47 w - Translate

ရုရှားနှင့် ယူကရိန်း အပစ်အခတ်ရပ်စဲရေး "မဟာမိတ်အဖွဲ့"လည်း ပါဝင်ကူညီမည်

"အပစ်အခတ်ရပ်စဲရန် ဆန္ဒရှိသော မဟာမိတ်အဖွဲ့" သည် ရုရှားနှင့် ယူကရိန်းတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးသည်နှင့်တပြိုင်နက် ယင်းကို ချက်ချင်းစတင်ရန် အသင့်ဖြစ်နေပြီဟု ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမားနှင့် လန်ဒန်တွင် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ကျွန်ုပ်တို့တွင် အစီအစဉ်တစ်ခုရှိပြီး အပစ်အခတ်ရပ်စဲရေးကို တရားဝင်ချမှတ်ပြီးပါက အကောင်အထည်ဖော်ရန် အသင့်ဖြစ်နေပါပြီ" ဟု ပြင်သစ်သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံ ၃၀ ပါဝင်သော မဟာမိတ်အဖွဲ့သည် ဝေဟင်နှင့် ပင်လယ်ပြင်တွင် အပစ်အခတ်ရပ်စဲရေးကို လိုက်နာရန် ကူညီမည်ဖြစ်ပြီး ယူကရိန်းစစ်တပ် ပြန်လည်တည်ဆောက်ရေးကိုလည်း ပံ့ပိုးကူညီမည်ဖြစ်သည်။"ဟုလည်း သူကဆိုသည်။

ယူကရိန်းအား ယခုကဲ့သို့အကူအညီပေးရေး အစီအစဉ်များသည် ပြင်သစ်-ဗြိတိန် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နှင့် မသက်ဆိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်တွင် ပူးတွဲတပ်မဟာကို အင်အား ၅၀,၀၀၀ ခန့်ရှိသော စစ်တပ်အဖြစ် ပြောင်းလဲခြင်း ပါဝင်သည်။

ဇူလိုင် ၁၀ ရက်က ကျင်းပခဲ့သော ပြင်သစ်-ဗြိတိန် ထိပ်သီးအစည်းအဝေးသည် ခေါင်းဆောင်နှစ်ဦးအကြား ၃၇ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး မက်ခရွန်၏ ဗြိတိန်နိုင်ငံတော်ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။

image
47 w - Translate

အမြန်လမ်းမကြီး၌ (၆) လအတွင်း ယာဉ်မတော်တဆမှုပေါင်း (၉၄) ခု ဖြစ်ပွားခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် (၆) လအတွင်း ယာဉ်မတော်တဆမှုပေါင်း (၉၄) ခု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အမြန်လမ်းမကြီးတစ်လျှောက်တွင် ယာဉ်မတော်တဆမှုပေါင်း (၉၄) ခု ဖြစ်ပွားခဲ့ကာ အမျိုးသား (၁၁၉) ဦး၊ အမျိုးသမီး (၁၀၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးအနေဖြင့် သိန်းပေါင်း(၄၀၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်အများစုသည် မဆင်မခြင် အရှိန်ပြင်းမောင်းနှင်မှုကြောင့် ပိုများကြောင်း သိရသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတလျှောက်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ်များကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က အရှိန်နှုန်းတိုင်းတာစက်များဖြင့် တိုင်းတာစစ်ဆေး အရေးယူနေကြောင်း သိရသည်။
crd....

image
47 w - Translate - Youtube

Magnet Fisher VS 100 Miles of Water! *cops called*

ဆုတောင်းတိုင်းသာပြည့်မယ်ဆို
အကြည့်ချင်းဆုံတိုင်းပြန်လှည့်မထွက်ချင်လောက်အောင်ပြုစားထားနိုင်လွန်းတယ့်မျက်ဝန်းလေးအား
သံသရာဆက်တိုင်းပိုင်ဆိုင်ရပါလို၏ ။

-လေပြေ

🌸🎍မီးဖိုချောင်ထွက် ပစ္စည်းများဖြင့် အပင်များရှင်သန်လှပ ဖူးပွင့်စေဆာ သော နည်းလမ်းများစွာ အား ကူယူ ဖော်ပြ ထား ပေးပါ သည်🥰🙏🏻🙏🏻🙏🏻

#ကြက်ဥခွံ

နေလှန်းပြီးခြောက်သွေ့လာသော ဥခွံများကို အမှုန်ဖြစ်အောင် ထောင်းခြင်း၊ကြိတ်ခြင်းဖြင် အပင်ခြေရင်းတွင်ပုံပေးနိုင်ပါသည်။Calciumပမာဏများများပါဝင်ခြင်းက အပွင့်ပွင့်စေရန်အထောက်အကူဖြစ်စေပါသည်။

#ကြက်သွန်နီအခွံ
ကြက်သွန်နီအခွံများကို ရေနှင့် 3ရက်ခန့်စိမ်ပြီးအရည်ကို အပင်လောင်းပေးပါက အအပင်အတွက်လိုအပ်သောအဟာရများစွာရရှိစေပါသည်။

#ငှက်ပျောခွံ
ငှက်ပျောခွံရေစိမ်ပြီး ရလာသောအရည်ကိုလောင်းတာဖြစ်ဖြစ် ၊ အခြောက်လှမ်းပြီးရလာသောအခွံများကို အမှုန့်ဖြစ်အောင်လုပ်ပြီးဖြစ်ဖြစ်အပင်များကို ကျွေးနိူင်ပါသည်။အပင်အပွင့်အမြစ်ပါအကုန်အားရှိစေပြီး ရောဂါခံနိုင်ရည်လည်းမြင့်တက်စေပါသည်။(Potassium+Phosphorus+Nitrogen+Magbesium+Potash)

#နွားနို့
နွားနို့တွင် အပွင့်အားကောင်းစေသော Clacium ပါသည့်အတွက် ရေနှင့်ရောပြီး အပင်လောင်းနိုင်ပါသည်။နွားနို့ အချဉ်ပေါက်လာသောအကျိုးပြုများကလည်း အပင်ကို ရောဂါကာကွယ်ရာတွင် ကူညီပေးနိူင်ပါသည်။

#ဆန်ဆေးရည်
ဆန်ဆေးရည်တွင် ဘက်တီးရီးယားများကိုရှင်သန်ပေါက်ဖွားစေနိုင်သော လက်တစ်အက်ဆစ်ပါဝင်သည့်အတွက် အပင်များကို လောင်းပေးခြင်းဖြင့် အပင်သန်ခြင်းအပွင့်ပွင့်ခြင်း ဖြစ်ပေါ်စေပါသည်။

#သကြား
သကြားတစ်ဇွန်း ရေတစ်ခွက် ကိုရောပြီး ရလာသောသကြားရည်ကို အပင်ကိုလောင်းပေးခြင်းဖြင့် အပင် အထူးသဖြင့် အပွင့်တွေကို အားရှိစေပါသည်။

#ရှောက်သီး_သံပရိုသီးအခွံ
ရှောက်သီး၊သံပရိုသီးအခွံများကို အပင်အိုးထဲတွင် ထည့်ထားခြင်းဖြင့် ကပ်ပါးရန်မှကာကွယ်ပေးနိုင်ပါသည်။

#ဆပ်ပြာရည်
ပန်းကန်ဆေးဆပ်ပြာ တစ်ဇွန်းနှင့် ရေတစ်ခွက်ကို ရောပြီးရလာသည့် ဆပ်ပြာရည်ကို ရေဖြန်းဘူးထဲထည့်ပြီး အပင်ဖြန်းပါက ဖြုတ်စိမ်း၊ပြပိုး၊ပင့်ကူအိမ်ငယ်လေးများကို သေစေနိုင်ပါသည်။

#အက်စပရင်ဆေးပြား
အက်စ်စပရင်ဆေးပြားကို ရေတစ်ခွက်နှင့်ရောစပ်ပြီး အပင်ဖြန်းပါက အပင်ကပ် ရောဂါပိုးများ၊မှိုများ မကျအောင် ကာကွယ်နိုင်ပြီး အပင်ကို ကိုယ်ခံအားကောင်းအောင်လုပ်ပေးနိုင်ပါသည်။

#တမာဆီ
တမာဆီတစ်စက်နှင့် ရေတစ်ခွက် ရောစပ်ပြီးဖြန်းပါက ဖြုတ်စိမ်း ပျပိုး ပင့်ကူအိမ်လေးများကို သေစေပါသည်။

#ဘီယာ
ဘီယာကို ခွက်တစ်ခုထဲထည့်ပြီး အပင်ခြေအိုးဘေးတွင်ထားပါက ခရုပက်ကျိများ ဘီယာအနံ့ကြောင့်ရောက်လာပါက အသာလေး ဖယ်ရှားနိုင်ပါသည်။

#ကြက်သွန်ဖြူဥ
ကြက်သွန်ဖြူကို အပင်ခြေရင်းတွင်ထားပါက ပိုကောင်များ အင်းဆက်များမလာအောင် ကာကွယ်ပေးနိုင်ပါသည်။

#သားစိမ်းငါးစိမ်းအရည်
ငါးအကြေးခွံမှ အပင်အခက်အလက်အမြစ်တို့အတွက်လိုအပ်သော ခိုင်တိုဇင်ကိုပေးနိုင်ခြင်း၊ငါးကလီစာမှ အပင်အရွက်အတွက် Nitrogen နှင့်အခြားဓာတ်များ ရစေမည့် ငါးအမိုင်နိုကိုပေးနိုင်ခြင်းအတွက် သားစိမ်းငါးစိမ်းအရည်ကိုလည်း အပင်ကိုလောင်းပေးနိုင်ပါသည်။

#ပြာ
ပြာကိုရေဖျော်ပြီး အပင်လောင်းပေးခြင်းဖြင့် အသီးများကိုကြီးထွားစေသည့် Potassium ကိုရရှိစေပါသည်။

#vitaminb1ဆေး
အပင်အတွက်သီးသန့်ထုတ်ထားသည့် Vitamin B1 ဆေးရည်များရှိသကဲ့သို့ Vitamin B1 ဆေးခဲများ၊M150 အချိုရည်တို့ကိုလည်း ရေနဲ့ရောစပ်ပြီး အပင်လောင်းပေးခြင်းဖြင့် အပင်အမြစ်သန်မာစေပါသည်။
အိုးပြောင်းထားသည့်အပင်များ၊
ရွှေ့စိုက်ထားသောအပင်များတွင်
Vitamin B1 သုံးပေးပါက အပင်အမြစ်ထွက်သန်မာစေသည်။
ကူးယူ မျှဝေ ထားပါသည်🙏🏻🙏🏻🙏🏻

Credit... Original writer

image

Try Not to Laugh CHALLENGE | 30 Minutes of Funny Dogs

47 w - Translate - Youtube

ဒိုကိုမယုံတဲ့လူတွေနဲ့ဒိုမဆော့နိုင်ဘူး

47 w - Translate - Youtube

RY NOT TO LAUGH 😆 Best Funny Videos Compilation 😂😁😆 Memes

47 w - Translate - Youtube

စည်းနဲ့ကမ်းနဲ့ ရန်ဖြစ်ကြသူများ || Fight Club (1999)

47 w - Translate - Youtube

#မြန်မာဇာတ်ကား စ/ဆုံး သရဲသင်္ဘော ခန့်စည်သူ ခိုင်သင်းကြည် #4k Quality #myanmarmovies #khantsithu