#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ နိုင်ရိုဘီ၌ ဆန္ဒပြပြည်သူများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်၌ ဇူလိုင် ၇ရက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများထပ်မံပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၇ ရက် အစိုးရဆန့်ကျင် ရေး ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြပြည်သူများအကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ လူပေါင်း ၁ဝ ဦး သေဆုံးခဲ့ရကြောင်း ကင်ညာလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

ကင်ညာအာဏာပိုင်များသည် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ထိန်းချုပ်ရေးအတွက် နိုင်ရိုဘီမြို့ တော်တွင်းသို့ဝင်ရောက်ရာ လမ်းများကို ပိတ်ဆို့ထားပြီး အတင်းကျပ်ဆုံးလုံခြုံရေး စည်းမျဉ်းများကိုလည်း ကျင့်သုံးနေကြောင်း သိရသည်။

လူငယ်အများစုပါဝင်သော ဆန္ဒပြပြည်သူများသည် ကင်ညာရဲ တပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် အစိုးရ၏အုပ်ချုပ်ပုံ ညံ့ဖျင်းမှုတို့ကို သီတင်းပတ်ပေါင်းများစွာ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

ယင်းပြင် အဂတိလိုက်စားမှုပြဿနာနှင့် လူနေမှုစရိတ်ကြီးမြင့်မှု ပြဿနာများအတွက် သမ္မတဝီလျံရူတို ရာထူးမှ နုတ်ထွက်ပေးရန်လည်း ဆန္ဒပြပြည်သူများက တောင်းဆိုလျက်ရှိသည်။

လက်ရှိအချိန်တွင် ကင်ညာရဲ တပ်ဖွဲ့သည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအား ထိန်းချုပ်ရေးအတွက် နိုင်ရိုဘီမြို့လယ်သို့ကိုယ်ပိုင်ကားနှင့် အများပိုင်ယာဉ်များသွားရောက်မှုကို ပိတ်ပင်ထားပြီး မြို့တွင်းသို့ ခြေကျင်ဝင်ရောက်မှုများကိုလည်း ပိတ်ပင်ထားသည်။

ပြီးခဲ့သည့်လအတွင်း ရဲတပ်ဖွဲ့၏ထိန်းသိမ်းမှုခံထားရစဉ် ဘလော့ ဂါတစ်ဦးသေဆုံးခဲ့ရပြီးနောက် ကင်ညာနိုင်ငံ၌ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့ရသည်။

ရိုက်တာ

image
44 ပတ် - ဘာသာပြန်ပါ။

စိန်ပန်းနီနီလည်းပွင့်နေပြီ
ကျောင်းတော်ကြီးလည်းဖွင့်တော့မယ်
ကျွန်တော်တို့မရောက်ဖြစ်တော့မှာကလွဲရင်
အရာရာဟာပုံမှန်လည်ပတ်ဆဲပဲ

ကျောင်းအစောရောက်တဲ့သူက
ခုံကြိုဦးပေးထားကြေးဆိုတဲ့
ရာဇသံလည်းမကြားရတော့ဘူး

မင်းဘာဟင်းပါလဲဆိုပြီး
ပထမဆုံးအတန်းချိန်မှာကတည်းက
လုစားတတ်တဲ့ကောင်လည်း
သူ့ထမင်းချိုင့်နဲ့အတူ
အလုပ်သွားနေပြီပေါ့

စာရေးပျင်းတဲ့ကျွန်တော်လည်း
ရုံးစာရေးကြီးဖြစ်နေပြီ

ဖားဆိုအသေကြောက်တဲ့
မိအေးကတော့
ဆရာဝန်မကြီးဖြစ်နေလေရဲ့

ငယ်ငယ်က ကဗျာရူးစာရူး
နှလုံးသားသိပ်နူးညံ့တဲ့
ဖိုးလုံးကတော့ စစ်သေနတ်ကြီးနဲ့

အမြဲစနောက်နေတတ်တဲ့ကောင်က
အုတ်ဂူဖြူထဲမှာ မိုးအေး''နဲ့ အိပ်ကောင်းတုန်း

ဒီကျောင်းတော်ထဲ
ပြန်ရောက်ခဲ့မယ်ဆိုရင်တောင်
လူစုံပါအုံးမလား

တစ်နေ့တော့ ပြန်ဆုံချင်သေးတယ်




- နွယ်ရိုင်းပင်

44 ပတ် - ဘာသာပြန်ပါ။

"နှစ်ထောင်ချီမှတစ်ကြိမ်သွယ်တန်းတဲ့ ကြယ်စင်တွေလို
လူတွေအများကြီးထဲမှာမှ
ကိုယ်တို့နှစ်ယောက်တွေ့ဆုံပြီးချစ်ခွင့်ရဖို့ဆိုတာ
ဘယ်လောက်ကံကောင်းလိုက်သလဲ"

_Crd

44 ပတ် - ဘာသာပြန်ပါ။

ဘဝမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ
ဘယ်လောက်ချနိုင်ခဲ့ပါစေ

တစ်စုံတစ်ယောက်နဲ့ ပတ်သက်ရင်တော့
ဝေဝါးတွန့်ဆုတ်နေခဲ့တယ် ။

- ဂန္ဓမာ

44 ပတ် - ဘာသာပြန်ပါ။

ကျွန်တော်တို့ဟာ ကိုယ့်ကိုမလိုလားတဲ့ ရင်ခွင်ကိုမှ တိုးချင်တယ်။ ကိုယ့်ဆီ မဆိုက်ရောက်မဲ့ရထားကိုမှ မျှော်ချင်တယ်။  ကိုယ် ဦးတည်လို့ မရမယ့် ကမ်းကိုမှကပ်ချင်တယ်။ ကိုယ့်ကို မကမ်းမယ့်လက်ကိုမှ ဆွဲချင်တယ်။ ကျေးဇူးပြုပြီးမသိချင်ယောင်ဆောင်ပေးကြပါ။
အဲ့ဒီလို မဟုတ်ဘဲ တစ်ယောက်ယောက်က အသေအချာသတိပေးလိုက်ရင် ကျွန်တော့ ဆောက်တည်မှုလေး ပြိုကျသွားမှာ...။

*တစ်ဦးတစ်ယောက်အတွက်ပျိုးခဲ့တဲ့ပန်းတွေ
*ခွန်းညိုသွေး

#crd_to_original_writer

44 ပတ် - ဘာသာပြန်ပါ။

မှားနေရင်တောင်
ဖိနှိမ် မပြောရက်တဲ့
နှလုံးသားမျိုးကမှ နွေးထွေးမှုရှိတာပါ။

လွဲနေရင်တောင်
မသိမသာလေး တည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ ကြင်နာတတ်တာပါ။

ချို့ယွင်းနေရင်တောင်
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမပေးတတ်တဲ့
နှလုံးသားမျိုးကမှ တကယ်မွန်မြတ်တာပါ။

အဆိုးတွေရှိရင်တောင်
အကောင်းလေးတွေနဲ့ ထေပြီး
မြင်တတ်နားလည်တတ်တဲ့
နှလုံးသားမျိုးကမှ တကယ့်ကိုရင့်ကျက်တာပါ။

လိုအပ်နေရင်တောင် လိုလို့ဖြည့်ပေးတယ်ဆိုတဲ့
သဘော မသက်ရောက်အောင်
စေတနာသီးသန့်နဲ့ ဖြည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ တကယ့်ကို လေးစားထိုက်တာပါ။

44 ပတ် - ဘာသာပြန်ပါ။

မင်းအသက်၂၀သာ ကျော်သွားတယ် မင်းကိုမင်းရော ပြန်ကြည့်ဖူးပြီးလား။

အသက်၂ဝကျော် အရွယ်ဆိုတာ ဘာမဆို လုပ်နိုင်တဲ့အရွယ်ကွ။

အချစ်နဲ့ပိုက်ဆံ ဘယ်ဟာက ပိုစွမ်းအားကြီးလဲ သိသင့်နေပြီး။

မင်းနားချင်နေတာ သေချာပီဆိုရင် မင်းအဖေ ခြေတောက်က အမားရွတ်ကိုသေချာကြည့်။

လူတိုင်း၂၄ နာရီအခမဲ့ရတာချင်းတူတူ တျောက်ထဲ နောက်ကျကျန်ခဲ့တယ်ဆို ရှက်စရာ ကောင်းမနေဘူးလား။

အထီးကျန်တယ်ဆိုတာ လုပ်စရာမရှိတဲ့ သူတွေတွက် အချိန်ဖြုန်းခြင်း သက်သက်ပဲ။

ပညာစုလို့မရင် ပိုက်ဆံစု ပိုက်ဆံစုလို့မရင် skill တခုကို ကျွမ်းကျင်အောင် သင်ယူလေ့လာ။

လုပ်ချင်တာပဲ ဇွတ်မလုပ်နဲ့ လုပ်သင့်လုပ်ထိုက်ကိုပဲ ပီးအောင် အာရုံစူးစိုက်လုပ်။

✍️ ..

image

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၉-၇-၂၀၂၅ ရက်နေ့ ၁၄:၃၀ နာရီအချိန်တွင် ထုတ်ပြန်သည့် ရေကြီးမှု သတိပေးချက်သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်.................

image
image
image
image
44 ပတ် - ဘာသာပြန်ပါ။

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၉-၇-၂၀၂၅ ရက်နေ့ ၁၄:၃၀ နာရီအချိန်တွင် ထုတ်ပြန်သည့် ရေကြီးမှု သတိပေးချက်သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်.................

image
image
image

ဒီဟင်းသီးဟင်းရွက် (၃) မျိုးကို မကြာခဏစားပေးပါ...
အူလမ်းကြောင်းကို သက်သောင့်သက်သာဖြစ်စေမယ်...။

ခါးသက်သက်အရသာရှိတဲ့ ကြက်ဟင်းခါးသီး၊ စိမ်းဖန့်ဖန့်အရသာရှိတဲ့ ခရမ်းသီးနဲ့ ချွဲကျိကျိအရသာရှိတဲ့ ရုံးပတီသီးတို့လိုမျိုး ရိုးရှင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့တိုင်းလိုလို တွေ့နေရတက်ပေမဲ့ သတိမထားမိတက်ကြပါဘူး။ တကယ်တော့ ဒီဟင်းသီးဟင်းရွက်တွေကို မကြာခဏစားပေးမယ်ဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။

ကြက်ဟင်းခါးသီး......။
အစကတော့ တော်တော်များများက သူ့ရဲ့ ခါးသက်သက်အရသာကို မကြိုက်ကြပါဘူး။ ဒါပေမဲ့ စားရင်းနဲ့ အသားကျသွားရင် ဗိုက်ထဲ ပေါ့ပါးသွားပြီး လေးပင်မှု မရှိတော့ဘူးလို့ ခံစားရပါလိမ့်မယ်။ အရင်ခေတ်လူကြီးတွေကတော့ ဟင်းချိုတွေ ဒါမှမဟုတ် ငပိရည်နဲ့ တို့စားတဲ့ဟင်းတွေမှာ အများအားဖြစ် ထည့်ပြီး စားသုံးကြပါတယ်။

ခရမ်းသီး.....။
လတ်လတ်ဆတ်ဆတ် ကြွပ်ကြွပ်လေးနဲ့ အရသာရှိပါတယ်။ ငပိရည်နဲ့ တို့စားတာပဲဖြစ်ဖြစ်၊ ကြော်စားတာပဲဖြစ်ဖြစ် ကောင်းကောင်း လိုက်ဖက်ပါတယ်။ ဒါအပြင် အစာအိမ်နဲ့ အူလမ်းကြောင်းအစာခြေစနစ်ကိုလည်း ပိုမို ချောမွေ့စွာ အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

ရုံးပတီသီး.......။
ရုံးပတီသီးအရှည်လေးတွေကို ရေနွေးဖျောလိုက်တဲ့အခါ ကြွပ်ကြွပ်လေးနဲ့ နူးညံ့သွားပါတယ်။ ငရုတ်သီးဆော့စ်၊ ငပိရည်နဲ့ တို့စားလို့ရသလို မနက်ပိုင်းမှာ ရေနွေးနဲ့ပြုတ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ ရုံးပတီသီးက အူလမ်းကြောင်းကို ကောင်းကောင်း အလုပ်လုပ်စေပြီး တစ်နေကုန် ဗိုက်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။

ဒီဟင်းသီးဟင်းရွက် ၃ မျိုးကို ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးကို အလွယ်တကူ ဂရုစိုက်နိုင်ပါတယ်။ ရှာရခက်တာမျိုးမရှိသလို ဈေးကြီးတာမျိုးလည်း မရှိပါဘူး။ ဘယ်လိုစားရမယ်ဆိုတာကို သိနားလည်ရုံနဲ့တင် အများကြီးအထောက်အကူဖြစ်စေပါတယ်။

image