Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Live ဗွီဒီယိုတွေ ရက် ၃၀ ကြာရင် ဖြုတ်ချတော့မယ့် Facebook
Facebook က Livestream policy ပြောင်းလိုက်ပါတယ်။
အခု policy သစ်က Facebook Live တွေကို ပလက်ဖောင်းပေါ်မှာ တစ်လထက် ပိုမထားတော့ဘူးဆိုတဲ့ မူပါ။ အရင်လို Live ဗွီဒီယိုတွေ community standard နဲ့ မငြိမချင်း တင်ပေးထားမှာ မဟုတ်ဘဲ ရက် ၃၀ ကြာရင် ပလက်ဖောင်းပေါ်က အလိုအလျောက် ဖယ်ရှားသွားမှာပါ။
ကြည့်ရတာ ဆာဗာမှာ video data တွေ ထားတဲ့ စရိတ်ချွေတာဖို့လို့ ထင်ပါတယ်။ Facebook ဘက်ကတော့ live တွေကို ဘယ်သူမှ လအတော်ကြာအောင် ကြည့်မနေတာကြောင့် အရင်လို အကန့်အသတ်မရှိတင်ပေးတာမျိုး မလုပ်တော့တာလို့ ဆိုပါတယ်။
Live လွှင့်ပြီး ရက် ၃၀ ပဲ ပလက်ဖောင်းက ပြမှာ ဖြစ်လို့ ပြန်ကြည့်ချင်ရင် Livestream ကို ဒေါင်းလုပ်ဆွဲသိမ်းထားရုံပဲ ရှိမှာပါ။ ဒီမူဝါဒက အခုလ ၁၉ ရက်နေ့က စပြီး Facebook Live တွေမှာ အကျုံးဝင်ပါလိမ့်မယ်။ အရင် Live လွှင့်ထားတဲ့သူတွေနဲ့ Page တွေကိုလည်း မဖျက်ခင် Facebook ဘက်က ရက် ၉၀ ကြိုအသိပေးမှာပါ။
တင်ထားတာ တစ်လကြာတဲ့ Live တွေ ဖြုတ်ချမယ်ဆိုပေမယ့် ပြဿနာတော့ မရှိပါဘူး။ Reels မှာ အပိုင်းဆက်ခွဲတင်ပြီးလည်း တစ်ခန်းရပ် Live တွေ လွှင့်နိုင်ဦးမယ်လို့ Facebook က အကြံပေးထားပါတယ်။