောင်မူရှိပါတယ်။ ဇာတ်လမ်းနောက်ပိုင်းအထိကို ဆွဲခေါ်ပြီးမှာ တရားခံ ဘယ်သူလည်း မပြောသွားလို့ ကြည့်ရင်းနဲ့ မေးခွန်းတွေနဲ့ ခေါင်းကို ပိုရှုပ်စေပါတယ်။

Parasite ရိုက်တဲ့ Director က 2003 ထဲက တော်တော်လေးမိုက်တဲ့ ဇာတ်လမ်းတင်ဆက်ပုံတွေရိုက်ခဲ့တာဆိုတော့ တော်တော်လေးတော့ ချီးကျူးစရာပါပဲ။

အခုအချိန်ထိ ကြည့်ရှုသူတွေကြားမှာအဖြေမှန်မရသေးတဲ့ ဇာတ်ကားဖြစ်တာမို့လို့ မကြည့်ရသေးရင် ကြည့်သင့်ပါတယ်

image
21 ပတ် - ဘာသာပြန်ပါ။

အဖြေလွှာ လေးသိန်းကျော် မီးလောင်မှုကြောင့် ပြန်ဖြေရမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အချိန်စာရင်းထွက်ပြီ (ကျောင်းသားများ ဆန္ဒမပါဘဲ အတင်းဖြေခိုင်းခြင်းကို ပြည်သူများ လက်မခံကြ)
မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်ရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာ လေးသိန်းကျော် မီးလောင် ပျက်စီးခဲ့ရပါတယ်။ ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်ရှိ အဖြေလွှာများ ပျက်စီးသွားတာကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြန်လည်ဖြေဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။
စာမေးပွဲအချိန်ကတော့ မနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြစ်ပြီး အချိန်စာရင်းကို အောက်မှာ ဖော်ပြထားပါတယ်။
(၁) ၁၆-၆-၂၀၂၅ (တနင်္လာနေ့) - မြန်မာစာ
(၂) ၁၇-၆-၂၀၂၅ (အင်္ဂါနေ့) - အင်္ဂလိပ်စာ
(၃) ၁၈-၆-၂၀၂၅ (ဗုဒ္ဓဟူးနေ့) - သင်္ချာ
(၄) ၁၉-၆-၂၀၂၅ (ကြာသပတေး) - ဓာတုဗေဒ/ပထဝီဝင်
(၅) ၂၀-၆-၂၀၂၅ (သောကြာ) - ရူပဗေဒ/သမိုင်း
(၆) ၂၁-၆-၂၀၂၅ (စနေ) - ဇီဝဗေဒ/ဘောဂဗေဒ
ငလျင်ဒဏ်ခံစားနေရပြီး ပြန်လည်ထူထောင်ဖို့ ခက်ခဲနေချိန်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရမှာ ဖြစ်တာကြောင့် ပြည်သူများ အနေနဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။
#တက္ကသိုလ်ဝင်တန်း
#ပြန်ဖြေ

image
21 ပတ် - ဘာသာပြန်ပါ။

ငလျင်အလွန်ကာလ (aftershocks) တွေဟာ အဓိကငလျင်ကြီးဖြစ်ပြီးနောက် ရက်သတ္တပတ်၊ လပေါင်းများစွာ ဆက်တိုက်ဖြစ်နိုင်ပြီး အန္တရာယ်ရှိနေနိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့အတတ်နေိုင်ဆုံးကာကွယ်လို့ရမလဲဆိုတာကိုရှင်းပြပေးပါမယ်။
၁။ အရင်ဆုံး အိမ်ကိုပြင်ဆင်ပါ။
မိမိရဲ့အိမ်က ငလျင်မှာထိခိုက်သွားသလား ဆက်လက်ပြီးနေထိုင်လို့ရသေးသလား စိတ်ချရမလားဆိုတာကို တတ်သိနားလည်တဲ့ပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးကြည့်ရပါမယ်။ကျကွဲလွယ်တဲ့ TV,ကျွန်းဗီရိုတွေ၊ရေခဲသေတ္တာတွေ,မှန်ချပ်တွေကိုမြဲနေအောင်ချည်ထားတာ ဒါမှမဟုတ် လူတွေနဲ့လွတ်ရာမှာထားသင့်ပါတယ်။အကယ်၍ငလျင်နဲ့ကြုံရပြီဆိုရင်တော့ ကြိုပြီး အန္တရာယ်ကင်းတဲ့နေရာတွေကိုသတ်မှတ်ထားသင့်ပါတယ်။ခိုင်ခံ့တဲ့စားပွဲအောက် ဒါမှမဟုတ် စားပွဲပေါ်ဆိုဖာခံတာစတာတွေကိုလုပ်ဆောင်သင့်တယ်။

၂။ ငလျင်လှုပ်တုန်းလုပ်ရမယ့်အရာတွေကိုသိထားပါ။
ငလျင်ဆိုတာ ခန့်မှန်းလို့ရတဲ့အရာမဟုတ်တဲ့အတွက် ကြုံလာခဲ့ရင်လည်းရင်ဆိုင်နိုင်အောင်အောက်ကအခြေခံသဘောတရားတွေကိုသိထားပါ။
• "ထိုင်၊ ကာ၊ ကိုင်" (Drop, Cover, Hold On)
o ထိုင် – ချက်ချင်းထိုင်လိုက် (ခြေကျိုးမှာစိုးရင်)။
o ကာ – ခေါင်းကိုလက်နဲ့အုပ်ပါ (ဒါမှမဟုတ် စားပွဲအောက်ဝင်ပါ)။
o ကိုင် – ငလျင်မတိတ်မချင်း ခိုင်ခံတဲ့ဟာတစ်ခုခုကိုဆုပ်ကိုင်ထားပါ။
အန္တရယ်များတဲ့နေရာတွေဖြစ်တဲ့ ပစ္စည်းကြီးကြီးမားမားတွေနားမနေပါနဲ့။ ဖြစ်နိုင်ရင်အိမ်အောက်ဆင်းပြေးပါ။

၃။ ငလျင်ရပ်ပြီးနောက်ဖြစ်လာနိုင်တဲ့အန္တရယ်တွေကိုသတိထားပါ။
ငလျင်လှုပ်ပြီးရင်ဖြစ်လာနိုင်တာတွေက အဆောက်အအုံတွေပြိုတာ၊မြေကျွံတာ ဓာတ်တိုင်တွေပြတ်ကျတာစတာတွေအပြင် အိမ်မှာရှိတဲ့ gas ပိုက်လိုင်းတွေ,မီးကြိုးတွေ,ရေပိုက်တွေအခြေအနေကိုလည်းကြည့်ရှုစစ်ဆေးကြည့်ပါ ဒါတွေကလည်း မီးလောင်တာ,ဝါယာရှော့ဖြစ်တာ ရေလျှံတာ ဖြစ်နိုင်ပါတယ်။Aftershocks ဟာ တစ်နာရီကြာသလို တစ်မိနစ် အတွင်းမှာလည်းဖြစ်နိုင်တဲ့အတွက် သတိတော့ထားပါ။အမြဲပတ်ဝန်းကျင်ကိုနားစွင့်ထားပါ။ Social media ကနေ သတင်းအချက်အလက်တွေကို ရယူထားပါ။

၄။ အရေးပေါ်ပစ္စည်းတွေအသင့်ထားပါ။
Emergy bag ကို မိသားစုတိုင်းပြင်ထားရပါမယ်။လိုအပ်တဲ့ ဆေးဝါး,အရေးကြီးစာရွက်စာတမ်းတွေ ရေနဲ့မုန့်ခြောက်တွေ,ဖယောင်းတိုင်,ပါဝါဘန့်,ငွေသား,မိမိဝတ်ဆင်ဖို့အဝတ်အစားအနည်းငယ် စတာတွေကို emergency bag အနေနဲ့ ပြင်ထားရင်အကောင်းဆုံးပါ။

ftershocks တွေက ရက်ပိုင်း၊ လပိုင်းကြာတတ်တယ်။ ဒါကြောင့် အိမ်ပြင်ဆင်မှုနဲ့ အသင့်ပြင်ထားတာက အကောင်းဆုံးကာကွယ်နည်းပါ။
သေချာပြင်ဆင်ထားရင် အန္တရာယ်ကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်ပါတယ်။ 😊

image