Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြင့်မြတ်သူတို့၏ အမူအကျင့်များ
စိတ်တိုတာ ဒေါသကြီးတာ မလုပ်ဘူး၊ ရန်ငြိုးဖွဲ့တာ
မလုပ်ဘူး၊ ကျေးဇူးကန်းတာ မလုပ်ဘူး၊ မှန်ကန်တဲ့
အယူအဆပဲ ရှိတယ်၊ မှားယွင်းတဲ့ အယူအဆ မလုပ်
ဘူး။
လှည့်စားတတ်တဲ့ မာယာ မရှိဘူး ဆိုရင် လူတော်
လူကောင်း ဖြစ်တယ်၊ သတ္တဝါတွေပေါ်မှာ အကြင်နာ
တရားရှိတယ်၊ ညှင်းဆဲ သတ်ဖြတ်မှု မလုပ်ဘူး။
အားလုံး ဒုက္ခရောက်တဲ့ အလုပ်မျိုးတွေ မလုပ်ဘူး၊
သူတစ်ပါး ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ မတရားယူ
တာမျိုးတွေ မလုပ်ဘူး။
သူတစ်ပါး ကြွေးတွေ ယူထားပြီးတော့ ငြင်းဆို ထွက်ပြေး ၊ ရှောင်ပြေးတာ ဒါမျိုး မလုပ်ဘူး၊ အေး
သူများ ပစ္စည်းရလိုမှုနဲ့ လူသတ်ပြီးတော့ ပစ္စည်းယူ
တာမျိုး ဆိုတာ မလုပ်ဘူး။
ကိုယ့် အတွက် ဖြစ်စေ၊ သူများအတွက် ဖြစ်စေ၊
ဥစ္စာ အတွက် ဖြစ်စေ၊ ရုံးပြင်ကနား တက်ပြီးတော့
မတရား သက်သေထွက်တာမျိုး မလုပ်ဘူး။
ဆွေတွေ မျိုးတွေထဲက ပတ်သက်ပြီးတော့ လူမှုရေး
ဖောက်ပြန်မှု မလုပ်ဘူး၊မိအို ဖအိုတွေကို ပြုစုလုပ်
ကျွေးတယ်၊ ရိုသေ လေးစားတယ်။
စော်ကားတဲ့ စကားတွေ မပြောဘူး ဆိုလို့ရှိရင် ဒို့
တတွေဟာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အမူအကျင့်တွေပဲလို့ အမှုအကျင့်တွေကို ဒို့တတွေ လိုက်နာကြရမှာ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ သဘောကျပြီး-
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော် အတိုင်း ဝသလ (အောက်တန်းစား)အဖြစ် ကနေပြီးတော့ လွတ်ကင်းပြီးတော့ ဗြဟ္မာဏ ဆိုတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပါစေကုန်သတည်း။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
#ဘယ်ကုသိုလ်ကအမြတ်ဆုံးလဲ
=====================
▪️အလှူဒါနထဲမှာ မြတ်စွာဘုရားက အမြင့်ဆုံး ကုန်ကျစရိတ်လည်းအများဆုံးမို့ “#ကျောင်းအလှူ”
ဟာ အကောင်းဆုံးလို့ဟောတယ်နော်
အကြာလည်းခံတယ် ဒီ အကျိုးပြုတာထဲမှာ သက်တမ်းရှည်ကြာတဲ့ အကျိုးပြုမှုရတာဖြစ်သောကြောင့် ကျောင်း
အလှူကို အကောင်းဆုံးလို့ဟောတယ်။
▪️ကျောင်းအလှူထက် ကောင်းတဲ့ ကုသိုလ်ရှိလားလို့ဆိုတော့ “#သရဏဂုံဆောက်တည်တာ” နော် ဘုရားတရားသံဃာရတနာသုံးပါးကို ဒီအသက်စွန့်ပြီးတော့ ရာသက်ပန်ဘုရားကို ကိုယ့်ခန္ဓာကိုယ်ကို ဘုရားကိုစွန့်လှူပါတယ်ဆိုတဲ့ အဓိပ္ပါယ်။ ဘုရားရဲ့အဆုံးအမတိုင်းနေပါ့မယ် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-ဘုရားကို အသက်အပ်နှင်းပါတယ်၊
ငါ့ဘဝရဲ့ ကောင်းကျိုးဆိုးကျိုးဟာ ဘုရားရဲ့ အဆုံးအမတိုင်းနေမယ်၊ ဓမ္မံသရဏံဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ လို့
ရတနာသုံးပါးကို ကိုယ့်ကိုယ်ကို စွန့်လွှတ်အပ်နှင်းခြင်းဟာ သရဏဂုံလို့ခေါ်တယ်။
အဲ့ဒီသရဏဂုံကုသိုလ်ဟာ ခုနကျောင်းဆောက်တဲ့ ကုသိုလ်ထက်မြတ်တယ်လို့ ဒီလိုဆိုတယ်၊
▪️တခါ သရဏဂုံဆောက်တည်ပြီးတဲ့အခါ “#ငါးပါးသီလဆောက်တည်” လိုက်တယ်။ အဲ့ဒီငါးပါးသီလကို လုံလုံခြုံခြုံထိန်းသိမ်းလိုက်ရင် ခုနသရဏဂုံသက် သက်ဆောက်တည်တဲ့ကုသိုလ်ထက် ငါးပါးသီလနဲ့ တွဲဖက်ဆောက်တည်တဲ့အခါကျတော့ ပိုမြတ်သွားတယ်လို့ ဒီလိုဆိုလိုတယ်၊
▪️ဒါဖြင့် ဒီထက်ကောင်းတဲ့ ကုသိုလ်ရှိသေးလားလို့ဆိုတော့ ရှိသေးတယ်၊ သတ္တဝါအားလုံးအပေါ်မှာ ခြုံငုံပြီးတော့ “#မေတ္တာပွား” တဲ့၊ မေတ္တာပို့တဲ့ကုသိုလ်ဟာ ဒီခုနပြောခဲ့တဲ့ ကုသိုလ်ထက်ပိုကောင်းတယ်လို့ဆိုတယ်၊
▪️ဒါဖြင့် မေတ္တာပို့တဲ့ ကုသိုလ်ထက်ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုတော့ ရှိသေးတယ်၊ အနိစ္စသညာ ဘာဝေတဗ္ဗာ- ဘယ်အရာမှ မမြဲဘူးလို့
ဆိုတဲ့ “#ဝိပဿနာတရား” ကို အားထုတ်ပါလို့ ဆိုလိုတယ်။
🔺အဲ့ဒီ “#ဝိပဿနာကုသိုလ်” ကတော့ အမြတ်ဆုံးပဲ သူ့ထက် မြတ်တဲ့ကုသိုလ်မရှိတော့ဘူး
ဘာကြောင့်တုန်းဆိုရင် ဝိပဿနာကုသိုလ်ရဲ့ အကျိူးဟာမဂ်ဖိုလ်ပဲ လာတော့မှာဖြစ်တယ်၊ တခြားဟာမလာဘူး၊ မဂ်ဖိုလ်တိုက်ရိုက်ဆက်သွယ်သွားတဲ့ ကုသိုလ်ဖြစ်သည့်အတွက်ကြောင့် လုပ်လို့ရတဲ့ ကုသိုလ်တွေထဲမှာ ဝိပဿနာကုသိုလ်ဟာ အမြင့်ဆုံးပဲ၊
မဂ်ကုသိုလ်ဆိုတာ လုပ်လို့ရတဲ့ ကုသိုလ်မဟုတ်ဘူး၊ ဝိပဿနာအားထုတ်လို့ ဖြစ်ပေါ်လာတဲ့ ကုသိုလ်မျိုးသာဖြစ်တယ်ပေါ့ ။
ဆိုပါစို့ မီးထွန်းလိုက်တယ် မီးထွန်းလိုက်လို့ ရတဲ့ အလင်းပဲဖြစ်တယ်သူက၊ ဖယောင်းတိုင်မီးလေးထွန်းလိုက်လို့ မီးကြောင့်ဖြစ်ပေါ်လာတဲ့ အလင်းလေးမျိုးလိုပဲ၊
မီးထွန်းရတာနဲ့ ဝိပဿနာနဲ့တူတယ်၊ ဖြစ်ပေါ်လာတဲ့ အလင်း နဲ့ မဂ်ကုသိုလ်နဲ့တူတယ် သူကတော့ မဂ်ကုသိုလ်ရအောင်လုပ်ရတာတော့ မဟုတ်ဘူး
ဝိပဿနာပဲအားထုတ်ရတယ်။
အဲ့တော့ ဒီသဘောတွေကိုနားလည်ပြီး တို့တတွေဟာ ကုသိုလ်တွေ တဆင့်ပြီးတဆင့်ပိုပြီးတော့ အမြတ်ဆုံးကုသိုလ်မျိုးတွေရအောင်
တို့တတွေကြိုးစား အားထုတ်ကြမယ်လို့ ကိုယ်စီကိုယ်စီနှလုံးသွင်းပြီးတော့ လူဘဝရတဲ့အခိုက်မှာ ကုသိုလ်တရားဖြစ်ပွားခြင်းဟာ အရေးကြီးဆုံးပဲဖြစ်တယ်လို့ သတိထားကာ ကုသိုလ်တရားဖြစ်ပွားအောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။
ပါချုပ်ဆရာတော်ဘုရားကြီး
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အီရန်လုံခြုံရေးအကြီးအကဲ ၃၀ ကို အစ္စရေး ရှင်းလင်းခဲ့
၁၂ ရက်ကြာ အစ္စရေး-အီရန်စစ်ပွဲကာလအတွင်း အစ္စရေးနိုင်ငံ အနေဖြင့် အီရန်လုံခြုံရေးထိပ်တန်းတာဝန်ရှိသူ ၃၀ ကျော်နှင့် ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင် ၁၁ ဦးကို သတ်ဖြတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်ဘက် ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက ဇွန် ၂၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အစ္စရေးနိုင်ငံ၏ ဇွန် ၁၃ ရက်စစ်ပွဲအဖွင့် လေကြောင်းတိုက်ခိုက်မှုတွင် အီရန်၏လေကြောင်းရန် ကာကွယ်ရေးစနစ်များ အကြီးအကျယ် ပျက်စီးခဲ့ပြီး ပဋိပက္ခ၏အစောပိုင်းကာလအရေးကြီးဆုံးအချိန်များတွင် အစ္စရေး၏ထိုးစစ်ကို တုံ့ပြန်နိုင်စွမ်းပျက်ပြားခဲ့ရကြောင်း အစ္စရေးတာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
၁၂ ရက်ကြာစစ်ပွဲအတွင်း အစ္စရေးလေတပ်သည် အီရန်နိုင်ငံတွင်းရှိ ပစ်မှတ်ပေါင်း ၉၀၀ ကျော်ကိုတိုက်ခိုက်ခဲ့ပြီး အီရန်၏ ဒုံးကျည် တည်ဆောက်ထုတ်လုပ်မှု လုပ်ငန်းကိုဖျက်ဆီးနိုင်ခဲ့သည်။
အစ္စရေး၏တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံက ဒုံးကျည်အစင်း ၄၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အများအပြားမှာ အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်နိုင်မှု မရှိခဲ့ပေ။
အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်များကိုထိုးဖောက် ဝင်ရောက်နိုင်ခဲ့သော အီရန်ဒုံးကျည်အစင်း ၃၀ ခန့်အနက် အနည်းငယ်မျှကသာ အစ္စရေးစစ်ရေးပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း အမေရိကန်ကျွမ်းကျင်သူများက ပြောကြားထားသည်။
အီရန်နှင့်အစ္စရေးတို့သည် အမေရိကန်ပြည်ထောင်စု၏ ကြားဝင်မှုဖြင့် ဇွန် ၂၄ ရက်တွင် အပစ်ရပ်ခဲ့သည်။
ရိုက်တာ